← Chapters

နေမီးကျင့်စဥ်

Vol. 13 Ch. 190

နေမီးကျင့်စဥ်

Vol. 13 Ch. 190

ကျိုးယန်က တိတ်ဆိတ်စွာဖြင့် သူ့ရဲ့ဒဏ်ရာကို ကုသနေခဲ့သည်။ အမျိုးသမီးသည် သူ့ရဲ့ညာဘ က်လက်ကို ဝေ့ယမ်းလိုက်ပြီး သိုလှောင်လက်စွ ပ်တကွင်းကို ထုတ်ယူလိုက်သည်။ ထိုလက်စွပ် မှ ရွှေရောင်အတိ ဖြစ်ပြီး ကျိုးယန်သည် လက် စွပ်ထဲ စိတ်စွမ်းအင် ထည့်သွင်းကြည့်လိုက်ချိန် ၌ အလွန်ပင် မှင်သက်သွားရသည်။

အကြောင်းမှာ လက်စွပ်အတွင်း၌ များပြားသ ည့် အင်မော်တယ်ကျောက်များ တောင်ငယ်လေ သဖွယ်ရှိနေပြီး လူကြီးလက်သီးဆုပ်အရွယ် အ စီအရင်ကျောက်တခုကလည်း အတွင်းဘက်တ နေရာ၌ သက်သက်ထားရှိလေသည်။

“ဒါက ငါ့တဘဝလုံးပိုင်ဆိုင်ခဲ့သမျှ စည်းစိမ်အ ကုန်ပဲ အထဲမှာ မင်းလိုချင်တဲ့ အစီအရင်ကျော က်ရှိတယ် နောက်ပြီး မင်းရဲ့ကျင့်ကြံမှုကိုမြင့်တ င်ဖို့ အင်မော်တယ်ကျောက်အနည်းငယ်လည်း ပါဝင်တော့ မင်းအတွက်အဆင်ပြေမှာပါ”

သူမကဆက်၍ ပြောပြန်သည်။

“ငါ့ရဲ့အမွေအနှစ်အတွက်ကတော့ နေမီးကျင့်စ ဥ်ကို လက်ကမ်းပေးမယ် ဒါက မီးဓာတ်အထူး ပြုတဲ့ အမျိုးသမီးကျင့်ကြံသူ တဦးကိုတွေ့ရင် သင့်လျော်တယ်လို့ မင်းယူဆရင် လက်ကမ်းမျှ ဝေလိုက်ပါ အထဲမှာ ကျင့်စဥ်အများကြီးရှိပေမဲ့ မင်းနဲ့သင့်တော်တာက နေမီးဓားကွက် ၁၂ကွက် ပဲရှိတာ စိတ်မကောင်းပါဘူး”

သူမက အမွေအနှစ်တခုပေးခဲ့သော်လည်း လ က်ခံသူကျိုးယန်မှာ သူမနဲ့မကိုက်ညီသည့် ကျင့် ကြံသူဖြစ်နေသောကြောင့် အဆင်မပြေခဲ့ချေ။ သို့သော် သူမတတ်နိုင်သည့် အရာအားလုံးကို ပေးခဲ့သည်။ အထူးသဖြင့် အင်မော်တယ်ကျော က်များမှာ ကျိုးယန်တို့လောကတွင် ရှားပါးပြီး ကျိုးယန်အနေဖြင့် ၎င်းကျောက်ကိုသုံးလိုပါက အသွင်ပြောင်းခြင်း အဆင့်ကိုအရင် ရောက်ရန် လိုသည်။ ထိုမှသာ အင်မော်တယ်ချီများကို စုပ် ယူနိုင်သည် မဟုတ်လား။

