← Chapters

ငါသိတဲ့နေရာတစ်ခုရှိတယ်

Vol. 11 Ch. 145

ငါသိတဲ့နေရာတစ်ခုရှိတယ်

Vol. 11 Ch. 145

သန့်စင်ဘုရားကျောင်း၏ သင်္ဘောသည် ဖြည်းဖြည်းချင်း ပိုမိုနီးကပ်လာခဲ့သည်။

“အကြီးအကဲရင်ခင်ဗျာ အကြီးအကဲ အမိန့်ပေးလိုက်တာနဲ့ ကျွန်တော်တို့ တိုက်ခိုက်ဖို့အဆင်သင့်ပါပဲ”

အာရန်တွင်ရှိသော ဆက်သွယ်ရေးအဆောင်တစ်ခုသည် တောက်ပလာပြီး တိုက်ခိုက်ရေးစနစ်များကို ထိန်းချုပ်ထားသော သင်္ဘောသားတစ်ဦး၏ အသံကို ကြားလိုက်ရသည်။

“လောလောဆယ်တော့ အရင်စောင့်ကြည့်ရအောင်”

အာရန်က ချဉ်းကပ်လာသော သင်္ဘောဆီမှ သူ၏ မျက်လုံးမခွာဘဲ ပြန်ဖြေလိုက်သည်။

“ငါ အမိန့်မပေးမချင်း ဘယ်သူမှ စမလှုပ်ရှားရဘူး”

သင်္ဘောနှစ်စင်းသည် တဖြည်းဖြည်းပို၍ နီးကပ်လာသောအခါ သန့်စင်ဘုရားကျောင်း၏ သင်္ဘောကုန်းပတ်ပေါ်တွင် ပုံရိပ်တစ်ခု ပေါ်လာလေသည်။

ထိုသူသည် သန့်စင်ဘုရားကျောင်း၏ ရွှေရောင်သင်္ကေတများဖြင့်စီချယ်ထားသော အဖြူရောင် ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားလေသည်။

အလားတူ ထိုသူ၏ ဆံပင်များသည်လည်း ရွှေရောင်ဖျော့ဖျော့ သန်းနေပြီး အသက်သုံးဆယ်ထက် ကျော်ပုံမရပေ။

မိစ္ဆာဂိုဏ်းမှ ဂိုဏ်းသားများသည် ထိုသူအား မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ကိုးကွယ်သင့်သော မြင့်မြတ်သော ဖြစ်တည်မှုတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ အလိုလို ခံစားလိုက်ကြရသည်။

အပြင်စည်းတပည့်အချို့ဆိုလျှင် ဒူးထောက်လုနီးပါးပင်ဖြစ်သွားကြသောကြောင့် အာရန်မှာ သူ၏ ဓားဧကရာဇ်အော်ရာကို ထုတ်လွှတ်လိုက်သောအခါမှ သတိပြန်ဝင်လာကြလေသည်။

“စိတ်မလွင့်သွားကြနဲ့ ဒါက သူ့ရဲ့ ကောင်းချီးစွမ်းအင်တွေရဲ့ အကျိုးသက်ရောက်မှုတစ်ခုသက်သက်ပါပဲ”

အာရန်သည် ဒူးထောက်လုနီးပါးဖြစ်ခဲ့ခြင်းကို မယုံကြည်နိုင်စွာဖြစ်နေကြသော လူငယ်တပည့်များကို သတိပေးလိုက်သည်။

“ ဂိုဏ်းအုပ်ဘုန်တော်ကြီးခင်ဗျာ ကျွန်တော် သူတို့ဆီ သွားပြီး အကျိုးအကြောင်း ရှင်းပြသင့်သလား”

