← Chapters

တိုက်ခိုက်ခြင်း

Vol. 13 Ch. 183

တိုက်ခိုက်ခြင်း

Vol. 13 Ch. 183

ရွှီး…

ဓားအလင်းတန်းတခုက မီတာ၁၀၀ နီးပါးသာ ကွာဝေးတော့သည့် ကျားသစ်အုပ်ထံ တိုးဝင် သွားသည်။ ထိုဓားချက်၌ ကျိုးယန်၏ ခွန်အား ၃၀ ရာနှုန်းကို သုံးစွဲထားသည်။ ထိုဓားအလင်း က ကျားသစ်အုပ်ကို ထိမှန်သွားသော်လည်း မ ည်သည့် ထိခိုက်မှုမှ မဖြစ်စေခဲ့ပေ။ ကျားသစ် များမှာ အသိဉာဏ်ရှိနေပြီး အန္တရာယ်ကိုခံစား မိသည်နှင့် လျင်မြန်သည့် အရှိန်ကိုအားပြုကာ ရှောင်ထွက်သွားကြသည်။

ဟမ် ဓားချက်ကို ရှောင်လိုက်တာလား။

ကျိုးယန်တယောက် အချိန်ကြာကြာ မှင်သက်မနေဝံ့ပေ။ ကျားသစ်ဘုရင်မှာ သူနဲ့နီးကပ်လာပြီ ဖြစ်သောကြောင့် အာရုံစူးစိုက်၍ အလေးအနက် ထားရတော့သည်။ ကိုင်ရီရီနဲ့ မုရုံရှီတို့သည် အဖွဲ့ သားများနဲ့အတူ မြန်ဆန်သည့် ကျားသစ်များကို အပြင်းအထန်တိုးဝင် တိုက်ခိုက်နေပြီး ကိုင်ရီရီ ၏ ကျင့်ကြံမှုကြောင့် ကျားသစ်အကောင်၃၀နီး ပါးက အခက်ခဲတော့ သိပ်မရှိနိုင်ပေ။

ကျားသစ်ဘုရင်သည် ကျိုးယန်ကို စူးစမ်းလိုဟ န်ဖြင့် ကြည့်နေခဲ့ပြီး ရံဖန်ရံခါ၌ ဟိန်းဟောက်သံ အချို့ကိုပင် ပြုလုပ်လိုက်သေးသည်။ ချွန်ထက် သည့် ရှေ့လက်နှစ်ချောင်းမှ လက်သည်းများမှာ အဆင့်၃ သံချပ်ကာများကိုပင် ဆုတ်ဖြဲနိင်စွမ်းရှိ လောက်သည်ဟု ကျိုးယန်တွက်ဆ လိုက်သည်။ ထို့ကြောင့် ထိပ်တိုက်ရင်ဆိုင်လျင် လွယ်ကူမည့် ဟန်မရှိပေ။

ဝေါင်း

ကျားသစ်ဘုရင် အရှိန်ဖြင့် ခုန်အုပ်ကာ ညာလ က်ဖြင့် ပြင်းထန်စွာ ပုတ်ယမ်းလိုက်သည်။ လေ ထု၌ ပြင်းထန်သည့်ခွန်အားများ ပါဝင်လာပြီး ထို ခွန်အားမှာ သာမန်အထွဋ်အထိပ်များကို တချက်တည်းဖြင့် ဒဏ်ရာအပြင်းအထန်ရစေနို င်လောက်သည်။

ကျိုးယန်က ထိုလက်သည်းချက်ကို အလျင်အ မြန်ရှောင်တမ်းလိုက်ရသည်။ ပြီးနောက် လက် ထဲမှဓားဖြင့် အသူရာဓားချက်ရဲ့ ပထမအကွက် ကိုသုံးလိုက်သည်။ လေထဲ၌ ဓားအလင်းများ လက်သည်းမှထွက်လာသည့် စူးရှတောက်ပသည့် အလင်းရောင်များ ရောထွေးနေပြီး နှစ်ယောက်သားမှာ အပြင်းအထန်တိုက်ခိုက်နေသော်လဲ ထိုအရာက လက်ရည်စမ်းနေဆဲ အဆင့်သာရှိ နေသေးကြောင်းကိုမူ နှစ်ဖက်စလုံးက သိထား လေသည်။

