အစီအရင်ကျောက််တုံးအကြောင်းပြောပြခြင်း
Vol. 13 Ch. 181
ကျိုးယန်တို့အဖွဲ့သည် ရက်အနည်းငယ်ဖြင့် မူလသားရဲများလှုပ်ခတ်မှု ဖြစ်ခဲ့သည့်နေရာသို့ ရောက်ရှိလာကြသည်။ ထိုနေရာသို့ရောက်လျင် ကျိုးယန်က ပတ်ဝန်းကျင်၌ ဖြတ်သန်းသွားလာ သည့် အရိပ်အယောင်များကို သတိပြုမိလိုက်၏။ ထိုအရာက အဖွဲ့တခုခု ဖြစ်နိုင်ချေ ရှိသည်။
ထိုအတွက် အဖွဲ့သားများကို သတိမပြတ်စေပဲ ဂရုတစိုက်ရှိကြရန် မှာကြားလိုက်ပြီး လမ်းတလျှောက်၌ ကျိုးယန်က ကိုင်ရီရိတို့ကို ခရီးစဉ် နှင့်ပက်သက်၍ ပြောပြလာခဲ့သည်။ နှလုံးမဲ့ ချောက်နက်မှ အစီအရင်ကြီးအပါအဝင် ထိုအစီအရင်ကြီးကို ထိန်းချုပ်ရန် လိုအပ်သည့် အစီအရင်ကျောက်အကြောင်း ပြောပြခဲ့ပြီး ကိုင်ရီရီတို့ မှာမူ လောကများကူးပြောင်းသည့် လေဟာနယ် လမ်းကြောင်းအပါအဝင် ဖုံးကွယ်အစီအရင်ကြီး အကြောင်း ကြားသိရချိန်၌ လွန်စွာ အံ့သြသင့် သွားကြရသည်။
မှတ်တမ်းများ၌ လောကများစွာရှိသည်ဟု ဖော် ပြထားသော်လည်း လက်ရှိလောက၏ နိယာမ များမှာ နိမ့်ကျနေပြီး ပို၍မြင့်မားသည့်အဆင့် များကိုမဆိုထားနှင့် လူသားအင်မော်တယ်အဆ င့်ကိုပင် မရောက်ရှိခဲ့ကြချေ။ ထိုအတွက် လော က၏အပြင်ဘက်သို့ ရောက်ရန်လမ်းစမရှိပေ။ သို့သော်လည်း ရံဖန်ရံခါ၌ အခြားလောကမှလူ များရောက်လာတတ်သည်ဟု ရှေးမှတ်တမ်းမှ ဆိုထားသောကြောင့် လက်ခံနိုင်ပေသည်။
ယခု ကျိုးယန်က လမ်းကြောင်းကိုထိန်းချုပ်ရန် နှင့်ပက်သက်၍ ပြောလာသည့်အခါမှာတော့ လ က်ခံနိုင်သည့် အတိုင်းအတာကိုပင် ကျော်လွန် သွားခဲ့လေပြီ။ ထို့အပြင် လှုပ်ရှားမှုများ အခုလို ပေါ်လာရခြင်းမှာလည်း ကျိုးယန်၏ အယူအဆ အရ အစီရင်ကျောက်နှင့် သက်ဆိုင်မည်မှာ သေ ချာသလောက် ရှိသည်။
မည်သည့် အဖွဲ့ကပြင်ပလောကရှိ ကျင့်ကြံသူ များထံ သစ္စာခံနေကြသနည်း။ တဆက်တည်းပင် ကျိုးယန်၏ နန်းသိမ်းတိုက်ပွဲ၌ တွေ့ကြုံဖူး သည့် ငရဲတမန်တော်များ အကြောင်း တွေးမိသ ည့်အခါမှာတော့ သူမတို့ရင်ထိတ်သွားကြရသ ည်။ ထိုတမန်တော်များသာဆိုလျင် ခက်ခဲရပေ တော့မည် မဟုတ်လား။
ကိုင်ရီရီသည် ကျိုးယန်၏ သတိပေးမှုအပြင် သူမကိုယ်၌ကလည်း သံသယကြောင့် မြို့တော် အသစ်ရှိ ဂိုဏ်းခွဲကို အာရုံစိုက်ထားခဲ့ပြီး ထိုဂို ဏ်းခွဲက မထင်မှတ်ထားသည့် လှုပ်ရှားမှုအနေ ဖြင့် လွန်ခဲ့သည့်ရက်အနည်းငယ်က ဂိုဏ်းခွဲမှ လူများအားလုံးနီးပါး သားရဲတောင်ကြောရှိရာ သို့ ထွက်ခွာသွားကြသည်။
