← Chapters

ငါကဇာတ်လိုက်မဟုတ်ဘူး

Vol. 11 Ch. 142

ငါကဇာတ်လိုက်မဟုတ်ဘူး

Vol. 11 Ch. 142

ရန်သူကို ကူညီခြင်းထက် သူစိမ်းတစ်ဦးကို ကူညီခြင်းက ပို၍လွယ်သည်။

သူသည် သူမအတွက် ထိုသို့ ပြုလုပ်ပေးခဲ့သည်။

အမွေအနှစ်ကို အဖိုးအခတစ်ခုအဖြစ် ရယူခဲ့သော်လည်း သူသည် သူမ၏ အသက်ကို ကယ်တင်ခဲ့သည်ဟူသောအချက်မှာ မပြောင်းလဲသွားခဲ့ပေ။

သူလိုချင်လျှင် အမွေအနှစ်ကို ယူပြီးချိန်၌ သူမကို သတ်ပစ်နိုင်ခဲ့သည်။

သူသည် ထိုထက်ပို၍ပင် ဆိုးရွားသောအရာများကို ပြုလုပ်နိုင်သေးသည်။

ယင်းအစား သူမနိုးလာပြီး ဘေးကင်းကြောင်း သေချာစေရန် စောင့်ဆိုင်းနေခဲ့ပြီးမှသာ ထွက်သွားခဲ့သည်။

“ငါက မိစ္ဆာဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပါ ဒါပေမယ့် ဒါကအရေးပါလို့လား မင်း ဘယ်တိုက်ကလာတယ်ဆိုတာ အရေးမကြီးဘူး ငါက ငါသတ်ချင်တဲ့သူတွေကိုပဲ သတ်တာပါ”

အာရန်က ပြန်ဖြေလိုက်သည်။

“ဒါဆို ရှင်က ကျွန်မကို မသတ်ချင်ဘူးဆိုတဲ့ အဓိပ္ပာယ်လား” ဆီရာက မေးလိုက်သည်။

“အနည်းဆုံးတော့ အခုထိ မဟုတ်သေးဘူး” အာရန်က ပြန်ဖြေလိုက်သည်။

“တကယ်လို့ မင်းသာငါ့ကို ထိခိုက်အောင် မလုပ်သရွေ့ မင်းကို သတ်ချင်မယ်လို့တော့ မထင်မိပါဘူး”

ဆီရာက ပြန်ပြုံးပြလိုက်သည်။ သူမသည် နောက်ထပ် မေးခွန်းများ မေးမနေတော့ပေ။

သူမလိုအပ်သော အဖြေများကို ရရှိလိုက်ပြီးဖြစ်သည်ဟုယူဆလိုက်သည်။

သူသည် အခြားအကြီးအကဲများနှင့် မတူကြောင်း သူမသတိထားမိလိုက်သည်။

သူ့တွင် ဒေသအစွဲမျနှင့်အတူ ဘက်လိုက်မှုများ မရှိပေ။ သူ့အတွက် လူတိုင်းသည် အတူတူပင်ဖြစ်သည်။

သူ့အတွက် အရှေ့တိုက် သို့မဟုတ် အနောက်တိုက် ဟူ၍ ခွဲခြားထားခြင်းမျိုးမရှိပေ။

ရန်သူနှင့် မိတ်ဆွေများသာ သူ့အတွက်ရှိလေသည်။

တိတ်ဆိတ်မှုသည် အတော်ကြာပြီးနောက် အာရန်မှ စကားစပြောမှ သာ ထိုတိတ်ဆိတ်မှုသည် ပြန်လည် ပျက်ပြယ်သွားရလေသည်။

“ဒါနဲ့ မင်း ငါမေးတာကို အခုထိ မဖြေသေးဘူး မင်းက ဒီဂိုဏ်းကနေ ဘာကို ခိုးဖို့ ကြိုးစားနေတာလဲ”

“ကျွန်မရှာတွေ့ရင် ရှင် ကျွန်မဆီကနေ မလုယူဘူးလို့ ကတိပေးမှ ပြောပြနိုင်မယ်” ဆီရာက လိမ္မာပါးနပ်စွာ ပြန်ဖြေလိုက်သည်။

