← Chapters

အရိုးတစ်ချောင်း

Vol. 014 Ch. 1384

အရိုးတစ်ချောင်း

Vol. 014 Ch. 1384

ဟူယောင်အာက ပြုံးလျှက်ပြောသည် “အရှင်ရီက နောက်နေတာဖြစ်ရမယ်။ လူသားတွေက သူတို့ရဲ့ပညာရပ်တွေကို ကမ္ပည်းစာတွေ ချန်ထားတတ်ကြတယ်မလား။ ရန်ဟောင်တစ်ပါးက ဒါကို ချန်ထားခဲ့တာဖြစ်ရမယ်”

ရီဖူရှင်းက ဟူယောင်အာ၏မျက်လုံးများကို ကြည့်လျှင် သူမ၏စိတ်ရင်းစေတနာအပြည့်ဖြင့် မျက်လုံးများကို တွေ့ရသည်။ သူမတွင် မကောင်းသည့်အကြံရှိဟန်မရပေ။

“ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်က အဲဒါနဲ့ အလောင်းအစားမလုပ်ချင်ဘူး” ရီဖူရှင်းက ပြောသည်။

“မင်းမှာ အရင်းအမြစ်အလုံအလောက်မရှိရင် ငါနည်းနည်း ချေးပေးနိုင်တယ်” ဘေးမှ ကျူးကျောက်က ပြောသည်။

ရီဖူရှင်းက ခေါင်းယမ်းသည် “မလိုဘူး”

“ဒါို ငါစမ်းကြည့်ရမလား” ကျူးကျောက်က မေးသည်။

ရီဖူရှင်းက ခေါင်းယမ်းသည် “ဒါကို အလောင်းအစားလုပ်စရာမလိုဘူး”

ကျူးကျောက်က ရီဖူရှင်းကို ကြည့်လိုက်ပြီးမှ ခေါင်းညိတ်သည်။

တခြားသော တန်ခိုးရှင်များကား အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်ကား ထိုကျောက်တုံးကို လွန်စွာ စိတ်ဝင်စားနေကြကာ တန်ဖိုးတစ်ခုကမ်းလှမ်းရန် ပြင်ဆင်နေကြသည်။

“မင်းတို့အားလုံးက စတင်ကမ်းလှမ်းနိုင်ပြီ။ အမြင့်ဆုံး တန်ဖိုးကို ကမ်းလှမ်းနိုင်သူက အနိုင်ရမယ်” အဘိုးအိုက ပြောသည်။

ကျင့်ကြံသူများက တိတ်ဆိတ်နေပြီးမှ စတင်ကမ်းလှမ်းကြသည်။ ကျောက်တုံးကို အလိုရှိသူများက ပိုမိုကြီးမားသော တန်ကြေးများပေးကြသည်။

ထို့အပြင် သူတို့သည် ကျောက်တုံး၏အကြမ်းဖျင်းတန်ဖိုးကို တွက်ချက်ပြီးဖြစ်ရာ မြင့်မားသော တန်ဖိုးပေးရမည်မှာ သေချာနေသည်။

အနီးမှ သားရဲများနှင့် လူသားများအားလုံးက ထိုမြင်ကွင်းကို ကြည့်နေကြသည်။ ခဏတာ ဆူညံသွားပြီးနောက် ပြန်လည်တိတ်ဆိတ်သွားသည်။ အများစုက လေလံပွဲကို လာရောက်ကြည့်ရှုရုံမျှသာဖြစ်သော်လည်း အားလုံးက စိတ်ဝင်စားကြပေသည်။

“ဘယ်သူရှိသေးလဲ” အဘိုးအိုက မေးသည်။ သူက အားလုံးကို ဝေ့ကြည့်ပြီးမှ ပြုံးလိုက်ကာ သူ့အကြည့်သည် လူတစ်ယောက်ထံသို့ ရောက်လာ၏။

