← Chapters

လှိုဏ်ဂူကိုတွေ့ရှိပြီ

Vol. 13 Ch. 184

လှိုဏ်ဂူကိုတွေ့ရှိပြီ

Vol. 13 Ch. 184

အပိုင်း (၁၈၄) လှိုဏ်ဂူကိုတွေ့ရှိပြီ

ကျိုးယန်တို့အဖွဲ့သည် ဒဏ်ရာများကို အလျင်မြ န်ကုသနေပြီး နာရီအနည်းငယ်ကြာမြင့်ပြီးချိန် မှာတော့ ခရီးဆက်ထွက်ရန် အသင့်ဖြစ်သွားခဲ့ လေသည်။ ကျိုးယန်က ကျားသစ်ဘုရင်၏အ မြူတေကို သိမ်းထားပြီး ကိစ္စများပြီးမှသာ သုံး မည်ဟု ဆုံးဖြတ်လိုက်သည်။

ဒီပတ်ဝန်းကျင်၌ အချိန်ကြာကြာ ဆက်နေ၍မ သင့်တော့ချေ။ ကျားသစ်များ၏ သွေးနံ့ကြောင့် အခြားသားရဲများ အချိန်မရွေးထပ် ရောက်လာ နိုင်ချေရှိသည်။ ထိုအတွက် အဖွဲ့သားများသက် သာသည်နှင့် ဆက်၍ ထွက်ခွာကြသည်။

နာရီအနည်းငယ် ကြာမြင့်ပြီးချိန်မှာတော့ မြင့် မားသည့် ကျောက်တောင်ကြီးများကို တွေ့လိုက် ရပြီး ကျောက်သားနံရံများမှာ တော်ရုံလူတက်ရ န်ခက်ခဲသည့် အသွင်အပြင်ရှိသည်။ ကျိုးယန်ရဲ့ စိတ်စွမ်းအင်မှာ မီတာပေါင်းများစွာ ဖြန့်ကျက် နိုင်သည် အထိ အားကောင်းသောကြောင့် ကျိုးယန်က ကျောက်တောင်ကြီးများရဲ့ ကျောက်နံရံ များကို တိတ်တဆိတ် လေ့လာနေသည်။

သဘာဝ ထုံးကျောက်ပုံစံ ကျောက်သားများဖြစ် ပြီး အချိန်ကာလ၏ တိုက်စားမှုကို ကြံကြံခံနိုင် သည်မှာ မယုံနိုင်စရာပင်။ ထိုကျောက်သားများ ကို လမ်းခင်းရာ၌ သုံး၍ မသင့်တော်ချေ။

“ဒီနားမှာ လှိုဏ်ဂူအချို့ ရှိနေတာကို သတိထားမိ တယ်”

ကျိုးယန်က အရှေ့မှဦးဆောင်သွားရင်း ကိုင်ရီရီ တို့ကို ပြောလိုက်သည်။ အားကောင်းသည့် စိတ် စွမ်းအင်နဲ့ပင် ကျောက်တောင်များရဲ့ထိပ်ကို မမြင်နိုင်ပေ။ တဖက်တွင် ကိုင်ရီရီတို့သည် ပတ်ဝန်းကျင်ကို အဆက်မပြတ်လေ့လာနေပြီး အ ချို့နေရာများ၌ သားရဲများတိုက်ခိုက်ခဲ့သည့် စွ မ်းအင်အရိပ်အယောင်ကိုပင် အာရုံခံနိုင်ခဲ့လေ သည်။

ကျိုးယန်တယောက် နာရီအနည်းငယ်ဆက်သွား ရင်း ရုတ်တရက် ရပ်တန့်လိုက်သည်။ အကြော င်းမှာ မီတာ ၅၀၀ ကျော်ကျော်လောက်၌ ပြင်း ထန်သည့်တိုက်ပွဲတခုကို အာရုံခံမိ၍ ဖြစ်သည်။ တိုက်ပွဲမှာ အတော်လေးပြင်းထန်နေပုံရှိပြီး အ ရှေ့အနည်းငယ် ဆက်တိုးသွားချိန်၌ သားရဲကြီး ၏ ဟိန်းဟောက်သံကိုပင် ကြားလိုက်ရသည်။

