ရှပင်ကို သတ်ဖြတ်ခြင်း
Vol. 13 Ch. 192
ရှပင်က လက်ထဲမှ တံစဥ်းကို ဆုပ်ကိုင်ထားပြီး ကျိုးယန်ကို အထိတ်တလန့် ကြည့်နေခဲ့သည်။ သူ့တွင် ရွေးချယ်စရာ မရှိတော့ချေ။ အဆုံးမ သတ်လိုပါက ခွန်အားအကုန် သုံးရတော့မည်ဟု တွက်ဆလိုက်သည်။
“မင်းကို အနိုင်ယူဖို့ ငါတယောက်တည်းနဲ့ လုံ လောက်တယ်”
ရှပင်က အံကိုတင်းတင်းကြိတ်ရင်းပြောလိုက် သည်။ ပြီးနောက် သူ့ရဲ့အရှိန်အဝါကို အစွမ်းကု န် ဖွင့်ထုတ်လိုက်ပြီး ခန္ဓာကိုယ်ဘေးပတ်ပတ်လ ည်၌ မရဏချီများ ထွက်ပေါ်လာပြီး သူ့ရဲ့ ပုံပန်း သွင်ပြင်ကလည်း ပြောင်းလဲသွားသည်။
“ဟမ့် မင်းဆီက အစီအရင်ကျောက်ကို ငါရမှဖြ စ်မယ် အစီအရင်ကျောက်ကို အခုပေးစမ်း”
ရှပင်ရဲ့ စကားသံက ပြောင်းလဲသွားကာ လေသံ မှာလည်း ရှေးဟောင်းသားရဲတကောင် ပြောနေ သလိုဖြစ်သွားသည်။ ထိုအရာက ရှပင်ရဲ့ဝှက်ဖဲ တခုဖြစ်နိုင်ပြီး ငရဲတမန်တော်တဦး၏ စွမ်းအား ကို ဖုံးကွယ်ထားခဲ့ဟန်တူသည်။
“မင်းမှာ အစွမ်းအစရှိရင် လာယူလိုက်လေ”
ကျိုးယန်က ရှပင်ကိုခနဲ့လိုက်သည်။ ကျိုးယန်ရဲ့ စကားကိုကြားလျင် ရှပင်တယောက် မုန်သုန် သွားခဲ့ပြီး လက်ထဲမှ တံစဥ်းက တဆက်ဆက် တုန်ခါလာသည်။
“မင်းငါ့ကို ဖိအားပေးလိုက်တာပဲ”
ရှပင်က ထိုသို့ပြောရင်းဖြင့် ကျိုးယန်ရှိရာသို့ ခု န်ဝင်လာသည်။ လက်ထဲမှ တံစဥ်းကိုလည်း အ ရှိန်ဖြင့် လွှဲယမ်းနေပြီး တချက်သာထိမှန်သွားပါ က သေချာပေါက် ဒဏ်ရာအပြင်းအထန် ရသွား နိုင်သည်။ ကျိုးယန်က ရှပင်တယောက် ကြော က်ကန် ကန်နေသည်ကို နားလည်လိုက်သည်။ ထိုကြောင့် အတင်းကာရော ဝင်ရောက်မတိုက်ခို က်ပဲ တံစဥ်းချက်များကို လွတ်ရုံသာရှောင်တိမ်း ရင်း ရှပင်ရဲ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် မရ ဏချီများအား တိတ်တဆိတ်လေ့လာနေခဲ့သည် ထိုချီဓာတ်သည် လူသားကျင့်ကြံသူများရဲ့ ချီစွ မ်းအင်နဲ့ မတူညီပေ။