ဆံပင်ရွှေရောင်ရှိသောထိုပုဂ္ဂိုလ်အား လူငယ်ဘုန်းတော်ကြီးတစ်ဦးမှ ပြန်မေးလိုက်လေသည်။

“အဆင်ပြေပါတယ် ငါတို့က ဒီမှာ ဧည့်သည်တွေပဲ ငါကိုယ်တိုင် သွားပြီး ရှင်းပြလိုက်ပါ့မယ် အထင်လွဲမှားမှုတွေဖြစ်ပြီး နတ်ဘုရားမရဲ့ အစီအစဉ်တွေကို ထိခိုက်သွားစေလို့ မဖြစ်ဘူး”

သန့်စင်ဘုရားကျောင်းမှ သင်္ဘောသည် အာရန်၏ စစ်သင်္ဘောနှင့် မီတာရာပေါင်း အနည်းငယ်အကွာတွင် ရပ်တန့်သွားလေသည်။

ဂိုဏ်းအုပ်ဘုန်တော်ကြီး သည် လေထဲတွင်ပင် လမ်းလျှောက်လာပြီး သူသည် လေပေါ်တွင် မဟုတ်ဘဲ သာမန်မြေပြင်ပေါ်တွင်ပင် ရှိနေသကဲ့သို့ အာရန်ဆီသို့ လျှောက်လာလေသည်။

အာရန်လည်း လေပေါ်သို့ လိုက်ပါတက်သွားပြီး သူ့ကို တွေ့ဆုံရန်လာသော ဂိုဏ်းအုပ်ဘုန်တော်ကြီး ဆီသို့ သွားလိုက်လေသည်။

“သန့်စင် ဘုရားကျောင်းက တစ်စုံတစ်ယောက် လမ်းမှားပြီး အခြားတိုက်တစ်ခုကို ရောက်လာမယ်လို့ ကျုပ်တကယ်မထင်ထားဘူး တော်တော်လေး ထူးဆန်းတာပဲ” အာရန်က ပြောသည်။

“နတ်ဘုရားမ ဖရေယာ ရဲ့ စကားကိုလိုက်နာသူတွေဟာ ဘယ်တော့မှ လမ်းမမှားဘူး”

ဂိုဏ်းအုပ်ဘုန်တော်ကြီးမှ ကြင်နာတတ်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။

သူသည် အာရန်၏ ဝတ်ရုံကို ကြည့်လိုက်သည်။

“သင်ဟာ မိစ္ဆာဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ ဖြစ်ရမယ်”

တိုက်ကြီးလေးခုသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်ဆံမှုများစွာ မရှိသော်လည်း တိုက်ကြီးလေးခု၏ အာဏာရှိသူများအကြား အချို့အရာများသည် အများသိသော အချက်များဖြစ်သည်။

သန့်စင် ဘုရားကျောင်း၏ သင်္ကေတကို မိစ္ဆာဂိုဏ်း တပည့်များ သိသကဲ့သို့ မိစ္ဆာဂိုဏ်း၏ ဝတ်စုံသည်လည်း သန့်စင် အင်ပါယာတွင် လူသိများသောအရာဖြစ်လေသည်။

ဂိုဏ်းအုပ်ဘုန်တော်ကြီး သည် အသူရာဂိုဏ်းဘက်သို့ လှည့်ကြည့်လိုက်သောအခါ သွေးကွက်များကို မြင်လိုက်ရသည်။

သူသည် သူ၏ လက်များကို ပုံစံတစ်ခုပြုလုပ်လိုက်ပြီး ဆုတောင်းစကားတစ်ခု ရွတ်ဆိုလိုက်သည်။

ထိုသို့ ဆုတောင်းစကား ရွတ်ဆိုပြီးနောက် သူသည် မျက်လုံးများကို ဖွင့်ကာ အာရန်ကို အာရုံစိုက်လိုက်သည်။

“အရှေ့တိုက်က အရင်ကလိုပဲ ရှုပ်ထွေးနေပုံရတယ် ဒီမြေက ဆင်းရဲတဲ့သူတွေ... သူတို့ဘဝမှာ ကျုပ်တို့ရဲ့ နတ်ဘုရားမဆီကနေ ကောင်းချီးပေးမှု မခံစားရဘဲ နေထိုင်နေကြရတာကို ကျုပ်အမှန်တကယ် သနားဂရုဏာသက်မိပါတယ်။”

