သိုင်းကွက် ၃ကွက်
Vol. 13 Ch. 189
လောကအုပ်ချုပ်သူအမျိုးသမီးက ပြုံး၍ပြော လိုက်သည်။
“မင်းက အလျင်လိုနေတာပဲ အပြင်မှာစိုးရိမ်ရမဲ့ အဖော်ပါလာပုံရတယ် အရမ်းစိတ်မပူပါနဲ့ မင်း သာစမ်းသပ်မှုကို အောင်မြင်ခဲ့ရင် မင်းအဖော်ရှိ တဲ့နေရာကို ပို့ပေးမှာပါ”
ကျိုးယန်က ထိုစကားကြားလျင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
“အသင့်ဖြစ်ရင် စလိုက်ကြတာပေါ့”
ချက်ချင်းပင် စားပွဲနေရာမှာ ပျောက်ကွယ်သွား ပြီး ထိုအစားကျယ်ပြန့်သည့် ကွင်းပြင်တခုဖြစ် ပေါ်လာသည်။
“ပထမ တကွက်မှာ ငါ့ရဲ့ခွန်အား သုံးဆယ်ရာနှု န်းထိ ပါဝင်ပြီးတော့ ဒီဓားကွက်ကို ငါမင်းအရွ ယ်တုန်းက ရှေးဟောင်းနေရာတခုကနေ လေ့ လာခဲ့ရတာပဲ မြည်းစမ်းကြည့်ပေါ့”
သူမက ထိုသို့ပြောပြီးသည်နှင့် ဝိဉာဥ်ချီကို ဓား အသွင်ပြောင်းကာ ဆုပ်ကိုင်လိုက်သည်။ ပြီး နောက် စကားအတိုင်းပင် ကျင့်ကြံမှုကို ဖိနှိပ်လို က်ပြီး အထွဋ်အထိပ်အဆင့်ဖြင့် သူမရဲ့ပထမ ဆုံးဓားကွက်ကို ထုတ်ဖော်တော့သည်။
သို့သော် သူမက မည်သူနည်း။ နတ်ဘုရားအ ဆင့် ၌ရှိနေပြီး သူမပိုင်ဆိုင်ထားသည့် နိယာမ သဘောတရားများမှာ ကျိုးယန်ထက် ပိုများပြီး ပို၍လည်း ပြည့်စုံတဲ့အဆင့်မှာ ရှိနေပေသည်။ ထိုအတွက် သူမရဲ့ ဓားချက်မှာ အခြေခံခုတ်ပိုင် ချက်တခုသာဖြစ်သော်လည်း ထွက်ပေါ်လာသ ည့်ခွန်အားကတော့ သာမန်အထွဋ်အထိပ်များ ကို ဒဏ်ရာအချို့ရသွားစေနိုင်သည်။
ကျိုးယန်က အသူရာဓားချက်ရဲ့ ဒုတိယဓားကွ က်ကို ထုတ်သုံးလိုက်ရသည်။ ပထမဓားကွက် ဖြင့် လုံလောက်မှုမရှိနိုင်ဟု သူခံစားနေရသည်မ ဟုတ်လား။
ရွှီး…
စူးရှသည့် လေတိုးသံနှင့်အတူ ဓားအလင်းနှစ်ခု က လေထဲ၌ပင် ထိပ်တိုက်ဆုံတွေ့ခဲ့ပြီး နောက် ဆက်တွဲ အဟုန်ကြောင့် ကျိုးယန်မှာ ပေအနည်း ငယ် နောက်ဆုတ်လိုက်ရသည်။ သူမကတော့ အနည်းငယ် လှုပ်သွားရုံကလွဲ၍ တည်ငြိမ်နေသ ည်။
“မဆိုးဘူး ဓားကျင့်စဥ်ကောင်းကောင်းတခု သ င်ယူထားတာပဲ ခွန်အားကလည်း ထိပ်တန်းအ ဆင့်မှာရှိတယ်”
ထိုအမျိုးသမီးက သူမလက်ထဲမှ ဓားကိုအသာ ဝှေ့ယမ်းနေရင်း ကျိုးယန်ကို ချီးကျူးစကားဆို လိုက်သည်။ သူမရဲ့မျက်နှာပေါ်တွင်လည်း အ ပြုံးစများ တွဲခိုနေပြီး ထိုပုံစံက ယောက်ျားသား များအဖို့ ရူးသွပ်သွားစေရန် လုံလောက်သည်။ ကျိုးယန်က တည်ငြိမ်ပြုပြင်ပြီး ပြောလိုက်သ ည်။