ကျိုးယန်သည် ငရဲတမန်တော်နှင့် ဂိုဏ်းအသစ် ရဲ့ဆက်စပ်မှုကို ရှင်းပြခဲ့ပြီး သူ့တွက်ဆမှုအရ တနည်းနည်းတော့ ပက်သက်နေလိမ့်မည်ဟုလဲ ယုံကြည်ထားသည်။ ငရဲတမန်တော်များက သာ မန်ကျင့်ကြံသူများ အသွင်ပြောင်းလဲနိုင်သွားသ ည်လား။ ထိုကဲ့သို့ဆိုလျှင် ပို၍ ဒုက္ခများဖို့သာရှိ သည်မဟုတ်လား။
ရက်အနည်းငယ် ကြာမြင့်ပြီးနောက် သားရဲ တောင်ကြောနှင့် နီးကပ်လာသည်။ ထိုစဉ် ပတ်ဝန်းကျင်တခုလုံးမှာလည်း သားရဲများ၏ဟိန်း ဟောက်သံများကို အဆက်မပြတ်ကြားနေရပြီး ထိုအရာက အဆင့်၃ နီးပါးပင်ရှိနေနိုင်သည်။ ကျိုးယန်သည် သားရဲတောင်ကြော၏ အန္တရာယ်ကို အလေးအနက်ခံစားလိုက်ရပြီး တဖက်၌ အမည်မသိအဖွဲ့တခုကိုလည်း လျစ်လျူရှုထား၍ မရပြန်ချေ။
ဖြစ်နိုင်သည်မှာ ထိုအဖွဲ့သည် ဂိုဏ်းခွဲ့မှဖြစ်နိုင် ပြီး ကျိုးယန်နှင့်ရည်ရွယ်ချက် တူနေပါက သေချာပေါက် ပြင်းထန်သည့် တိုက်ပွဲတခုဆင်နွဲရနိုင်ချေ ရှိနေသည်။ ကိုင်ရီရီသည် ပတ်ဝန်းကျင်ရှိ အသံများကို နားစွင့်နေပြီး သူမ၏သားရဲဗီဇအ ရ မည်သည့်သားရဲဖြစ်သည်ကို ခွဲခြမ်းနေပုံရသည်။ မကြာမီ၌ သူမရဲ့မျက်နှာမှာ ပိုမိုပျက်ယွင်း သွားပြီး သားရဲတောင်ကြောအဝင်ဝ၌ပင် အဆ င့်၃ အထွဋ်အထိပ်ရှိ လျှပ်စီးကျားသစ်တကောင် ကို အာရုံခံလိုက်မိသည်။
တဖက်တွင် ကျိုးယန်က စိတ်အာရုံကိုမီတာများ စွာ ဖြန့်ကျက်ခဲ့ပြီး လူသားကျင့်ကြံသူများ၏ ချီ ဓာတ်အချို့ကိုလည်း အာရုံခံမိလိုက်သည်။ ထို သို့ဆိုလျှင် ရှေ့အဖွဲ့နှင့်နီးကပ်လာသည့် အခြေ အနေမဟုတ်လော။
ကျိုးယန်နည်းတူ အဖွဲ့သားများအားလုံးလည်း လေးနက်သွားကြသည်။ ပတ်ဝန်းကျင်ကိုသတိ မပြတ်ထားရင်း သားရဲတောင်ကြောထဲသို့ တိုးဝ င်သွားကြသည်။ သားရဲတောင်ကြောသည် ရှည် လျားသည့် အကွာအဝေးတခုကို ပိုင်ဆိုင်ထားခဲ့ ပြီး ထိုအရာကစုန့်နဲ့ကျိုး ပြည်ထောင်စုနှစ်ခု ကြားမှ တံတိုင်းကြီးတခုကဲ့သို့ ကာဆီးထားနေသည် မဟုတ်လော။
စုန့်ပြည်ထောင်စုမှ ကျင့်ကြံရေးသမားများသည် သားရဲတောင်ကြောရှိရာကို ဝင်ရောက်လေ့ ကျင့်လေ့ရှိပြီး ပို၍နက်ရှိုင်းသည့်နေရာများထိတော့ မသွားဝံ့ကြသေးပေ။ ကျိုးပြည်ထောင်စုဘက်၌မူ မည်သည့်ကျင့်ကြံသူမှ မဝင်ရောက်ရဲ ပဲ တားမြစ်နယ်မြေတခုအသွင် သီးသန့်ထားရှိ ခဲ့ကြသည်။
ဝူးရ်
ကျယ်လောင်သည့် အူသံရှည်တခု ထွက်ပေါ်နေ ပြီး လေထုက တင်းကျပ်နေသလို ခံစားလိုက်ရ သည်။ သာမန်ကျင့်ကြံသူများဆိုလျှင် ရင်ထိတ် သွားစေမည့် ပတ်ဝန်းကျင်အခင်းအကျင်းမျိုး ဖြစ်ပြီး သွေးပျက်လောက်စေသည့် မြင်ကွင်းမ ရှိသော်လည်း တစိမ့်စိမ့်တွေး၍ ကြောက်ရန် လုံ လောက်သည်။ နေရောင်က ဒီနေရာ၌ လုံးဝမရှိ ပေ။ လေထုမှာအေးသက်မှု မရှိသော်လည်း နံ ဟောင်နေသည့် သားရဲများ၏ အနံ့ဆိုးများက မူးဝေမတက်ဖြစ်စေသည်။
