← Chapters

ယာယီပိတ်ဆို့သည့်နည်းလမ်း

Vol. 13 Ch. 188

ယာယီပိတ်ဆို့သည့်နည်းလမ်း

Vol. 13 Ch. 188

“အခုငါပြောနေတာက လမ်းကြောင်းကိုအပြီး တိုင်ပိတ်ဆို့ဖို့အတွက် ဖြစ်ပြီး လောကတခုလုံး ရဲ့ အရှင်သခင်တပါး ဖြစ်ဖို့က ခက်ခဲမှန်းငါသိ ပါတယ် ဒါပေမယ့် မင်းအနေနဲ့ အချိန်တချို့ရ အောင် လမ်းကြောင်းကို ယာယီပိတ်ဆို့ဖို အစီ အရင်ကျောက်တမျိုးကို သုံးနိုင်သေးတယ်”

ဟုတ်ပြီ။ စနစ်ရဲ့တာဝန်က အဲ့ဒါပဲ။ ဒါဆိုလမ်း ကြောင်းကို အပြီးတိုင်ပိတ်ဆို့ဖို့က လောကအုပ် ချုပ်သူဖြစ်မှ ရမှာပေါ့။ ချီးပဲ ခက်ခဲလိုက်တာ။

“ယာယီပိတ်ဆို့တာက ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာလဲ ပြီးတော့ အစီအရင်ကျော က်ကို ဘယ်လိုတွေ့နိုင်မှာလဲ”

“မေးတာ ကောင်းတယ် ယာယီပိတ်ဆို့တာက နှ စ်ပေါင်း တစ်ရာတိတိ အချိန်ရပြီးတော့ အစီအ ရင်ကျောက်ကို ရဖို့ မင်းအနေနဲ့ ဒီလောကရဲ အ ရင်အုပ်ချုပ်သူဆီမှာ စမ်းသပ်မှာခံယူရလိမ့်မ ယ်”

ဒီလောကမှာလည်း အုပ်ချုပ်သူရှိနေတာလား။ ဒါဆို တချိန်က ဒီလောကလည်း အားကောင်းခဲ့ တယ်လို့ ဆိုလိုတာပေါ့။

“စမ်းသပ်မှု ခံယူဖို့စိတ်ဝင်စားလားကောင်လေး စမ်းသပ်မှုကတော့ သေချာပေါက်မလွယ်ကူနိုင် ဘူးနော်”

ကြယ်နတ်ဘုရားက တည်ကြည်စွာဖြင့်မေးလာ သည်။ သူသည် ကျိုးယန်ရဲ့ စိတ်ဓာတ်ကို နှစ် သက်နေပြီး ငယ်ရွယ်သည့် ဧကရာဇ်တပါးဖြစ် နေ၍လည်း ပိုသဘောကျနေခဲ့သည်။

“ဒါနဲ့ အခြားသူတွေကကော ဘယ်လိုဖြစ်သွား မှာလဲ”

ကျိုးယန်၏ အမေးကို ကြယ်နတ်ဘုရားက

“သူ တို့တဦးစီက သက်ဆိုင်တဲ့ ဘိုးဘေးတွေဆီ ရောက်သွားပြီး အမွေအနှစ်အချို့ ဆက်ခံရလိ မ့်မယ် မင်းသတိထားရမှာက တမန်တော်အဖွဲ့ က ကောင်လေးကိုပဲ သူသာ ဘိုးဘေးတမန် တော်နဲ့ ဆက်သွယ်မိပြီး အမွေအနှစ်တချို့သာ ရသွားခဲ့ရင် မင်းသူ့ကိုရင်ဆိုင်ဖို့ မလွယ်တော့ ဘူး ဒါကြောင့် ငါအကြံပေးလိုတာက အစီအရ င်ကျောက်ကို ရအောင်ယူပါ တဖက်မှာဒီလော ကအုပ်ချုပ်သူရဲ့ အမွေအနှစ်ကိုလည်း ကြိုး စားကြည့်ပါ”

ကျိုးယန်က ခေါင်းညိတ်ပြလိုက်သည်။ ယာယီ ပိတ်ဆို့နိုင်သည်ကလည်း အကျိုးမနည်းပေ။ စနစ်ရဲ့ ဆုလာဒ်အရ အထူးတပ်ဖွဲ့ဝင်များ ထပ် မံရနိုင်သေးပြီး မကြာမီဖြစ်လာမည့် လီပြည် ထောင်စု၏ အရှုပ်ထွေးကို ဖြေရှင်းရာ၌ အကူ ညီဖြစ်စေနိုင်သည်။

