← Chapters

ပုံရိပ်ယောင်အစီအရင်

Vol. 13 Ch. 187

ပုံရိပ်ယောင်အစီအရင်

Vol. 13 Ch. 187

ကျိုးယန်သည် အလင်းရဲ့ဆွဲခေါ်မှုကို မခုခံပဲ အသာတကြည်လိုက်ပါသွားရန် ဆုံးဖြတ်လိုက် သည်။ အစီအရင်ကြီးတခုပေါ်လာသောကြောင့် ဒီနေရာ၌ အစီအရင်ကျောက်ရဲ့ လမ်းစအချို့ တွေ့မြင်နိုင်သည် မဟုတ်လား။

မိနစ်အနည်းငယ် အကြာတွင် ကျိုးယန်တစ် ယောက် ကြီးမားသည့် တိုက်ပွဲကွင်းပြင်တခုရဲ့ အလယ်သို့ ရောက်သွားရသည်။ တိုက်ပွဲမှာလူ သားကျင့်ကြံသူများ အမျိုးအမည်မသိနိုင်တဲ့ သားရဲများစွာက ငရဲတမန်တော်များကို တိုက် ခိုက်နေပြီး လူသားကျင့်ကြံသူများဘက်မှ အ ရေးနိမ့်နေပုံရသည်။

“နောက်မဆုတ်ကြနဲ့ အဆုံးထိ တိုက်ပွဲဝင်ကြ”

တတိယ အင်မော်တယ်အသွင်ပြောင်းခြင်းအ ဆင့်ရှိ တဦးမှ ကျယ်လောင်စွာ အော်ဟစ်ပြီး အ နီးရှိ တမန်တော်တဦးထံ တိုးဝင်သွားတော့သည် အုန်း… ဝုန်း…

ပြင်းထန်သည့် ချီစွမ်းအင်နှင့် မရဏ ချီများ လေထဲ ပြန့်နှံ့နေပြီး အချင်းချင်း ပွတ်တိုက်မှု က လေထုကိုပင် လှုပ်ယမ်းသွားစေသည်အထိ ပြင်းထန်နေသည်။ ကျိုးယန်၏ မျက်စိရှေ့၌ပင် တိုက်ပွဲမှာ တဖြေးဖြေး ပုံစံပြောင်းသွားပြီး ရှေး လောကတခုကို ရောက်သွားပြန်သည်။

ထိုလောကရဲ့ ပုံစံမှာ ထိပ်တန်းအဆင့်လောက တခုဖြစ်နိုင်ပြီး ကျိုးယန်သည် မြို့တမြို့၏ အထပ်မြင့် အဆောက်အုံတခုရဲ့ အပေါ်ဆုံးထပ် ၌ ရှိနေခြင်းဖြစ်သည်။ အပေါ်မှ အောက်သို့ငုံ့ ကြည့်လိုက်လျင် ကျင့်ကြံသူအများအပြားကို တွေ့မြင်နေပြီး အနိမ့်ဆုံးကျင့်ကြံသူပင် တတိ ယအသွင်ပြောင်းခြင်း၌ ရှိနေပြီး အချို့သူများရ ကျင့်ကြံမှုကိုတော့ ကျိုးယန်ပင် မမြင်နိုင်ချေ။ ထိုအချက်က ကျိုးယန်ထက် ကျင့်ကြံမှုသာလွန် သည်ဟု ဆိုနိုင်သည်။

ဘာအတွက် ဒီလိုတွေပြနေတာလဲ။ ငါ့ကိုဘာမြ င်စေချင်နေတာလဲ။

ကျိုးယန်တယောက် နားမလည်နိုင်ဖြစ်နေသည် ပထမအကြိမ်က တိုက်ပွဲတခုရဲ့ အလယ်ဖြစ်ပြီး ဒုတိယမြင်ကွင်းက စည်ကားသည့် မြို့တမြို့ဖြ စ်နေပြန်သည်။ ပုံရိပ်ယောင်အစီအရင်တခုဖြစ် သော်လည်း ကျိုးယန်ကို အန္တရာယ်ပြုမည့်ပုံမရှိ ချေ။