“ခင်ဗျားက ဒီကို တရားဟောဖို့ လာခဲ့တာလား”

အာရန်က စိတ်မရှည်ဟန်ဖြင့်မေးလိုက်သည်။

“ခင်ဗျား စိတ်ဝင်စားရင် ခင်ဗျားတို့ရဲ့ နတ်ဘုရားမ ကြီးမြတ်မှုတွေကို ပြသနိုင်တဲ့ နေရာကောင်းတစ်ခုကို ကျုပ်သိထားတယ်”

အာရန်သည် အထူးဦးတည်ရာတစ်ခုကို ညွှန်ပြကာ ဆက်ပြောလိုက်သည်။

“ဒီကနေ မြောက်ဘက်ကို တည့်တည့်သွားပါ လအနည်းငယ်ကြာရင် အရမ်းဆွဲဆောင်မှုရှိတဲ့ မျှော်စင်တစ်ခုကို တွေ့ရလိမ့်မယ် ဒီကလူတွေထက် အဲ့ဒီကလူတွေက ခင်ဗျားရဲ့ နတ်ဘုရားမကောင်းချီးကို ပိုပြီးလိုအပ်လိမ့်မယ်လို့ ကျုပ်စဥ့်စားမိတယ်”

ဂိုဏ်းအုပ်ဘုန်တော်ကြီးသည် အာရန်၏စကားကြောင့် ခဏတာ တိတ်ဆိတ်သွားရလေသည်။

သူ၏ မျက်လုံးများသည် ခဏတာ စိတ်ရှုပ်ထွေးသွားပုံရသော်လည်း သူသည် လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်မှု ရလိုက်လေသည်။

“ကမ္ဘာတစ်ခုလုံးမှာ နတ်ဘုရားမ ဖရေယာ ရဲ့ ကြီးမြတ်လှသော ကောင်းချီးမင်္ဂလာကို သိရှိနိုင်ဖို့ အချိန်အနည်းငယ်တော့ လိုအပ်ဦးမှာဖြစ်တယ်”

အာရန်သည် ဘာမှ ထပ်မံမပြောတော့ပေ။ သူ၏ အမြင်တွင် သူဘာပြောပြော ဤလူများအတွက် အရေးမပါပေ။

ဂိုဏ်းအုပ်ဘုန်တော်ကြီးသည် အာရန်၏ စိတ်မရှည်မှုကိုလည်း ခံစားလိုက်မိသည်။

“အဲဒါတွေကို ခဏထားလိုက်ရအောင် မိတ်ဆက်ပေးပါရစေ ကျွန်ုပ်က နသန်နီယယ်ပါ သန့်စင်ဘုရားကျောင်းရဲ့ ဂိုဏ်းအုပ်ဘုန်တော်ကြီးပါ”

သူသည် အာရန်အား လက်ဆွဲနှုတ်ဆက်ရန် သူ၏လက်ကိုကမ်းပေးလိုက်သည်။

အာရန်က ပြန်လည်မတုံ့ပြန်ခဲ့ပါ။ သူသည် ဤလူကို မယုံကြည်ခဲ့ပေ။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ဂိုဏ်းအုပ်ဘုန်တော်ကြီး သည် ရှက်ရွံ့သွားဟန်ဖြင့် လက်ကို ပြန်ရုပ်သိမ်းလိုက်ရသည်။

“ကျုပ်တို့က သင်တို့ရဲ့ ဂိုဏ်းချုပ်ဆီ သန့်စင်နတ်ဘုရားမဆီက စာတစ်စောင် ပါးဖို့ ဒီကို ရောက်လာတာဖြစ်တယ် ဒါကြောင့် ကျုပ်တို့ကို ဖြတ်သန်းခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်”