“ကောင်းပြီ အစီအရင်ကျောက်အတွက် စမ်း သပ်မှုကို အရင်ခံယူမယ်”

ကျိုးယန်ရဲ့စကားဆုံးသည်နှင့် ကြယ်နတ်ဘုရား က ညာလက်ကိုဝေ့ယမ်းကာ ကျောက်စိမ်းပြား တချပ်ကို ထုတ်ပေးလိုက်သည်။

“ဒီထဲကို မင်းရဲ့စိတ်စွမ်းအင်နည်းနည်းထည့်လို က် ကျောက်ပြားချပ်က နေရာတခုကို ပို့ပေးလိ မ့်မယ်”

ကျိုးယန်က ကျောက်ပြားချပ်ကိုယူလိုက်ပြီး ကြယ်နတ်ဘုရား ညွန်ကြားသည့်အတိုင်း ပြုလု ပ်လိုက်သည်။ ကျောက်ပြားချပ်မှာ အလင်း ရောင်များ ထွက်ပေါ်လာပြီး ကျိုးယန်ကို ဖုံးလွှ မ်းသွားသည်။

“ကံကောင်းပါစေ ကောင်လေ ငါမင်းကိုအများ ကြီးမျှော်လင့်ထားတယ်”

တိုးညင်းသည့် စကားသံအချို့ကြားလိုက်ရပြီး တဖက်တွင် ကျိုးယန်တယောက် နေရာကူး ပြောင်းသွားလေသည်။

နောက်ထပ်ရောက်သွားသည့် နေရာကတောင် ကုန်းတခုဖြစ်ပြီး တောင်ကုန်းငယ်လေး၏ ထိပ် တွင် အိမ်ငယ်တလုံးရှိနေသည်။ ကျိုးယန်သည် တောင်ကုန်း၏ အောက်ခြေကို ရောက်လာခြင်း ဖြစ်ပြီး တောင်ကုန်းထိပ်ရှိ အိမ်ကိုမြင်သည်နှင့် စဥ်းစားခြင်းပင် မပြုတော့ပဲ အိမ်ရှိရာသို့ တိုက် ရိုက်သွားလိုက်တော့သည်။

အိမ်သည် တယောက်နေအိမ်သာဖြစ်ပြီး သေး ငယ်သည်။ သို့သော် အရှိန်အဝါအချို့ ဖုံးလွှမ်း ထားပြီး အိမ်နဲ့နီးကပ်လာသည်နှင့်အမျှ ဖိအား မှာ တိုးများလာသည်။ ကျိုးယန်က ဖိအားများ ကို ကြံ့ကြံခံကာ ဆက်၍ တက်သွားသည်။ ထို အရာမှာ စမ်းသပ်မှုတခုဖြစ်နေနိုင်သည် မဟု တ်လား။

မီတာ ၅၀ သာဝေးသည့် အကွာအဝေးကို ကျိုး ယန်တယောက် နာရီဝက်ခန့်တက်လိုက်ရပြီး အ ဆုံးတွင် တကိုယ်လုံးချွေးများ စိုရွဲလျက် အိမ်အ နီးသို့ ရောက်သွားတော့သည်။ ထိုစဥ် အိမ်ရဲ့တံ ခါးတချပ် ပွင့်လာပြီး အိမ်ထဲမှ အမျိုးသမီးတစ် ဦး ထွက်ပေါ်လာသည်။

အမျိုးသမီးရဲ့ သွင်ပြင်မှာ မြင့်မြတ်သည့် နတ် ဘုရားမတပါး ပုံစံရှိနေပြီး သွယ်လျသည့် ခြေ တံရှည်များနှင့် လှပသည့်ကိုယ်ဟန်ကို ချည်ကြ မ်းဝတိစုံက မဖုံးကွယ်ထားနိုင်ပေ။ မျက်လုံးမျာ မှာ ကြယ်များကဲ့သို့ တောက်ပနေသည်။ နီရဲရွှန် လဲ့သည့် နှုတ်ခမ်းတစုံကို အသာဖွင့်၍ပြောလာ သည်။

“မင်းရောက်လာပြီပဲ”

“ကျတော် ကျိုးယန်က အကြီးအကဲကို နှုတ်ဆ က်ပါတယ်”

ကျိုးယန်က ဦးညွှတ်နှုတ်ဆက်လိုက်သည်။တ ဖက်တွင် အမျိုးသမီးကပြုံး၍

“ငါ့ကိုငါတော့ မိတ်မဆက်တော့ဘူး ဒီလောကရဲ အုပ်ချုပ်သူတပါးလို့ သိထားရင်လုံလောက်ပြီ အခု မင်းက ငါ့စီနီယာအစ်ကိုကြီး လမ်းညွှန်ချ က်နဲ့ ယာယီပိတ်ဆို့တဲ့ အစီအရင်ကျောက်အတွ က် စမ်းသပ်ခံဖို့ လာတာမဟုတ်လား”