ကျိုးယန်က အစီအရင်ကျောက်ကို ထုတ်ယူ၍ ကြည့်လိုက်သည်။ လျှပ်စီးကျားသစ်ဘုရင်၏ အမြူတေနီးပါး အရွယ်ရှိကာ အဖြူရောင်ပုံစံ ဖြင့် ဖောက်ထွင်းမြင်နိုင်လောက်အောင် ကြည် လင်နေသည်။

ကျိုးယန်က အစီအရင်ကျောက်ကို အနည်းငယ် ကြည့်ပြီးနောက် ပြန်သိမ်းလိုက်သည်။ လက်စွပ် ကိုလည်း သွေးတစက်ချလိုက်ပြီး နတ်ဘုရားတ ပါးရဲ့ လက်စွပ်ဖြစ်နေ၍ သူကိုယ်တိုင်သုံးရမည် ဟု ဆုံးဖြတ်လိုက်သည်။ ပြီးလျင် ကျင့်စဥ်များ ထဲမှ သူနဲ့ကိုက်ညီသည့် တခုတည်းသော နေမီး ဓားကျင့်စဥ်ကို ထုတ်ယူလိုက်သည်။

“အရင်ဆုံး မင်းက ပထမ၃ကွက်ကို အခြေခံအ နေနဲ့ နားလည်ထားပြီဆိုတော့ ပိုင်နိုင်အောင်အ ရင်လုပ်ပြီးမှ နောက်ဓားကွက်တွေကို လေ့လာ တာပိုကောင်းပါတယ် ငါ့တုန်းက ပထမဓားကွ က်၃ခုကို အခြေခံနားလည်မှုလေး ရဖို့ ၂လတိ တိကြာခဲ့တယ် မင်းကတော့ နာရီပိုင်းပဲ ကြာတ ယ် မင်းလက်ထဲမှာ ငါကိုယ်တိုင်ဖန်တီးထားခဲ့တဲ့ ကျင့်စဥ်တခု အစွမ်းထက်လာမှာကို မြင်ယောင် ပြီး ကျေနပ်မိပါတယ်”

ထိုအမျိုးသမီးက သူမပိုင်ဆိုင်မှုများအားလုံး ပေးလိုက်ရ၍ မကျေနပ်ဟန် လုံးဝမပြခဲ့ပေ။ တ ခုတည်းသော စိတ်မကောင်းစရာမှာ ကျိုးယန် က သူမရဲ့ကျင့်စဥ်အားလုံးနဲ့ မကိုက်ညီခြင်းတ ခုသာရှိသည်။ ထိုအရာကလည်း ကျိုးယန်အနေ ဖြင့် သင့်လျော်မည့်သူကို တွေ့လျင်လက်ဆင့် ကမ်းနိုင်ပေသေးသည်။

“ကောင်းပြီ အခုမင်းရဲ့ကျင့်ကြံမှုကို မြင့်တင်ရမဲ့ အချိန်ပဲ ငါမင်းကို ကူညီမယ် ဒါပေမယ့် ပထမ အသွင်ပြောင်းခြင်းအတွက် မိုးကြိုးအပြစ်ဒဏ် ကိုတော့ မင်းအနေနဲ့ ဒီတောင်ကြောက ထွက်ပြီး မှ ခံယူသင့်တယ် မဟုတ်ရင် မင်းအတွက်ပြဿ နာများနိုင်တယ်”

ကျိုးယန်က သူမစကားကို နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ့အနေဖြင့် မိုးကြိုး အပစ်ဒဏ်ကို လက်ရှိသားရဲတောင်ကြောအတွ င်း၌ ပြုလုပ်၍ မရနိုင်ချေ။ တဖက်တွင် ရှပင်ရဲ့ အန္တရာယ်ကို ဖြေရှင်းရန်လိုအပ်ပြီး တမန်တော် ဘိုးဘေးမှ တဆင့် အစီအရင်ကျောက်ကိုမရနိုင် သော်လည်း ကျိုးယန်၌ ရှိနေမည်ကိုတော့ ၎င်း အနေဖြင့် တွက်ဆကာ အပြင်ဘက်၌ စောင့်ဆို င်းနိုင်ချေရှိသည်။ ထိုအတွက် ခွန်အားကိုမြင့်တ င်နိုင်တဲ့ အခွင့်အရေးအား ဘာအတွက်လက်လွ တ်ခံရမည်နည်း။