“ဒါ သွေးလူဝံရဲ့ အသံပဲ”

ကိုင်ရီရီက အံ့သြတကြီးဖြင့် ပြောလာသည်။

“ သွေးလူဝံဟုတ်လား စိန်လူဝံနဲ့ မျိုးဆက် တူလား”

ကျိုးယန်ရဲ့အမေးကို ကိုင်ရီရီက ခေါင်းညိတ်၍

“မျိုးဆက်အရဆို စိန်လူဝံနဲ့ မျိုးဆက်တူတယ် ဒါပေမယ့် သူကဒေါသပိုကြီးပြီး ပိုမြန်တယ် မူ လအားသာချက်အတိုင်း ခန္ဓာကိုယ်က မာကြော တော့ သူ့ကိုရင်ဆိုင်ရတာက စိန်လူဝံထက်ပိုခက် တဲ့သဘောရှိတယ်”

ကျိုးယန်က ကိုင်ရီရီ၏ စကားကိုနားထောင်ရင်း တိုက်ပွဲနားသို့ တိတ်တဆိတ် တိုးကပ်သွားလိုက် သည်။ ဘေး၌ ကိုင်ရီရီနဲ့ မုရုံရှီတို့ကိုသာ ခေါ် လာပြီး အဖွဲ့သားများကိုမူ နောက်တွင်သာ နေခဲ့ စေသည်။ ကျိုးယန်သည် အရှိန်အဝါကို ဖုံးကွ ယ်လိုက်ပြီး တိုက်ပွဲနားသို့ တရွေ့ရွေ့ချဥ်းကပ် သွားချိန်၌ ကျယ်လောင်သည့် သားရဲဟိန်းသံနဲ့ အတူ မြေပြင်တခုလုံး တုန်ခါသွားရသည်။

ကျိုးယန်၏ မြင်ကွင်းထဲတွင် လူ၅၀ ပါအစုအဖွဲ့ တခုက လူဝံနဲ့တူပြီး ခွာများရှိနေသည့် သားရဲတ ကောင်ကို ဝိုင်း၍ တိုက်ခိုက်နေခြင်းဖြစ်ကာ အ ဆုံးမှာတော့ ထိုအဖွဲ့၏ တဝက်ကျော်ကျော်မှာ သေဆုံးသွားပြီး လူဝံသည်လည်း မြေပေါ်သို့လဲ ကျသွားတော့သည်။

“သူ တို့က မြို့တော်အသစ်ရဲ့ ဂိုဏ်ခွဲအသစ်က လူတွေပဲ အရှင်ထင်တာ မှန်နေပြီ”

ကျိုးယန်ကမူ ကိုင်ရီရီ၏ စကားကိုအာရုံမရပဲ တိုက်ပွဲအလယ်၌ ဓားတချောင်းကို ကိုင်ကာမ တ်မတ်ရပ်နေသည့် ကျင့်ကြံသူကိုသာ စိုက်ကြ ည့်နေခဲ့သည်။ ထိုလူ၏ အသွင်ပြင်ကို မမှတ်မိ သလိုဖြစ်နေသော်လည်း စိတ်ထဲ၌မူ ရင်းနီးနေ ပြန်သည်။ ထိုစဥ် ထိုကျင့်ကြံသူက အဖွဲ့သား များကို အော်ဟစ်ပြောဆိုလာသည်။

“ကျန်တဲ့သူတွေ ဒီမြေပြင်ကို အမြန်ရှင်းလိုက် သားရဲတွေထပ်မလာခင် အမြန်လုပ်ကြ ပြီးရင် ဒီနေရာပတ်ဝန်းကျင်တခုလုံးကို ပိတ်ဆို့ထားလို က်တော့”

