← Chapters

ဝိညာဉ်လောက

Vol. 11 Ch. 148

ဝိညာဉ်လောက

Vol. 11 Ch. 148

အာရန်သည် အိပ်ရာပေါ်တွင် လှဲလျောင်းစေရန် ကူညီပြီးနောက် တပည့်အားလုံးအား အပြင်သို့ ထွက်သွားခိုင်းလိုက်သည်။ အခန်းထဲတွင် အာရန်တစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။

သူသည် ထထိုင်လိုက်ပြီး လေးလံလွန်းသော ထိုအကြီးအကဲဝတ်ရုံကို ချွတ်ပစ်လိုက်သည်။

လွန်ခဲ့သောအခိုက်အတန့်က အားနည်းနေမှုများသည် ဘယ်မှာမှ ရှာမတွေ့တော့သကဲ့သို့ ပျောက်ချင်းမလှပျောက်သွားကြလေသည်။

ထိုအဓိကဇာတ်လိုက် ရဲ့လန်ကို မည်သို့ကိုင်တွယ်ရမည်ကို သူအတော်လေး ခေါင်းချောက်နေခဲ့ရလေသည်။

အဓိကဇာတ်လိုက်ကို ကိုင်တွယ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ သူ့အား သံသယမဝင်စေဘဲ ထိုဇာတ်လိုက်၏ နောက်ဆုံး အသက်ကယ်ရတနာကို အသုံးပြုစေခြင်းသာ ဖြစ်လေသည်။

သို့သော် ယင်းသည် သူ့အား အလွန်စိတ်ရှုပ်စေသော အရာလည်းဖြစ်သည်။

၎င်းသည် အာရန်အတွက်ပင် တန်ပြန်ပြင်ဆင်ရန် မဖြစ်နိုင်သော အရာဖြစ်သည်။

အဓိကဇာတ်လိုက်သည် တမှန်တကယ်သေလုနီးပါးဖြစ်သောအခြေအနေတွင် သူ၏ စနစ်သည် သိုလှောင်ခန်းအတွင်း သိမ်းဆည်းထားသော ရတနာကို အသုံးပြု၍ သူ့အား ဝေးကွာသည့် ကျပန်းနေရာတစ်ခုသို့ ပို့ဆောင်ပေးမည်ဖြစ်လေသည်။

ယင်းကို တားဆီးရန် တစ်ခုတည်းသော နည်းလမ်းမှာ ထိုအဓိကဇာတ်လိုက်ဆီမှ ထိုအရာကို စနစ်သိုလှောင်ခန်းအတွင်းမှ လုယူခြင်းပင်ဖြစ်သည်။

သို့သော် ယင်းသည် ပြောရလွယ်ကူသလောက် လုပ်ရခက်သောအရာဖြစ်သည်။

ရဲ့လန်သည် သူ၏ တပည့်ကို သတ်ရန် ကြိုးစားခဲ့ရုံသာမက သူ့ကိုလည်း သတ်ရန် ကြိုးစားခဲ့လေသည်။

အဓိကဇာတ်လိုက်သည် သူ့အတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာသည်မှာ ရှင်းနေသည်။

“သူ့ကို တခြားတစ်ယောက်က သတ်ဖို့ ကြိုးစားခိုင်းပြီး သူ့ရတနာကို အသက်သွင်းဖို့ ဖိအားပေးသင့်သလား အဲ့ဒါဆိုရင် သူက တခြားနေရာတစ်ခုကို ပို့ဆောင်ခံရလိမ့်မယ် ဒါပေမယ့် ငါက ပါဝင်ပတ်သက်တယ်ဆိုတာ သူသိမှာ မဟုတ်ဘူး အဲ့ဒါဆိုသူက ဒီဂိုဏ်းကို ပြန်ဝင်လာနိုင်တယ်”

“မဟုတ်ဘူး အဲ့လိုဆို အရမ်း မိုက်မဲရာကျလိမ့်မယ် သူက အဓိကဇာတ်လိုက်ပဲ သူ့ရဲ့ ဇာတ်ညွှန်း အကာအကွယ်နဲ့ ဆို သူက အခွင့်အရေးတွေ ရတနာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုကိုတောင် အပို့ခံရနိုင်တယ်”