ကျိုးယန်သည် ကိုင်ရီရီတို့ကိုလည်း မျက်ခြေမ ပြတ်ထောက်လှမ်းနေရပြီး တစုံတရာဖြစ်ပွားခဲ့ ပါက အကူညီပေးနိုင်ရန် ဖြစ်သည်။ ကျားသစ် ဘုရင်သည် ပါးစပ်ကိုကျယ်လောင်စွာဟ၍ အ လင်းလုံးတခုကို ကျိုးယန်ထံပစ်လွှတ်လိုက်သ ည်။ ထိုအရာက လျှပ်စီးကဲ့သို့တဖျတ်ဖျတ် လ က်နေခဲ့ပြီး ပြင်းထန်သည့်အပူရှိန်ကိုပါ ခံစားရ နိုင်သည်အထိ အဖျက်စွမ်းအား မြင့်မားသည်။

ကျိုးယန်က ထိုအလင်းလုံးကို ရှောင်လိုက်ပြီး ကျားသစ်ဘုရင်အနီးသို့ ချဉ်းကပ်လိုက်သည်။ ကျားသစ်၏ ခုခံမှုမှာ အခြားသားရဲများထက် နိမ့်ကျပြီး အရှိန်ကြောင့် အန္တရာယ်များသော်လဲ မာကြောမှုကတော့ သာမန်အဆင့်သာ ရှိသည်။ ထိုအချက်ကို ကိုင်ရီရီက ကြိုတင်သတိပေးထား၍ သိနေခဲ့ခြင်းဖြစ်သည်။

ကျားသစ်ဘုရင်သည် ကျိုးယန်၏ ရည်ရွယ်ရင်းကို သိလိုက်ပုံရသည်။ ချက်ချင်းပင် အနောက်သို့ ခုန်ဆုတ်လိုက်ကာ နောက်ထပ်လျှပ်စီးအလင်းလုံးများ အဆက်မပြတ်ပစ်လွှတ်နေပြီး သူ့အနား မကပ်နိုင်စေရန် ခုခံနေသည်။

“ဟမ့် အတော်ဉာဏ်ကောင်းတဲ့ ကျားသစ်ပဲ။ ကောင်းပြီလေ. ငါ့ရဲ့အသူရာဓားချက်တွေကို ခုခံကြည့်လိုက်စမ်း” ကျိုးယန်က အသူရာဓား ကျင့်စဉ်ရဲ့ ဒုတိယမြောက်ဓားကွက်ကိုသုံး၍ အ နောက်သို့ခုန်ဆုတ်နေသည့် ကျားသစ်ထံလွှဲပိုင်း လိုက်သည်။ ကျားသစ်သည် ဓားချက်မှအသ က်အန္တရာယ်ကို ခံစားမိသောကြောင့် ကျယ် လောင်စွာဟိန်းသံပြုကာ ရှေ့လက်အစုံဖြင့် ဓားချက်ကို ခုခံလိုက်သည်။ သူ့အတွက် ဓားချက်ကို မရှောင်နိုင်လောက်ဟု ယူဆ၍ ထိုသို့ပြုလုပ်လိုက်ပုံရပါသည်။

ဝုန်း

ဓားချက်က ကျားသစ်ရဲ့ ရှေ့လက်အစုံကိုထိမှန် သွားပြီး ကျားသစ်မှာ အနောက်သို့ ပေအနည်း ငယ်လွင့်စင်သွားရသည်။ ထိုအချိန်၌ တဆက် တည်းပင် ကျိုးယန်က ကျားသစ်ဘုရင်အနား ပြေးကပ်သွားပြီး ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်များကို ၇၀ ရာခိုင်နှုန်းအထိ မြင့်တင်သုံးလိုက်ကာ နောက်ထပ် ဓားချက်တစ်ခုကို အနီးကပ်ခုတ်ပိုင်း လိုက်တော့သည်။

ဝေါင်း..

ကျားသစ်ဘုရင်မှာ ပထမဓားချက်ကို ခုခံလိုက် နိုင်သော်လည်း နောက်ဆက်တွဲဓားချက်က မြန် လွန်းပြီး နီးကပ်နေသည်ကတကြောင်း၊ ကျိုးယ န်၏ ချီစွမ်းအင်က ဖိနှိပ်ထားသည့် အချက်များ ကြောင့် ခုခံရန်ပင် မတက်နိုင်တော့ပဲ ဓားချက် က ကျားသစ်ဘုရင်၏ ရင်ဘက်နေရာကို ဖြတ် ပိုင်းသွားတော့သည်။

