← Chapters

သုံးယောက် တစ်ယောက်တိုက်ပွဲ

Vol. 13 Ch. 191

သုံးယောက် တစ်ယောက်တိုက်ပွဲ

Vol. 13 Ch. 191

ကျိုးယန်တယောက် ခန်းမကျာ်ရှိရာသို့ ကူးပြော င်းသွားသည်။ သူရောက်ချိန်ခန်းမထဲ၌ မည်သူ မှရှိမနေသေးချေ။ ထို့ကြောင့် ရှပင်တို့ကိုစောင့် ဆိုင်းမည်ဟု ဆုံးဖြတ်လိုက်ပြီး ရုပ်တုများကို လေ့လာနေခဲ့သည်။ ရုပ်တုများတွင် တဦးတည်း သောအမျိုးသမီးရုပ်တုမှာ ကိုင်ရီရီ၏ မြွေမျိုးနွ ယ်မှဖြစ်နိုင်ပြီး ကျိုးယန်တို့လောက၏ အုပ်ချု ပ်သူ အမျိုးသမီးရဲ့ ရုပ်တုကိုတော့ မတွေ့ရပေ။

ထိုအရာက ခွန်အားကိုမီ၍ သက်မှတ်သည်လား မပြောတတ်ချေ။ သို့သော် ခြောက်ထောင့်ပုံစံ အစီအရင်မှာမူ စိတ်ဝင်စားစရာကောင်းပြီး ထို အရင်က ရန်သူကို မိမိနှစ်သက်ရာနေရာသို့ ပို့ ဆောင်ကာ ပုံရိပ်ယောင်အစီအရင်သဖွယ် တိုက် ခိုက်နိုင်သည်။ ကံကောင်းသည်က လက်ရှိကျိုး ယန်တို့ ၅ဦးတွင် အမြွာကျင့်ကြံသူမှ လွဲ၍ ကျန် ၃ဦးမှာ ဆိုင်ရာဘိုးဘေးများနဲ့ ချိတ်ဆက်နိုင် သောကြောင့် ပုံရိပ်ယောင်အစီအရင်ရဲ့ ထိခိုက် မှုကို မကြုံရတော့ပေ။

ထိုစဥ် လေဟာနယ်ထဲမှ လူ၃ ဦးထွက်ပေါ်လာ သည်။ သေချာသည်က ထိုသုံးဦးမှာ ရှပင်တို့အ ဖွဲ့ဖြစ်ပြီး အမြွာကျင့်ကြံသူနှစ်ဦးသည်လည်း တမန်တော်ဘိုးဘေးနဲ့ တွေ့ဆုံနိုင်ခဲ့ချေရှိသည်။ ထိုအတိုင်းဆိုလျင် ကျိုးယန်အတွက် အခက်ခဲ တချို့ ဖြစ်လာသည်။

“ဟားးးဟားး မင်းက ငါ့ကိုစောင့်နေတာလား ဧ ကရာဇ်ကြီးရဲ့ ငါ့အထင်ပြောရရင် မင်းလက်ထဲ မှာ အစီအရင်ကျောက်ရှိတယ်မဟုတ်လား အဲ့ ဒါကို ငါ့လက်ထဲအခုလွှဲပေးလိုက် ငါမင်းကိုခွင့် လွှတ်ဖို့စဥ်းစားပေးမယ်”

ရှပင်က တိုးတက်လာသည့် ကျင့်ကြံမှုအရှိန်ဟု န်ကို ဖွင့်ထုတ်ကာ ကျိုးယန်ကိုဖိနှိပ်ရန် ပြင်သ ည်။ ရှပင်မသိသည်က ကျိုးယန်ရဲ့ ရုပ်ပိုင်းဆိုင် ရာမှာ တတိယအသွင်ပြောင်းခြင်းနဲ့ ညီမျှနေသ ည်ကိုပင်။

“ဟမ့်.. ငါ့လက်ထဲက ရတနာသုံးပြီးတောင် ထွ က်ပြေးရတဲ့ကောင်က ဘာတွေသောက်ကြီးကျ ယ်တွေ လာပြောနေတာလဲ”

ရှပင်ရဲ့ မျက်နှာတခုလုံး မဲမှောင်သွားရသည်။ ပ ထမအကြိမ်၌ ထွက်ပြေးရခြင်းက သူ့ကိုဒေါသ ထွက်စေခဲ့ပုံရသည်။ သို့သော် ယခုတွင် တမန် တော်ဘိုးဘေးထံမှ အင်မော်တယ်လက်နက်ကို ရလာသောကြောင့် ကျိုးယန်ကို ဖြေရှင်းရန်မခ က်တော့ချေ။

“ဟွန့် ဒီတခေါက်ဘယ်သူ ပြေးရမလဲ ငါကြည့် ဦးမယ် တိုက်ကြစမ်း”