“အာ့ ဘာလို့ အဓိကဇာတ်လိုက်တွေနဲ့ ရင်ဆိုင်ရတာ ဒီလောက်ခက်ခဲရတာလဲ အခုမှပဲ ငါက ဇာတ်လမ်းတွေထဲက ဗီလိန်တွေရဲ့ တကယ့် နာကျင်မှုတွေကို ကိုယ်ချင်းစာနိုင်တော့တယ်”

“သူတို့က အဓိကဇာတ်ကောင်ကို သတ်ဖို့ ကြိုးစားတိုင်း ဇာတ်ညွှန်းအကာအကွယ်က အသက်ဝင်လာပြီး သူတို့ကို ပိုပြီး ရင်ဆိုင်ရခက်တဲ့သူတွေအဖြစ် ပြောင်းလဲသွားတာချည်းပဲ”

“ဒီမှာ ဆိုရှယ်မီဒီယာတွေ မရှိတာ ကံကောင်းတယ် မဟုတ်ရင် ဗီလိန်တွေအတွက် တရားမျှတမှု ဆိုတဲ့ခေါင်းစဉ်နဲ့ ဗီလိန်အခွင့်အရေးလှုပ်ရှားမှုမျိုးတွေတောင် ခေတ်စားလာနိုင်တယ်”

ပင်ပန်းနွမ်းနယ်စွာဖြင့် အာရန်သည် အိပ်ရာပေါ်သို့ လှဲချလိုက်လေသည်။

“တကယ်လို့သာ အဲ့က အဓိကဇာတ်လိုက်နှစ်ယောက်သာ တယောက်နဲ့တယောက် ထိပ်တိုက် ရင်ဆိုင်ရရင် ဘာတွေဖြစ်လာမလဲလို့ သိချင်မိတယ် သူတို့တကယ်ပဲ အချင်းချင်း အပြန်အလှန် သတ်ပုတ်ကြပြီး ဇာတ်ညွှန်းအကာအကွယ်တွေကို ပျက်ပြယ်သွားစေနိုင်ရင်တော့မိုက်မယ် ဒါပေမယ့် သူတို့နှစ်ယောက်လုံးသာ ‘မာသာ’ ဆိုတဲ့နာမည်တူတဲ့ အမေတစ်ယောက်စီရှိနေရင်တော့ အဲ့လိုဖြစ်မှာမဟုတ်ဘူးပေ့ါ...”

အာရန်သည် သူ၏ ကိုယ်ပိုင်ဟာသများလျောက်တွေးမိပြီး ပြုံးလိုက်မိသည်။

သူသည် ထိုသို့လျောက်တွေးခြင်းမှာ ကလေးဆန်သောအပြုအမူဖြစ်ကြောင်း သိနေလေသည်။

“ငါ့လို ကံဆိုးမှုမျိုးနဲ့ဆိုရင် သူတို့နှစ်ယောက်လုံး ငါ့ကို ပေါင်းမတိုက်ရင်တောင်ကံကောင်းပြောရမယ် သူတို့ကို ကိုင်တွယ်ဖို့ တခြားနည်းလမ်း ရှာရလိမ့်မယ် သူတို့ရဲ့ ဇာတ်ညွှန်းအကာအကွယ်ကို ရပ်တန့်နိုင်တဲ့ တစ်ခုခု... ဒါမှမဟုတ် အဲဒီဇာတ်ညွှန်းအကာအကွယ် အသက်မဝင်တဲ့ နယ်မြေတစ်ခုခု”

အာရန်သည် သူ့ကိုယ်သူ စကားပြောနေစဉ် တစ်စုံတစ်ယောက်သည် သူ၏ ပါးကို လာရောက် ထိုးနှက်လိုက်သည်ဟု ခံစားလိုက်ရသည်။

သူသည် ဆီလက်စ် ဘက်သို့ လှည့်ကြည့်လိုက်သည်။

“မင်း ဗိုက်ဆာနေပြန်ပြီလား”