ထိုသူက အဆက်မပြတ် မှာကြားနေပြီး တဖက် တွင် ပကတိရှင်သန်ခြင်း အဆင့်၈၌ ရှိနေသည့် ကျင့်ကြံသူနှစ်ဦးကိုလည်း သူနှင့်အတူ လိုက်ပါ ရန်ပြောလိုက်သည်။ ထိုနှစ်ဦးမှာ တူညီသည့်ရုပ် သွင်ရှိသောကြောင့် အမြွာများဖြစ်နိုင်သည်။

“ယန်တု ယန်ချန် ခဗျားတို့က ကျုပ်နဲ့တောင်ထိ ပ်ကိုလိုက်ခဲ့”

“ကောင်းပြီ”

ကျိုးယန်က ထိုမြင်ကွင်းကို တိတ်တဆိတ်သာ ဆက်ကြည့်နေပြီး ထိုကျင့်ကြံသူပြောသည့် တောင်ထိပ်ဆိုသည့် အရာကိုလည်း စိတ်ဝင်စား သွားမိသည်။ ထိုအဖွဲ့သည် ကျိုးယန်၏တွက်ဆ မှုအရဆိုလျှင် အစီအရင်ကျောက်အတွက်လာ ခြင်းဖြစ်နိုင်ပြီး သူတို့အနေဖြင့် တစုံတရာကိုသိ ထားနိုင်လောက်သည်။

“ဘာဆက်လုပ်မလဲ”

ကိုင်ရီရီက ကျိုးယန်ကို တီးတိုးမေးသည်။

“ခဏ ဆက်စောင့်မယ် အဲ့ဒီအထွဋ်အထိပ်ကျင့် ကြံသူနဲ့ သူ့လူနှစ်ယောက် တောင်ပေါ်တက်ရင် အနောက်က လိုက်ကြတာပေါ့”

ကိုင်ရီရီက ခေါင်းညိတ်ပြလိုက်ပြီး မုရုံရှီအား တောင်ခြေ၌ ကျန်ရှိသည့် အဖွဲ့သားများအား အ မြန်ဆုံးလက်စ သပ်ရန်မှာကြားလိုက်သည်။ ကျိုးယန်၏ တပ်ဖွဲ့ဝင်များသည် သိုင်းပညာရှင် အဆင့်များ ဖြစ်ကြသည့်အပြင် အဆင့်တူချင်း ၌လည်း ပို၍ စွမ်းသည်။ ထို့ကြောင့် လူ၂၀ နီးပါ သာကျန်ရှိသည့် အဖွဲ့ကို တိတ်တဆိတ်ဖြေရှင်း ရန်မှာ မခက်ခဲပေ။ အထူးသဖြင့် တဖက်သူများ မှာ တိုက်ပွဲကြောင့် ဒဏ်ရာများရနေပြီး စိတ်စွမ် အင်ကိုပင် ဖြန့်ကျက်မထားသောကြောင့် လုပ် ကြံရ လွယ်ကူသည်။

မကြာမီ ထိုကျင့်ကြံသူက တောင်ပေါ်သို့လျင် မြန်စွာတက်သွားတော့သည်။ အထွဋ်အထိပ်အ ဆင့်ရှိသူဖြစ်၍ ကျောက်တောင်တက်ရသည်မှာ ရိုးရှင်းသည်။ သို့သော် ကျောက်တောင်က မည် မျှမြင့်သည်ကို မသိနိုင်သောကြောင့် အလေးအ နက်ထားနေဟန်ရှိသည်။ ကျိုးယန်က ထိုမြင်ကွ င်းကို တွေ့လျင် ကျောက်တောင်၏ အခြားတဖ က်သို့ ကိုင်ရီရီနဲ့အတူ သွားလိုက်ပြီး တောင်ပေါ် သို့ စတင်တက်တော့သည်။

