လှိုဏ်ဂူထဲသို့ ဝင်ရောက်ခြင်း
Vol. 13 Ch. 185
နာရီဝက်ခန့်အကြာ၌ လှိုဏ်ဂူအဝသို့ ခြေချမိ သွားခဲ့သည်။ ဂူအထဲသို့ ကြည့်လိုက်လျင် ကျ ယ်ဝန်းနေသည်ကို တွေ့လိုက်ရပြီး အတွင်း၌ လ မ်းခွဲများစွာကိုပါ မြင်လိုက်ရသည်။ ထိုအရာက ဝက်ပါ ပုံစံနဲ့ပိုတူနေသည်။
ကျိုးယန်က လှိုဏ်ဂူပတ်ပတ်လည်ကို သတိမ ပြတ်လိုက်လံစစ်ဆေးရင်း ဂူအတွင်းသို့အလျင် စလို မဝင်သွားခဲ့ချေ။ မတော်တဆ အတွင်းမှ လူများ စိတ်စွမ်းအင်ဖြန့်ကျက်ထားပါက သူတို့ ကိုသတိပြုမိသွားနိုင်သည် မဟုတ်လော။
ကျိုးယန်မသိသည်က လှိုဏ်ဂူအတွင်း၌ မည် သည့်စိတ်စွမ်းအင်မှ ထောက်လှမ်း၍မရချေ။ ထိုအကြောင်းကို ကျိုးယန်တယောက် တနာရီ ခန့်ကြာပြီးနောက် ဂူထဲဝင်ရောက်သွားချိန်၌ သ တိပြုမိလိုက်သည်။
ဘာလဲဟ… စိတ်စွမ်းအင်ဖြန့်ကြက်လို့မရဘူး။ ဘာကပိတ်ဆို့ထားတာလဲ အစီအရင်ကျောက် ကလား။ ကျိုးယန်တယောက် မှင်သက်သွားရ သော်လည်း ထိုထက်ပိုအခက်တွေ့စေသည်က သူ့ရှေ့ရှိ များပြားသည့် လမ်းသွယ်များပင်ဖြစ် သည်။ ဂူအဝမှာ ၅မီတာမျှသာကျယ်သော်လဲ အတွင်း၌ ခန်းမကျယ်ကြီးတခုစာ ရှိနေကာ လမ်းများပင် ခွဲထားသေးသည်။
ရှေ့လူတွေ ဘယ်လမ်းကဝင်သွားတာပါလိမ့်။ ကျိုးယန်တယောက် စဥ်းစားနေသည်။ လမ်း တိုင်းက အဆုံးတွင် တူညီသည့်နေရာကို ရောက် စေမည်လား။ သို့မဟုတ် တလမ်းစီက မတူညီ သည့်နေရာကို ရောက်စေသည်လား မဝေခွဲနိုင် ပေ။ သိလိုပါက လမ်းတလမ်းကိုရွေးရသာလို အပ်တော့သည်။
ကျိုးယန်က ကိုင်ရီရီကို ကြည့်၍ ပြောလိုက်သ ည်။
“ကျုပ်တို့ တတိယမြောက်လမ်းက သွားမယ် ဒီမှာ လမ်းက၅ လမ်းတောင်ရှိနေတော့ အလယ် တည့်တည့်လမ်းကိုပဲ ရွေးကြတာပေါ့”
ကိုင်ရီရီက ကျိုးယန်ကို ခေါင်းညိတ်ပြလိုက်သ ည်။ အခြေအနေရ နှစ်ယောက်ခွဲ၍ တလမ်းစီ သွားဖို့လည်း မဖြစ်နိုင်ပေ။ အန္တရာယ်များလွန်း သည်။ ကိုင်ရီရီသာ ရှေ့လူ၃ဦးနှင့်ဆုံပါက တစုံ တခုဖြစ်သွားနိုင်သည်။ မကြာမီ သူတို့က တတိ ယလမ်းထဲသို့ ဝင်သွားတော့သည်။ လမ်း၏အ ကျယ်မှာ ၅ပေ ခန့်သာရှိပြီး လမ်းတလျှောက် မြေသားလမ်းပုံစံဖြစ်နေပြီး သေချာသည်ကလူ များဖောက်လုပ်ထားပုံရသည်။
