အဆိပ်ခတ်ခံရသော ဧည့်သည်
Vol. 11 Ch. 146
ရဲ့လန်သည် အာရန်အား ဝိုင်ခွက်ထဲသို့ အဆိပ်ခတ်ပြီး သောက်ရန် ငှဲ့ပေးခဲ့လေသည်။
ကံမကောင်းစွာဖြင့် အာရန်သည် တစ်ငုံပင်မသောက်မိခဲ့ပဲ သင်္ဘောပေါ်မှ ထွက်သွားခဲ့လေသည်။
ထိုအချိန်မှစ၍ ရဲ့လန်သည် အာရန် ပြန်လာပြီး အဆိပ်ကို သောက်ရန် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
သို့သော် အာရန် ပြန်မလာမီ အခြားတပည့်များ သင်္ဘောသို့ ပြန်လာခဲ့သည်။
အာရန် တစ်ယောက်တည်းရှိနေချိန်တွင် သူ့ကို သတ်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ခဲ့သည်။
သို့သော် သူသည် အခြားသူများရှေ့တွင် သူ့ကို သတ်လျှင် အန္တရာယ်များလာနိုင်သည်။
ရဲ့လန်သည် သူ၏ စိတ်ထဲတွင် အန္တရာယ်များကို အမြဲတမ်း တွက်ချက်နေခဲ့သည်။
စနစ်ပေးအပ်ထားသော အကြီးအကဲရန်အားသတ်ရမည့် အဓိကတာဝန်ကို ပြီးမြောက်စေရန်အတွက် မိစ္ဆာဂိုဏ်းတစ်ခုလုံး၏ ရန်သူဖြစ်ရခြင်းသည် ထိုက်တန်ပါမည်လော။
ထိုအရာကို တားဆီးရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ သက်သေအားလုံးကို အစဖျောက်ပစ်ရန်ပင်ဖြစ်သည်။
အချိန်အတော်ကြာအောင် သူသည် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်နေခဲ့လေသည်။
သို့သော် အာရန် ပြန်မလာမီ အခြားလေသင်္ဘောတစ်စင်း ရောက်လာသောအခါ အစီအစဉ်တစ်ခုလုံးသည် ပျက်စီးသွားခဲ့ရလေသည်။
ယခုတွင်မူ အန္တရာယ်သည် မူလထက်ပင်ပို၍ပင် များလာခဲ့ပြီဖြစ်သည်။
အာရန်သည် နောက်ဆုံးတွင် ပြန်လာခဲ့သော်လည်း သူတစ်ယောက်တည်း တော့မဟုတ်တော့ပေ။
သူသည် သန့်စင် ဘုရားကျောင်းမှ ဧည့်သည်တစ်ဦးနှင့်အတူ ပြန်လာခဲ့ခြင်းဖြစ်ပြီး ယခု သူသည် ရဲ့လန်ကို ဤဧည့်သည်အားလည်း အဆိပ်ခတ်ထားသော ဝိုင်ကို ထပ်မံတိုက်ရန် လိုအပ်နေသည့်ပုံပေါက်သွားလေသည်။
အာရန်သည် အဆိပ်အကြောင်းကို သိပြီး သူ့ကို စနောက်နေခြင်း ဟုတ်မဟုတ်ကိုပင် ရဲ့လန်မှာ သံသယဝင်မိသွားသေးသည်။
ရဲ့လန်သည် တံတွေးမြိုချလိုက်ပြီး သူ၏ ကျောပြင်တွင် ချွေးစေးများ စီးကျနေလေသည်။
သို့သော် ယခုအချိန်မှ နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ကြောင်း သူသိလေသည်။
သူသည် အနည်းငယ် တုံ့ဆိုင်းနေရာမှ ရှေ့သို့ တက်လာခဲ့သည်။
သူသည် ဖန်ခွက်နှစ်လုံးကို ၀ိုင်များဖြင့် ဂရုတစိုက် ဖြည့်ကာ တည်ငြိမ်သော အမူအရာဖြင့် အာရန်နှင့် ဂိုဏ်းအုပ်ဘုန်တော်ကြီး တို့အား ပေးအပ်လိုက်သည်။