သူလိုချင်လျှင်ပင် လုယူ၍ မရကြောင်း အာရန်သည် သိထားလေသည်။

အဆိပ်လည်ဆွဲကို မသုံးဘဲ ဆီရာအား လုံး၀အနိုင်မယူနိုင်ပေ။

ထိုအရာကို သုံးလျှင်လည်း သူမသည် မုချသေဆုံးသွားလိမ့်မည်ဖြစ်သည်။

ဆီရာကို သတ်ခြင်းသည် ဝိညာဉ်လမ်းလျှောက်သူကို သတ်ခြင်းနှင့် မတူပေ။

ဝိညာဉ်လမ်းလျှောက်သူသည် သူ၏ အသက်အန္တရာယ်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ဆီရာသည် ထိုသို့မဟုတ်ပေ။

အမှန်စင်စစ် ဆီရာသည် သူ၏ အနာဂတ်အစီအစဉ်များအတွက် ပို၍ပင် အဖိုးတန်နေလေသည်။

သူသည် မစ်ထ် ထံမှ တစ်စုံတစ်ခုအား ခိုးယူရန် လိုအပ်နေသည်ကို မမေ့သေးပေ။

ဆီရာသည် သူ၏ ထိုအစီအစဉ်များအတွက် အဓိကသော့ချက် တစ်ခုလည်းဖြစ်လေသည်။

ထိုသို့ မပြုလုပ်နိုင်ရသည့် အခြားအကြောင်းပြချက်တစ်ခုလည်း ရှိသေးသည်။

ယင်းမှာ သူသည် ရင်ဆိုင်ရမည့် အကျိုးဆက်များအတွက် အဆင်သင့် မဖြစ်သေးသောကြောင့်လည်း ဖြစ်သည်။

မစ်ထ် သည် သူမ၏ သမီးကို အလွန်ချစ်မြတ်နိုးလေသည်။ ဆီရာသည် မစ်ထ် ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ဆိုလျှင်ပင် မမှားနိုင်ပေ။

မစ်ထ် သည် သူမ၏ သမီးကို အမှတ်အသားတစ်ခုပြုထားပြီးဖြစ်သည်။

အကယ်၍ ဆီရာသာ သေဆုံးသွားခဲ့ပါက သူမကို သတ်လိုက်သောသူကို အလိုအလျောက်မှတ်သားသွားလိမ့်မည်ဖြစ်သည်။

ယင်းသည် ဖျက်၍ မရသော အမှတ်အသားဖြစ်သည်။ အကယ်၍ သူသာ ဤမိန်းကလေးကို သတ်လိုက်ပါက မစ်ထ်သည် ငရဲအထိပင်ဆင်းကာသူ့အား မြေလှန်ရှာကာ လိုက်လံဖမ်းဆီးခြင်းကို ခံရပေလိမ့်မည်။

သူ၏ ပန်းတိုင်သို့ မရောက်မချင်း အရှင်သခင်အဆင့်များကို ယခင်ခန္ဓာကိုယ်ပိုင်ရင် ပြုမူခဲ့သော အရာများအပြင် ထပ်မံ၍ ပြသနာမရှာချင်တော့ပေ။

မည်သည့် ရတနာမျှ သူ၏ အနာဂတ်အစီအစဉ်များကို အန္တရာယ်ပြုရန် မထိုက်တန်ပေ။

“ကတိပေးပါတယ် မင်းရှာတွေ့ရင် မင်းဆီကနေ ငါမလုဘူး”

ဆီရာသည် ခဏငြိမ်သက်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“ဒါက ဒြပ်စင်ခြယ်လှယ်ခြင်း အနုပညာ လို့ခေါ်တဲ့ စာအုပ်တစ်အုပ်ပဲ အဲဒီစာအုပ်က အသူရာဂိုဏ်းမှာ ရှိနေတယ်ဆိုတာကို ငါသိခဲ့ရတယ် ဒါကြောင့် အဲဒါကို ယူဖို့ ဒီကို လာခဲ့တာ”

ဆီရာသည် အာရန်၏ ကတိကို ယုံကြည်လိုက်သဖြင့် ရှင်းပြလိုက်သည်။

“ဒြပ်စင်ခြယ်လှယ်ခြင်း အနုပညာ”

