← Chapters

မဖိတ်ခေါ်ထားသော ဧည့်သည်

Vol. 11 Ch. 141

မဖိတ်ခေါ်ထားသော ဧည့်သည်

Vol. 11 Ch. 141

အပြင်စည်းတပည့်များသည် အချိန်ကြာလာသည်နှင့်အမျှ ပို၍ ယုံကြည်မှုများရှိလာကြသည်။

ဤတိုက်ပွဲတွင် သူတို့သည် မုဆိုးများဖြစ်လေသည်။

သူတို့သည် အသူရာဂိုဏ်းကို ဖျက်ဆီးရန် ဤနေရာသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။

ကောင်းကင်စစ်သင်္ဘော၏ အကူအညီဖြင့် သူတို့သည် အမှန်တကယ်ပင် မည်သူမျှ မယှဉ်နိုင်ဟု ခံစားနေမိခဲ့ကြသည်။

ထိုတပည့်များထဲမှ တစ်ဦးသည် အသူရာဂိုဏ်း၏ ဝတ်စုံကို မဝတ်ဆင်ထားသော မိန်းမပျိုတစ်ဦးကို တွေ့လိုက်ကြသည်။

မည်သည့်မေးခွန်းကိုမျှ မေးမြန်းခြင်းမပြုဘဲ လူငယ်သည် အမျိုးသမီးကို စတင်တိုက်ခိုက်ခဲ့သည်။

သူလှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက်တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုကို ခံလိုက်ရသည့်ပုံပေါ်ကာ ထိုသူ့မှပင်သူ့အား ဂုတ်မှ ဆွဲကာ နောက်သို့ ဆွဲထုတ်လိုက်လေသည်။

“နောက်ထပ် ရန်သူတစ်ဦးလား”

လူငယ်သည် သူ့ကို တားဆီးသူထံသို့ ဓားကို ဝှေ့ယမ်းလိုက်သည်။

သို့သော် ထိုသူ၏ မျက်နှာကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားတော့သည်။

သူသည် ဓား၏ ဦးတည်ရာကို လျင်မြန်စွာ ပြောင်းလဲလိုက်ကာ ထိုသူကို ရှောင်ရှားလိုက်သည်။

ထိုသူ၏ မျက်နှာတွင် အနည်းငယ်မျှပင် အစင်းရာထင်သွားမည်ကို သူအလွန်စိုးရွံ့နေမိလေသည်။

အဘယ့်ကြောင့်ဆိုသော် ထိုသူသည် အခြားသူမဟုတ်ပဲ အကြီးအကဲရန်ပင် ဖြစ်သောကြောင့်တည်း။

“အကြီးအကဲ...”

လူငယ်သည် ဓားကို လျင်မြန်စွာချလိုက်ကာ ဒူးထောက် တောင်းပန်လိုက်သည်။

“ဒီနေရာကို ငါ့အတွက် ထားခဲ့လိုက် တခြားနေရာကို သွားပြီး တာဝန်ရှိတဲ့ အတိုင်း ဆက်လုပ်ပါ”

“ဟုတ်ကဲ့ပါ အကြီးအကဲ”

လူငယ်သည် ဓားကို ကောက်ယူကာ သူ၏ အသက်သည် ထိုအပေါ်တွင် မူတည်နေသကဲ့သို့ ပြေးထွက်သွားလေသည်။

အာရန်က သင်္ဘောပေါ်မှ အဘယ့်ကြောင့် ဆင်းလာသည်ကို သူနားမလည်ပေ။

မဟာအကြီးအကဲများနှင့် ရင်ဆိုင်ရသောအခါ၌ပင် သူသည်ဆင်းမလာခဲ့ပေ။

ထိုအချိန်တွင် သူသည် မည်သည့် တုံ့ပြန်ခြင်းမှ မပြုလုပ်ခဲ့ပေ။

သို့သော်ယခု အရာအားလုံး တည်ငြိမ်နေပုံရသောအခါမှသာ သူသည်ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

သူ့ကို ကိုယ်တိုင်ဆင်းလာစေရန် တွန်းအားပေးသည့် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သလား။

ယင်းသည် ထိုအမျိုးသမီးနှင့် သက်ဆိုင်နေသလားဟုလည်း သူသေချာမသိပေ။

သူ့တွင် သိချင်စိတ်များပြင်းပြနေသော်လည်း သူ၏ အသက်သည် သူ၏ သိချင်စိတ်ထက် ပို၍ အဖိုးတန်လေသည်။

......

