← Chapters

အားလုံးမင်းကြောင့်ပဲ

Vol. 11 Ch. 140

အားလုံးမင်းကြောင့်ပဲ

Vol. 11 Ch. 140

စက္ကန့်ပိုင်းအတွင်း ထိုအနက်ရောင်အမှုန့်များသည် ဝိုင်ထဲတွင် ရောနှော ပျောက်ကွယ်သွားပြီး ဝိုင်၏အရောင်ကိုပင် အနည်းငယ်မျှ မပြောင်းလဲစေခဲ့ပေ။

၎င်းသည် ချက်ချင်းပျော်ဝင်သွားခဲ့ပြီး ၎င်း၏တည်ရှိခြင်းကို လုံးဝ မခံစားနိုင်တော့ပေ။

ရဲ့လန်၏ မျက်လုံးများသည် အရောင်တောက်ပလာကာ သူ၏ နှုတ်ခမ်းတွင် ကောက်ကျစ်သောအပြုံးတစ်ခုပေါ်လာလေသည်။

သူသည် ဝိုင်ပုလင်းကို ပြန်ပိတ်ထားလိုက်သည်။ သို့သော် သူထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် ရပ်တန့်လိုက်မိသည်။

“ဟာဟားဟား....”

သူသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ကျပန်း ရယ်မောခြင်းပြစ်ဒဏ်မှာ အသက်ဝင်လာလေတော့သည်။

သူသည် အရူးတစ်ယောက်ကဲ့သို့ ဆက်လက် ရယ်မောနေမိလေသည်။

ကံကောင်းစွာဖြင့် သူ၏ ယခုပုံစံကို မြင်တွေ့ရန် အနားတွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ပေ။

ရဲ့လန်သည် မျက်ရည်များ နှာရည်များ ထွက်လာသည်အထိ ဆက်လက် ရယ်မောမိနေခဲ့သည်။

အချိန်အတော်ကြာမှသာ သူသည် ရယ်မောခြင်းကို ရပ်တန့်နိုင်ခဲ့သည်။

“ဒီသောက်သုံးမကျတဲ့ အပြစ်ပေးမှု”

သူသည် မျက်ရည်များကို သုတ်ရင်း တိုးတိုးလေး ကျိန်ဆဲလိုက်မိသည်။

ပုံမှန်မဟုတ်သည့် မည်သည့်အရာမျှ ရှိမနေကြောင်း သေချာစေရန် စစ်ဆေးပြီးမှသာ သူသည် အာရန်ဆီသို့ ပြန်လာခဲ့လေသည်။

တစ်ချိန်တည်းမှာပင် အောက်ဘက်ရှိ တိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေလေသည်။

ဂိုဏ်းတပည့်ကိုးယောက်သည် အာရန်က သင်္ဘောပေါ်မှ သူတို့အား အမှန်တကယ် ကူညီပေးနေသည်ဟု ထင်မှတ်သွားကြလေသည်။

သူတို့လုပ်ရမည့်အရာမှာ ဂိုဏ်းအတွင်းသို့ တိုက်ခိုက်ဝင်ရောက်ရန်သာ ဖြစ်သည်။

ကျန်အရာအားလုံးကို ကောင်းကင်စစ်သင်္ဘောမှကိုင်တွယ်ဖြေရှင်းပေးမည်ဖြစ်သည်။

သူတို့သည် တိုက်ပွဲများကို ပိုမိုဆင်နွဲလေလေထိုအရာများနှင့် ပို၍ အကျွမ်းတဝင်ရှိလာလေလေဖြစ်သည်။

သူတို့ကိုယ်တိုင်ပင် အံ့အားသင့်စေလောက်သည့် ပြင်းထန်သော တိုက်ခိုက်မှုများကို ပြုလုပ်လာနိုင်ကြလေသည်။

ရန်သူများ ပြိုလဲသွားသည်နှင့်အမျှ သူတို့၏ ယုံကြည်မှုမှာ ပိုမို၍တိုးပွားလာပြီး အသူရာဂိုဏ်း၏ ခုခံကာကွယ်မှုများမှာလည်း ပိုမိုပြိုလဲလာခဲ့လေသည်။

