လျှပ်စီးကျားသစ်နဲ့တိုက်ခိုက်ခြင်း
Vol. 13 Ch. 182
မြင့်မားသည့် တောင်နံရံများ ဝန်းရံထားပြီး ထို ကျောက်သားတောင်ကြီးများတလျှောက် လူတစုမှာ တရွေ့ရွေ့ ခရီးဆက်နေကြသည်။ ကျောက်သားနံရံများရဲ့ တဖက်တွင် ပေရာပေါင်းများ စွာနက်သည့် ချောက်နက်များရှိနေပြီး ပြုတ်ကျ ခဲ့ပါက ပကတိရှင်သန်ခြင်း အဆင့်အောက်မည်သူမှ အသက်ရှင်နိုင်မဟုတ်ချေ။
သားရဲတောင်ကြောသည် အန္တရာယ်များသည့် နေရာတခုဟု ကျော်ကြားပြီး သားရဲများမှာလဲ အခြားဒေသများနဲ့ မတူ အုပ်စုဖွဲ့၍ အနေများ ကြသောကြောင့် တော်ရုံကျင့်ကြံဆင့်ဖြင့် ဝင် ရောက်ရန် မဖြစ်နိုင်ချေ။ ထို့အပြင် တားမြစ်နယ်မြေတို့၏ ထုံးစံအတိုင်း အခွင့်အလမ်းများလဲ ပေါများတတ်ပြီး ထိုနေရာ၌ သေဆုံးသွားကြသည့် ကျင့်ကြံသူများရဲ့ ရတနာများပိုင်ဆိုင်မှုများ ကို ကံကောင်းပါက တွေ့ရနိုင်သည်။
သေချာသည်က အခွင့်အလမ်းကတော့ နည်းပါ သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသားရဲတော င်ကြော၏ အနက်ရှိုင်းသို့နေရာထိ ဝင်ရောက်ခဲ့ သူများမှာ အချိန်အားဖြင့် နှစ်ရာပေါင်းများစွာပ င် ကြာမြင့်နေခဲ့ပြီ မဟုတ်လော။ ထိုအတွက် ရ တနာများမှာ အချိန်ကာလ၏ တိုက်စားမှုအော က်၌ ပျက်စီးသွားမည်မှာ မြေကြီးလက်ခတ်မလွဲ ပေ။
“ရတနာရဲ့ အချက်ပေးမှုအရ ဒီတောင်နံရံတွေ ထဲမှာ လှိုဏ်ဂူတခုတော့ ရှိလိမ့်မယ်။ အားလုံးပဲ ပတ်ဝန်းကျင်ကို သတိမပြတ်စူးစမ်းကြ”
ထိုအဖွဲ့သည် ကျိုးယန်ယူဆထားသလိုပင် ဂိုဏ် ခွဲအသစ်ရဲ့ လူများဖြစ်ကြပြီး ဦးဆောင်လာသူကတော့ မိတ်ဆွေဟောင်းကြီး ရှသခင်လေး ဖြစ် သည်။ မတူညီသည်က ရှသခင်လေး၏ အသွင် အပြင်မှာ ပြောင်းလဲနေပြီး ရုပ်ရည်နှင့်စိတ်ဓာ တ်များပါမကျန် ပြောင်းလဲသွားသည်ဟု မှတ် ယူနိုင်သည်။ ကျင့်ကြံမှုမှာလည်း ပကတိရှင်သ န်ခြင်း အထွဋ်အထိပ်သို့ရောက်နေပြီး နှစ်အနည်းငယ်အတွင်း ဤမျှထိုးတက်သွားခြင်းမှာ ကြောက်ခမန်းလိလိ ဖြစ်သည်။
ရှသခင်လေးသည် တောင်နံရံများကို စိတ်စွမ်း အင်ဖြန့်ကျက်၍ လေ့လာနေပြီး လက်ထဲတွင်လဲ ဂိုဏ်းဌာနချုပ်မှ ပေးပို့ထားသည့် သံလိုက်အိမ် မြှောင်ပုံစံ ရတနာတခုကို ကိုင်ဆောင်ထားသည်။ ထိုရတနာမှာ အစီအရင်ကျောက်တုံးကို အာရုံခံ နိုင်သည့် အစွမ်းရှိပုံရသည်။ ရတနာပေါ်၌ အလ င်းအချို့ ဖြန့်ထွက်နေပြီး ထိုအလင်းများက နေရာတခုကို ညွှန်ပြနေသည်။