“ခရမ်းရင့်ကောင်းကင်နန်းတော်ကို ဂုဏ်ပြုပါတယ်” သူက ပြောသည်။ ကြည့်ရသည်မှာ ခရမ်းရင့်ကောင်းကင်နန်းတော်သည် ရတနာကို ဝယ်နိုင်ခဲ့ဟန်ရသည်။

“သူတို့ဟာ တကယ်ပဲ ကောင်းကင်အာဏာစက်ဘုံရဲ့အထွတ်အထိပ်အင်အားစုလို့ပြောနိုင်တယ်။ အရမ်းချမ်းသာကြွယ်ဝကြတယ်” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်က တန်ဖိုးကြီးကြီးမားမားပေးခဲ့ရပေလိမ့်မည်။

မြေခွေးမယ်လေးတစ်ယောက်က ကျောက်တုံးကို ရှေ့သို့ သယ်လာပေးသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ တစ်ယောက်က ကျောက်တုံးကို သွားယူကာ အပြင်မှ အညစ်အကြေးများကို သန့်စင်သည်။

မကြာခင် ကျောက်တုံးသည် ရောင်စဉ်ရောင်ဝါများ စတင်တောက်ပလာကာ အတွင်းမှ စာလုံးများကို ရှင်းရှင်းလင်းလင်း မြင်လာကြရသည်။

အားလုံးက ကျောက်တုံးကို စိုက်ကြည့်နေကြသည်။ သို့သော်လည်း သူတို့အားလုံး၏အကြည့်များက အေးခဲသွားကြ၏။

“ဟဟ…” သားရဲတစ်ကောင်က ရယ်မောလိုက်သည်။

“ဒါဆို ဒါက ရန်ဟောင်တစ်ပါးချန်ထားခဲ့တာပေါ့… ဘယ်လောက် ကောင်းလိုက်သလဲ”

“ကံမကောင်းတာက ဒါဟာ ပညာရပ်တစ်ခုခုမဟုတ်ဘူး။ ဒါက သူမသေခင် သူ့နောက်ဆုံးနေဝင်ချိန်အကြောင်းကို ရေးထွင်းထားတာပဲ။ ဒါကြောင့် ထူးခြားတဲ့အဓိပ္ပာယ်တော့ရှိတယ်”

သားရဲအများအပြားက လှောင်ရယ်ကြသည်။ လူသားများ အရှက်ရခြင်းက သူတို့ကို ကြီးစွာ ဝမ်းသာအူမြူးစေသည်။

ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများ၏အမူအရာက ပျက်ယွင်းသွားကြ၏။ သူတို့ပိုင်ဆိုင်ခဲ့သော ကျောက်တုံးကား အမှန်ပင် ရှေးဟောင်းရန်ဟောင်အကြွင်းအကျန်ဖြစ်သည်။ သို့သော်လည်း ကျောက်တုံးပေါ်တွင် ရေးထွင်းထားသည်မှာကား အသုံးမဝင်သော စာလုံးများသာ။ သူတို့ပေးရသောတန်ဖိုးကား ကြီးမားလှကာ ပြန်ရခဲ့သည်က အသုံးမဝင်သော ကျောက်တုံးတစ်တုံးသာ။

“ဒါက နည်းနည်းစိတ်ပျက်ဖို့ကောင်းပေမဲ့ ဘယ်လိုပြောပြော ရန်ဟောင်ရှေးဟောင်းအကြွင်းအကျန်ပါပဲ။ ဒါက တန်ဖိုးရှိပါတယ်” အဘိုးအိုက နှိပ်သိမ့်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများက ဘာမှ မပြောကြပေ။ သူတို့က အလောင်းအစားကို လုပ်မှတော့ ရလဒ်ကို လက်ခံရပေမည်။

သူတို့က ရီဖူရှင်းကို အလိုအလျောက်ကြည့်မိကြသည်။

သူပြောခဲ့သည့်စကားအရ ရီဖူရှင်းသည် ကျောက်တုံးကို စိတ်မဝင်စားသလို ကျူးကျောက်ကိုလည်း မကမ်းလှမ်းရန် တားမြစ်ခဲ့သည်။ သူက တစ်စုံတစ်ခုကို ခံစားမိ၍ပေလော။