လမ်းနံရံမျက်နှာပြင်များ၌ စွမ်းအင်ကုန်ခမ်းစ ပြုနေသည့် မီးလင်းကျောက်အချို့ မြုပ်နှံထား ပြီး လမ်းကိုမြင်နိုင်သာရှိသည်။ ကျင့်ကြံသူမ ဟုတ်ပါက ဆက်သွားရန်ခက်ခဲနိုင်သည်။ ကိုင် ရီရီက သားရဲဗီဇကို ဖွင့်ထုတ်ကြည့်သည်။ သား ရဲဗီဆိုသည်မှာ သားရဲများ၏ အန္တရာယ်အပေါ် အလိုလိုသိစိတ်တမျိုးဖြစ်ပြီး ထိုအရာကလူ သားကျင့်ကြံသူများ၏ စိတ်စွမ်းအင်နဲ့တူညီသ ည်။ သို့သော် သားရဲများကို စူးစမ်းရန်သာအလု ပ်ဖြစ်သည်။
“ဟမ်…ကျမရဲ့သားရဲဗီဇကိုတောင် ပိတ်ထား တာပဲ”
ကိုင်ရီရီတယောက် အံ့သြနေသည်။ မည်သည့် အရာက ပြုလုပ်ထားသနည်း။ ရတနာတခုခု ရှိ နိုင်ချေများသည်။ လမ်းအတိုင်း မိနစ်အနည်းင ယ်ကြာမြင့်ပြီးချိန်မှာတော့ လမ်းအကျယ်ကပို၍ ကျယ်လာပြီး နံရံပေါ်၌ သားရဲများ လူသားအသွ င်သဏ္ဍန်ရှိသည့် မတူညီသည့် မျိုးစိတ်ပုံများကို တွေ့လာရသည်။
ကျိုးယန်က ထိုပုံများကို စိတ်ဝင်တစားကြည့်ရှု နေသည်။ ပုံများမှာ လက်ရာမမြောက်သော်လဲ နံရံကပ်ပန်းချီများကဲ့သို့ ထင်းနေသောကြောင့် မည်သည့်ပုံများဖြစ်သည်ကို အလွယ်တကူခွဲခြ မ်းနိုင်လောက်သည်။
“ဒါ ထိပ်တန်းအဆင့် မျိုးဆက်တွေပဲ သူတို့ပုံ တွေဘာလို့ ဒီမှာရှိနေတာလဲ”
ကိုင်ရီရီက နဂါးပုံစံ သားရဲတကောင်၏ ခန္ဓာကို ယ်ကို ထိတွေ့ပြီး တီးတိုးရေရွတ်လိုက်သည်။ ထိပ်တန်းအဆင့် သားရဲမျိုးဆက်များမှာ အဆ င့်နိမ့်လောက၌ မရှိနိုင်ချေ။ ထိုသားရဲများ၏ အ ရင်းအမြစ်လိုအပ်ချက်မှာ မြင့်မားသောကြောင့် ထိပ်တန်းလောကများတွင်သာ နေထိုင်တတ်ကြ သည်။ ထိုသို့ဆိုလျှင် သားရဲပုံများဆွဲထားရသ ည်မှာ အဘယ့်ကြောင့်နည်း။
ပုံများကို စူးစမ်းရင်းဖြင့် တနေရာအရောက်၌ ကျိုးယန်တယောက် တုန်လှုပ်သွားရသည်။ သူ မြင်ရသည်က ငရဲတမန်တော်များ၏ ပုံတပုံဖြစ် ပြီး ညိုညစ်ညစ်အရောင်သမ်းနေသည့် သေခြင် နိယာများ ဝိုင်းပတ်ထားသည်ကို တွေ့ရသည်။ ငရဲတမန်တော်များက ဘယ်လောကမှ ဖြစ်နေ သနည်း။ သေချာသည်က လက်ရှိလောကထက် တော့ အဆင့်မြင့်နိုင်သည်။