အဖျက်စွမ်းအား ပြင်းထန်ပြီး ထိုချီဓာတ်ကိုပိုင် ဆိုင်ထားသူရဲ့ သက်တမ်းကိုလည်း စားသုံးနိုင် သည်။ ထို့ကြောင့် ငရဲတမန်တော်များရဲ့ သက် တမ်းမှာ နည်းပါးပြီး အရေတွက် လျော့ကျလာ ရသည်။ ထို့ကြောင့် ပြင်ပလောကများကို အုပ် စိုးရန်အတွက် မရဏချီရဲ့ စွမ်းအားကိုမက်လုံး ပေး၍ ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။ ထိုအထဲတွင် ရှမိသားစုလည်း ပါဝင်သွားခဲ့သည်။ ရှမိသားစု သည် မဟူရာမြို့မှ အရှက်တကွဲ ထွက်ပြေးခဲ့ရ သည့်အပေါ် အခဲမကျေဖြစ်နေခဲ့ပြီး ကျိုးယန် ကိုလက်တုန့်ပြန်ရန် အမြဲစဥ်းစားနေခဲ့သည်။
မရဏချီများကလည်း လေထုထဲ ရုန်းခါနေပြီး အနီးအနားရှိ လေထုကိုပင် ညိုညစ်ညစ်အရော င်များ ဖုံးလွှမ်းသွားသည်။ ကျိုးယန်မှာ ထိုချီစွ မ်းအင်၏ အဖျက်စွမ်းအားကို သိသူဖြစ်၍ သူ့ ခန္ဓာကိုယ်ကို တိုက်ရိုက်အထိမခံပေ။ ဆက်တို က်သာ ရှောင်တိမ်းနေခဲ့ပြီး ရှပင်ရဲ့ ခွန်အားကို ဖြုန်းတီရန် ဆုံးဖြတ်ထားသည်။
“မင်းက ရှောင်တာတခုပဲတတ်တာလား လာခဲ့စ မ်းပါကွ”
ရှပင်တယောက် တံစဥ်းခုတ်ချက်များ မထိသ ည်ကိုမြင်လျင် ဒေါသအကြီးအကျယ်ထွက်ကာ ပို၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာတော့သ ည်။ ထိုအရာက ကျိုးယန်မျှော်လင့် ထားသည့် အတိုင်း ဖြစ်လာခြင်းဖြစ်သည်။ ထိပ်တိုက်ရင် ဆိုင်ပါက တံစဥ်းလက်နက်ကြောင့် ခွန်အားကုန် ခမ်းနိုင်ပြီး အချိန်လည်း ကြာသွားနိုင်သည်။ ယ ခုနည်းလမ်းက အချိန်ကြာသော်လည်း ခွန်အား ကိုချွေတာရာ ရောက်ပြီး တဖက်ရန်သူ၏ အား နည်းချက်ကို တွက်ဆမိပါက ငရဲတမန်တော်မျာ နဲ့ အချိတ်အဆက်ရှိနေသည့် ဂိုဏ်းအသစ်ကိုရင် ဆိုင်ရာတွင် အကူညီဖြစ်လာစေမည်။
ကျိုးယန်က ဓားချက်တခု ခုတ်ပိုင်းလိုက်ပြီး ရှပင်ကို အနောက်သို့ တွန်းထုတ်လိုက်သည်။ပြီး လျင် အနီးသို့ ထပ်မံတိုးကပ်သွားပြီး
“ငါအခု မရှောင်တော့ဘူး မင်းဘာလုပ်မလဲ”
ကျိုးယန်က အနီးကပ်ဝင်ရောက်ချိန်၌ ဒေါသ တကြီးဖြစ်နေသည့် ရှပင်မှာ ပြာယာခတ်သွားရ သည်။ ထိုအတွက် တံစဥ်းခုတ်ချက်များမှာ အ မှားမှားယွင်းယွင်း ဖြစ်လာပြီး မရဏချီဓာတ်နဲ့ မရဏနိယာမများ ပေါက်ကွဲထွက်လာသည်။
ဝုန်း…
ကျိုးယန်တယောက် လွင့်စင်သွားသည်။ ထိုနိ ယာမပေါက်ကွဲ ထွက်လာမှုက သေခါနီးလူတစ် ဦး နောက်ဆုံးရုန်းကန်မှုနဲ့ တူညီပြီး ရှပင်ကဲ့သို့ လူသားကျင့်ကြံသူက သေခြင်းနိယာမ တနည်း အားဖြင့် မရဏနိယာမကို မထိန်းချုပ်နိုင်ပေ။ ရှ ပင်ရဲ့ ခန္ဓာကိုယ်တခုလုံး မီးခိုရောင်သမ်းသွားခဲ့ ပြီး အရွယ်အစားမှာလည်း တဖြေးဖြေးကြီးထွာ လာသည်။
