မိတ်ဆွေဟောင်း
Vol. 13 Ch. 186
ကျိုးယန်သည် ရှပင်၏ မျက်နှာကို မှတ်မိသွား လေသည်။ ထိုကောင်မှာ ရှမိသားစု၏ ဆက်ခံ သူတဦးဖြစ်ပြီး ကျိုးယန်က ရှမိသားစုကို မဟူ ရာမြို့တော်မှ နှင်ထုတ်ချိန်၌ မြောက်ပိုင်းဒေသ သို့ရောက်ရှိသွားသည်။ ထိုနောက်ပိုင်း သတင်း များကတော့ အဆက်ပြတ်သွားခဲ့ရသည် မဟု တ်လား။
ရှပင်သည် သူ့ရဲ့ပုံစံအမှန်ကို ဖုံးကွယ်ရင်း မြို့ တော်အသစ်၌ တိတ်တဆိတ်ခြေချ နေခဲ့ခြင်းဖြ စ်သည်။ ထိုသို့မဟုတ်ပါက ကိုင်ရီရီတယောက် အစောတည်းကပင် သတိထားမိသွားနိုင်သည်မ ဟုတ်လော။ ထို့အပြင် ရှပင်တို့၃ဦးမှာ ကျိုးယန် တို့ထက် စောစွာဝင်ခဲ့ပေမဲ့ သူတို့ရွေးချယ်တဲ့ ပ ထမဆုံးလမ်းကြောင်းက ရှည်လျားသောကြော င့် ယခုကဲ့သို့ နောက်ကျကာ ရောက်လာခြင်းဖြစ် သည်။
“မင်းတို့က ဘာကိစ္စနဲ့ဒီကို ရောက်လာတာလဲ”
ရှပင်က ကျိုးယန်ကို တင်းမာစွာမေးလာသည်။ ကျိုးယန်က မျက်မှောက်ကြုတ်လိုက်ပြီးနောက်
“မင်းမှာ သိနိုင်တဲ့ အရည်အချင်းမရှိဘူး”
“မင်း…”
ရှပင် တယောက် ဒေါသထွက်သွားဟန်တူသည် ယခုချိန်၌ သူ့ရဲ့ကျင့်ကြံမှုမှာ အထွဋ်အထိပ်သို့ ရောက်နေပြီ ဖြစ်ပြီး အဆင့်၈ ကျင့်ကြံသူနှစ်ဦး လည်းပါဝင်သောကြောင့် ကျိုးယန်ကို ဂရုမစို က်ချေ။
“ဟားး.ဟားးကံတရားက ငါ့ဘက်မှာရှိတာပဲ ကျိုးယန် ကျိုးယန် မင်းကြောင့် ငါတို့ရှမိသားစု တခုလုံး အရှက်တကွဲ အကျိုးနည်းဖြစ်ပြီး မဟူ ရာမြို့တော်က ရှောင်ပြေးခဲ့ရတယ် ငါတို့ရဲ့မူလ ပုံစံကို ဖုံးကွယ်ပြီး တချိန်မှာ မင်းကို အကြွေးပြ န်တောင်းမယ်လို့ ဆုံးဖြတ်ထားတာ အခုတော့ ရေကန်အသင့် ကြာအသင့်ပဲဟေ့”
ရှပင်က ကျေနပ်နေသည့်ဟန်ဖြင့် ကျယ်လောင် စွာရယ်မောရင်း ပြောသည်။ အစီအရင်ကျော က် ရှာဖွေသည့် ရတနာက လှိုဏ်ဂူထဲသို့ဝင်ချိန် မှစ၍ အချက်ပြမှု ပျောက်ကွယ်သွားသော်လည် ရှပင်ရဲ့ မသိစိတ်အရ သေချာပေါက် ရှိနေသည် ဟု ယူဆထားလေသည်။ ထိုအတွက် လမ်းအ ဆုံးထိ ဝင်ရောက်လာခြင်းဖြစ်သည်။
“အဆင့်၈ နှစ်ယောက်ကို ထိန်းထားပေးလို့ရနိုင် မလား မိနစ်ဝက်လောက်ပဲ”