အာရန်သည် သက်တောင့်သက်သာရှိစွာ ထိုင်လျက် အောက်ရှိ ကစဥ့်ကလျားဖြစ်နေသော သတ်ဖြတ်မှုများအား စောင့်ကြည့်ရင်း ကျေနပ်စွာပြုံးနေခဲ့သည်။

“ဒါက တော်တော်ကောင်းတဲ့ ပြပွဲတစ်ခုပဲ”

အာရန်သည် ဖန်ခွက်အတွင်းမှ ဝိုင်များကို လှည့်နေရင်း မှတ်ချက်ပေးလိုက်သည်။

ရဲ့လန်သည် ဝိုင်ပုလင်းကို ကိုင်ကာ သူ၏အနားသို့ ချဉ်းကပ်လာလေသည်။

သူသည် အာရန်ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး နောက်ထပ် ၀ိုင်များ ထပ်မံ ဖြည့်ခိုင်းမည့်အချိန်ကို စောင့်ဆိုင်းနေဟန်ရသည်။

သူသည် စိတ်မရှည်ဘဲ ဦးစွာ မေးမြန်းခြင်းဖြင့် အာရန်အားသူ့အပေါ် သံသယဝင်စေလိုခြင်း မရှိခဲ့ပေ။

အာရန်သည် နောက်ဆုံးတစ်ငုံကို သောက်လိုက်ပြီးနောက် သူ၏ဖန်ခွက်သည် လုံးဝ အလွတ်ပြန်ဖြစ်သွားလေသည်။

“အာ အချိန်ကိုက်ပဲ”

အာရန်သည် ဖန်ခွက်ကို ရဲ့လန်ဆီသို့ ပေးရင်း ပြောလိုက်သည်။

ရဲ့လန်သည် အာရန်ရှေ့တွင်ပင် ဝိုင်ပုလင်းကို ဖွင့်ကာ ဖန်ခွက်ထဲသို့ ၀ိုင်များ လောင်းထည့်လိုက်သည်။

အာရန်သည် ဖန်ခွက်ကို နှုတ်ခမ်းနားသို့ နီးကပ်စွာ တေ့လိုက်စဉ်တွင် ရဲ့လန်သည် သူ့အား တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့လေသည်။

သူလိုအပ်သည်မှာ အာရန်မှ ထိုဝိုင်အား တစ်ငုံခန့်သောက်သုံးလိုက်ရန်သာ ဖြစ်လေသည်။

အဆိပ်သည် သူ့အား အသက်အန္တရာယ်မပြုနိုင်လျှင်ပင် သူ့အား အားနည်းသွားစေကာ အချိန်တစ်ခုကြာသည်အထိ သူ၏ချီစွမ်းအင်များကို အသုံးမပြုနိုင်သည်အထိတော့ ဖြစ်သွားပေလိမ့်မည်။

အဆိပ်ကြောင့် ထိုအချိန်ခဏလောက်လေးသည် သာမန်လူတစ်ယောက်နှင့် မခြားတော့မည့် အာရန်အား သတ်ရန် လုံလောက်လေသည်။

အာရန်သည် ဝိုင်ကို တစ်ငုံခန့်ထပ်သောက်ရန် ဖန်ခွက်ကို သူ၏ နှုတ်ခမ်းပေါ်သို့တင်လိုက်လေသည်။

ရဲ့လန်သည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ဓားမြှောင်တစ်လက်ကို ထုတ်ယူကာ အဆိပ် အာနိသင်ပြသည်နှင့် တစ်ပြိုင်နက် တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။

“ဟမ်”

ဝိုင်ခွက်သည် အာရန်၏ နှုတ်ခမ်းနှင့် ထိခါနီးအချိန်တွင် ရပ်တန့်သွားခဲ့သည်။

အာရန်သည် ဖန်ခွက်ကို ပြန်ချကာ ထရပ်လိုက်ပြီး အသူရာဂိုဏ်းအတွင်းရှိ နေရာတစ်ခုကို စိုက်ကြည့်နေရင်း သူ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားလေသည်။