မကောင်းတော့ဘူး။ ငါအချိန်ဆွဲတာ များသွား ပြီ။ ကျိုးယန်တယောက် မျက်နှာပျက်သွားရသ ည်။ ယခုအချိန်တွင် ရှပင်ရဲ့စွမ်းအားက အမြင့် ဆုံးရောက်နေပြီး ထိုတိုက်ခိုက်မှုများကို ရှောင် တိမ်းရန် မဖြစ်နိုင်ချေ။ ထိုအတွက် ကျိုးယန်သ ည် အသူရာဓားချက်ရဲ့ တတိယမြောက်ဓားချ က်ကို တိုက်ရိုက်ဖော်ထုတ်လိုက်ရတော့သည်။
ရွှီး…
ကြီးမားသည့် ဓားအလင်းနဲ့အတူ မရဏချီများ ဖုံးအုပ်ထားသည့် တံစဥ်းက ဓားချက်ကိုလာ ရောက်ထိမှန်ကာ ကျိုးယန်ရဲ့လက်များ ထုံကျင် သွားခဲ့ရပြီး တဖက်တွက်လည်း ရှပင်မှာ ယိမ်း ထိုးသွားတော့သည်။ ကျိုးယန်ရဲ့ ရုပ်ပိုင်းဆိုင် ရာခွန်အားမှာ တတိယအသွင်ပြောင်းခြင်းနဲ့ပင် ညီမျှနေပြီး စနစ်မှပေးတဲ့ ကျင့်ကြံမှုအဆင့်သ ည် သာလွန်သည့် ချီဓာတ်များဖြင့် ဖွဲ့စည်းထား သောကြောင့် အဆင့်တူများကို ဖိနှိပ်နိုင်သည်။
ကျိုးယန်က ထိုအချက်ကို အခွင့်ကောင်းယူ၍ သိပ်မကြာခင်က အသစ်လေ့လာထားသည့် နေ မီးဓားကွက် ၁၂ ကွက်ထဲမှ ပထမသုံးကွက်ကို ဆက်တိုက် ထုတ်ဖော်ကာ ခုတ်ပိုင်းလိုက်သည် ထိုဓားကွက်များမှာ အင်မတန်ရိုးစင်းသော်လဲ ချီဓာတ်ကုန်ကျမှု များပြားပြီး အဖျက်စွမ်းအား မှာ အသူရာဓားချက်ထက်ပင် ပိုကြမ်းတမ်းပေ သည်။
ဓားအလင်း၃ခု တိုးဝင်လာသည်ကိုမြင်လျင် ရှ ပင်က တံစဥ်းဖြင့် ကမန်းကတန်းခုခံကာ ရှောင် တိမ်းရန်ကြိုးစားသည်။ သို့သော် ဓားချက်များ ကရိုးရှင်းပြီး ရှောင်တိမ်း၍ မရနိုင်ပေ။ ထိပ်တို က်ရင်ဆိုင်ရန်သာ ရှိသည်။
ဝုန်း…
တံစဥ်းဖြင့် ပထမဓားချက်ကို ခုခံနိုင်သော်လည် နောက်ဆက်တွဲ ဓားချက်၂ခုက တံစဥ်းလက်န က်ကို လွင့်ထွက်သွားစေပြီး ရှပင်သည်လည်း သွေးများစွာ အန်ထွက်ကာ ခန်းမနံရံကိုပင် ပစ် ဆောင့်သွားရသည်။ တဖက်တွင် ကျိုးယန်သ ည်လည်း ကိုယ်တွင်းစွမ်းအင်များ ကုန်ခမ်းသွား သည်ကို သတိပြုမိလိုက်ပြီး မှင်သက်သွားရသ ည်။ ဓားချက်ရဲ့စွမ်းအားက ပြင်းထန်ပြီး ရှပင် ရဲ့ စွမ်းအင်အမြင့်ဆုံးအချိန်မှာပင် ပထမ၃ကွ က်သုံးရုံဖြင့် ဒဏ်ရာအပြင်းထန် ရသွားစေသ ည်။