ကျိုးယန်နည်းတူ တဖက်တွင် ကိုင်ရီရီ ရှပင်တို့ သည်လည်း အစီအရင်ဖုံးလွှမ်းခံရကာ ကိုင်ရီရီ မှာ ဘိုးဘေးမြွေမျိုးနွယ်ထံ ရောက်ရှိသွားခဲ့ပြီး ရှပင်ကမူ တမန်တော်ဘိုးဘေးထံ ရောက်သွားခဲ့ သည်။

“ဟင်း….. နောက်ဆုံးတော့ လောက၃ထောင်ကို ကာကွယ်ပေးမယ့် လူသားကျင့်ကြံသူတစ်ဦး ပေါ်လာပြီပဲ”

လေထုထဲမှ တိုးညင်းသည့် စကားသံတခုထွက် ပေါ်လာသည်။ ကျိုးယန်မှာ စကားသံကိုကြား သည်နှင့် တကိုယ်လုံးရေအေးနဲ့ လောင်းချခံလို က်ရသလို အေးစိမ့်သွားရသည်။

“ဘယ်သူလဲ”

ကျိုးယန်ရဲ့ အမေးကို ပြန်ဖြေမည့်သူ မရှိချေ။ ခနအကြာတွင် နောက်ကျောဘက်၌ လှုပ်ရှားမှု တခု ထွက်ပေါ်လာ၍ လှည့်ကြည့်လိုက်လျင် လူ တဦးရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူရဲ့ ပုံစံမှာ ကျိုးယန်တွေ့ခဲ့သည့် ရုပ်တုများထဲမှ ကြံ့ ခိုင်သည့် လူကြီးရဲ့ ပုံစံဖြစ်သည်။

“မင်း.. ငါ့ကို မြင်နိုင်တာပဲ”

ထိုလူကြီးရဲ့ စကားသံက ထွက်ပေါ်လာပြန်သ ည်။

“ခဗျားဘယ်သူလဲ ကျုပ်ကို ဒီနေရာခေါ်လာတာ ကကော ဘာအတွက်လဲ”

ကျိုးယန်က သူသိလိုရာကိုသာ မေးနေခဲ့ပြီးထို လူက အနည်းငယ်ပြုံး၍ ပြန်မဖြေပေ။ ထိုအ စား ထိုင်ခုံတခုတွင် ဝင်ထိုက်လိုက်ပြီး ကျိုးယန် ကိုလည်း သူ့ရှေ့ရှိ ခုံ၌ ထိုင်စေသည်။

“ခနထိုင်ပါဦး မင်းသိလိုတာကို ငါရှင်းပြပေးမှာ ပါ”

ကျိုးယန်က ခေါင်းညိတ်၍ ဝင်ထိုက်လိုက်ပြီးထို လူကြီး ဆက်ပြောလာမည့် စကားကိုစောင့်ဆိုင်း နေသည်။

“ငါ့ကိုငါ အရင်မိတ်ဆက်ပေးမယ် ငါက ကြယ် တာရာလောကရဲ့ အရှင်သခင် ကြယ်နတ်ဘုရား ပဲ ငါ့ရုပ်တုကိုတော့ မင်းအပြင်မှာ တွေ့ခဲ့မှာပါ”

ကြယ်နတ်ဘုရား ဟုတ်လား။ ကြယ်တာရာ လောက ဆိုတာကကော ဘာလဲ။ကျိုးယန်တစ် ယောက် မှင်သက်သွားရပြီး လောကများစွာရှိ ထားသည်ကို သိထားသူဖြစ်၍ တခနကြာလျင် ပြန်လည်တည်ငြိမ်သွားသည်။ ထိုလူကြီးက ကျိုးယန်ရဲ့ အမူအရာကို ကြည့်၍ သဘောကျ ဟန်ဖြင့် ပြုံးလေသည်။