ဖန်ခွက်နှစ်လုံးကို ပေးအပ်ပြီးနောက် သူသည် နောက်သို့ ဆုတ်သွားခဲ့သည်။
ရဲ့လန်သည် သူ၏ စိတ်ထဲတွင် ဘာတွေ ဖြစ်ပျက်နေသည်ကို သူတစ်ယောက်တည်းသာ သိနိုင်လေသည်။
‘စိုးရိမ်စရာ မလိုပါဘူး အစီအစဉ်မှာ အနည်းငယ် ပြောင်းလဲမှု ရှိသွားရုံပါပဲ အကြီးအကဲရင်နဲ့အတူ တခြားတပည့်တွေအပါအဝင် နောက်ထပ် လူတစ်ယောက် ထပ် သေဖို့လိုတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပါပဲ မဟုတ်ဘူး ပိုတောင်ကောင်းတဲ့အခွင့်အရေး ဖြစ်သွားနိုင်သေးတယ် ငါသာ မိစ္ဆာဂိုဏ်းကို ပြန်ရောက်ရင် ဒီကိစ္စတစ်ခုလုံးကို သန့်စင်ဘုရားကျောင်းကို အပြစ်ပုံချနိုင်တယ်’
ရဲ့လန်သည် စိတ်ထဲတွင် ကြိတ်၍ တွေးလိုက်မိသည်။
အာရန်သည် ဝိုင်ခွက်ကို လက်ထဲတွင် ကိုင်ထားပြီး ဆက်သွယ်ရေးအဆောင်ကို အသက်သွင်းလိုက်သည်။
“ငါတို့ကို နောက်ထပ် ပစ်မှတ်တည်နေရာတစ်ခုကို ခေါ်သွားပါ”
ကောင်းကင်စစ်သင်္ဘောသည် ဦးတည်ရာအသစ်ဆီသို့ လမ်းကြောင်းပြောင်းလိုက်လေသည်။
နာသန်နီယယ်သည် ဝိုင်ကို တစ်ငုံသောက်လိုက်သည်။ သူ၏ အိပ်မက်ထဲတွင်ပင် ထိုဝိုင်တွင် အဆိပ်ခတ်ထားသည်ဟု သူ မထင်ထားခဲ့ပေ။
သူသည် ထိုကဲ့သို့ ဖြစ်နိုင်ခြေကို အဘယ့်ကြောင့် ထည့်သွင်းစဉ်းစားရမည်နည်း။
အနောက်တိုက်နှင့် အရှေ့တိုက်သည် ထိုကဲ့သို့ ပြင်းထန်သော ရန်ငြိုးများ မရှိခဲ့ပေ။
အရှေ့တိုက်သည် တောင်ပိုင်းတိုက်ကိုသာ မုန်းတီးနေခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သံတမန်တစ်ဦးအနေဖြင့် အဆိပ်ခတ်ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
မိစ္ဆာဂိုဏ်းသည် မစ်ထ်နှင့် သူရဲကောင်းအကယ်ဒမီတို့နှင့် ရန်ငြှိုးများကြောင့် သူတို့သည် ဝန်ထုပ်ဝန်ပိုးများပိနေချိန်တွင် အဘယ့်ကြောင့် အခြား အားကောင်းသော ရန်သူတစ်ဦးကို ထပ်မံဖန်တီးလိုမည်နည်း။
သူသည် သောက်သုံးပြီးသောဖန်ခွက်လွတ်ကို ချထားလိုက်ပြီး အဝေးတနေရာကို လှည့်ကြည့်လိုက်သည်။
သူတို့သည် ဦးတည်ရာအသစ်တစ်ခုတစ်ခုသို့ ဦးတည်နေသည်ကို သတိပြုမိသောအခါ ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။
“ကျုပ်တို့က မိစ္ဆာဂိုဏ်းကို မသွားဘူးလား လမ်းကြောင်းက နဲနဲ ကွဲပြားနေပုံရတယ်ထင်တယ်” ဟု သူသည် သံသယအရိပ်အယောင်များပြည့်နှက်နေဟန်ဖြင့် ပြန်ပြောလိုက်သည်။
သူသည် မိစ္ဆာဂိုဏ်းသို့ တစ်ခါမှ မရောက်ဖူးသော်လည် ထိုမိစ္ဆာဂိုဏ်း၏ တည်နေရာကိုမူ ကောင်းစွာ သိထားလေသည်။
“ရက်အနည်းငယ်အတွင်းမှ မိစ္ဆာဂိုဏ်းကို ပြန်ရောက်ပါလိမ့်မယ်”