စာအုပ်၏ အမည်ကို ကြားသောအခါ အာရန်၏ နှုတ်ခမ်းများ တွန့်သွားခဲ့သည်။

ထိုစာအုပ်သည် အသူရာဂိုဏ်းချုပ်ထံမှ သူလုယူခဲ့သော စာအုပ်ဖြစ်လေသည်။

လက်ရှိတွင် ထိုစာအုပ်သည် အသူရာဂိုဏ်းထံတွင် လုံးဝ မရှိတော့ပေ။

ထိုအစား သူ၏ တပည့်ဖြစ်သူ ဝမ်ချင်းယု၏ လက်ထဲတွင် ရောက်နေပြီဖြစ်လေသည်။

ထိုစာအုပ်အမည်ကို ကြားသောအခါ သူ၌ မေးခွန်းများစွာ ရှိနေလေသည်။

မူလ ဝတ္ထုတွင် ထိုစာအုပ်သည် ရဲ့လန်က အသူရာဂိုဏ်းချုပ်၏သားကို သတ်ပြီး ယူသွားသည်အထိ ထိုအရာသည် အသူရာဂိုဏ်း၌ ရှိနေသေးလေသည်။

ဆိုလိုသည်မှာ ဝတ္ထုတွင် ဆီရာက ထိုစာအုပ်ကို မယူသွားခဲ့ပေ။

‘ငါ အနာဂတ်ကို ပြောင်းလဲလိုက်လို့များ ဒါတွေဖြစ်လာတာလား ဒီကမ္ဘာကို ရောက်လာတဲ့အချိန်ကစပြီး ငါတော်တော်များများ လုပ်မိခဲ့တယ် အခုလည်း အသူရာဂိုဏ်းကို ဖျက်ဆီးနေတာပဲလေ’

သူစဉ်းစားမိသောအခါ အနာဂတ်သည် အမှန်တကယ်ပင် သူမသိနိုင်သော ဦးတည်ရာဆီသို့ ရွေ့လျားနေပြီဖြစ်ကြောင်းကို သတိပြုမိလိုက်သည်။

မူလဝတ္ထုအတိုင်းဆိုပါက ယနေ့သည် သူသေရမည့် နေ့လည်းဖြစ်လေသည်။

သို့သော် ယခုဤနေရာတွင် သူသည် အကောင်းပကတိအတိုင်း ရှိနေသေးလေသည်။

သူသည် သူ၏အတိတ်ကို အမှန်တကယ် ပြောင်းလဲခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူသည် အနာဂတ်ကိုလည်း ပြောင်းလဲခဲ့ပြီးဖြစ်လေသည်။

မူလဝတ္ထုတွင် မဖြစ်ခဲ့သောအရာများစွာသည် သူ၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေပြီဖြစ်သည်။

သာမန်အရံဇာတ်ကောင်တစ်ယောက်သာဖြစ်ရမည့်အစား ယခုသူသည် အဓိကဇာတ်လိုက်နှင့် ဆင်တူသော ဖြစ်တည်မှုမျိုးတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။

သူရောက်သည့်နေရာတိုင်းတွင် လူများ၏ ဘ၀များစွာအပေါ် သက်ရောက်မှုများစွာဖြစ်စေခဲ့လေသည်။

အာရန်သည် တစ်ချက်ခေါင်းခါလိုက်သည်။

‘ငါ ဘာတွေ တွေးနေတာလဲ ငါက တကယ်တော့ အဓိကဇာတ်လိုက် မဟုတ်ဘူးလေ ငါ့ရဲ့ အသိပညာကြောင့်သာ ဒီလိုအရာတွေ ဖြစ်လာခဲ့တာ အနာဂတ်ကို သိတဲ့ ငါ့ရဲ့ အားသာချက်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားတော့မယ် ဒါမှမဟုတ် ခုတောင်ကုန်ဆုံးသွားပြီးသားလဲ ဖြစ်နေနိုင်တယ်’

……………..