ကျူးကျောက်ကလည်း ရီဖူရှင်းကို ကြည့်သည်။ သည်အကောင်က ဤသို့လှည့်ကွက်များကို မြင်နိုင်သည်များလား။

“ခင်ဗျားတို့ ကျန်တာ ကြည့်ကြဦးမယ်မလား” အကြီးအကဲက ပြောသည်။ နောက်ထပ်ရတနာသည်အနည်းငယ်မှာလည်း စိတ်ဝင်စားဖွယ်ကောင်းပေသည်။ ထိုရတနာများကို လေလံတင်သောအခါတွင်ကား ရတနာများသည် သိပ်အသုံးဝင်ခြင်းမရှိဘဲ တစ်ခုသည်သာ အလွန်ကောင်းပေသည်။

လူအများအပြားက သက်ပြင်းချကြသည်။

ကြည့်ရသည်မှာ ရီဖူရှင်းဝယ်ခဲ့သော ဓားသည်သာ တန်ကြေးထက်များစွာ ပိုနေဟန်ရသည်။

ထို့အပြင် ရီဖူရှင်းသည် ထိုဓားကို ဝယ်ပြီးကတည်းက တခြားသော ရတနာများကို စိတ်မဝင်စားတော့ပေ။ သူသည် ကမ်းလှမ်းခြင်းပင် မရှိခဲ့။

နောက်ဆုံးတွင် ရတနာတစ်ခုသာ ကျန်ရစ်တော့သည်။ ထိုအရာကား သစ်ပင်ပေါ်တွင် နောက်ဆုံးလက်ကျန် အရိုးတစ်ချောင်းဖြစ်သည်။ အရိုးသည် ရိုးရှင်းကာ မည်သည့်အရောင်အဝါမှ မထွက်ပေ။

အရိုးကား သာမန်သားရဲတစ်ကောင်၏အရိုးနှင့်ခြားနားဟန်မရှိပေ။ ထို့ကြောင့် မည်သူမှ စိတ်မဝင်စားကြပေ။

အထူးသဖြင့် သည်မတိုင်ခင် ဝယ်ယူသူအများစုမှာ သာမန်ပစ္စည်းများကိုသာ ပိုင်ဆိုင်ရခဲ့ရာ ထိုအရိုးကို မည်သူစိတ်ဝင်စားတော့မည်နည်း။

“ဒီအရိုးကို ဘယ်သူမှ စိတ်မဝင်စားဘူးလား” အကြီးအကဲက ပြောသည် “ဒါက နောက်ဆုံးကျန်တဲ့ရတနာပဲ။ အရိုးက မူလတောင်က လာတာဖြစ်ပြီးတော့ လေးလံမာကြောတယ်။ ကျုပ်အဆင့်နဲ့တောင်မှ ခြစ်ရာထင်အောက်တောင် မလုပ်နိုင်ဘူး။ ဒါဟာ နတ်ဆိုးအင်ပါယာတစ်ပါးရဲ့အရိုးဖြစ်ရမယ်။ မင်းတို့က လက်နက်လုပ်မယ်ဆိုရင် အသုံးဝင်နိုင်တဲ့ဟာမျိုးပဲ”

သည်အရိုးက အနည်းငယ်တော့ ထူးခြားသည်ကို အဘိုးအိုက သိပေသည်။

နတ်မိစ္ဆာမြေခွေးကလန်သည် အရိုး၏တန်ဖိုးကို မခန့်မှန်းနိုင်ခဲ့ပေ။

သူတို့အတွေ့အကြုံအရ နတ်ဆိုးအင်ပါယာ၏အရိုးသည် အလွန်အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါရှိမည်ဖြစ်သော်လည်း သည်အရိုးတွင် မရှိပေ။

“ဒါက ပြင်ပန်းကိုယ်ရောင်ကိုယ်ဝါမရှိဘူး။ နတ်ဆိုးအင်ပါယာရဲ့အရိုးဖြစ်နိုင်ပါ့မလား” ရီဖူရှင်းက မေးသည်။