အမျိုးသမီးက ကျောက်စိမ်းသဏ္ဍန် လက်ချော င်းလေးဖြင့် အစီအရင်တခုကို လေထဲ၌ ရေးဆွဲ လိုက်သည်။ ထိုအစီအရင်မှာ ကျင့်ကြံမှု လွှဲ ပြောင်းပေးရာ၌ ဘေးထွက်ဆိုးကျိုးများနှင့် ပြ င်ပမှ လူများ မသိစေရန် ပိတ်ဆို့ပေးသည့် အ ဆင့်၅ အစီအရင်တခုဖြစ်သည်။ ကျိုးယန်က သူမပြုလုပ်နေသည်ကို တိတ်တဆိတ်သာလေ့ လာနေခဲ့သည်။

“ငါက စိတ်ဝိဉာဥ်အပိုင်းအစဖြစ်ပြီးတော့ ငါမရှိ တော့တာလည်း နှစ်ထောင်ပေါင်းများစွာကြာနေ ခဲ့ပြီ အခုငါ့ရဲ့လက်ရှိခွန်အားက သာမန်အင်မော် တယ် တပါးထက်သာရုံလေးပါပဲ ဒါကြောင့်မင်း ကို ကြီးကြီးမားမားအထောက်ကူ ပြုလိမ့်မယ် လို့ ငါမမျှော်လင့်ဘူး ဘာပဲဖြစ်ဖြစ် ရေတစက် ကလည်း နောင်မှာ ရေအိုင်တခုဖြစ်စေမဲ့ လမ်းစ ပဲမဟုတ်လား”

သူမက အစီအရင်ကို ဆယ်မိနစ်ခန့်ရေးဆွဲလိုက် ပြီးနောက် ထိုင်နေရာမှ ချက်ချင်းပင် ကျိုးယန် ရဲ့နောက်ကျောဘက်သို့ ရောက်လာပြီး သူမရဲ့ လက်နှစ်ဖက်ဖြင့် ကျောပြင်ကိုထိကပ်လိုက်သ ည်။

“ကောင်လေး ဒီနည်းက နည်းနည်းအန္တရာယ်မျာ ပေမယ့် အချိန်ကုန်သက်သာစေတယ် အတတ် နိုင်ဆုံးဖိနှိပ်ဖို့ ကြိုးစားပါ အဆင့်မတက်လိုက်နဲ့”

ကျိုးယန်သည် ကျောပြင်မှ စွမ်းအင်တမျိုးစီးဝ င်လာသည်ကို ခံစားနေရပြီး ထိုစွမ်းအင်က အင် မော်တယ်များရဲ့ စွမ်းအင်ဖြစ်သောကြောင့် သူ့ရဲ ဒန်တျန်က မခံနိုင်ချေ။ ချက်ချင်းပင် ဖောင်းပွ လာပြီး သွေးကြောများက ကြီးမားကျယ်ပြန့် လာသည်။

အား…

နာကျင်မှုက စက္ကန့်ပိုင်းအတွင်း အမြင့်ဆုံးထိ တိုးတက်သွားပြီး ထိုအခြေနေကို မိနစ်အနည်း ငယ် တောင့်ခံရန်ပင် ခက်ခဲနိုင်ချေရှိသည်။

“စွမ်းအင်ကို ဒန်တျန်ထဲ အကုန်မစီးဆင်းစေနဲ့ မင်းရဲ့ ဗာဂျာရာကျင့်စဥ်ကို လည်ပတ်ပြီးမင်း ခန္ဓာကိုယ်ကို သန့်စင်ဖို့သုံးလိုက် အမြန်လုပ်”