ကျိုးယန်က ငရဲတမန်တော်၏ ပုံကိုအနီ:ကပ် ကြည့်နေပြီး ပုံထဲ၌ တံစဥ်းပုံစံလက်နက်ဆန်းကို ကိုင်ဆောင်ထားပြီး ဝတ်ရုံရှည်အား ဦးခေါင်းမှ ခြေဖျားထိ ဖုံးကွယ်ထားသည့် ငရဲတမန်တော် မှာ ပုံသာဖြစ်သော်လည်း အရှိန်အဝါအချို့ ခွဲ ဖြာခွက်နေသည်ဟု ခံစားနေရသည်။
ထိုအရာက အင်မော်တယ်အဆင့် ကျင့်ကြံသူ ဖြစ်နိုင်ပြီး ကောင်းကင်အင်မော်တယ်အဆင့်ပ င်ဖြစ်နေနိုင်သည်။ ကိုင်ရီရီသည်လည်း ကျိုးယ န်ကြည့်နေရာသို့ ရောက်လာပြီး ငရဲတမန်တော် ၏ ပုံကို စူးစမ်းကြည့်နေသည်။
“ဒါက အရှင့်ရဲ့နန်းသိမ်းပွဲတုန်းက ရင်ဆိုင်ခဲ့ရ တဲ့ တမန်တော်ဆိုတာလား”
“ဟုတ်တယ် သူတို့ရဲ့ ကျင့်ကြံမှုပုံစံက လူသား ကျင့်ကြံသူတွေနဲ့ ကွဲပြားတော့ အလွယ်တကူသိ နိုင်တယ် ဒါနဲ့ ဂိုဏ်းအသစ်က ငရဲတမန်တော်အ ဖွဲ့နဲ့ ဘယ်လိုပက်သက်နေတာလဲ”
ကျိုးယန်က ကိုင်ရီရီကို ပြန်ပြောရင်းဖြင့် သူ့ကို ယ်သူ မေးခွန်းထုတ်ဟန် တီးတိုးရေရွတ်နေသ ည်။
“ငရဲတမန်တော်အဖွဲ့ လက်အောက်ကများ ဖြစ် နေမလား ဒါဆို သူတို့က အစီရင်ကျောက်တုံး ကိုရှာနေပြီး နှလုံးမဲ့ ချောက်နက်ရဲ့ လေဟာနယ် လမ်းကြောင်းကနေ သူတို့ရဲ့ အဖွဲ့သားတွေကို ခေါ်သွင်းမယ့် သဘောပေါ့”
ကိုင်ရီရီက တုန်လှုပ်ဟန်ဖြင့် ဆိုလာသည်။ ကျို ယန်၏ ပြောပြချက်အရ အနိမ့်ဆုံးအဖြူရောင် အဆင့်ရှိသူပင် ပကတိရှင်သန်ခြင်း အဆင့်မြင့် ကျင့်ကြံမှုနဲ့ ညီမျှပြီး ထိုအထက်၌ရှိသည့် အ ရောင်များက ကျင့်ကြံဆင့် ပိုမြင့်သောကြောင့် လက်ရှိကျင့်ကြံရေးလောကအနေဖြင့် ၎င်းတို့ ကိုရင်ဆိုင်ရန်မှာ လုံးဝဖြစ်နိုင်ချေမရှိပေ။
“ဆက်သွားကြတာပေါ့”
ကျိုးယန်က အတွေးများကို ဖယ်ထုတ်လိုက်ပြီး နောက် လမ်းအတိုင်းဆက်သွားသည်။ နာရီအန ည်းငယ် ကြာပြီးနောက်မှာတော့ ကြီးမားသည့် ခန်းမကျယ်တခုဆီသို့ ရောက်သွားခဲ့ပြီး ခန်းမ မှာ ခြောက်ထောင့်ကြယ်ပုံစံ ရှိသည်။ ထို့အပြင် ထောင့်တခုစီ၌ လူသားကျင့်ကြံသူ၏ ရုပ်တုတ ခုစီရှိပြီး ရုပ်တု ခြောက်ရုပ်၌ အမျိုးသမီးရုပ်တု တခုအပါဝင်ဖြစ်သည်။