ရှပင်တယောက် မြေပေါ်တွင် လဲလျောင်းနေပြီး ရင်ဘတ်တွင်လည်း ဓားချက်၂ခုက အရိုးများ ပေါ်သည်အထိ နက်ရှိုင်းစွာရှိနေသည်။ ကျိုးယ န်က ရှပင်အနားသို့ လျှောက်သွားလိုက်သည်။ အခုချိန်က အဆုံးသတ်ရမည့် အချိန်ဖြစ်ပြီး အပြင်သို့ပြန်ရောက်ပါက ရှမိသားစုကို ကိုင်တွ ယ်ရပေမည်။
“ငါ ငါ့ကိုမသတ်ပါနဲ့ ငါ ငါမင်းရဲ့ကျွန်အနေနဲ့ ခစားပါ့မယ် ငါ့ကိုမသတ်ပါနဲ့”
“ကျွန်…ဟုတ်လား မင်းလိုကောင်မျိုးကို ငါက ဘာအတွက် ခေါ်ထားရမှာလဲ မင်းက ဒီလောက ရဲ့ရန်သူကို ကူညီပြီး ဖျက်စီးစေမယ့်ရန်သူပဲ မ င်းကို ခွင့်လွှတ်လိုက်ရင် လောကအုပ်ချုပ်သူက ငါ့ကို အပြစ်တင်လိမ့်မယ်”
ကျိုးယန်က နောက်ထပ် မည်သည့်စကားမှထပ် မံမပြောတော့ပဲ ရှပင်ရဲ့လည်ပင်းကို ခုတ်ဖြတ် လိုက်သည်။ သေဆုံးသွားချိန်တွင် ရှပင်ရဲ့ခန္ဓာ ကိုယ်မှာ မူလအရွယ်အစားသို့ ပြန်ပြောင်းလဲ သွားခဲ့သည်။ ကျိုးယန်က ရှပင်ရဲ့ သိုလှောင်လ က်စွပ်ကို ဖြုတ်ယုလိုက်သည်။ အထဲကိုကြည့် လိုက်လျင် ငရဲတမန်တော်ဂိုဏ်းခွဲ၏ အချက်အ လက်များ အပါအဝင် ကျင့်စဥ်များ ရတနာများ စွာကိုလည်း တွေ့လိုက်ရပြီး ထိုအထဲတွင် တမန် တော်ဘိုးဘေး ပေးအပ်ထားသည့် မရဏချီစု ဆောင်းသည့် ကျင့်စဥ်လည်း ပါဝင်သည်။
ကျိုးယန်က ထိုအရာအားလုံးကို သိမ်းဆည်းလို က်သည်။ ပြန်ရောက်လျင် ကျင့်စဥ်များရဲ့ အား နည်းချက်ကို လေ့လာပြီး ဂိုဏ်းခွဲအသစ်ကို ဖြေ ရှင်းရမည်။ ခပ်လှမ်းလှမ်းတွင် ကျနေသည့် တံ စဥ်းလက်နက်ထံ အကြည့်ရောက်သွားပြီး ထို လက်နက်မှာ အင်မော်တယ်အဆင့်ဖြစ်၍ လက် ရှိလောက၌ အမြင့်ဆုံးအဆင့်ဖြစ်သည်။ တချိန် တွင် အသုံးဝင်နိုင်သည်ဟု တွေးကာ သိမ်းဆည် လိုက်တော့သည်။
မိနစ်အနည်းငယ်ကြာလျင် တိုက်ပွဲရဲ့ရလာဒ်အ ဖြစ် ရှပင်တို့၃ဦး၏ သိုလှောင်လက်စွပ်များကို ရလိုက်ပြီး ထိုအချိန်ထိ ကိုင်ရီရီမှာ ထွက်ပေါ်မ လာသေးပေ။ သို့သော် ကျိုးယန်မှာ စိတ်မပူချေ မြွေမျိုးနွယ် ဘိုးဘေးရှိနေသောကြောင့် ကိုင်ရီရီ အနေဖြင့် အမွေအနှစ်အချို့ ဆက်ခံနိုင်သည်ဟု သူ