သူမက ချက်ချင်းပင် ပြာပြာသလဲလဲ သတိပေး လာသည်။ ကျိုးယန်ရဲ့ ခန္ဓာကိုယ်နဲ့ ဒန်တျန်မှာ စိုးရိမ်စရာကောင်းလောက်အောင်ပင် ဖောင်းပွ နေခဲ့သည် မဟုတ်လား။ ကျိုးယန်က နာကျင်မှု ကို အံကြိတ်ခံကာ ဗာဂျရာကျင့်စဥ်ကို လည်ပ တ်လိုက်တော့သည်။ ခန္ဓာကိုယ်ရှိ သွေးကြော များရှိ သွေးစီးဆင်းမှုက အနည်းငယ် အရှိန် လျော့ကျလာပြီး ကျိုးယန်သည် ဗာဂျာရာဒုတိ ယအတွဲမှ အဆင့်၄ ကို စမ်းသပ်ရန် ဆုံးဖြတ်လို က်သည်။ အဆင့်၄ သည် အင်မော်တယ်အသွင် ပြောင်းခြင်းမှ အင်မော်တယ်အဆင့်ထိ ကျင့်ကြံ နိုင်ပြီး ကျိုးယန်သည် အင်မော်တယ်အသွင် ပြောင်းခြင်း မဟုတ်သော်လည်း အင်မော်တယ် စွမ်းအားများ ရရှိနေ၍ ထိုအဆင့်ကို လေ့ကျင့် နိုင်မည်ဟု သူထင်သည်။

ဆယ်မိနစ်ခန့်အကြာတွင် သူမက မောပန်းနေဟ န်ဖြင့် လက်ကိုရုတ်သိမ်းလိုက်ပြီး မူလထိုင်ခုံ၌ ပင်ပန်းစွာ ထိုင်ရင်း ကျိုးယန်ကိုစောင့်ကြည့်နေ ခဲ့သည်။ ကျိုးယန်မှာမူ ဗာဂျရာအဆင့်၄ ကိုပြ န်လည် ပုံဖော်နေပြီး နာကျင်မှုကို တောင့်ခံကာ စွမ်းအင်များရဲ့တဝက်ကို သုံး၍ လည်ပတ်နေခဲ့ သည်။

“သူသာ လမ်းတဝက်နဲ့ အတိမ်းအစောင်းမဖြစ်ခဲ့ ရင် လူသားတွေအားကိုးရမယ့် နောက်ထပ်ကြ ယ်နတ်ဘုရားတဦး ထပ်ပေါ်လာတော့မှာပဲ”

သူမက တီးတိုးရေရွတ်လိုက်သည်။ ကျိုးယန်ရဲ့ ပုံစံမှာ အနည်းငယ်အဆင်ပြေလာပုံရှိပြီး သူမ လွှဲပြောင်းပေးသည့် စွမ်းအင်များကို ဒန်တျန် ထဲသို့ တဝက်သိမ်းဆည်းကာ ကျန်တဝက်ကို ခန္ဓာကိုယ်သန့်စင်ရာ၌ အသုံးချနေခဲ့သည်။သူမ ရဲ့ ပုံရိပ်သည် အငွေ့တခုကဲ့သို့ မှုန်ဝါးစပြုလာ သည်။ ကျိုးယန်ကတော့ ထိုအရာကို သတိမပြု မိချေ။ ဗာဂျာရာကျင့်စဥ်ကိုသာ အာရုံစိုက်နေခဲ့ ပြီး နောက်ထပ်နာရီအနည်းငယ်အကြာ၌ အပြ ည့်အဝ သန့်စင်ကာ အဆင့်၄ အစောပိုင်းအထွဋ် အထိပ်သို့ ရောက်နိုင်မည်ဟု ယုံကြည်နေသည်။