အာရန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ဒါပေမယ့် အဲဒီမတိုင်ခင် နောက်ထပ် နေရာအနည်းငယ်ကို သွားဖို့ လိုတယ် ခင်ဗျား စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်”
အာရန်သည် သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဝိုင်ကို ယူ၍ တစ်ငုံခန့်သောက်လိုက်လေသည်။
ဝိုင်သည် အာရန်၏ လည်ချောင်းမှတဆင့် စီးဆင်းသွားစဉ် ရဲ့လန်သည် မသိမသာတစ်ချက်ပြုံးလိုက်မိသည်။
သူသည် အဆိပ်အာနိသင်ပြသည်နှင့် တစ်ပြိုင်နက် သင်္ဘောပေါ်ရှိ လူတိုင်းကို နှုတ်ပိတ်ရန် အသင့်ပြင်လိုက်ကာ သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ဓားတစ်လက်ကို ဆွဲထုတ်ရန်အသင့်ပြင်ထားလိုက်သည်။
သူ၏ စိတ်ထဲတွင် အဆိပ်သည် တစ်မိနစ်အတွင်း အာနိသင်ပြရန် ရည်ရွယ်ထားသောကြောင့် သူသည် အချိန်ကိုပင် စတင်ရေတွက်နေလေသည်။
နာသန်နီယယ်သည် အာရန်၏ စကားကြောင့် အံ့အားသင့်သွားသည်။ ဒါဟာ လှောင်ပြောင်မှုတစ်ခုလား။
သူက အာရန်ကို သတင်းစကားတစ်ခု ပို့ပေးရမယ်လို့ ပြောပြီးသားဖြစ်လေသည်။ ထိုအရာသည် အရေးကြီးသော ကိစ္စတစ်ခုပင် ဖြစ်သည်မဟုတ်ပါလော။
အကယ်၍ အာရန်သာ အခုချက်ချင်း ပြန်ရန် အစီအစဉ်မရှိခဲ့ပါက သူ၏ ကောင်းကင်သင်္ဘောကို ပြန်ခိုင်းလိုက်မယ့်အစား သူ၏ သင်္ဘောနှင့်ပင် ဆက်လက်ထွက်ခွါခွင့်ပေးခဲ့သင့်လေသည်။
“ဒါပေမယ့် ကျုပ်မှာ အရေးတကြီး ပို့ပေးရမယ့် စာတစ်စောင် ရှိနေတယ်လေ ကျုပ်မှာ ရက်အနည်းငယ် ဖြုန်းတီးဖို့ အချိန်မရှိပါဘူး ဒီစာကို အမြန်ဆုံး ပို့ပေးဖို့လိုအပ်…..”
နာသန်နီယယ်က ထပ်ရှင်းပြဖို့ ကြိုးစားလိုက်သည်။
သို့သော် သူ၏ စကားမဆုံးခင်မှာပင် ရပ်တန့်သွားခဲ့သည်။
ရုတ်တရက် အေးစိမ့်သော ခံစားချက်တစ်ခုသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားကာ သူ၏ နှလုံးခုန်နှုန်းသည်လည်း ပုံမှန်မဟုတ်တော့ချေ။
“မင်း...”
သူက အာရန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
သူသည် အမှန်တကယ်ပင် အဆိပ်ခပ်ခံရကြောင်း မယုံကြည်နိုင်ဖြစ်သွားရလေသည်။
ထိုအဆိပ်သည် မည်သည့်နေရာမျှရောက်လာခြင်းကို နားလည်ရန် သူ့အတွက် အချိန်အများကြီး စဉ်းစားစရာမလိုအပ်ခဲ့ပေ။
ထိုအဆိပ်များသည် ၀ိုင်အတွင်းမှလာခြင်းဖြစ်သည်။
ဘာကြောင့်လဲ…..သူနားမလည်နိုင်ဖြစ်သွားရသည်။ အာရန်သည် သူ့အား အဘယ်ကြောင့် အဆိပ်ခတ်ရသနည်း။