“ကျတော်ကံကောင်းသွားတာပါ အကြီးအကဲ ဒုတိယ သိုင်းကွက်ကို လမ်းညွှန်မှုပေးပါဦး”
ကျိုးယန်စကားဆုံးသည်နှင့် အမျိုးသမီးက ပြုံး ၍ ဒုတိယတကွက်ကို ထုတ်ဖော်တော့သည်။ ထို တကွက်၌ သူမရဲ့ အဆင့်တူခွန်အားကို တဝက် တိတိ ထည့်သွင်းထားပြီး ဓားချက်မှာလည်း နိ ယာမသဘောတရား အနည်းငယ် ပါဝင်လာသ ည်။
“ကောင်လေး ဒီတကွက်က ငါ့ခွန်အားရဲ့ တဝက် တိတိပဲ ဂရုစိုက်ပါ”
ဓားအလင်းက လေထုကို ဆုတ်ဖြဲပြီး ခုန်ကူး လာသည့်နှယ် ကျိုးယန်ရှိရာသို့ လျင်မြန်စွာရော က်ရှိလာသည်ကို တွေ့လျင် ကျိုးယန်တယောက် ရင်ထိတ်သွားရသည်။ မြန်လွန်းတယ် ဒါဘယ် လိုဓားကွက်လဲ။ မဖြစ်ဘူး နောက်ဆုံးဓားကွက် ကိုသုံးမှ ရမယ်။
ကျိုးယန်က အသူရာကျင့်စဥ်ရဲ့ တတိယဓားကွ က်ကို ထုတ်ဖော်လိုက်သည်။ ကျိုးယန်ရဲ့ ဓားအ လင်းက ဖြာထွက်လာပြီး တိုးဝင်လာသည့် ဆန့် ကျင်ဘက်ဓား အလင်းကို ထိပ်တိုက်ရင်ဆိုင်ပြန် သည်။
ဝုန်း…
ဓားအလင်းနှစ်ခုဆုံတွေ့ပြီး အလင်းရောင်အပိုင် အစများ ခွဲဖြာသွားကာ ကျိုးယန်ရဲ့ဓားအလင်း စများက ပျောက်ကွယ်သွားပြီး အမျိုးသမီးရဲ့ ဓားအလင်း အပိုင်းအစများကမူ ကျိုးယန်ရှိရာ ကို တိုးဝင်ခါတော့သည်။ ဟမ်!
ဒါဘယ်လိုကြီးလဲ။ ကျိုးယန်တယောက် မှင်သ က်နေစဥ်မှာပဲ ထိုအလင်းတန်းအစများက ကျိုး ယန်ကို ထိမှန်တော့သည်။
အင့်!
တစ်ကိုယ်လုံး ပြတ်ရှရာအပိုင်းအစများစွာ ဖြစ် သွားခဲ့ပြီး တိုက်ပွဲအတွင်း မှင်သက်ကာ အာရုံ ပြန့်သွားမှုအပေါ် စိတ်ပျက်သွားမိသည်။ ကျိုး ယန်သည် သွေးတပွက်အန်ထုတ်လိုက်ပြီး အ နောက်သို့ ပေတရာနီးပါးလွင့်စင်ကာ မိနစ်အန ည်းငယ် ကြာသည်အထိ ပြန်မထနိုင်ခဲချေ။ သို့ သော် သစ်သန္ဓေသားရဲ့ အစွမ်းကြောင့် ထိုမိနစ် ပိုင်းက ဒဏ်ရာများကို ရာနှုန်းအတော်များများ ကုသပေးနိုင်ခဲ့သည်။
“ဟင် သူ့ရဲ့ကုစနိုင်စွမ်းက ထူးဆန်းလှချည်လား ကောင်လေးမှာ ဘယ်လို လျှို့ဝှက်ချက်တွေများ ရှိနေပါလိမ့်”
အမျိုးသမီးက ကျိုးယန်တယောက် ဒဏ်ရာအ လျင်အမြန်ပျောက်သွားပုံကို ကြည့်၍ အံ့သြနေ ခဲ့သည်။ ထိုအစွမ်းက ဗာဂျာရာကျင့်စဥ်နဲ့ မဆိုင် ချေ။ သစ်သားနိယာမရဲ့ ပြန်လည်ကုသနိုင်စွမ်း သာဖြစ်သည်။