“ရှန့်ထိုတစ်ပါးက ဒီအပေါ်မှာ အမှတ်အသားမလုပ်နိုင်ဘူး။ မင်းဘယ်လိုထင်လဲ” အဘိုးအိုက ပြုံးလျှက်ပြောသည်။

“ဒါ ဘယ်လောက်လေးလဲ ကြည့်လို့ရလား” ရီဖူရှင်းက မေးသည်။

အဘိုးအိုက တခြားလူများ စိတ်မဝင်စားသည်ကို မြင်လျှင် ခေါင်းညိတ်သည် “ကောင်းပြီ”

ဟူယောင်အာက အရိုးကို သွားယူကာ ရီဖူရှင်းကို ကမ်းပေးသည်။

ရီဖူရှင်းက အရိုးကို ယူလိုက်လျှင် မည်မျှ လေးလံသည်ကို သိလိုက်သည်။ ထိုအရာက အရိုးနှင့်မတူဘဲ သားရဲကြီးတစ်ကောင်အလား လေးလံသည်။

စွမ်းအားအပိုင်းအစတစ်ခုသည် အရိုးထဲကို ဝင်သွားကာ ပျောက်ကွယ်သွား၏။ သူက ဟူယောင်အာကို ပြန်ပေးကာ ပြောသည် “ဒါက တကယ်ပဲ လေးတာပဲ။ ဒါက ရန်ဟောင်တစ်ပါးရဲ့အရိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ဒါကသိပ်တန်ဖိုးတော့ မရှိလောက်ဘူး။ ကျုပ်က လက်နက်လုပ်တဲ့အကြီးအကဲတစ်ယောက်နဲ့သိတယ်။ ဒါကြောင့် ဒါကို ဝယ်ဖို့စိတ်ဝင်စားတယ်။ ကျုပ်က ရှန့်ထိုအဆင့်ပညာရပ်တစ်ခုနဲ့ဝယ်ချင်တယ်။ ဒါက ခင်ဗျားတို့အတွက် မလုံလောက်ရင် ကျုပ်မဝယ်တော့ဘူး”

အဘိုးအိုက ရီဖူရှင်း၏ထူးမခြားနားသော ဟန်ပင်ကို ကြည့်သည်။ တခြားလူများကို ကြည့်လျှင်လည်း မည်သူမှ စိတ်ဝင်စားဟန်မရှိပေ။

သူက မသက်မသာပြုံးကာ ပြောသည် “ရန်ဟောင်တစ်ပါးရဲ့အရိုးက ဘယ်လိုလုပ် ပညာရပ်တစ်ခုနဲ့ယှဉ်လို့ရမှာလဲ။ ဒီလိုတန်ဖိုးနိမ့်နဲ့ရောင်းတာက ကျုပ်တို့နန်းတော်ကို အရှက်ရစေတယ်။ အာလုံး စတင်ကမ်းလှမ်းလို့ရပါပြီ”

ရီဖူရှင်းက ခေါင်းညိတ်သည် “ကောင်းပြီ”

ထိုစဉ် ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူကစတင်၍ ကမ်းလှမ်းသည်။

ရီဖူရှင်းကလည်း ပြုံးလျှက် သူပေးမည့်တန်ဖိုးကို ပြောသည်။

ရီဖူရှင်းပေးသော တန်ဖိုးကို နားထောင်ပြီးသောအခါ အဘိုးအိုက အံ့အားသင့်သွားသည်။ အတန်ကြာပြီးနောက်တွင် သူက ရီဖူရှင်းကို ကြည့်ကာ ပြောသည် “ဆရာရီကို ဂုဏ်ပြုပါတယ်”

ရီဖူရှင်းက ပြုံးလိုက်ကာ နောက်ထပ်သိုလှောင်လက်စွပ်တစ်ခု ယောင်အာကို ပေးသည်။

ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူက မျက်မှောင်ကြုတ်ကာ ပြောသည် “လေလံအောင်တာ သူလား”