“အော် ရှင်ပဲကို...”

မိန်းမပျိုသည် အာရန်ကို မြင်သောအခါ သူမ၏ မျက်လုံးများသည် အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားလေသည်။

“မင်း ငါ့ကို မှတ်မိတာလား”

“ဒါနဲ့ မင်းကကော ဒီမှာ ဘာလာလုပ်နေတာလဲ”

အာရန်သည် သူမ၏ မေးခွန်းကို သူ၏ မေးခွန်းဖြင့်ပင် တုံ့ပြန်လိုက်သည်။

“မင်းက အသူရာဂိုဏ်းဘက်က ပါနေတာလား”

“သူတို့ဘက်က ပါရမယ်ဟုတ်လား သူတို့က ငါ့အတွက် ဘာမှ အရေးမပါဘူး” မိန်းမပျိုသည် လှည့်ထွက်ကာ တံခါး၀ဆီသို့ မျက်နှာမူလိုက်သည်။

“ဒါဆို မင်းက ဒီမှာ ဘာလို့ ရှိနေရတာလဲ”

အာရန်က ဆက်လက်မေးလိုက်သည်။

“ငါ တစ်ခုခု ယူဖို့ ဒီကို လာတာ ပြသနာရှိလို့လား”

သူမက တံခါးကို ကိုင်တွယ်ရင်း ပြန်ဖြေလိုက်သည်။

“ဒီဂိုဏ်းကို လမ်းမှာ ဘယ်လိုရင်ဆိုင်ရမလဲလို့ တစ်လမ်းလုံးတွေးလာရတာ ဒါပေမယ့် ရှင့်လူတွေက ကျွန်မအတွက် ပိုလွယ်တဲ့ လမ်းကြောင်းတစ်ခု ဖန်တီးပေးမယ်လို့ တကယ်ကိုမထင်ထားခဲ့ဘူး”

“ဒါနဲ့ပြောရဦးမယ် ရှင်က ကျွန်မကို အများကြီး အံ့အားသင့်စေခဲ့တဲ့သူတစ်ယောက်ပဲ အရင်တစ်ခေါက်တုံးက ရှင့်နာမည် နဲ့ရှင်ဘယ်သူဘယ်ဝါဆိုတာတောင် ကျွန်မ မေးဖို့မေ့သွားခဲ့တယ် ဒါပေမဲ့ ရှင်က အဲဒီ စိတ်အနှောင့်အယှက်ဖြစ်စရာ မိစ္ဆာဂိုဏ်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မယ်လို့ မထင်ထားမိခဲ့ဘူး”

“ဒါပေမယ့် စိတ်မပူပါနဲ့ ဒါတွေကအရေးမပါပါဘူး ရှင်က ကျွန်မကို ကယ်တင်ခဲ့တဲ့သူပဲ ဒါကြောင့် ကျွန်မရှင့်ကို ဘာမှ တုံ့ပြန်မှာမဟုတ်ဘူး ကျွန်မရဲ့အရင်ပြောခဲ့တာကလည်း ပြောင်းလဲမှာမဟုတ်ဘူး ရှင်သာ ကျွန်မအကူအညီ လိုအပ်ရင် ချက်ချင်း ဆက်သွယ်လိုက်ရုံပဲ”

“ထူးဆန်းတယ် ဒီတံခါးမှာ သော့ပေါက်မရှိဘူး ဒီလူတွေက ဒီလိုအရာတွေကို ဘယ်လိုတောင် အသုံပြုကြတာလဲမသိဘူး” သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒါဆို မင်းက အသူရာဂိုဏ်းကနေ ပစ္စည်းခိုးဖို့ ဒီကို လာခဲ့တာပေါ့”

အာရန်က ကောက်ချက်ချသည်။

“တံခါးနဲ့ ပတ်သက်လို့ကတော့ ပုံစံကွက်တစ်ခုနဲ့ တံဆိပ်ခတ်ထားခဲ့တာဖြစ်တယ် ဒီပုံစံကွက်တွေကို ဖန်တီးတဲ့ဆရာပဲ ဖွင့်နိုင်လိမ့်မယ်”

“ကျွန်မသိပြီ ဒါဆို ဖွင့်ကြည့်ဖို့ ကြိုးစားနေစရာ အကြောင်းမရှိတော့ဘူးဘဲ ကျွန်မအစောပိုင်းကတည်းကသိခဲ့သင့်တယ်”