“ဒီအနားမှာ ကျားသစ်တအုပ်ရှိတယ်။ ကျားသစ် ဘုရင်က အဆင့်၃ အလယ်အလတ်ပဲ”
ကျိုးယန်က သူအာရုံခံမိသည့် အချက်အလက် များကို ပြောပြနေပြီး တိုက်ပွဲဖြစ်ပွားပါက တပ် ဖွဲ့ဝင်များကို မဖြေရှင်းစေပဲ သူတို့သာတိုက်ခိုက် မည်ဟု မှာကြားလိုက်သည်။ အဘယ့်ကြောင့်ဆို သော် သေနတ်သံမှာကျယ်လောင်သည့်အတွက် ရှေ့မှ အဖွဲ့များကို သတိပြုမိသွားစေနိုင်သည်ဟု ကျိုးယန်ထင်သည်။ ကိုင်ရီရီသည် ကျိုးယန်ကဲ့သို့ စိတ်စွမ်းအင် မထက်မြတ်သော်လည်း သားရဲ ဗီဇကိုအသုံးပြု၍ ကျိုးယန်ကဲ့သို့ပင် တိကျစွာ အာရုံခံနိုင်လေသည်။
“ဟုတ်တယ် အဲ့ဒါလျှပ်စီးကျားသစ်တွေပဲ။ သူတို့ ရဲ့အရှိန်ကအရမ်းမြန်ပြီး အရေပြားတွေက မာကြောတယ်”
လျှပ်စီးကျားသစ် ဟုတ်လား..။
မုရုံရှီသည် ထိုကျားသစ်များအကြောင်းကို ကြားဖူးခဲ့ပြီး အဆင့်၂ ကျားသစ်သည် အနိမ့်ဆုံးအဆင့်ဖြစ်သည်ဟုပင် သိထားလေသည်။ သူမတို့ အမှန်တကယ် ကံဆိုးနေသည်လားမပြောတတ် ချေ။ သားရဲတောင်ကြောအဝ၌ပင် လျှပ်စီးကျားသစ်အုပ်နဲ့ ဆုံလေသည်။
“ကိစ္စမရှိဘူး အတတ်နိုင်ဆုံး ရှောင်ကွင်းပြီးသွား ဖို့ကြိုးစားရမယ်။ ထိပ်တိုက်တွေ့လာရင်လည်း ပွဲမြန်မြန်ဖြတ်ဖို့ မမေ့ပါနဲ့။ ရှေ့မှာ ကျင့်ကြံသူအဖွဲ့ အချို့ရှိနေတယ်”
ကျိုးယန်ရဲ့စကားကို ကိုင်ရီရီတို့က ခေါင်းညိတ် ပြလိုက်သည်။ သူမတို့သည်လည်း လျှပ်စီးကျားသစ်နဲ့ ဖြစ်နိုင်ရင် မဆုံချင်ပေ။ ထိုသားရဲများက မြန်လွန်ပြီး ပြင်းထန်သည့်လျှပ်စီးဓာတ်များဖြင့် တိုက်ခိုက်တတ်သောကြောင့် အလွန်အန္တရာယ် များသည်။ သာမန်ကျင့်ကြံသူတဦးဆိုပါက အ ဆင့်တူကျားသစ်တကောင်ကိုပင် နိုင်ချေလုံးဝမ ရှိချေ။
သားရဲလောကတွင် နဂါး ဖီးနစ် ချီလင် ခွန် စသ ည့် အထွတ်အမြတ်သားရဲများ ရှိတတ်သော်လဲ ထိုသားရဲမျိုးနွယ်များက အဆင့်နိမ့်လောက၌ မ ရှိတတ်ကြပေ။ ၎င်းတို့၏ သွေးမျုးဆက်မြင့်မှု ကြောင့် လိုအပ်သည့်အရင်းအမြစ်များကို ထိပ် တန်းလောကများ၌သာ ရနိုင်ပေသည်။ ကိုင်ရီရီ သည် သန့်စင်သည့်မြွေမျိုးနွယ် ဖြစ်သော်လည်း အဆင့်နိမ့်ပေသည်။ ထူးခြားစွမ်းအင် တခုတ လေကိုပင် ပိုင်ဆိုင်ထားခြင်း မရှိပဲ သာမန်သားရဲတကောင်အသွင်သာ ရှိသောကြောင့် ခွန်အား နည်းပါးသည်ဟု ဆိုနိုင်သည်။
သို့သော် လူသားအသွင်ပြောင်းနိုင်သည့် အချက်က သာမန်သားရဲများကြား အဆင့်မြင့်တန်း တခု၌ ပါဝင်နေပြန်သည်။ လျှပ်စီးကျားသစ်မှာ အန္တရာယ်များသော်လည်း မျိုးဆက်သွေးမှာ မြွေ မျိုးနွယ်ထက်ပင် နိမ့်ကျသည်။ ထိုအတွက် ကိုင်ရီရီသည် မည်သည့် ဖိအားကို ခံစားရမည် မဟုတ်ချေ။