ဒီဘက်ပဲ…။
ရှသခင်လေးသည် ရတနာ၏လမ်းညွှန်မှုနောက် လိုက်ရင်း တဖက်တွင်လည်း သားရဲအန္တရာယ် ကို အလေးအနက်ထားနေရသည်။ လမ်းတ လျှောက် တိုက်ပွဲများ ဖြစ်ပွားခဲ့ရပြီး အသေအပျောက်အချို့ ရှိထားသောကြောင့် အင်အားမှာ လည်း သုံးပုံတပုံခန့် လျော့ကျသွားသည်။ အစီ အရင်ကျောက်တုံး၏ တည်နေရာကို မခန့်မှန်းနို င်သေးပေ။ ရှေ့ဆက်တွင်လည်း ပို၍ကြမ်းတမ်း သည့် သားရဲကောင်များကို ရင်ဆိုင်ရပေဦးမည်။
ရှသခင်လေးသည် မဟူရာမြို့တော်တွင် နေစဉ် က သားရဲတောင်ကြော၏ အချက်အလက်များ ကိုသိရှိထားခဲ့သည်။ အဆင့်မြင့်သားရဲများစွာ ရှိနေတတ်ပြီး မတူညီသည့် အဆင့်မြင့်သွေးမျိုး ဆက်ရှိသည့် သားရဲများစွာလည်း ရှိနေသည်။ အထူးသဖြင့် မြွေနဂါးမျိုးဆက်နှင့် စိန်လူဝံကဲ့ သို့ အဆင့်မြင့် သွေးမျိုးဆက်များမှာ ကြောက်စရာကောင်းသည်။
“သခင်လေးရှ၊ ဒီနားတဝိုက်မှာ သားရဲလှုပ်ရှားမှု အချို့ ရှိနေတယ်။ ရှေ့ပြေးတပ်ဖွဲ့ကို လှုပ်ရှားခိုင်းလိုက်ရမလား”
အဖွဲ့သားတစ်ယောက်က ရှသခင်လေးကို လာ ရောက်သတင်းပို့သည်။ ရှသခင်လေးသည် မျက်စိတဆုံးနီးပါး မြင့်မားသည့် တောင်နံရံများ ကိုကြည့်၍ ဘေးတဖက်တွင်ရှိနေသည့် ချောက်နက်ထဲသို့ အကြည့်ရောက်သွားရသည်။ တောင် နံရံများအလွန်၌ သားရဲလှုပ်ရှားမှု ရှိနေခြင်းမှာ ရိုးစင်းသည်။ တောအုပ်တခုရှိနေသောကြောင့် သားရဲရှိနေမည်မှာ သေချာသည်။ အကယ်၍ ဤတောင်နံရံများ၌ လိုဏ်ဂူတခုခုရှာမတွေ့ပါက တောအုပ်ကိုကျော်လွန်ရပေဦးမည်။
“အစီအရင်ကျောက်တုံးက တောင်နံရံတွေနား မှာရှိတာ သေချာပါတယ်။ ဘာလို့မတွေ့ရသေး တာလဲ”
ရှသခင်လေး၏ အကြည့်များက ကျောက်သား နံရံတခုကို ရောက်သွားပြီး နံရံကကြမ်းတမ်း၍ အချွန်အဆူးများလည်း ရှိနေသည်။ အမြင့်မှာ မီတာ ၂၀၀ နီးပါးဖြစ်ပြီး ထိပ်ပိုင်း၌ မြူအချို့ ဖုံးလွှမ်းနေပြီး စိတ်စွမ်းအင်ဖြင့်ပင် ထောက်လှ မ်း၍ မရပေ။
“ငါတို့ ဒီနံရံပေါ်ကိုတက်မယ်။ အဖွဲ့သားတွေကို အသင့်ပြင်ထားခိုင်းလိုက်”