ဆီလက်စ်သည် ခေါင်းခါလိုက်ပြီး လက်ဝှေ့ယမ်းကာ အမူအရာအချို့ ပြုလုပ်ပြလေသည်။

အာရန်သည် သူမ၏ အမူအရာများကို နားမလည်သော်လည်း သူမ၏ ခံစားချက်များနှင့် ရည်ရွယ်ချက်များကို အကြမ်းဖျင်း နားလည်နိုင်သည်။

“မင်း ငါ့ကို ကူညီနိုင်တဲ့ နည်းလမ်းတစ်ခု သိတယ်လို့ ပြောနေတာလား”

အာရန်သည် မှန်ကန်သောအရာတစ်ခုကို ခန့်မှန်းနိုင်ခဲ့သလားဟု တွေးရင်း မေးလိုက်သည်။

ဆီလက်စ်သည် နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။

သူမသည် သူမကိုယ်သူမ ညွှန်ပြပြီး အပေါ်ခေါင်မိုးဆီသို့ ညွှန်ပြလိုက်သည်။

ကံမကောင်းစွာဖြင့် ယခုတစ်ကြိမ်တွင်မူ အာရန်သည် သူမ၏စကားကို နားမလည်ခဲ့ပေ။

“အပေါ်ထပ်ကိုပြောတာလား” သူက မေးသည်။

ဆီလက်စ် က ခေါင်းခါပြီး ငြင်းဆိုပြန်သည်။

“ဒါဆို အဲဒီအပေါ်မှာ ဘာရှိလဲ ကောင်းကင်ဘုံလား နိဗ္ဗာန်ဘုံလား” အာရန်က ထပ်မေးလိုက်သည်။

သူမသည် နေရာတစ်ခုအကြောင်း ပြောနေသည်ဟု သူခံစားရသော်လည်း မည်သည့်နေရာဖြစ်သည်ကိုမူ သူ မသိပေ။

ဆီလက်စ် က ခေါင်းခါလိုက်သည်။ သူမသည် သူမကိုယ်သူမ ညွှန်ပြပြီး အာရန်ကို ထပ်မံညွှန်ပြသည်။

“မင်းနေရာလား” အာရန်က မေးသည်။

“ငါစောစောကပြောတဲ့စကားတွေအရလား”

ဆီလက်စ် က ခေါင်းညိတ်လိုက်သည်။

အာရန်၏ မျက်လုံးများသည် အရောင် တောက်ပလာပြီး ထထိုင်လိုက်မိသည်။

“မင်း ငါ့ကို ကူညီနိုင်တဲ့ နေရာတစ်ခု သိတယ်လို့ ပြောနေတာလား”

ဆီလက်စ် က ထပ်မံခေါင်းညိတ်လိုက်သည်။

ဆီလက်စ် ဘယ်ကလာမှန်း အာရန် မသိချေ။

စနစ်ကနေ ဆုလာဘ်အဖြစ် သူမအား ဥတစ်ခုအတွင်းမှရရှိခဲ့ခြင်းဖြစ်သည်။

သူမသည် ဒီကမ္ဘာက မဟုတ်ဘူးဟုပင် ယူဆမိခဲ့သည်။

အခု အကြိမ်တွင် သူမသည် သူ့အား ကူညီနိုင်သော နေရာတစ်ခုရှိသည်ဟု အမှန်တကယ် ပြောဆိုနေခဲ့သည်လား။

ဤသို့ဆိုပါက သူမ၏ မွေးရပ်မြေသည် ဒီကမ္ဘာတွင်ပင် ရှိနေသည်ဆိုသည့် အဓိပ္ပါယ်မဟုတ်လား။

“အဲဒါ အရှေ့တိုက်မှာ ရှိတဲ့ နေရာတစ်ခုလား” သူက မေးလိုက်သည်။

ဆီလက်စ် က ခေါင်းခါပြီး ထိုနေရာ မဟုတ်ကြောင်း အတည်ပြုလိုက်သည်။

“အနောက်ဘက်တိုက်မှာလား?” အာရန်က နေရာကိုပြောင်းလဲမေးလိုက်သည်။

ဆီလက်စ် က ခေါင်းခါပြ၍ ထပ်မံ ငြင်းဆန်ပြန်သည်။

“တောင်ပိုင်းတိုက်မှာလား”