မိနစ်အနည်းငယ် ကြာမြင့်ပြီးချိန်မှာတော့ ကျိုး ယန်တယောက် တည်ငြိမ်သွားသည်။ မျက်နှာ ပေါ်၌လည်း သွေးရောင်အချို့ လွှမ်းလာသည်။ ခနကြာလျင် ကျိုးယန်က ပြုံး၍
“နောက်ဆုံးတကွက်ကို စလို့ရပါပြီ အကြီးအကဲ ကျတော်အဆင်ပြေသွားပါပြီ”
ကျိုးယန်ရဲ့ အခြေနေကိုမြင်လျင် ထိုအမျိုးသမီ က သက်ပြင်းချကာ ပြောသည်။
“ကောင်းတယ် မင်းက ပါရမီရှင်ပဲ ဒါပေမယ့် ငါ မင်းကိုသက်ညှာမှာတော့ မဟုတ်ဘူးနော် နော က်ဆုံးတကွက်မှာ ငါ့ခွန်အားရဲ့ ခုနှစ်ဆယ်ရာနှု န်းကို သုံးမယ် မင်း ခုနကထက်ပိုဂရုစိုက်ပါ”
“ကောင်းပါပြီ”
ထိုစဥ် ပတ်ဝန်းကျင်ရှိ အပူချိန်က တိုးမြင့်လာ သည်။ လေထုကိုပင် အရည်ပျော်လုမတတ်ပူ လာသည်ဟု သူခံစားနေရသည်။ မည်သည့်ဓား ကွက်က ထိုအစွမ်းရှိနေသနည်း။ ဓားကွက်ပင် မခင်းရသေးချေ။
“ဒါက နေမီးဓားကျင့်စဥ်ထဲက အစွမ်းထက်ဆုံး ဓားကွက်တခုပဲ နေအသေချ် ဓားကွက်လို့ငါအ မည်ပေးထားတယ် ဒီဓားကျင့်စဥ်က ငါ့အမွေအ နှစ်ရဲ့ တစိတ်တပိုင်းဖြစ်လို့ မင်းသာခုခံနိုင်ရင် ဒီ ဓားကျင့်စဥ်ကို အပိုင်ရပြီ ကောင်လေး မပေါ့ ဆပါနဲ့”
ကျိုးယန်က ခေါင်းညိတ်ပြလိုက်သည်။ အုပ်ချု ပ်သူ အမျိုးသမီးသည် လက်ထဲမှဓားဖြင့် လေ ထုကို အချက်အနည်းငယ် ဝေ့ယမ်းလိုက်လျင် ပတ်ဝန်းကျင်အပူချိန်မှာ အဆများစွာတိုးမြင့် လာပြီး ကျိုးယန်ရဲ့ ဗာဂျရာခန္ဓာကိုယ် တတိယ အဆင့်ပင် တောင့်ခံရန် ခက်ခဲလာသည်။ ပြင်း ထန်သည့် အပူရှိန်ကြောင့် မျက်စိရှေ့၌ နေလုံး များ ရာနဲ့ချီရှိနေသကဲ့သို့ ခံစားနေရပြီး ဗာဂျရာ ကျင့်စဥ်သာ မရှိပါက သွေးကြောများ ပေါက် ထွက်သွားနိုင်လောက်သည်။
မျက်နှာတခုလုံးနီရဲနေပြီး ဗာဂျရာကျင့်စဥ်ကိုလဲ တတိယအဆင့်ရဲ့ အမြင့်ဆုံးထိမြင့်တင်လိုက်ရ သည်။ တဖက်တွင် အသူရာဓားချက်ရဲ့နောက် ဆုံး ဓားချက်ကို ချီစွမ်းအင် အကုန်အစင်ဖြည့် သွင်းကာ ခုခံရန် စောင့်နေသည်။
အုပ်ချုပ်သူအမျိုးသမီးက လက်ကို ဝေ့ယမ်းလို က်ပြီး သူမရဲ့လက်အဝေ့တခုတွင် ဓားချက်သေ သေးတခု ဖြစ်ပေါ်နေပြီး ဓားချက်အသေးများ ရာချီစုစည်းပြီးချိန်မှာတော့ ကြီးမားသည့်ဓားအ လင်းရောင်နဲ့ ဓားချက်ကြီးတခု ဖြစ်ပေါ်လာရသ ည်။ ချီးပဲ…. ကြောက်ဖို့ကောင်းလွန်းတယ်။