ရှသခင်လေးက သတင်းပေးပို့လာသူကို အမိန့် ပေးလိုက်သည်။ သူ့စိတ်ထဲ၌ ကျောက်သားနံရံ ၏ ထိပ်ဆုံးတွင် လိုဏ်ဂူတခု ရှိနေမည်ဟု ထင်နေသည်။ ထိုစဉ်
ဂါးးးးဂရူးးး
ကျယ်လောင်သည့် အသံတခုနဲ့အတူ ကြီးမား သည့် ကိုယ်ထည်ဖြင့် သားရဲတကောင်က ကျော က်နံရံပေါ်မှ ခုန်ဆင်းလာသည်။
ဟမ်! သားရဲလား။
ရှသခင်လေးသည် အန္တရာယ်ကို အာရုံခံမိလိုက် ၍ အနောက်သို့ ပေအနည်းငယ် ခုန်ဆုတ်လိုက် ကာ ကြီးမားသည့် သားရဲကြီးဆီ အကြည့်ရော က်သွားရသည်။ ထိုသားရဲကြီးမှာ တောင်ဆိတ် ကဲ့သို့ ခွာများရှိပြီး ကိုယ်ထည်က ဝက်ဝံတစ် ကောင်နဲ့တူသည်။ မျက်နှာပုံစံမှာ အဆင့်မြင့်လူဝံများရဲ့ ပုံစံရှိနေသောကြောင့် သွင်ပြင်မှာရယ် စရာကောင်းသော်လည်း နီရဲပြူးကျယ်နေသည့် မျက်လုံးအစုံကြောင့် ပေါ့ဆ၍မရချေ။
“အနောက်ကို ဆုတ်ကြ”
ရှသခင်လေးက အဖွဲ့သားများကို အော်ဟစ်သတိပေးလိုက်သည်။ လူဝံလိုလို သားရဲကောင်မှာ အဆင့်၃ အစောပိုင်းတွင်ရှိနေပြီး ကြီးမားသည့် ကိုယ်လုံးကိုယ်ထည်နှင့် မလိုက်ဖက်စွာ မြန်ဆန် နေပြန်သည်။
ဝုန်း…
လူဝံက အနီးရှိ အဖွဲ့သားများထဲသို့ ပြေးဝင်သွား သည်။ ပြီးနောက် ကြီ:မားသည့် လက်နှစ်ဖက် ဖြင့် ဝေ့ယမ်းလိုက်ပြီး ပြင်းထန်သည့် ခွန်အား ကြောင့် လေထုပင် တွန့်ကွေးသွားမတက်ဖြစ်နေ သည်။
ထိုအချိန် တဖက်တွင် ကျိုးယန်တို့အဖွဲ့သည် သတိမပြတ်ထားရင်းကပင် လျှပ်စီးကျားသစ် များနဲ့ ဆုံတော့သည်။ ကျားသစ်ဘုရင်မှာ အဆင့်၃ အလယ်အလတ်ကိုမှ အထွဋ်အထိပ်ဖြစ်နေ ပြီး နောက်နှစ်အနည်းငယ်ဆိုလျှင် အဆင့်၃ အ ဆင့်မြင့်ကို ရောက်ရှိသွားပေတော့မည်။ က်ား သစ်အုပ်မှာ ကျိုးယန်တို့ရှိရာကို လျှပ်စီးများသ ဖွယ် ပြေးဝက်လာနေပြီး စုစုပေါင်းအရေအတွ က်မှာ အကောင်၃၀ နီးပါးဖြစ်သည်။
ကျားသစ်ဘုရင်မှလွဲ၍ ကျန်အကောင်များအားလုံးသည် အဆင့်၂ များသာဖြစ်၍ ကျိုးယန်အ တွက် အခက်ခဲမရှိပေ။ သို့သော် ကျားသစ်ဘုရင်ကိုမူ အလေးအနက်ထားရန် လိုသည်။
ဟူး… ရှောင်လွှဲလို့မရမှတော့ တိုက်ရုံပဲရှိတော့တာပေါ့။
ကျိုးယန်သည် သက်ပြင်းရှည်ကို ချကာ လက်ထဲမှ ဓားကိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ပြေးဝင်လာသည့် ကျားသစ်အုပ်ကို စူးစိုက်ကြည့်နေခဲ့သည်။