ဆယ်လစ်စတီက ထပ်ခါထပ်ခါ ခေါင်းခါနေခဲ့သည်။

“ဒါဆို မြောက်တိုက်မှာ မဟုတ်ဘူးလို့ မပြောနဲ့နော်” အာရန်သည် မျက်မှောင်ကြုတ်၍ပြောလိုက်သည်။

အခုအချိန်တွင် ထိုနေရာသည် သူမသွားချင်ဆုံး နေရာတစ်ခုလည်းဖြစ်လေသည်။

သို့သော် သူသည် ငရဲ၏ ဖြတ်သန်းခွင့်ကိုလည်း ရရှိတော့မည်ဖြစ်သောကြောင့် မကြာမီ ထိုနေရာသို့ သွားရတော့မည်ကိုလည်း သူနားလည်ထားလေသည်။

သို့သော် အံ့အားသင့်ဖွယ်ကောင်းစွာပင် ဆီလက်စ် ကထပ်မံငြင်းဆိုခဲ့ပြန်သည်။

အာရန်က ခေါင်းကိုကုတ်လိုက်ပြီး ထပ်မံမေးလိုက်သည်။

“ဒါဆို ဒါက ဒီကမ္ဘာမှာတောင် ရှိသေးလို့လား”

ဆီလက်စ် က မည်သည့်တုံ့ပြန်မှုမှမပြပဲနေလိုက်သည်။

အာရန်သည် အိပ်ရာပေါ်သို့ ပြန်လှဲချလိုက်သည်။

“ငါတို့ အဲ့ဒီကို သွားလို့မရရင် ပြောနေတာ ဘာအဓိပ္ပာယ်ရှိဦးမှာလဲ”

ဆီလက်စ် က အာရန်၏ ရင်ဘတ်ပေါ်သို့ ခုန်ဆင်းလိုက်ပြီး သူ့ကိုယ်ပေါ်တွင် ခုန်ပေါက်ကာ သူ၏ အာရုံကို ဖမ်းစားဖို့ ကြိုးစားနေသည်။

“ဘာလဲ အဲဒီကို သွားဖို့ လမ်းကြောင်း ရှိသေးတာလား ဒါပေမဲ့ငါတို့ဘယ်လိုသွားရမလဲ မသိနိုင်ရင်အလကားပဲလေ”

အာရန်ကထပ်မံ တုံ့ပြန်လိုက်သည်။

ထို့ပြင် ထိုနေရာသည် ဆီလက်စ် ညွှန်ပြသလောက် ရိုးရှင်းမည်မဟုတ်ဟု သူခံစားရသည်။

ဆီလက်စ် သည် သူမ၏ မျက်နှာအောက်ပိုင်းကို သူမ၏ လက်ကလေးများဖြင့် ဖုံးအုပ်ပြပြီး အထူးပုံစံတစ်ခုဖြင့် အာနရန်အား လျှောက်လှမ်းပြလေသည်။

“အဲ့ဒီ မျက်နှာဖုံးပုံစံက …. အာ့ ပြောချင်တာ ရှုယင်က ငါတို့ကို အဲဒီကို ခေါ်သွားနိုင်တယ်လို့ မင်းကပြောနေတာလား” အာရန်က မေးလိုက်သည်။

“သူမက ငါတို့ကို မင်းရဲ့မွေးရပ်မြေရောက်အောင် ဘယ်လို ခေါ်သွားနိုင်မှာလဲ”

ရှုယင်နှင့် ဆီလက်စ်၏ မွေးရပ်မြေအကြား မည်သို့ ဆက်စပ်မှုရှိသည်ကို အာရန် နားမလည်နိုင်ခဲ့ပေ။