အဘိုးအိုက သူ၏သံသယကို နားလည်သည်။ သူက လေးနက်စွာ ပြောသည် “ကျုပ်တို့က သူ့ကို တမင်တန်ဖိုးနိမ့်နိမ့်နဲ့ပေးရအောင် မရက်ရောသေးဘူး။ သူကမ်းလှမ်းတာက သူပြောတာနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ”

ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူ၏မျက်နှာက နက်မှောင်သွားသည်။ သူတို့က အရိုးကို စိတ်မဝင်စားသော်လည်း ရီဖူရှင်းအား ထိုအရိုးကို မပိုင်ဆိုင်စေရန် ဝင်ရောက်ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း ရီဖူရှင်းသည်သာ ထိုအရိုးအား ပိုင်ဆိုင်သွား၏။

“ဆရာရီကို ဂုဏ်ပြုပါတယ်” ဟူယောင်အာက အရိုးကို လာပေးသည်။ ထိုစဉ်မှာပင် နောက်မှ အသံတစ်သံကို ကြားရသည် “သူ ဘာပေးခဲ့တာလဲ။ ကျုပ်က နှစ်ဆပေးမယ်”

အားလုံးက နောက်လှည့်ကာ ပြေးလွှားလာသော လူတစ်စုအား ကြည့်ကြသည်။ အားလုံးက သူတို့အတွက် လမ်းဖွယ်ပေးကြ၏။

အဘိုးအိုက သူတို့အား လှမ်းကြည့်သည်။ သူက ထိုလူများ မည်သည့်နေရာက လာသည်ကို သိ၏။ သို့သော်လည်း သူကပြောသည် “ကျုပ်တို့က ပစ္စည်းတွေ အကုန်ရောင်းချပြီးသွားပြီ။ ထပ်မရောင်းတော့ဘူး”

ခေါင်းဆောင်လုပ်ဟန်တူသူက ရီဖူရှင်းအား ကြည့်သည်။

ရီဖူရှင်းက သူ့အား ပြန်ကြည့်ကာ အရိုးကို သိမ်းဆည်းလိုက်၏။

“မင်းဘယ်လောက်ပဲပေးခဲ့ပေးခဲ့ ငါက ၂ဆပြန်ပေးမယ်။ အရိုးကို ဘာလို့ ပြန်မရောင်းတာလဲ” ခေါင်းဆောင်က ရီဖူရှင်းရှေ့ကို ရောက်လာကာ ပြောသည်။

ရီဖူရှင်းက ခေါင်းယမ်းသည် “ဒီအရိုးက လက်နက်လုပ်ဖို့ အသုံးဝင်တယ်။ ကျုပ်က ဝယ်ပြီးမှတော့ ခင်ဗျားကို မပေးနိုင်ဘူး”

“မင်းပေးခဲ့တဲ့တန်ဖိုးရဲ့ဆယ်ဆကို ငါပေးမယ်”

တစ်ဘက်လူက ရီဖူရှင်းပြောသည်ကိုပင် မစောင့်ဘဲ တိုက်ရိုက်ပြောသည်။ သူက ရီဖူရှင်းပေးခဲ့သည်ထက် ဆယ်ဆပြန်ပေးမည်။

အားလုံးက ဆွံ့အသွားကြသည်။

သည်အရောင်းအဝယ်က ရီဖူရှင်းအတွက် အလွန်ကောင်းလွန်းနေသည်။

ရီဖူရှင်းက တစ်ဘက်လူအား ကြည့်ကာ ပြောသည် “ကျုပ်မရောင်းဘူး”

သူက ထိုသို့ပြောလျှင် အားလုံးက သူ့ကို စိုက်ကြည့်ကြသည်။

သူက တန်ဖိုး၏ဆယ်ဆကို ပြန်ပေးမည်ဆိုလျှင်ပင် မရောင်းဘူးတဲ့လား။

ဆိုလိုသည်က …

***

All Chapters