တိုက်ပွဲက စာဖြင့်ရေးသားရသောကြောင့်သာ ကြာမြင့်နေပုံရပြီး ထိုအဖြစ်ပျက်များက တက ယ်တမ်းတွင် နှစ်မိနစ်ခန့်သာ ကြာခဲ့သည်။ အစမှအဆုံးထိ အသူရာဓားချက်များကို သုံးခဲ့ရပြီး အပြန်အလှန်တိုက်ခိုက်မှုက တမိနစ်သာသာမျှ ရှိနေပြီး အဆုံးသတ်ဓားချက်နှစ်ချက် အတွက် ကိုမူ စက္ကန့်နှစ်ဆယ်ပင် မပြည့်ခဲ့ချေ။

ကျားသစ်ဘုရင်သည် မြေပေါ်လဲလျောင်းနေရ ပြီး ရင်ဘတ်၌ ပြတ်ရှဒဏ်ရာဖြင့် အသက်ကို မ နည်းရှုနေရပုံ ရှိသည်။ တဖက်တိုက်ပွဲတွင် ကိုင်ရီရီတို့သည်လည်း အခြေနေမဟန်တော့ပဲ ထိခို က်လာနေပြီး ကျားသစ်ဘုရင်ရဲ့ ရှုံးနိမ့်မှုက အ ခြားကျားသစ်များကို ထိတ်လန့်သွားစေပြီး တိုက်ပွဲ နေရာမှ ထွက်ပြေးသွားကြတော့သည်။

ကျိုးယန်သည် လျှပ်စီးကျားသစ်ဘုရင်ကို ဓား ချက်တချက်ဖြင့် အဆုံးသတ်ပေးလိုက်သည်။ အခြားထွက်ပြေးသွားသည့် ကျားသစ်များကိုမူ လိုက်ပါတိုက်ခိုက်ရန် စိတ်ကူးမရှိတော့ပေ။ ဆေးလုံးအချို့ ထုတ်ယူလိုက်ပြီး ဒဏ်ရာရထား သည့် အဖွဲ့သားများကို ဝေပေးလိုက်သည်။ ကံကောင်းသည်က သေဆုံးသည့်အဖွဲ့သား ရှိမနေခဲ့ပေ။

ကိုင်ရီရီနှင့် မုရုံရှီတို့သည် ဒဏ်ရာသက်သာစေသည့် ဆေးလုံးများကို မြိုချလိုက်ပြီး ခန္ဓာကိုယ် တွင်းမှ စွမ်းအားများကို ချိန်ညှိလိုက်သည်။ ကျို ယန်အတွက်မူ ချီပြည်လည်ဖြည့်တင်းသည့် ဆေးလုံးအချို့သာ သောက်သုံးရန်လိုအပ်သည် ဆေးလုံးအချို့သောက်ပြီး နာရီအနည်းကြာမြင့် သွားသည်။

ဟူးး.. အခုမှအစပဲ ရှိသေးတယ် အန္တရာယ်များ လွန်းနေပြီ။ ကျိုးယန်သည် အနည်းငယ်စိတ်ရှုပ် ထွေးသွားရပြီး မနီးမဝေးရှိ ကျားသစ်ဘုရင်၏ အလောင်းနားသို့ လျှောက်သွားလိုက်သည်။ ကိုင်ရီရီမှာ ကျိုးယန်အနီးသို့ လျှောက်လာသည်။ ပြီးနောက်

“ကျားသစ်ဘုရင်မှာ အမြုတေရှိနေနိုင်တယ်။ ဒါကအရှင့်လို အထွဋ်အထိပ်အဆင့်တွေအတွက် လျှပ်စီးနိယာမကို လေ့လာရမှာ အကျိုးပြုနို င်ပါတယ်”

ကျိုးယန်က ကိုင်ရီရီ၏ စကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ကျားသစ်ဘုရင်ရဲ့ ရင်ဘတ်ကို ခွဲဖွင့်ကာ အမြူတေကို ထုတ်ယူလို က်သည်။ အမြူတေမှာ လျှပ်စီးများဖြင့် ပြည့် နေပြီး လက်ထဲတွင်ကိုင်ဆုပ်ထားရုံဖြင့် ထုံကျင် မှုကို ခံစားရစေသည်အထိ အားကောင်းသည်။

“ဒါက လျှပ်စီးနိယာမအတွက် အသင်လျော်ဆုံး ပဲ။ငါသာ ဒီနိယာမကိုလေ့လာနိုင်ရင် ငါ့ရဲ့အမြန် နှုန်းက ၃ဆ နီးပါးမြင့်တက်သွားနိုင်တယ်”

ကျိုးယန်က အမြူတေကို ထုပ်သိမ်းလိုက်ပြီး အခြားသေဆုံးသွားသည့် ကျားသစ်များထဲရှိ သေးငယ်သည့် အမြူတေများကိုမူ အဖွဲ့သား များကို ခွဲဝေယူစေသည်။

All Chapters