“ဒါက... သူမက ဒီမှာ ဘာလုပ်နေတာလဲ သူမ ဒီအချိန်မှာ အရှေ့တိုက်မှာ ရှိမနေသင့်တော့ဘူးလေ”

အာရန်သည် ဖန်ခွက်ကို စားပွဲပေါ်သို့ ပြန်တင်ထားလိုက်သည်ကို ရဲ့လန် မြင်လိုက်လေသည်။

အာရန်က ဝိုင်တွင် အဆိပ်ခတ်ထားကြောင်း သဘောပေါက်သွားပြီဟု သံသယဝင်ကာ သူ၏ အမူအရာများ မှောင်မဲသွားခဲ့သည်။

သို့သော် အာရန်၏ စကားများအရ ထိုသို့မဟုတ်ကြောင်းသိလိုက်ရသည်။

“ငါ ခဏလောက် အပြင်ထွက်ဦးမယ်”

ထိုသို့ပြောပြီးနောက် အာရန်သည် ဝိုင်ဖန်ခွက်ကိုပင် တစ်ချက် မထိတော့ဘဲ သင်္ဘောပေါ်မှ ခုန်ဆင်းသွားလေသည်။

…..

အာရန်သည် အသူရာဂိုဏ်း၏ အဝင်ဝတွင် ဆင်းသက်လိုက်ပြီး သူ၏ ကိုယ်ပေါ်တွင် အနက်ရောင် ဝတ်စုံတစ်ခုကို လွှမ်းခြုံထားလေသည်။

ထို့နောက် သူသည် အသူရာဂိုဏ်းအတွင်းသို့ ဝင်ရောက်လိုက်လေသည်။

သူ၏ ပထမခြေလှမ်းသည် မြေပြင်ပေါ်ရှိ သွေးကွက်တစ်ခုပေါ်သို့ ကျရောက်သွားသည်။

သူနှင့် မဝေးသောနေရာတွင် အကြီးအကဲတစ်ဦး၏ အလောင်းတစ်လောင်းရှိနေလေသည်။

မဟာအကြီးအကဲလီယန်သည် သူ၏ အသက်ကို မနည်းထိန်းကာ ရှင်သန်ရန်ကျိုးစားနေခဲ့ရသည်။

နောက်ဆုံးကြုံတွေ့ခဲ့ရသော နာရီဝက်တာကာလသည် သူ့အတွက် အိပ်မက်ဆိုးတစ်ခုနှင့် မခြားနားခဲ့ပေ။

သူသည် ဂိုဏ်းအတွင်းမှ လူများစွာ အသတ်ခံနေရသည်ကို မြင်ခဲ့ရသည်။

အခြား မဟာအကြီးအကဲများစွာ အသတ်ခံခဲ့ရသည်။

သူတို့သည် ပြန်လည် တိုက်ခိုက်ရန်ပင် မတတ်နိုင်ကြပေ။

သူတို့သည် စစ်သင်္ဘောဆီသို့ ပျံသန်းရန် ကြိုးစားလျှင်ပင် ပစ်ချခံလိုက်ကြရပြီး သေဆုံးသွားခဲ့ရလေသည်။

တိုက်ပွဲတစ်ခုလုံးသည် အမှန်တကယ်တိုက်ပွဲတစ်ခုထက် တစ်ဖက်သတ်အသေခံတိုက်ပွဲတစ်ခုနှင့်ပင် တူနေခဲ့လေသည်။

မဟာအကြီးအကဲများထဲတွင် သူတစ်ယောက်သာ နောက်ဆုံး အသက်ရှင်ကျန်ရစ်သူ ဖြစ်လေသည်။

မဟာအကြီးအကဲလီယန်သည် အာရန်ကို တွေ့သည်နှင့် တစ်ပြိုင်နက် သူ၏ မျက်နှာသည် ဒေါသကြောင့် မှောင်မဲသွားခဲ့ရသည်။

“မင်း…ဒါတွေအားလုံး မင်းကြောင့် ဖြစ်ရတာ”

သူသည် အကြီးအကဲရင်ကို အရင်က မမြင်ဖူးသော်လည်း ဤလူတစ်ယောက်ကြောင့်သာ ယခုကဲ့သို့အရာများ ဖြစ်လာရခြင်းကို သူသံသယမရှိပေ။