ကျိုးယန်က ကိုင်ရီရီကို တိတ်တဆိတ် လှမ်း၍ မေးလိုက်သည်။ သူ့အတွက် သာမန်အထွဋ်အ ထိပ်သာရှိသည့် ရှပင်က လွယ်ကူသည်။ သို့ပေ မဲ့ ကိုင်ရီရီအနေဖြင့် အမြွာကျင့်ကြံသူနှစ်ဦးကို ထိန်းချုပ်ထားမှသာ ထိုအခြေနေမျိုး ရနိုင်ပေ သည်။ ကိုင်ရီရီက တခဏစဥ်းစားဟန်ပြုပြီး နောက် ခေါင်းညိတ်ပြလိုက်သည်။ သူမသည် သားရဲမျိုးနွယ်ဖြစ်၍ လူသားကျင့်ကြံသူများထ က် ပုံမှန်အခြေနေမှာပင် သန်မာတဲ့ရုပ်ပိုင်းဆိုင် ရာခုခံမှု အချို့ပိုင်ဆိုင်ထားလေသည်။ ကျိုးယ န်အတွက် မိနစ်ဝက်မျှ ထိန်းထားခြင်းက မခက် ခဲလောက်ဟု သူယူဆသည်။
ရှပင်သည် ကျိုးယန်၏ လေးနက်နေသည့် အမူ အရာကိုမြင်ချိန်၌ ကျယ်လောင်စွာ ရယ်မောနေ ခဲ့သည်။ တချိန်က ရှမိသားစုကို ဖိနှိပ်ခဲ့သည် ရန်သူဟောင်းအပေါ် ပြန်လည်ဖိနှိပ်နိုင်သည်က ခံစားရကောင်းလှသည်။
“ဘာပဲပြောပြော ခုလိုပြန်လည်တွေဆုံချိန်မှာ တော့ တချို့ကိစလေးတွေ ခဏဘေးဖယ်ပြီး ပျော်စရာအချို့ လုပ်ကြရင်မကောင်းဘူးလား”
ရှပင်က ပြုံးစစဖြင့် ပြောလာသည်။ ကျိုးယန် သည် ရှပင်နဲ့ ငရဲတမန်တော်များကြား ဆက်စပ် မှုကိုသိလိုသော်လည်း ရှပင်ကိုအနိုင်ယူပြီးမှသာ သိနိုင်မည်ကို တွက်ဆမိသည်။ ထို့အတွက် အ ချိန်ဆွဲမနေလိုတော့ပေ။ ကိုင်ရီရီဘက်လှည့်ကာ အချက်ပြလိုက်သည်။ ကိုင်ရီရီသည် ကျိုးယန် ၏ အချက်ပြမှုရသည်နှင့် အမြွာကျင့်ကြံသူနှစ် ဦးထံ တိုးဝင်သွားတော့သည်။
“ဟမ့်! အမြန်သေချင်နေပုံပဲ။ ခဗျားတို့ အဲ့မင်းသ မီးကို အမြန်ဆုံးလက်စသပ်လိုက်တော့”
ရှပင်သည် ကျိုးယန်ကို လှောင်ပြောင်နေသော် လည်း ကျိုးယန်၏ပါရမီကိုမူ အထင်ကြီးနေခဲ့ ပြီး သူ့လိုမျိုးဖြတ်လမ်းနည်းဖြင့် အဆင့်တက် သူမဟုတ်သော်ကြောင့် အနိုင်ရမရကို မပြောနို င်ချေ။ တခဏ ထိန်းထားရုံဖြင့် တဖက်မှမင်းသ မီးကို ဖြေရှင်းပြီးပါ တိုက်ပွဲမှာ ၃ယောက် တစ် ယောက်အနေထား ဖြစ်သွားတော့မည်။
ကျိုးယန်က နှာခေါင်းရှုံ့လိုက်ပြီးနောက် ဓားပင် မထုတ်တော့ပဲ ရှပင်ထံ ပြင်းထန်သည့် လက်သီ ချက်တခုဖြင့် တိုက်ခိုက်လိုက်သည်။ လက်သီး ချက်ထဲတွင် ခွန်အားတဝက်ကို ထည့်သွင်းထား ၍ ရိုးစင်းသည်ဟု ထင်ရသော်လည်း ပြင်းထန် ပုံရသည်။ ရှပင်မှာ လက်သီးကိုချက်ကိုမြင်သ ည်နှင့် ကျိုးယန်နည်းတူ လက်သီးချက်တခုထု တ်ဖော်ကာ ရင်ဆိုင်လိုက်သည်။