နာသန်နီယယ် ဆိုသူ ဂိုဏ်းအုပ်ဘုန်တော်ကြီး က လာရင်းအကြောင်းကို ရှင်းပြလိုက်သည်။

“အဲဒီလိုဆိုရင် ခင်ဗျားက ကျုပ်ကို အဲ့ဒီစာကိုပေးလိုက်လို့ရပါတယ် ဂိုဏ်းချုပ်ဆီ ကိုရောက်အောင် ကျုပ်ပို့ဆောင်ပေးပါ့မယ်” ဟု အာရန်က ပြောတယ်။

သူသည် ထိုစာအကြောင်းကို အတော်လေး သံသယဝင်နေခဲ့လေသည်။

ဖြစ်နိုင်လျှင် အပြန်လမ်းတွင် ၎င်းစာကိုဖတ်နိုင်ရန် သူသည် ၎င်းကို ရယူထားလိုသည်။

“ကျုပ်က အဲဒီလို မလုပ်ဆောင်နိုင်ပါဘူး ခင်ဗျာ ဖရေယာနတ်ဘုရားမ ကို သက်သေထားပြီး ဒီစာကို ကိုယ်တိုင် ပို့ဆောင်ပေးရမယ်လို့ ကတိပြုခဲ့တာမို့ပါ”

“အဲဒီလိုဖြစ်နေရင်တောင် ခင်ဗျားတို့ကို ခင်ဗျားတို့ရဲ့ ကောင်းကင်သင်္ဘောနဲ့ ကျုပ်တို့ ဂိုဏ်းဆီ တက်လာခွင့် မပေးနိုင်ဘူး”

သင်္ဘောတစ်စင်းတည်းက ဂိုဏ်းကို အန္တရာယ်ပြုနိုင်မည်မဟုတ်ဟု ယူဆထားမိသော်လည်း ဂိုဏ်းချုပ်မ ဖန်းယု ၏ တုံ့ပြန်မှုကို သူသည်မခန့်မှန်းနိုင်ချေ။

သူသည် ဤသင်္ဘောကြောင့် ဂိုဏ်းကို အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သည်ထက် ဖန်းယုက ဒေါသဖြင့် သန့်စင်ဘုရားကျောင်း၏ သင်္ဘောကို ဖျက်ဆီးပစ်မိမည်ကို ပို၍ စိုးရိမ်လေသည်။

သန့်စင်ဘုရားကျောင်း၏ သင်္ဘောသာ ပျက်စီးသွားခြင်းဆိုလျှင် အဆင်ပြေသေးသည်။

သို့သော် ထိုသို့မဟုတ်ပဲ ဂိုဏ်းအုပ်ဘုန်တော်ကြီးသာ သူမ၏ လက်ချက်ဖြင့် သေဆုံးသွားပါက အခြေအနေများသည် အမှန်တကယ် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်လေသည်။

တိုက်ကြီးနှစ်ခုကြား မလိုအပ်သော ထိပ်တိုက်တွေ့မှုမျိုးကို သူ မလိုလားပေ။ နောင်တရစရာအဖြစ်များထက် ဘေးကင်းသောလမ်းသည်သာ ပို၍ကောင်းမွန်လေသည်။

“ဒါကတစ်ခုတည်းသော ပြဿနာဆိုရင် ဖြေရှင်းနည်းက ပိုရိုးရှင်းပါတယ် ကျုပ်ကသင်နဲ့အတူ လိုက်ပါပြီး ကျွန်ုပ်ရဲ့ သင်္ဘောကို ပြန်လွတ်လိုက်ပ့ါမယ်”

ဂိုဏ်းအုပ်ဘုန်တော်ကြီးက အနည်းငယ်မျှပင် ဒေါသထွက်ပုံမပြဘဲ ပြောလိုက်သည်။

သူသည် ထိုကောင်းကင်သင်္ဘောဖြင့်ပင် လာရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ပို၍မြန်သောကြောင့် ဖြစ်သည်။

ယခု မိစ္ဆာဂိုဏ်း၏ စစ်သင်္ဘောသည်လည်း ဤနေရာသို့ ရောက်ရှိနေသောကြောင့် သူသည် သူတို့နှင့်အတူ ခရီးသွားနိုင်လေသည်။