အဆင့်နိမ့်လောကမျ ကျင့်ကြံသူများသည် ပို၍ မြင့်မားသည့် လောကများအကြောင်းကို ကြား ချိန်၌ မှင်သက်နေတတ်ကြပြီး ကျိုးယန်လော က် စိတ်ဓာတ်ခိုင်မာမှု မရှိပေ။ ထိုလူမသိသည် က ကျိုးယန်မှာ ကူးပြောင်းသူဖြစ်သောကြောင့် ပို၍ အဆင့်မြင့်သည့် လောကများရှိနေသည်ကို ကိုယ်တိုင်သိချိန် အနည်းငယ် အံ့သြသွားခြင်း သာဖြစ်ရခြင်းမှာ ရိုးရှင်းသည်။

“ကောင်လေး မင်းက အစီအရင်ကျောက်ကို လာရှာတာ မဟုတ်လား”

“ဟုတ်ပါတယ် အကြီးအကဲ”

ကျိုးယန်က ရိုရိုကျိုးကျိုးပင် ပြန်ဖြေလိုက်သ ည်။ တဖက်သူမှာ အန္တရာယ်ပေးမည့်ဟန် မရှိ သောကြောင့် သတိထားမှုကိုလည်း လျှော့ချလို က်သည်။

“မင်းအပြင်မှာ တွေ့ခဲ့တဲ့ ရုပ်တုတွေက ငါတို့ လောကစစ်ပွဲထဲမှာ ပါဝင်တဲ့ အထွဋ်အထိပ်တွေ ရဲ့ ရုပ်တုတွေပဲ အဲ့ဒီမှာ သားရဲမျိုးနွယ် နတ်သူ ငယ် တမန်တော် လူသားကျင့်ကြံသူ သွေးစစ် သည် အစုံရှိပြီးတော့ ငရဲတမန်တော်တဖက်တ ည်းကိုပင် ငါတို့အထွဋ်အထိပ် မျိုးနွယ်၅ခုက ပူးပေါင်း တိုက်ခိုက်ခဲ့ကြရတာ”

မျိုးနွယ်၅ခုတောင် ပူးပေါင်းခဲ့ရတာလား။ တမ န်တော်တွေက ဘယ်လောက်တောင် စွမ်းအားရှိ နေကြတာလဲ။

ကြယ်နတ်ဘုရားက ကျိုးယန်ရဲ့ အတွေးကိုသိ နေသည့်နှယ် ပြောလာသည်။

“သူ တို့က အရမ်းစွမ်းထက်တယ် သူတိ့ရဲ့အား သာချက်က လောကတွေကိုဝါးမြိုနိုင်ပြီး အဲ့ဒီ ကနေ သူတို့ရဲ့ခွန်အားကို မြင့်တင်နိုင်တာပဲ လ က်ရှိအထိဆို တမန်တော်တွေက တဖန်ပြန်ပေါ် လာပုံရှိတယ်”

“ကျတော့်ကို အဲ့တုန်းက တိုက်ပွဲနဲ့ပက်သက်ပြီး ပြောပြပေးလို့ရမလား”

ကျိုးယန်ရဲ့ အမေးကို ကြယ်နတ်ဘုရားက

“ကောင်းပြီ အဲ့တုန်းက တိုက်ပွဲမှာ အထွဋ်အထိ ပ်နတ်ဘုရားအဆင့် ငရဲတမန်တော်တဦးကို ငါ တို့ အစောပိုင်းနတ်ဘုရားအဆင့် ကျင့်ကြံသူ၅ ဦးပူးပေါင်းပြီး နှစ်တထောင်ကျော် အဆက်မ ပြတ်တိုက်ခဲ့ရတယ် တဖက်ရန်သူက အားအရမ် ကောင်းလွန်းတော့ အဆုံးမှာ ငါတို့လည်း နော က်ဆုံး တိုက်ကွက်ကို ပူးပေါင်းဖော်ထုတ်ပြီး ဖိ နှိပ်လိုက်ပေမယ့် ကံဆိုးတာက တမနိတော်နတ် ဘုရားက ဒဏ်ရာအပြင်းအထန်နဲ့ လွတ်သွားခဲ့ တာပဲ ငါတို့လည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ အဆုံးသတ်ခဲ့ရပြီး ငါတို့ရဲ့စိတ်ဝိဉာဥ်ကို ထိန်ချ န်ထားနိုင်ဖို့ အပြင်ဘက်က ရုပ်တုတွေထဲ ထည့် ထားခဲ့ရတယ်”