မိန်းမပျိုသည် လက်သီးကို ဆုပ်လိုက်ကာ တံခါး၏ ပုံစံကွက်ကိုအသက်ဝင်ရန် ကြိုးစားရမည့်အစား ထိုပုံစံကွက်ကို သူမ၏ လက်သီးဖြင့် ထိုးချပစ်လိုက်လေသည်။

သူမ၏ ထိုးချက်မှာ အလွန်ခွန်အားကြီးမားသောကြောင့် ပတ်ဝန်းကျင်တွင် တုန်ခါမှုများပင် ဖြစ်ပေါ်သွားခဲ့စေသည်။

ပုံစံကွက်ကို မဖျက်ဆီးနိုင်ခဲ့သော်လည်း တံခါးတစ်ခုလုံးသည် လွင့်ထွက်သွားကာ အပိုင်းပိုင်းအစစအဖြစ် ကွဲထွက်သွားလေသည်။

တံခါးမရှိသောအခါ ပုံစံကွက်၏ ချိတ်ပိတ်ထားမှုသည်လည်း မည်သို့တတ်နိုင်ဦးမည်နည်း။

သူမ၏ တိုက်ခိုက်မှုကို နှင့် ထိုတိုက်ခိုက်မှုတွင် ပါဝင်သောကြီးမားသောခွန်အားကို မြင်လိုက်ရသော်လည်း အာရန်သည် အံ့အားသင့်ခြင်း မရှိခဲ့ပေ။

ဤမိန်းကလေးသည် သေမင်းတောအုပ်အတွင်းရှိ အဆိပ်နဂါးကိုပင် တစ်ကိုယ်တော် ရင်ဆိုင်တိုက်ခိုက်ခဲ့သူဖြစ်လေသည်။

သူသည် ထိုအချိန်ကတည်းကပင် သူမ၏ ပို၍ အံ့မခန်း အင်အားပြသမှုများကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်မဟုတ်ပါလော။

သူသည် ထိုအဆိပ်နဂါးကို သူမထံမှ လု၍ မသတ်ဖြတ်ခဲ့ပါက အဆိပ်နဂါးကို နှိမ်နင်းခဲ့သူအမှန်မှာ သူမပင် ဖြစ်ခဲ့ပေလိမ့်မည်။

သူသည် သူမ၏ အခွင့်အရေးကို ခိုးယူခဲ့ရုံသာမက ရဲ့လန်၏ အခွင့်အရေးကိုလည်း ခိုးယူခဲ့သေးသည်။

မူလဇာတ်လမ်းအရမူ ရဲ့လန်သည် သူမ အဆိပ်သင့်နေချိန်တွင် သေမင်းတောအုပ်၌ ဤမိန်းကလေးနှင့် တွေ့ဆုံရန် ဖြစ်လေသည်။

အာရန်မှာမူ သူမ၏ အဆိပ်ကို ဖြေဆေးဖြင့်သာ ကုသပေးခဲ့လေသည်။ သို့သော် မူလဝတ္ထုတွင် ရဲ့လန်မှာမူ ထိုသို့ မပြုလုပ်ခဲ့ပေ။

မူလဝတ္ထုတွင် ရဲ့လန်၌ ဖြေဆေးမရှိခဲ့သောကြောင့် သူသည် ဤမိန်းကလေးနှင့် အတူအိပ်ခဲ့ရသည်။

မိန်းမပျိုသည် နံနက်တွင် အလွန်ဒေါသထွက်သွားခဲ့သော်လည်း သူမသည် ရဲ့လန်ကို သနားကာ မသတ်ခဲ့ပေ။

အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ပို၍ တွေ့ဆုံကာ သံယောဇဉ်တွယ်တာမိကြပြီး နောက်ဆုံးတွင် ချစ်သူများ ဖြစ်သွားကြလေသည်။

သို့သော် အာရန်သည် သူ၏ လုပ်ရပ်များဖြင့် ထိုဇာတ်လမ်းတစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့လေသည်။

သူသည် ဝတ္ထုထဲတွင် မြင်ခဲ့သော ဤမိန်းကလေးနှင့် ပတ်သက်သည့် အနာဂတ်ကို ပြောင်းလဲပစ်ခဲ့သည်။

သူသည် သူမနှင့် ရဲ့လန်တို့ တွေ့ဆုံခြင်းကို တားဆီးခဲ့ရုံသာမက တောင်ပိုင်းတိုက်နှင့် သူ၏ ဆက်သွယ်နိုင်မည့် အဆက်အသွယ်မှန်သမျှကိုလည်း ခေတ္တ ဖြတ်တောက်ပစ်ခဲ့လေသည်။