အခြားမည်သည့် အကြီးအကဲမဆို သူတို့သည် ကောင်းကင်စစ်သင်္ဘောကို အသုံးမပြုဘဲ တိုက်ခိုက်ကြမည်ဖြစ်လေသည်။

တိုကောင်းကင်စစ်သင်္ဘောကဲ့သို့အရာမျိုးကို လက်နက်အဖြစ် အသုံးပြုရခြင်းသည် သူတို့အတွက် ရှက်စရာကောင်းသော အရာတစ်ခုဖြစ်ပေသည်။

ထို့ကြောင့် ယင်းသည် ယခုအကြီးအကဲအသစ်၏ လုပ်ရပ်ဖြစ်ကြောင်း သူသေချာသိနေခဲ့သည်။

မိစ္ဆာဂိုဏ်းမှ အကြီးအကဲအသစ်မှာ သူတို့၏ ဂိုဏ်းချုပ်ကို သတ်ခဲ့သော အကြီးအကဲရန်သာ ဖြစ်ပေမည်။

ယခုပုဂ္ဂိုလ်သည် အသက်ရှင်ကျန်ရစ်သူများထံမှ သူကြားခဲ့ရသော အကြီးအကဲရင်၏ ရုပ်ပိုင်းဆိုင်ရာ ဖော်ပြချက်နှင့်လည်း ကိုက်ညီမှုရှိနေသည်။

သူတို့အပေါ် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ဤအကြီးအကဲတစ်ဦးတည်းကြောင့်သာ ဖြစ်လာရခြင်းဖြစ်လေသည်။

သူသည် သူတို့၏ ဂိုဏ်းချုပ်ကို သတ်ခဲ့ပြီးနောက် ယခု သူတို့ကိုလည်း ဖျက်ဆီးရန် ရောက်လာခဲ့လေသည်။

“ဒီနေ့ ငါသေရရင်တောင် မင်းကို ငါနဲ့အတူ ခေါ်သွားမယ်”

မဟာအကြီးအကဲလျန်သည် အာရန်ဆီသို့ ပြေးသွားလိုက်သည်။

တစ်ဖက်တွင်မူ အာရန်သည် သူ့ဘက်သို့ တစ်စက္ကန့်ပင် အကြည့်ထပ်မံမပေးခဲ့ပေ။

မဟာအကြီးအကဲလီယန်သည် အာရန်၏ အနားသို့ ရောက်သွားသည်နှင့် ကောင်းကင်သင်္ဘောဆီမှ စွမ်းအင်လှိုင်းတစ်ခု သူ့ထံသို့ ရောက်ရှိလာခဲ့လေသည်။

မဟာအကြီးအကဲလီယန်သည် လျင်မြန်စွာ တုံ့ပြန်ကာ နောက်သို့ ခုန်ဆုတ်လိုက်သော်လည်း တစ်ချိန်တည်းမှာပင် အခြားစွမ်းအင်လှိုင်းတစ်ခုက သူ့ဆီသို့ ထပ်မံဝင်ရောက်လာပြန်သည်။

တစ်စုံတစ်ယောက်သည် သူ့အား အလွန်စိတ်ဆိုးနေပြီး မည်သည့်ကုန်ကျမှုကို မဆိုပေးချေ၍ သူ့အား သတ်လိုနေသည့်ပုံပေါ်လေသည်။

“ငါက လူငယ်တွေအတွက် ဒီတိုက်ပွဲမှာ ဝင်မပါဘူးလို့စကားရှိခဲ့တယ် ဒါကြောင့် ငါ့ကို ဝင်ပါရအောင်မလုပ်နဲ့”

အာရန်က မဟာအကြီးအကဲလီယန်ကို လက်ဝှေ့ယမ်းပြလိုက်သည်။

“ဒါပေမယ့် မင်းက ငါပြန်လာတဲ့အထိ အသက်ရှင်နေနိုင်မယ်ဆိုရင် မင်းနဲ့ နည်းနည်းလောက် ကူကစားပေးမယ်”