သူသည် ထိုကဲ့သို့သော အရာမျိုးရှိသည်ဟု ဖတ်ခဲ့ဘူးကြောင်းမမှတ်မိနေပေ။

ဆီလက်စ်သည် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။

သူမသည် အတိုင်းအတာတစ်ခုအထိပင် စိတ်လှုပ်ရှားနေပုံရသည်။

“အဲဒီနေရာကို ဘယ်လိုခေါ်လဲ” အာရန်က မေးခွန်းကို ပြောင်းလိုက်သည်။

သူသွားချင်တဲ့နေရာကိုတောင် မသိပါက ရှုယင်အားမည်သို့ မေးမြန်းနိုင်မည်နည်။

အချိန်အတော်ကြာသည်အထိ ဆီလက်စ်ကလေး၏ ကြိုးပမ်းသရုပ်ပြမှုများစွာ အားမြင်တွေ့ပြီးနောက် အာရန်သည် နာမည်ကို ခန့်မှန်းနိုင်ခဲ့လေသည်။

“ဝိညာဉ်လောကဟုတ်လား…. ထူးဆန်းတယ် ဝတ္ထုထဲမှာ အဲဒီလိုနေရာမျိုး ရှိနေတယ်လို့ ငါမဖတ်ခဲ့မိပါဘူး ငါမဖတ်ခဲ့ရတဲ့ ဇာတ်လမ်းရဲ့ နောက်ပိုင်း အပိုင်းတွေမှာ ရှိနေတာမျိုးလား”

အာရန်သည် မျက်မှောင်ကြုတ်လိုက်သည်။

“ဇာတ်လမ်းနောက်ပိုင်း အပိုင်းတွေရောက်မှ ဖော်ပြတဲ့ နေရာဆိုရင်တော့ လွယ်ကူတဲ့ နေရာတစ်ခုတော့ မဖြစ်နိုင်ဘူး... တခြားတိုက်တွေထက်တောင် ပိုဆိုးတဲ့ နေရာတစ်ခု ဖြစ်နိုင်သေးတယ်”

....

ထိုအချိန်တွင် ရှုယင်သည် သားရဲထိန်းတစ်ဦးအား လည်ဂုတ်မှ ဆွဲခေါ်ကာ မိစ္ဆာဂိုဏ်းသို့ ပြန်လာနေလေသည်။

သို့သော် သူမသည် ဂိုဏ်းအနီးသို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်လိုက်သည်။

သူမ၏ မျက်လုံးများဖြင့်သာ မြင်နိုင်သော စာတစ်စောင်သည် သူမ၏ရှေ့တွင် ပေါ်လာလေသည်။

“ဖိတ်ကြားလွှာလား ငါ အဲဒီနေရာကို နောက်တစ်ခါ ခြေချမှာ မဟုတ်ဘူးဆိုတာ သိနေတာတောင်မှ ပို့ရဲတယ်နော်” သူမက လှောင်ပြောင်လိုက်သည်။

လျင်မြန်သော လှုပ်ရှားမှုဖြင့် သူမသည် အစစ်အမှန်မဟုတ်သော ထိုဖိတ်စာကို ဖြတ်ရိုက်လိုက်ကာ ပျောက်ကွယ်သွားစေခဲ့သည်။

....

(ဘာသာပြန်သူမှတ်ချက်။ ။ ‘မာသာ’ (Martha) ဆိုတာ Batman နဲ့ Superman ဆိုတဲ့ အဓိကဇာတ်လိုက်နှစ်ယောက် ထိပ်တိုက်တွေ့ပြီးဖိုက်ကြတဲ့ အချိန် သူတို့နှစ်ယောက်ရဲ့ အမေနာမည်က ‘မာသာ’ ဆိုတာချင်း တူနေတာသိပြီး နားလည်မှုရသွားတဲ့ ဇာတ်ဝင်ခန်းကို 4th wall break သလိုပုံစံနဲ့ ထေ့ငေ့ါထားတာဖြစ်တယ် အဲ့ဒီဇတ်ဝင်ခန်းအကြောင်း အသေးစိတ်သိချင်ရင်တော့ BVS : Dawn Of Justic ဆိုတဲ့ DC Super hero movie မှာ ကြည့်ရှုနိုင်ပါတယ်။)

#Catfoot

All Chapters