ကျိုးယန်တယောက် အလေးအနက်ထားရန်လို အပ်သည် ဟုခံစားလိုက်ရကာ အဆုံးတွင်သူ့ရဲ့ ဒန်တျန်ထဲ၌ မည်သည့်ချီဓာတ်ကိုမှ မထိန်ချန် ထားတော့ပဲ အသူရာဓားချက်ကို ထုတ်ဖော်မည့် ဓားပေါ်သို့သာ ပို့လိုက်ရသည်။ ထိုသို့ပြုလုပ်လို က်ခြင်းကပင် ထိုဓားချက်ကြီး ခုခံနိုင်မည်ဟု မ ထင်ထားချေ။ မသကာ မသေရင်ရပီဟုသာ သူ တွက်ဆလိုက်သည်။
“လာပြီ ကောင်လေး”
စကားသံနဲ့အတူ ကြီးမားသည့် ဓားချက်တခုက ရေပြင်ညီအတိုင်း ကျိုးယန်ဆီ နှေးကွေးစွာတိုး ဝင်လာသည်။ အမှန်က မြန်လွန်း၍ နှေးသွားသ လို ခံစားရခြင်းဖြစ်သည်။
“လာခဲ့စမ်း ငါဘာလို့ မခုခံနိုင်ရမှာလဲ”
ကျိုးယန်က တတိယဓားကွက်ကို ချီစွမ်းအင်အ ပြည့်ဖြင့် ထုတ်ဖော်လိုက်ပြီး အဆိုပါဓားချက် ကြီးကို ရင်ဆိုင်လိုက်သည်။
ဝုန်း….
ဓားချက်၂ခု ဆုံတွေ့သွားချိန်တွင် ကြီးမားသည့် ဓားချက်ကြီးက သုံးပုံ၂ပုံခန့် ပျက်ပြယ်သွားပြီး ကျန်တပုံက ကျိုးယန်ကို လာရောက်ရိုက်ခတ် တော့သည်။
အုန်း….အင့်…!!!
မီတာရာပေါင်းများစွာ လွင့်ထွက်သွားပြီး လမ်း တလျှောက် ပါးစပ်မှသွေးများ အန်ထုတ်သွားရ သည်အထိ ပြင်းထန်သည်။ သို့သော် ထိုသို့လွင့် စင်ရင်းပင် ကျိုးယန်က သစ်သားနိယာမကိုအ စွမ်းကုန် သုံးနေခဲ့ပြီး နောက်ဆုံးလွင့်စင်ရာမှ ရ ပ်တန့်သွားချိန်တွင် ဒဏ်ရာရဲ့ နှစ်ဆယ်ရာနှုန်း ခန့်က ပျောက်ကင်းသွားလေပြီ။
ကျိုးယန်က မြေပေါ်တွင် အနည်းငယ် လဲလျော င်း၍ အမောဖြေနေပြီး ဓားချက်၃ချက်ကိုလည်း ပြန်လည်တွေးတော ဆင်ခြင်နေခဲ့သည်။ ကျိုး ယန်တယောက် ထိုသို့လဲလျောင်းနေစဥ်မှာပင် အမျိုးသမီးက တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့ပြီ သူမမျက်နှာပေါ်တွင်လည်း ကျေနပ်နေသည့် အ ပြုံးတခု ချိတ်ဆွဲထားလေသည်။
တနာရီခန့်ကြာပြီးနောက် ဓားချက်၃ချက်စလုံး ရဲ့ အခြေခံကို ကျိုးယန်ဆုပ်ကိုင်မိသွားခဲ့သည်။ ထိုဓားချက်များမှာ အဖျက်စွမ်းအားပြင်းထန်ပြီ ချီဓာတ်ကိုလည်း အလွန်ကုန်ခမ်းစေသည်။သို့ သော် နတ်ဘုရားမအတွက်ကတော့ အင်မော်တ ယ်ချီများ လုံလောက်တာထက်ပို၍ မောပန်းသ ည့်ဟန်ပင် မပေါ်ပေ။
အုပ်ချုပ်သူအမျိုးသမီးက သူမလက်ကိုဝေ့ယမ် လိုက်ပြီး တည်နေရာရွေ့ပြောင်းလိုက်သည်။ မူ လ ထိုင်နေခဲ့သည့် စားပွဲများပြန်ပေါ်လာပြီး ကျို ယန်က ထိုင်ခုံတွင် ထိုင်နေလျက်ရှိသည်။ သူ့ရဲ့ ဒဏ်ရာများကတော့ တဝက်နီးပါးသက်သာနေခဲ့ လေပြီ။
………………………………………………..