“မင်း”

မဟာအကြီးအကဲလျန်သည် စွမ်းအင်လှိုင်းများကို အဆက်မပြတ် ရှောင်ရှားနေခဲ့သော်လည်း စက္ကန့်တိုင်းတွင် သူ၏ တုံ့ပြန်မှုအမြန်နှုန်းသည် နှေးကွေးလာခဲ့လေသည်။

သူသည် တိုက်ခိုက်မှုများကို ခက်ခဲစွာ ရှောင်ရှားနေရင်းဖြင့် သူ၏ ညာဘက်လက်မောင်းကို ဆုံးရှုံးလိုက်ရလေသည်။

“အား”

သူသည် နာကျင်စွာ အော်ဟစ်လိုက်သော်လည်း ထိုအချိန်တွင် ကောင်းကင်စစ်သင်္ဘောဆီမှ အခြားစွမ်းအင်လှိုင်းတစ်ခု ထပ်မံထွက်ပေါ်လာကာ သူ့၏ တစ်ကိုယ်လုံးကို ဝါးမြိုသွားလေတော့သည်။

စွမ်းအင်လှိုင်းများဆီမှ တောက်ပသော အလင်းရောင်တန်းကြီးသည် မဟာအကြီးအကဲလီယန်၏ ခန္ဓာကိုယ်ကို ဝါးမျိုသွားပြီးနောက် သူ၏ နာကျင်စွာ အော်ဟစ်သံသည် ရုတ်တရက် တိတ်ဆိတ်ကာ အသက်ထွက်သွားလေသည်။

အာရန်သည် စွမ်းအင်လှိုင်း အကြွင်းအကျန်များ ပျောက်ကွယ်သွားသည်ကို တည်ငြိမ်စွာ ရပ်ကြည့်နေပြီး မဟာအကြီးအကဲလီယန် ရပ်နေခဲ့သောနေရာတွင် မီးလောင်ထားသော အရိပ်တစ်ခုသာ ကျန်ရစ်တော့သည်။

“ဒီမိန်းကလေးက ဘယ်လို ကစားရမလဲဆိုတာကို တကယ်နားလည်တာပဲ” အာရန်သည် ကောင်းကင်စစ်သင်္ဘောဆီသို့ တစ်ချက် ကြည့်လိုက်သည်။

ယခုအချိန်တွင်မူ ဤတိုက်ပွဲသည် ပြီးဆုံးလုနီးပါးဖြစ်သွားပြီဖြစ်သည်။

မဟာအကြီးအကဲများအားလုံး သေဆုံးသွားလေသည်။

အကြီးအကဲအများစုမှာလည်း အဆုံးသတ်သွားကြပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် အပြင်စည်းတပည့်ကိုးယောက်သည် ကျန်သူများကို လိုက်လံသုတ်သင်နေလေသည်။ အရာအားလုံး ပြီးဆုံးရန် အချိန်အနည်းငယ်သာ လိုတော့သည်။

....

ပြင်ပတပည့်ကိုးယောက်ထဲမှ တစ်ယောက်သည် မိန်းမပျိုတစ်ဦးကို တွေ့လိုက်သည်။

မိန်းမပျိုသည် အသူရာဂိုဏ်း၏ ဝတ်စုံကို ဝတ်ဆင်ထားခြင်း မရှိသော်လည်း ၎င်းတပည့်သည် ထိုအရာအား ဂရုမစိုက်ခဲ့ပေ။

သူမသည်လည်း အသူရာဂိုဏ်းအတွင်းတွင် ရှိနေသောကြောင့် သူမသည် အဖွဲ့ဝင်တစ်ဦးသာ ဖြစ်ရပေမည်။

“မင်းက ဂိုဏ်းရဲ့ အဝတ်အစား မဝတ်ထားရင်ပဲ ထွက်ပြေးလို့ရနိုင်မယ် ထင်နေတာလား”

လူငယ်တပည့်သည် သူ၏ ဓားကို မြဲမြဲ ဆုပ်ကိုင်ထားကာ မိန်းမပျိုဆီသို့ ပြေးဝင်သွားတော့သည်။

#Catfoot

All Chapters