ကျိုးယန်က ခန်းမထဲသို့ ဝင်ရောက်သွားလိုက်ပြီ ရုပ်တုများကို အနီးကပ်စူးစမ်းကြည့်သည်။ ထို ရုပ်တုများ တည်ရှိနေပုံမှာ ထူးဆန်းနေပြီး မည် သည့်အကြောင်းအရာများကြောင့် ဤကဲ့သို့ သားကဲတောင်ကြော၏ ကျောက်တောင်တခုရဲ့ လှိုဏ်ဂူ၌ ရှိနေရသနည်း။
ကျိုးယန်နည်းတူ ကိုင်ရီရီသည်လည်း ရုပ်တု များကို ဂရုတစိုက် စစ်ဆေးနေပြီး ထိုအရာက ထောင်ခြောက်တခု ဖြစ်နေပါက အလွန်အန္တရာ ယ်များလောက်သည်ဟု သူမခံစားနေရသည်။ ကံကောင်းသည်က အချိန်အနည်းငယ် ကြာသ ည်အထိ မည်သည့် လှုပ်ရှားမှုမှ မထွက်ပေါ်လာ ချေ။
အစီအရင်ကျောက်က ရုပ်တုတွေနဲ့ ဆက်စပ်နေ တာလား။ ငါက ဘယ်လိုရှာရမှာလဲ။ ကျိုးယန် တယောက် စိတ်ရှုပ်ထွေးသွားရပြီး ရုပ်တုများ ၏ ခန္ဓာကိုယ်ကို လျှို့ဝှက်ခလုတ်များ ရှိလိုရှိ ငြား လိုက်လံစမ်းသပ်နေခဲ့သည်။ ထိုစဥ် ခန်းမ ထဲသို့ ဝင်ရောက်လာသည့် ခြေသံများနဲ့အတူ ကျယ်လောင်သည့် ရာ်မောသံကိုပါ ကြားလိုက် ရတော့သည်။
“ဟားးးဟားးးဟားး ဘယ်သူများလဲမှတ်တယ် ငါတို့ပြည်ထောင်စုကြီးရဲ့ ဧကရာဇ်ကြီးပါလား ဘေးကဘယ်သူများလဲ မှန်းစမ်း မြို့တော်အသ စ်ရဲ့ မြို့ဝန်မင်းသမီးဖြစ်နေတာကိုး ဟားး”
ရယ်မောသံကြောင့် ကျိုးယန်နဲ့ကိုင်ရီရီတို့ တ ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။ အပြင်၌ ဆိုလျှင် ထိုကဲ့သို့ ဝင်ရောက်လာမှုကို ကျိုးယန် အနေဖြင့် အလွယ်တကူသိနိုင်သော်လည်း စိတ် စွမ်းအင်ကို ပိတ်ဆို့ထာသည့် နေရာမှာတော့ အ လုပ်မဖြစ်နိုင်ချေ။ ကံကောင်းသည်က တဖက် သူများမှာ ကျိုးယန်တို့ကို စတင်၍ အလစ်မတို က်လာခြင်းပင်။
“မင်း ဘယ်သူလဲ ငါ့ကိုသိနေတာလား”
ကျိုးယန်၏ အမေးကို ထို၃ဦးထံမှတယောက် က ရယ်မောရင်း ပြန်ဖြေလာသည်။
“မေ့သွားပြီလား သြော်..ဟုတ်သားပဲ ဒီလိုဆိုရင် ကော မင်းမှတ်မိတယ် မဟုတ်လား”
ထိုသူက ပြောရင်းဖြင့် သူ့ရဲ့အရှိန်အဝါကို ပြော င်းလဲလိုက်သည်။ ထိုစဥ် ကျိုးယန် ကိုင်ရီရီတို့ ရင်းနီးသည့် မျက်နှာတခု ပေါ်လာတော့သည်။