ရှပင်က ကျယ်လောင်စွာ ကြိမ်းဝါးကာ လက်ထဲ မှ တံစဥ်းဖြင့် ခုတ်ပိုင်းလာသည်။ တဖက်တွင် အမြွာကျင့်ကြံသူနှစ်ဦးကလည်း လက်နက်ကို ယ်စီ ထုတ်ကာ တိုးဝင်လာကြသည်။

ကျိုးယန်သည် အမြွာကျင့်ကြံသူ၏ တိုက်ခိုက် မှုများကို ရုပ်ပိုင်းဆိုင်ရာဖြင့်သာ တိုက်ရိုက်ခုခံ နေခဲ့ပြီး တဖက်တွင် ရှပင်၏ တံစဥ်းလက်နက်နဲ့ တိုက်ခိုက်မှုကို အလေးအနက်ထားနေခဲ့ရသည်။ ထိုလက်နက်မှာ အင်မော်တယ်လက်နက်စစ်စစ် ဖြစ်နေပြီး သာမန်အဆင့်များ ကိုင်ဆွဲလျင်ပင် ခွန်အားကို တိုးလာစေနိုင်သည် မဟုတ်လား။ ကျိုးယန်အထင် တမန်တော်ဘိုးဘေးမှ ကျင့်စ ဥ်နဲ့ ရတနာအများအပြားကိုလည်း ပေးအပ်လို က်မှာ သေချာသည်။ ရှပင်ကို ဤနေရာမှ လွတ် မြောက်ခွင့် မပြုနိုင်ချေ။

“ငါ့ရဲ့တိုက်ကွက်ကို ခုခံလိုက်စမ်း”

ရှပင်က တံစဥ်းလက်နက်ကို လွှဲယမ်းကာ ကျိုး ယန်ရဲ့ လည်ပင်းရှိရာသို့ ဝေ့ဝဲ၍ ခုတ်ပိုင်းလိုက် သည်။ ကျိုးယန်မှာ ထိုခုတ်ချက်ကို လက်ထဲမှ ဓားဖြင့် ခုခံလိုက်ပြီး ပြင်းထန်သည့် လက်နက်ခွ န်အားကြောင့် အနောက်သို့ လွင့်စင်သွားရသည် ထိုအရာက တံစဥ်းလက်နက်၏ ခွန်အားသာဖြစ် ပြီး ရှပင်ရဲ့ ခွန်အားမဟုတ်ချေ။

“ဟမ့်.. မင်းက ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူဖြစ် နေတာပဲ ကိစ္စမရှိဘူး မင်းဘယ်နှစ်ချက်ထိ ခုခံ နိုင်မလဲ ငါစောင့်ကြည့်မယ်”

ရှပင်ရဲ့စကားသံနဲ့အတူ တံစဥ်းအရိပ်များ ထွက် ပေါ်လာပြီး တဖက်တွင် အမြွာကျင့်ကြံသူနှစ်ဦး ကိုင်ဆောင်ထားသည့် လက်နက်ဆန်းများကလဲ ကျိုးယန်ကို ဘေးနှစ်ဖက်မှ ဖိအားပေးနေခဲ့သ ည်။ ကျိုးယန်သည် အလေးအနက်ဖြစ်သွားရပြီ အဆင့်၄ ဗာဂျာရာ ရဲ့ခုခံမှုက မည်မျှတောင့်ခံ နိုင်မည်ကို သူမသိချေ။ သေချာသည်က သူ့အ နေဖြင့် တုန့်ပြန်တိုက်ခိုက်ရန် လိုနေသည်။

ချက်ချင်းပင် အသူရာဓားချက်ရဲ့ တတိယမြော က်ဓားကွက်ကို ထုတ်ဖော်လိုက်သည်။ ထိုဓားကွ က်က ပထမအဆင့်၌ အကြမ်းဆုံးဖြစ်ပြီး အရင် ဆုံး အမြွာကျင့်ကြံသူနှစ်ဦးကို ဖြေရှင်းရမည်ဟု တွေးလိုက်မိ၍ ဓားချက်ကိုလည်း ထိုသူနှစ်ဦး ထံကိုသာ ဦးတည်စေလိုက်သည်။

ဝုန်း…

ဓားအလင်းက အမြွာကျင့်ကြံသူနှစ်ဦးရဲ့လက် နက်ဆန်းများကို ထိမှန်သွားပြီး နှစ်ဦးးလုံးသွေး တပွက်စီအန်ကာ လွင့်ထွက်သွားရသည်။ ကျိုး ယန်က ထိုအရာကို အခွင့်ကောင်းယူကာ နောက် ထပ် ဓားချက်တခုထပ်မံခုတ်ပိုင်းပြီး အမြွာကျ င့်ကြံသူနှစ်ဦးကို သတ်ဖြတ်ရာ၌ ရှပင်ဝင်မပါ စေရန် ဖိအားပေးသည့် သဘောဖြင့် ရှပင်ရှိရာ သို့ အားကုန်ခုတ်ချလိုက်သည်။