“ကျွန်နာမည်က ဆီရာ လို့ခေါ်ပါတယ် အရင်တစ်ခေါက်တုန်းက ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ဖို့ မေ့သွားတယ် ဒါနဲ့ရှင့်နာမည်ကကော” ဟု မိန်းကလေးက ခန်းမထဲသို့ ဝင်ရင်း အာရန်အား မေးလိုက်သည်။

အစောင့်များနှင့် အကြီးအကဲအများစု သေဆုံးသွားသောကြောင့် သူမကို တားဆီးရန် မည်သူမျှ ရှိမနေခဲ့ပေ။

အာရန်သည် အကယ်၍ တစ်စုံတစ်ယောက် ရှိနေခဲ့လျှင်ပင် သူတို့ကို တားဆီးနိုင်မည်မဟုတ်ကြောင်း သိနေခဲ့လေသည်။

ဆီရာသည် တောင်ပိုင်းတိုက်၏ အရှင်သခင်ဖြစ်သော မစ်ထ် ၏ သမီးဖြစ်သည်။

သူမသည် ငယ်ရွယ်သေးပြီး သူမ၏ မိခင်၏ သွေးမျိုးဆက်ကိုပင် မနိုးထသေးသော်လည်း သူမ ဖခင်၏ ဒုတိယသွေးမျိုးဆက်ကြောင့် အလွန်သန်မာနေပြီဖြစ်သည်။

“အသူရာဂိုဏ်းမှာ မင်းရဲ့ အာရုံကို ဖမ်းစားနိုင်တာ ဘာတွေများ ရှိနိုင်လို့လဲ အရှေ့ဘက်တိုက်ရဲ့ ရတနာတွေနဲ့ ကျင့်စဉ်တွေက တောင်ပိုင်းတိုက်က လူတွေအတွက် အသုံးမဝင်ဘူး မဟုတ်လား”

အာရန်သည် အသူရာဂိုဏ်း၏ ဘဏ္ဍာတိုက်သို့ ဦးတည်သော ခန်းမအတွင်းသို့ မိန်းကလေးနောက်မှ လိုက်ဝင်သွားခဲ့လေသည်။

အာရန်၏ စကားကို ကြားသောအခါ ဆီရာဆိုသည့် မိန်းကလေးသည် အတော်လေး အံ့အားသင့်သွားရသည်။

“ရှင်က ကျွန်မဘယ်ကလာတယ်ဆိုတာကိုပါ သိနေတာလား”

“မင်း အဆိပ်နဂါးကို တိုက်နေတာကို မြင်လိုက်တဲ့အချိန်ကတည်းက သိခဲ့တာ မင်းက ဘယ်သိုင်းကွက်မျိုးကိုမှ အသုံးမပြုခဲ့ဘူး မင်းရဲ့ သွေးမျိုးဆက်ကလာတဲ့ ခွန်အားသက်သက်ကိုပဲ အသုံးပြုခဲ့တယ် ငါ သတိမထားမိဘူးလို့ မင်းက တကယ်ထင်နေတာလား”

အာရန်သည် သူမမေးခွန်း၏ ဦးတည်ရာကို လုံးဝ ပြောင်းလဲပစ်လိုက်သည်ကို ဆီရာ တစ်‌ယောက်

သတိပင် မထားမိခဲ့ပေ။

အာရန်သည် သူမအား သူ၏ နာမည်ကို မပြောပြခဲ့ပေ။

“ရှင်က မိစ္ဆာဂိုဏ်းက အကြီးအကဲတစ်ယောက်ပဲ တောင်ပိုင်းတိုက်က လူတွေကို အထူးသဖြင့် သူရဲကောင်းတွေကို မုန်းသင့်တယ် မဟုတ်ဘူးလား”

ဆီရာသည် အာရန်က သူမကို အဘယ့်ကြောင့် ကူညီခဲ့သည်ကို နားမလည်နိုင်တော့ပေ။

အစပိုင်းတွင် သူမသည် သူ၏ နောက်ခံဇာတိကို မသိသောကြောင့် ကူညီခဲ့ခြင်းဖြစ်သည်ဟု ထင်ခဲ့လေသည်။

ယခုမူ ထိုသို့မဟုတ်ကြောင်း သူမသဘောပေါက်လိုက်သောအခါ သူ၏ အကူအညီ မှာ ပို၍အဖိုးတန်သည်ကို သိရှိလိုက်လေသည်။

#Catfoot

All Chapters