အရှေ့တိုက်က နစ်ခရိုမန်ဆာမျှော်စင်နှင့် လက်တွဲလိုက်ခြင်းများလား။
အဆိပ်သည် သူ၏ ခန္ဓာကိုယ်ထဲတွင် ဆက်လက်ပျံ့နှံ့လျက်ရှိပြီး ဖြည်းဖြည်းချင်း သူ၏ နှလုံးဆီသို့ ရွေ့လျားလာနေလေသည်။
နသန်နီယယ်က သူ၏ လည်ပင်းရှိ လည်ဆွဲတစ်ခုကို လက်ဖြင့်ဖိကိုင်ထားလိုက်ပြီး မျက်လုံးများကို မှိတ်ကာ သူ့ခန္ဓာကိုယ်ထဲမှ အဆိပ်များကို ဖယ်ရှားရန် သူ၏ ကောင်းချီးစွမ်းအင်များကို သုံးရန် ကြိုးစားလိုက်သည်။
အာရန်မှာလည်း နာသန်နီယယ်၏ တုံ့ပြန်မှုကြောင့် အစပိုင်းတွင်စိတ်ရှုပ်ထွေးသွားရလေသည်။
ထို ဂိုဏ်းအုပ်ဘုန်တော်ကြီးသည် စကားပြောနေစဉ် ရုတ်တရက် စကားစဖြတ်လိုက်ခြင်းဖြစ်သည်။
ထိုအရာသည် အချိန်အနည်းငယ်နှောင့်နှေးခြင်းအတွက် ဤမျှလောက်စိတ်ဆိုးစရာလိုအပ်၍လော။
အနောက်ဘက်တိုက်ကလူများသည် ဤမျှစိတ်ထိခိုက်လွယ်ကြောင်း သူ မထင်ထားခဲ့ချေ။
အာရန်၏ အမြင်တွင် ဂိုဏ်းအုပ်ဘုန်တော်ကြီး နာသန်နီယယ်သည် သူလိုချင်တာ မရ၍ ဒေါသထွက်နေတဲ့ ကလေးတစ်ယောက်နှင့်တူနေလေသည်။
ပုံမှန်အားဖြင့်ဆိုပါက သူသည် ထိုဘုန်းတော်ကြီး၏ အလိုအတိုင်း မိစ္ဆာဂိုဏ်းဆီသို့ ပြန်လှည့်ပေးကောင်းပေးလိမ့်မယ်ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ ဤတာဝန်ရွေးချယ်မှုကို မပြီးဆုံးခင် ပြန်သွား၍မရတော့ချေ။
ငရဲလမ်းကြောင်းသို့ ဖြတ်သန်းခွင့်ဆုကို မည်သည့်အခြေအနေမျိုးမှာမှ လက်လွှတ်ခံ၍မရချေ။
ငရဲလမ်းကြောင်း ၏ တန်ဖိုးအမှန်ကို သူသိရှိမထားသော်လည်း မြောက်ပိုင်းတိုက်၏ စာအုပ်နှင့် တစ်နည်းနည်းဖြင့် ဆက်စပ်နေသည်ဟု ယုံကြည်ထားလေသည်။
ယင်းတစ်ခုတည်းကပင် ထိုအရာအားလက်လွှတ်၍ မရသော အဖိုးတန်ဆုံး ဆုလာဘ်တစ်ခု ဖြစ်စေခဲ့သည်။
“ခင်ဗျား ဒီလောက် စိတ်ဆိုးစရာ မလိုပါဘူး ခရီးစဉ်ကို ရက်အနည်းငယ်သာ နောက်ကျစေမှာပါ ရက်အနည်းငယ်အတွင်း ကျုပ်တို့ဂိုဏ်းကို ပြန်ရောက်ပါလိမ့်မယ် တစ်ဖက်မှာ တကယ်လို့ ခင်ဗျားကိုယ်တိုင်သာ ဒီအတိုင်းပျံသန်းသွားမယ်ဆိုရင်လည်း ရက်သတ္တပတ်အနည်းငယ်လောက် ကြာမှာပဲလေ”
“ပြီးတော့ အဲဒီစာက သေခြင်းရှင်ခြင်းလိုအရေးကြီးတဲ့ကိစ္စမျိုးလို့ ကျုပ်မယုံကြည်ဘူး အဲဒီလိုသာဆိုရင် ခင်ဗျားနေရာမှာ ဒါ့ထက်အရေးပါတဲ့သူတစ်ယောက်ကို စေလွှတ်လိုက်မယ်လို့ထင်တယ်”
အာရန်သည် ရှင်းပြဖို့ ကြိုးစားလိုက်သည်။
ကံမကောင်းစွာဖြင့် ဂိုဏ်းအုပ်ဘုန်တော်ကြီး၏ ထူးဆန်းသော တုံ့ပြန်မှု၏ အကြောင်းရင်းသည် ထိုကိစ္စမဟုတ်ကြောင်း မကြာမီပင် သူသိလိုက်ရလေသည်။
#Catfoot