ဝုန်း…
လေထဲ၌ လက်သီးချက်နှစ်ခု ဆုံတွေ့သွားပြီး ပြင်းထန်တဲ့အရှိန်ကြောင့် နှစ်ဦးသားခြေလှမ်း အနည်းငယ်စီ ဆုတ်ခွာသွားကြရသည်။ ရှပင်ရဲ့ မျက်နှာမှာ ပျက်ယွင်းသွားပြီး လက်သီးချက်တ ခုနဲ့တင် ကျိုးယန်ကို ကိုင်တွယ်နိုင်မည် မဟုတ် မှန်း သူသိသွားလေပြီ။
တဖက်တွင် ကိုင်ရီရီသည် အမြွာကျင့်ကြံသူနှစ် ဦး၏ ဖိအားပေးမှုကို ခံနေရပြီး ဆက်တိုက်ဆု တ်ခွာနေရသည်။ ကံကောင်းသည်က ဒဏ်ရာမ ရထားသေးပေ။ နောက်ထပ် မိနစ်အနည်းငယ် လောက်ထိ တောင့်ခံထားနိုင်ဟန်ရှိသည်။
ကျိုးယန်က ရှပင်အနီးကို ပြေးကပ်သွားသည်။ အနီးကပ်သို့ရောက်လျင် လက်သီးချက်တခုထ ပ်မံထိုးနှက်လိုက်ပြီး လက်သီးချက်က ရှပင်ရဲ့ ပြေးလမ်းကိုပိတ်ဆို့ထားသည်။ ထိုအတွက် ရှပ င်မှာ ရှောင်တိမ်းရန်ခက်သွားပြီး ထိပ်တိုက်ရင် ဆိုင်ရန်သာ ရှိတော့သည်။
ဟမ့်… မင်းက ခွန်အားပိုကောင်းတော့ ဘာဖြစ် လဲ ငါ့မှာ ရတနာလက်နက်ရှိတယ်ကွ။
ရှပင်က လက်သီးချက်ကို ကာကွယ်ရန်လက်န က်တခုထုတ်ကာ ခုခံလိုက်သည်။ လက်နက်ရဲ့ ပုံစံမှာ ရှည်လျားသည့် တံစဥ်းတလက်ဖြစ်ပြီး နက်မှောင်နေကာ ပြင်းထန်သည့် အရှိန်အဝါအ ချို့ကို ထုတ်လွှတ်နေသည်။
လက်သီးချက်က တံစဥ်းကိုထိခတ်သွားပြီး နောက် ကျိုးယန်ရဲ့ ညာလက်တခုလုံးကို ထုံကျ င်သွားသလို ခံစားလိုက်ရပြီး အနောက်သို့ပြန် ခုန်ဆုတ်လိုက်ရသည်။
ချီးပဲ ငရဲတမန်တော်တွေကိုင်တဲ့ လက်နက်ပဲ။ ငါလက်သီးနဲ့ဆက်တိုက်နေလို့ မဖြစ်တော့ဘူး။
ချက်ချင်းပင် ဓားဆွဲထုတ်ကာ အသူရာဓားချက် ကိုထုတ်ဖော်တော့သည်။ သူ့တွင် အချိန်များ မရှိချေ။ အချိန်ကြာသွားပါက ကိုင်ရီရီ၏ အနေ ထားမှာ စိုးရိမ်ရနိုင်သည်။ ထိုအတွက် ရှပင်ကို အမြန်ဆုံးကိုင်တွယ်ရမည်။
ဓားချက်၃ချက် ဆက်တိုက်ခုတ်ပိုင်းလိုက်ပြီး အသူရာဓားချက်များက တောက်ပသည့်အလင် ရောင်နဲ့အတူ ရှပင်ထံတိုးဝင်သွားသည်။ ရှပင် က တံစဥ်းကို ကျစ်နေအောင်ဆုပ်ကိုင်ထားကာ အလင်းတန်းများကို ခုခံသည်။
ဓားချက်၌ ပါဝင်သည့် ခွန်အားမှာ ရှပင်တွေး ထင်ထားသည်ထက် ကျော်လွန်နေပြီး ပထမဓာ ချက်၂ချက်ကို ခုခဲလိုက်နိုင်သော်လည်း တတိ ယဓားချက်အရောက်တွင်မူ လွင့်စင်သွားရတော့ သည်။
အင့်!