ရှပင်သည် ဓားအလင်းကို မြင်လျင် နှာခေါင်းရှုံ့ လိုက်သည်။ ထိုဓားချက်လောက်ကတော့ တံစဥ် လက်နက်က ခုခံနိုင်သည်ဟု သူထင်သည်။ ထို့ ကြောင့် တိုက်ရိုက်ပင် ခုခံရန် ကြိုးစားတော့သ ည်။ သို့သော် ရှပင်အတွက် မှားသွားခဲ့သည်။ ဓားချက်တွင် ကျိုးယန်၏ ရုပ်ပိုင်းဆိုင်ရာ ခွန် အားကိုပါ ထည့်သွင်းထား၍ ပထမ အမြွာကျင့် ကြံသူနှစ်ဦးကို ခုတ်ပိုင်းသည်ထက် ပိုပြင်းထန် သည်။

အုန်း… အားး

ရှပင်တယောက် တံစဥ်းလက်နက်ကို ဆုပ်ကိုင် ထားရင် လွင့်ထွက်သွားသည်။ ပြင်းထန်သည့် ထိခိုက်မှုတော့ မဖြစ်ခဲ့ချေ။ တံစဥ်းလက်နက်မျ ကျိုးယန်ရဲ့ ခွန်အားအများစုကို ကာကွယ်ပေး သွားခဲ့သည်။ ကျိုးယန်တွက်ဆသည့်အတိုင်း ဖြ စ်လာပေပြီ။

အချိန်ဆွဲမနေတော့ပဲ မူလ လွင့်စင်သွားကြသ ည့် အမြွာကျင့်ကြံနှစ်ဦးကို ဓားဖြင့် ပိုင်းလိုက် သည်။ အမြွာကျင့်ကြံသူများမှာ တိုက်ကွက် ကြောင့် ဒဏ်ရာရနေချိန်တွင် ရှပင်က အချိန်မ ဆွဲထားသောကြောင့် ကျိုးယန်ရဲ့ ဓားချက်ကသူ တို့ဆီရောက်လာပြီး မခုခံနိုင်တော့ပေ။

အားးးး အားးး

အမြွာကျင့်ကြံသူနှစ်ဦး လွင့်စင်ပြီးနောက် ရှပင် ကိုဖိအားပေး လွင့်စင်စေသည့်ကြားက အချိန် မှာ ၃စက္ကန့်သာ ဖြစ်သည်။ ထိုအတွက် အမြွာ ကျင့်ကြံသူနှစ်ဦးမှာ အသင့်ရှိမနေကြပေ။ ဓား ချက်က ထိုနှစ်ဦးရဲ့ ရင်ဘတ်ကို ဖြတ်ထွက်သွာ ခဲ့ပြီး မြေပေါ်၌ အနည်းငယ်တွန့်ကွေးကာ အဆုံး ၌ ငြိမ်သက်သွားတော့သည်။ တိုက်ခိုက်မှုက ၂စ က္ကန့်သာ ကြာသည်။

ရှပင်သည် အမြွာကျင့်ကြံသူနှစ်ဦးကို ကျိုးယန် သတ်ဖြတ်လိုက်သည်ကို မြင်လျင် ထိတ်လန့် သွားသည်။ ထိုနှစ်ဦးမရှိပါက သူ့တွင်အင်မော် တယ်လက်နက်ရှိနေလျင်တောင် ကျိုးယန်ကိုမ နိုင်လောက်ဟု အတွေးဝင်သွားပြီး တုန်လှုပ်သွာ တော့သည်။

“ကဲ အခုမင်းအလှည့်ပဲ သခင်လေးရှ”

ကျိုးယန်က နှုတ်ခမ်းထောင့်များကို တွန့်ကွေး ကာ ပြုံးရင်းပြောလိုက်သည်။ ရှပင်တစ်ဦးတ ည်းကိုမူ သူ့အတွက် အလျင်လိုစရာမရှိချေ။ အ မြွာကျင့်ကြံသူ နှစ်ဦး၏ တိုက်ခိုက်မှုက သူ့ရဲ့ရု ပ်ပိုင်းဆိုင်ရာ အကာကွယ်ကို မချိုးဖောက်နိုင်ခဲ့ သောကြောင့် မည်သည့်ဒဏ်ရာမှလည်း မရရှိခဲ့ ချေ။

……………………………………………….

ထင်ကာ ခန်းမထဲ၌သာ စောင့်ဆိုင်းနေရန် ဆုံ ဖြတ်လိုက်သည်။

All Chapters