“ဟုတ်ပါတယ် အကြီးအကဲ”

“ကောင်းပြီ ခနထိုင်ပါဦး”

သူမက လက်ကိုအသာရမ်းလိုက်ပြီး ထိုင်ခုံနှင့် စားပွဲတခုကို ထုတ်ဖော်လိုက်သည်။ ပြီးနောက် သူမကပင် ဦးစွာဝင်ထိုင်လိုက်ပြီး စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ထဲသို့ လက်ဖက်ရည်အချို့ ငဲ့ထည့်လိုက်သည်။

“စမ်းသပ်မှုက ရိုးရှင်းပါတယ် ဒါပေမယ့်ခက်ခဲ မှုကတော့ မြင့်တယ် မင်းက ဒီနေရာထိရောက် လာပြီဆိုမှတော့ အပိုစကားတွေ မပြောတော့ဘူ စမ်းသပ်ခံဖို့ အသင့်ဖြစ်ပြီလား”

ဟမ် ဒီနေရာကြီးမှာလား။ သူက ဘယ်လိုစမ်း သပ်မှာလဲဟ။ ကျိုးယန်တယောက် မှင်သက်နေ သည်။ စားပွဲတွင် ထိုင်၍ မည်ကဲ့သို့စမ်းသပ်မ ည်နည်း။

“ဒီနေရာမှာပဲ စမ်းသပ်မှာ ရိုးရှင်းပါတယ် ငါက ကျင့်ကြံမှုကို မင်းနဲ့အဆင့်တူထိ ဖိနှိပ်လိုက်ပြီး ငါ့ရဲ့ သိုင်းကွက်၃ကွက်ကို ခုခံနိုင်ရင် မင်းနိုင်ပြီ မခုခံနိုင်ရင်တော့ မင်းသေရလိမ့်မယ် ဘယ်လို လဲ နောက်ပြန်ဆုတ်ချင်လား”

သူမက ပြုံးစစဖြင့် မေးလာသည်။ ကျိုးယန်သ ည် မည်သည့်အမွေအနှစ်ကိုမဆို သူ့အသက်ဖြ င့်ရင်းရသည့်အနေထားအား စိတ်ပျက်သွားရသ ည်။ ကမ္ဘာမြေရှိ မူလနယ်မြေတုန်းကလည်း ထို အတိုင်းပင်။ သူမက ကျင့်ကြံမှု ဖိနှိပ်ထားမည် ဆိုသော်လည်း နတ်ဘုရားက နတ်ဘုရားသာဖြ စ်သည်။ ထိုအဆင့်က နောက်စရာမဟုတ်ချေ။

“၃ ကွက်ပဲမဟုတ်လား အဆင်ပြေတယ် ဒါနဲ့ အကြီးအကဲ ရဲ့ အမွေအနှစ်အတွက်ကော စမ်း သပ်ခံယူနိုင်ခွင့်ရှိသေးလား”

“ဒါက ပထမစမ်းသပ်ချက်ကို မင်းအောင်မှဖြစ် မယ် မင်းမှာ လုံလောက်တဲ့အရည်အချင်းမရှိပဲ ငါ့အမွေအနှစ်ကို မပေးနိုင်ဘူး ကောင်လေး”

ကျိုးယန်က ခေါင်းညိတ်လိုက်သည်။ ထိုအချ က်က မှန်ကန်ပေသည်။ သိုင်း၃ ကွက်ကိုပင် မခံ ယူနိုင်ပါက အမွေအနှစ်ကဲ့သို့ တန်ဖိုးကြီးမားသ ည့်အရာကို ဆက်ခံရန် အရည်အချင်းမရှိချေ။

“ခုစကြတော့မလား”

ကျိုးယန်က သူမကို မေးလိုက်သည်။ သူ့အနေ ဖြင့် အလျင်မြန်ပင် စမ်းသပ်မှုပြီးစီးလိုနေသည် ထိုမှသာ အပြင်သို့ရောက်လျင် ရှပင်အား သတ် ဖြတ်နိုင်မည်မဟုတ်လော။ ထိုသို့မဟုတ်ပါက အပြင်ကိုသာ ကိုင်ရီရီအရင်ထွက်ပြီး ရှပင်နဲ့ဆုံ လျင် အခြေနေမဟန်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် အရင်ဆုံးပြန်ထွက်နိုင်ရန်လိုအပ် သည်။

All Chapters