“ရောက်ပြီ”

အသူရာဂိုဏ်း၏ အရေးအပါဆုံးကျင့်စဉ်များနှင့် ရတနာများ သိမ်းဆည်းထားသော ဘဏ္ဍာတိုက် တစ်ခု၏ ရှေ့တွင် ဆီရာ သည်ရပ်တန့်လိုက်လေသည်။

အသူရာဂိုဏ်းချုပ်သာ ဤနေရာသို့ ဝင်ခွင့်ရသော်လည်း ယခု ဝင်ရောက်ရန် စီစဉ်နေသူ နှစ်ဦး ထပ်မံရှိနေပြီဖြစ်သည်။

“ကျွန်မက ဒြပ်စင်ခြယ်လှယ်ခြင်း စာအုပ်ကိုပဲ ယူမယ် ကျန်တာအားလုံး ရှင်ယူနိုင်တယ်”

တံခါးကို ဖျက်ဆီးရန် ပြင်ဆင်နေစဉ် သူမက အာရန်အား လှမ်းပြောလိုက်သည်။

သူမသည် လက်သီးကို ဆုပ်ကာ ထပ်မံ ထိုးဖျက်ရန် အရှိန်ယူလိုက်သည်။

“မင်းက အရာအားလုံးကို ဖျက်ဆီးဖို့ ကြံရွယ်နေတာလား”

အာရန်သည် မိန်းမပျို၏ ပခုံးပေါ်သို့ သူ၏ လက်ကိုတင်လိုက်ကာ သူမကို ဘေးသို့ တွန်းလိုက်ပြီး သူမ၏ အရှိန်အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

သူသည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ သော့တစ်ခုကို ထုတ်ကာ သော့ပုံစံ ပုံစံကွက်ထဲသို့ ထည့်လိုက်လေသည်။

ထိုသော့သည် ပုံစံကွက်နှင့် ထိမိသည်နှင့် တစ်ပြိုင်နက် ချိတ်ပိတ်ထားသော တံခါးသည် တဖြည်းဖြည်းချင်း ပွင့်လာလေတော့သည်။

“ငါက မဟာအကြီးအကဲတစ်ဦးရဲ့ အလောင်းနားမှာ ဒီသော့ကို ကောက်ရခဲ့တာ ငါထင်ထားသလိုပဲ ဒါကဒီ ဘဏ္ဍာတိုက်အတွက်ပဲ”

အာရန်သည် သူမသံသယ မဖြစ်စေရန် အနည်းငယ်လိမ်လည်၍ ရှင်းပြချက်တစ်ခု ပေးလိုက်သည်။

အမှန်မှာမူ အာရန်သည် အသူရာဂိုဏ်းချုပ်ကို သတ်ခဲ့သောအခါကပင် သိုလှောင်အိပ်အတွင်းမှ ထိုသော့ကို ရရှိခဲ့ခြင်းဖြစ်သည်။

သူသည် ဤဘဏ္ဍာတိုက်သို့ အရင်ဝင်ခဲ့သည်ဟု သူမအား အထင်မလွဲစေလိုသောကြောင့် အမှန်တရားကို သူမအား ဖုံးကွယ်ထားလိုက်ခြင်းဖြစ်သည်။

ဆီရာက ထိုအကြောင်းကို သိပ်မစဉ်းစားခဲ့ပေ။ တံခါးကို မည်သို့ဖွင့်သည်ဖြစ်စေ အရေးမပါပေ။

သူမအတွက် အရေးကြီးသည်မှာ တံခါးပွင့်သွားရန်သာဖြစ်သည်။

သူမသည် ဘဏ္ဍာတိုက်အတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားပြီး ကျင့်စဉ်စာအုပ်များ သိမ်းဆည်းထားသော စင်များဆီသို့ ချက်ချင်း ပြေးသွားခဲ့လေသည်။

တစ်ချိန်တည်းမှာပင် အာရန်သည် ရတနာများဆီသို့ လျှောက်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဤနေရာရှိ အရာအားလုံးသည် သူ၏ပိုင်ဆိုင်မှုများဖြစ်သည်မဟုတ်ပါလား။

ဆီရာသည် ဒြပ်စင်ခြယ်လှယ်ခြင်းအနုပညာ စာအုပ်ကိုသာ လိုချင်ခဲ့သည်။

ကျန်အရာအားလုံးသည် သူ့အတွက်ဖြစ်ကြောင်း သူမကတိပေးခဲ့ပြီးသည်။ ထိုစာအုပ်သည်လည်း ဤနေရာတွင် မရှိသောကြောင့် သူသည် ဤနေရာရှိ အရာအားလုံး၏ ပိုင်ရှင် ဖြစ်လာခဲ့ပြီဖြစ်သည်။

‘အဖြေကို ကြိုသိနေတဲ့အခါ လောင်းကစားလုပ်ရတာ တကယ်ပျော်စရာကောင်းတာပဲ’

#Catfoot

All Chapters