ကျိုးယန်က ကြယ်နတ်ဘုရားရဲ့ စကားကိုနား ထောင်နေပြီး ချက်ချင်းပင် မေးပြန်သည်။

“အပြင်ဘက်က ရုပ်တုက ၆ရုပ်ဖြစ်နေပြီး ငရဲ တမန်တော်ရုပ်တုမပါဘူးဆိုတော့ နောက်တရုပ် ကဘယ်သူလဲ”

“မှန်တယ် ငရဲတမန်တော်ရဲ့ရုပ်တုတော့မရှိဘူး ဒါပေမယ့် သူ့ရဲ့ အရှိန်အဝါအချို့ငါတို့ပေါ်သ က်ရောက်ထားတာကြောင့် ငါတို့ကိုမင်းခုတိုင်း ဆက်သွယ်သလို ငရဲတမနိတော်တဦးကလည်း ငရဲတမန်တော်နတ်ဘုရားကို ဆက်သွယ်နိုင်စွမ်း ရှိနေတယ် ဒါက ကြွင်းကျန်တဲ့ အရှိန်အဝါကနေ တမန်တော်နတ်ဘုရားက ငါတို့ရဲ့လှုပ်ရှားမှုကို ထောက်လှမ်းနေခဲ့တာပဲ မင်းသိချင်တဲ့ နောက် ဆုံးရုပ်တုက ကျင့်ကြံသူမဟုတ်ပါဘူး သူက တမန်တော်တွေ ဝင်ရောက်မယ့်လမ်းကြောင်း ကိုပိတ်ဆို့ပေးတဲ့ အစီအရင်နတ်ဘုရားတပါးပါ”

အစီအရင်နတ်ဘုရား ဟုတ်လား ဘယ်အဆင့် ကိုတောင်ရောက်နေလို့ အစီအရင်နတ်ဘုရားလို့ ခေါ်နိုင်ရတာလဲ။

“ဒါနဲ့ အစီအရင်ကျောက်ကို ဘယ်လိုမျိုးရနိုင်လဲ အကြီးအကဲ လမ်းညွှန်ပေးပါဦး”

ကျိုးယန်က တလေးတစားပင် မေးလိုက်သည်။ ရည်ရွယ်ချက်ဖြစ်သည့် အစီအရင်ကျောက်ကိစ ကိုမေ့မထားပေ။

“လောက၃ ထောင်စလုံးမှာ တမန်တော်တွေရဲ့ လမ်းကြောင်းတခုစီ ရှိပြီး လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ဆိုရင် အစီအရင်ကျောက်ကိုလိုအပ် တယ် ဒါက မင်းသိထားတဲ့အချက်ပေါ့ နောက် ထပ် မင်းမသိတာက အစီအရင်ကျောက်ဆိုတာ လောကအမြူတေဖြစ်ပြီး လမ်းကြောင်းကိုပိတ် ဆို့ဖို့ မင်းအနေနဲ့ ဒီလောရဲ့အရှင်သခင်တပါးဖြ စ်လာရလိမ့်မယ် အဲ့ဒါပြီးမှ လောကအုပ်ချုပ်သူ အနေနဲ့ လောကဝိဉာဥ်က ဒီလောကရဲ့အမြူ တေကို အပ်နှံပေးလိမ့်မယ်”

ကျိုးယန်တယောက် စိတ်ရှုပ်ထွေးသွားခဲ့သည်။ စနစ်၏ တာဝန်အရ အစီအရင်ကျောက်ကို ရှာတွေ့ဖို့က လွယ်ကူပြီး ကြယ်နတ်ဘုရားရဲ့စ ကားကြားရတော့ ခက်ခဲနေပြန်သည်။ ဘယ်အ ရာက အမှန်ဖြစ်သနည်း။ ထို့အပြင် အစီအရင် ကျောက်မရှိပါက စနစ်မှ တာဝန်ပေးလာမည် မဟုတ်ချေ။

ကျိုးယန်တယောက် အတွေးများနေစဥ် ကြယ် နတ်ဘုရားက ငြိမ်သက်နေပြီး တိတ်တဆိတ် စောင့်ဆိုင်းနေသည်။

All Chapters