“ကောင်းပြီလေ ခင်ဗျားလူတွေကို အသိပေးပြီး အဲဒီသင်္ဘောကို ပြန်ပို့လိုက်ပါ”

နသန်နီယယ်သည် သင်္ဘောသို့ ပြန်သွားပြီး သူသည် အာရန်နှင့်အတူ မိစ္ဆာဂိုဏ်းသို့ တစ်ယောက်တည်း လိုက်ပါသွားမည်ဖြစ်ကြောင်း သူ၏လူများကို အသိပေးလိုက်သည်။

“ဒါပေမယ့် ဂိုဏ်းအုပ်ဘုန်တော်ကြီးခင်ဗျာ ဒါက မလုံခြုံဘူးနော် သူတို့က ဂိုဏ်းအုပ်ကြီးကို လှည့်စားရင် ဘယ်လိုလုပ်မလဲ အနည်းဆုံးတော့ ကျွန်တော်တို့ထဲက လူအနည်းငယ်ကို အစောင့်အဖြစ်အတူခေါ်ဆောင်သွားပေးပါ”

နာသန်နီယယ်သည် သူ့ကို စိုးရိမ်နေသော လူငယ်ဘုန်းတော်ကြီးများကို မြင်သောအခါ ပြုံးလိုက်သည်။

“မင်းတို့က နတ်ဘုရားမ ဖရေယာ ကို ယုံကြည်မှု လျော့နည်းသွားတာလား” ဂိုဏ်းအုပ်ဘုန်တော်ကြီးမှ လူငယ်ဘုန်းတော်ကြီးများကို မေးလိုက်သည်။

“မမလျော့ပါဘူး”

လူငယ် ဘုန်းတော်ကြီးများသည် ထိတ်လန့်တကြားဖြစ်သွားကာ တစ်သံတည်း ပြန်ပြောလိုက်ကြသည်။

“ဒါဆို ဘာလို့ စိုးရိမ်နေတာလဲ ငါတစ်ယောက်တည်း သွားနေတယ်လို့ ဘယ်သူကပြောလဲ ငါတို့နဲ့အတူ နတ်ဘုရားမရဲ့ကောင်းချီးတွေဟာ အနားမှာအမြဲရှိနေတယ် ဒါကြောင့် စိတ်မပူနဲ့ င့ါကိုပေးအပ်ထားတဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်ပြီး ပြန်လာခဲ့ပါမယ် သင်တို့ ပြန်သွားပြီး ငါပြန်အလာကို စောင့်နေကြပါ”

ဘုန်းတော်ကြီးများက ပြန်ပြောစရာ စကားမရှိတော့ပေ။

သူတို့သည် ခေါင်းညိတ်ပြီး သဘောတူရုံသာ တတ်နိုင်ကြလေသည်။

သူတို့သည် သူတို့၏ ဂိုဏ်းအုပ်ဘုန်တော်ကြီးမှ အာရန်၏ သင်္ဘောဆီသို့ သွားနေသည်ကိုသာ ကြည့်နေကြရလေသည်။

ထို့နောက် သူတို့၏ သင်္ဘောသည်လည်း လှည့်ပြန်ကာ ထွက်ခွာသွားလေသည်။

....

မိစ္ဆာဂိုဏ်း၏ သင်္ဘောပေါ်တွင် အာရန်နှင့် နာသန်နီယယ်တို့အတူ ကုန်းပတ်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။

အာရန်သည် ဝိုင်ပုလင်းနှင့်အတူ နောက်တွင် ရပ်နေသော ရဲ့လန်ကို သတိပြုမိသည်။

“ငါတို့မှာ ဧည့်သည်တစ်ယောက် ရောက်နေတယ် သူ့အတွက်လည်း သောက်စရာတစ်ခု ပြင်ပေးလိုက်ပါ” ဟု သူက ရဲ့လန်ကို ပြောလိုက်သည်။

“ဟမ်”

ရဲ့လန်သည် ထိုနေရာတွင် ရပ်တန့်သွားမိသည်။

#Catfoot

All Chapters