သွေးတပွက် အန်ထုတ်ကာ အနောက်မှ နံရံကို ပြင်းစွာ ဝင်ဆောင့်တော့သည်။ ကျိုးယန်သည် ရှပင်တယောက် လွင့်စင်သွားသည်ကို မြင်သော် လည်း တိုက်ခိုက်မှုကို လျှော့မချလိုက်ပေ။ ထပ် မံတိုးဝင်သွားပြီး ဓားချက်တခု ခုတ်ပိုင်းပြန်သ ည်။ ထိုစဥ် ရှပင်က အဆောင်ပုံစံ ချပ်ပြားတခု ကိုထုတ်ယူကာ ခန္ဓာကိုယ်ကို ဖုံးလွှမ်းလိုက်သ ည်။
အလင်းရောင်များက လင်းထိန်သွားပြီး ကျိုးယ န်ရဲ့ဓားချက်က ရှပင်ကိုမထိမိစေတော့ပဲ ထိုနေ ရာမှ ပျောက်ကွယ်သွားတော့သည်။ ဟမ်..အ ဆောင်လား။ လွတ်မြောက်ရတနာတခုလား။
ကျိုးယန်တယောက် ရှပင်ထွက်ပြေးသွားခြင်း ကို မှင်သက်နေသည်။ ရှပင်က အပြီးတိုင်ထွက် ပြေးသွားခြင်းတော့ မဟုတ်နိုင်ချေ။ အကွာအ ဝေးတခုကို လေဟာနယ်ခုန်ကူးသွားခြင်းသာ ဖြစ်ရမည်။ ရှပင်သာ အစီအရင်ကျောက်တုံးကို ရှာဖွေသူဖြစ်ပါက လက်ရှိအခြေနေ၌ နောက်ပြ န် ဆုတ်မည်မဟုတ်ဟု ကျိုးယန်ထင်သည်။
ထိုစဥ် ပြင်းထန်သည့် တိုက်ခိုက်မှုကြောင့် ကိုင် ရီရီမှာ လွင့်စင်သွားပြီး သူမတကိုယ်လုံးလည်း သွေးများ စိုရွဲနေခဲ့သည်။ လက်မောင်းနှင့် ရင် ဘတ်နေရာ၌ လက်နက်ကြောင့် ထိခိုက်ထားပုံ ရပြီး သွေးများက ပွက်ခနဲ ပွက်ခနဲ ထွက်နေသ ည်။
ကျိုးယန်တယောက် သတိဝင်သွားသည်။ ချက် ချင်းပင် အမြွာကျင့်ကြံသူနှစ်ဦးထံ ခုန်ဝင်သွား ကာ ဓားဖြင့်ခုတ်ပိုင်း တိုက်ခိုက်တော့သည်။ အ ဆင့်၈ ကျင့်ကြံသူများမှာ အားကောင်းသော်လဲ အထွဋ်အထိပ်နဲ့တော့ မယှဥ်သာပေ။ ကျိုးယန် ခုန်ဝင်လာသည်ကို မြင်လျင် ထိုနှစ်ဦးမှာ မျက်စိ မျက်နှာပျက်သွားရပြီး ရှသခင်လေးထွက်ပြေး သွားခြင်းကို မယုံနိုင်ဟန်ရှိနေသည်။
ကျိုးယန်ရဲ့ ဓားချက်က အမြွာကျင့်ကြံသူနှစ်ဦ ကိုထိခံနီးအချိန်တွင် လေဟာနယ်ထဲမှ တံစဥ်း တလက်ထွက်ပေါ်လာပြီး ဓားချက်ကို ကာကွယ် သွားလေသည်။
ဝုန်း…
ကျိုးယန်ရဲ့ဓားမှာ ရတနာတခုဖြစ်သော်လည်း ငရဲတမန်တော်များ၏ လက်နက်ဖြစ်သည့် တံ စဥ်းထက်တော့ အနည်းငယ်နိမ့်ပေသည်။ ထိုအ တွက် ထိပ်တိုက်ရင်ဆိုင်ရချိန်တွင် ကျိုးယန်မှာ အနောက်သို့ ခုန်ဆုတ်လိုက်ရသည်။
“ဟမ့် ငါထွက်ပြေးသွားပြီလို့ မင်းတို့ထင်နေတာ လား။”
ရှပင်က သူ့လူများကို မကျေမနပ်ဖြင့် ကြည့်၍ ပြောလိုက်သည်။ ကျိုးယန်၏ နောက်ဆုံးဓား ချက်မှာ အသက်အန္တရာယ်ပေးနိုင်သည်ကို သ တိပြုမိပြီးနောက် အသက်ကယ်အဆောင်ကို သုံးလိုက်ရ၍ ဒေါသထွက်နေခဲ့ရသည်။
ဝေါ…..ဝုန်း
ထိုအချိန် ခန်းမကြီးမှာ လှုပ်ယမ်းသွားပြီး ကိုင် ရီရီရဲ့ ပစ်ဆောင့်မှုကြောင့် ရုပ်တုများမှာအသ က်ဝင်နေသည့်နှယ် နေရာရွေ့ပြောင်းသွားပြီး ကြီးမားသည့် အစီအရင်ကြီးတခု ပေါ်ထွက်လာ သည်။ အစီအရင်ကြီးမှာ ခြောက်ထောင့်ကြယ် ပုံစံခန်းမအပြည့် ရှိနေပြီး ကျိုးယန်တို့တဖွဲ့လုံး ကို ဖုံးလွှမ်းလိုက်သည်။
ချွင်!
တဦးစီအပေါ်သို့ အလင်းတန်းများ ကျရောက် လာသည်။ ပြီးနောက် အလင်းတန်းများက ဆွဲ ခေါ်သွားပြီး ကျိုးယန်တို့ တဖွဲ့လုံး အစီအရင်ထဲ ဝင်ရောက်သွားခဲ့သည်။