အချိန်က တရွေ့ရွေ့ကုန်ဆုံးသွားပြီး ကျိုးယန် တယောက် မျက်လုံးကိုဖွင့်ပြီး သူ့ရဲ့ခွန်အားကို ပြန်ခံစားကြည့်ကာ ကျေနပ်နေသည်။ လက်ရှိ ရုပ်ခွန်အားတခုတည်းနဲ့ပင် တတိယအသွင်ပြော င်းအဆင့်များကို တောက်ချနိုင်လောက်သည်။ ထိုစဥ် ရုတ်တရက် အကြီးအကဲအမျိုးသမီးအာ သတိရသွားသည်။ သူမကို ကြည့်လိုက်လျင် သူ မက ပြုံး၍ ကြည့်နေခဲ့ပြီး သူမပုံစံက မိနစ်အန ည်းငယ်အတွင်း ပျောက်ကွယ်သွားမည့်ဟန်ရှိ သည်။

“အကြီးအကဲ ခဗျားအဆင်ပြေရဲ့လား”

“မစိုးရိမ်ပါနဲ့ ငါဒီလောက ကနေပျောက်ကွယ်ရုံ ပါ မင်းအနေနဲ့ နောင်မှာ လူသားမျိုးနွယ်နဲ့မိတ် ဖက်မျိုးနွယ်တွေအတွက် ကာကွယ်မှုပြုလုပ်ပေ ပါ ဒီတခုပဲ ငါတောင်းဆိုချင်တယ်”

“စိတ်ချပါ အကြီးအကဲ ကျတော်သေချာပေါက် ကြိုးစားမှာပါ”

ကျိုးယန်ရဲ့ ကတိစကားကိုကြားလျင် သူမက ကျေနပ်သွားသည်။

“မင်းငါတို့ကို တွေ့ချင်ရင် အင်မော်တယ်လော က ကိုလာခဲ့လို့ရတယ် ဒါပေမယ့် ငါတို့က ချိတ် ပိတ်ထားတော့ မင်းမှာလုံလောက်တဲ့စွမ်းအားရှိ မှ လာဖို့အကြံပြုတယ် နောက်ပြီး အင်မော်တ ယ်လောက ကိုချက်ချင်းတက်မလာပဲ အခြား အဆင့်မြင့်လောက အချို့ကို လည်ပတ်ပြီး အ တွေ့အကြုံယူပါ ဒါကနောင်မှာ မင်းအတွက် အ ကျိုးရှိစေလိမ့်မယ်”

ကျိုးယန်က ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ အခုငါ့ခွန်အားက နည်းပါးတော့ မင် တို့ပထမရောက်နေတဲ့ ခန်းမထဲကိုပဲ ပြန်ပို့ပေး နိုင်တော့မယ် အပြင်ဘက်ရောက်ရင် မင်းရဲ့ရန် သူကို သတိထားပါ သူက ဘာအမွေအနှစ်ရခဲ့မ လဲ ငါမသိနိုင်ဘူး ဖြစ်နိုင်ရင် ရန်သူကိုမငဲ့ညှာပါ နဲ့”

ကျိုးယန်က လေးလေးနက်နက်ပင် သူမကို က တိပေးလိုက်သည်။ သူမက ကျိုးယန်ရဲ့ကတိစ ကားကို လက်ခံပြီးနောက် သူမရဲ့နောက်ဆုံးစွမ် အင်ဖြင့် နေရာကူးပြောင်းပေးလိုက်တော့သည်။

“သွားတော့ ကောင်လေး ငါတို့တချိန်မှာ ပြန်ဆုံ ကြမယ် ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ”

သူမရဲ့ရုပ်သွင်က ဝေဝါးသွားသလို ကျိုးယန်သ ည်လည်း ရုတ်ချည်းပင် ထိုနေရာမှ ကွယ်ပျော က်သွားတော့သည်။

All Chapters