ကိုင်ရီရီသည် ပကတိရှင်သန်ခြင်း အဆင့်၇ထိ ရောက်နေပြီ ဖြစ်ပြီး ကျိုးယန်၏ လက်ရှိခွန် အားက ပထမအသွင်ပြောင်းခြင်းကိုပင် ရင်ဆို င်နိုင်သောကြောင့် တဖက်သူများကို သူမမှုပေ။ အဆင့်၈ ကျင့်ကြံသူတဦးကို ကိုင်ရီရီမှ ထိန်း ထားရန်သာလိုသည်။

ကျိုးယန်တို့ ထွက်ခွာသွားသည်နှင့် မုရုံရှီက စ တင်လှုပ်ရှားလာသည်။ သူမသည် ကျောက် တောင်ပေါ်သို့ လိုက်ပါလိုသော်လည်း ကျင့်ကြံ မှုအရ အကူညီမဖြစ်နိုင်မည်ကို သိသောကြောင့် တောင်ခြေရှိသူများကို ရှင်းလင်းရန်သာ တာဝန် ယူလိုက်တော့သည်။

တောင်နံရံသည် ဆူးချောင်းများကဲ့သို့ ချွန်ထွက် နေပြီး အချို့နေရာများ၌ ခြေတချောင်းချရန်ပ င် ခက်ခဲနေသည်။ တောင်ထိပ်ပေါ်သို့ ကြည့်ပြန် လျင်လည်း မည်သည့်စွမ်းအင်နှင့်မှ ထောက်လှ မ်း၍ မရသောကြောင့် အမြင့်ကို မခန့်မှန်းနိုင်ပေ ကံကောင်းသည်က တဖက်မှသူများသည် စိတ် စွမ်းအင်ကို တောင်ထိပ်သို့သာ ဖြန့်ကျက်ထား သောကြောင့် အနောက်မှ တိတ်တဆိတ်လိုက်ပါ လာကြသည့် ကျိုးယန်နဲ့ ကိုင်ရီရီတို့ကို သတိမ ထားမိကြချေ။

ကျိုးယန်က စိတ်စွမ်းအင်ကို အမြင့်ဆုံးထိတိုး မြင့်ကာ စူးစမ်းလိုက်သည်။ ရှေ့မီတာ ၂၀၀ နီး ပါးတွင် လူရိပ်၃ခုကို အာရုံခံမိပြီး ထိုလူရိပ်၃ခု က အလွန်လျင်မြန်စွာဖြင့် တက်နေသည်။မကြာ မီတွင် အမြင့်ပေမီတာ ၁၀၀၀ နီးပါးထိ ရောက် သွားချိန်၌ လေထုက အေးစက်လာပြီး မြူခိုး များထဲ ရောက်သွားသလို ခံစားလိုက်ရသည်။ ထိုအမြင့်မှာ တိမ်များကို ဖောက်ထွင်းစေသည် အထိတော့ မမြင့်သေးပေ။ သို့သော် ကျောက် တောင်၏ ထိပ်ကိုမမြင်ရသေးသောကြောင့် အ မြင့်မှာ အမှန်ပင် တိမ်များကိုပင် ထိုးဖောက်နိုင် ချေရှိသည်။

ကျိုးယန်တယောက် အာရုံခံနေစဥ်မှာပင် လူ၃ ဦးက ရပ်တန့်သွားသည်။ ထိုရပ်တန့်သွားသည့် နေရာ၌ လှိုဏ်ဂူတခုရှိနေပြီး ဂူအဝမှာ ၅မီတာမျှ သာကျယ်သည်။

လှိုဏ်ဂူတခုလား။ သူတို့က အစီအရင်ကျောက် ရှိတဲ့နေရာကို သိနေတာလား။ မဖြစ်ဘူး အမြန် လိုက်ဝင်မှရမယ် အစီအရင်ကျောက်ကို သူတို့ရ သွားလို့ မဖြစ်ဘူး။ ကျိုးယန်၏ အာရုံကထိုအ ဖြစ်ပျက်ကို သတိထားမိသည်နှင့် မလှမ်းမကမ် ရှိ ကိုင်ရီရီကိုပါ သတိပေးကာ အရှိန်မြင့်လိုက်ရ သည်။

All Chapters