ကိုင်ရီရီ ထွက်ပေါ်လာပြီ
Vol. 13 Ch. 193
ကျိုးယန်သည် ခန်းမထဲရှိ နေရာတခုတွင်ထိုင်၍ နေမီးဓားကွက် ပထမ၃ကွက်ကို လေ့လာနေခဲ့သ ည်။ ထိုဓားကွက်များကို ကျွမ်းကျင်အဆင့်သာ ရောက်ရှိသွားပါက ပို၍ စွမ်းအားကြီးလာမည် ဖြစ်ပြီး အဆင့်တူသူများသာမက အဆင့်ကျော် တိုက်ခိုက်ရာ၌လည်း အသုံးဝင်ပေမည်။
ကျင့်ကြံရေးလောကတွင် ဓားကျင့်စဥ်၏ ခွန် အားမှာ ကန့်သတ်ချက်မရှိပေ။ ထို့ကြောင့်ဓား သမားများကို အင်အားကြီးဂိုဏ်းများစွာက အ လေးနက်ထားကြပြီး ဓားသမားများအတွက် အ ဆင့်ကျော်တိုက်ခိုက်ခြင်းက ရိုးရှင်းသည်။
ကျိုးယန်က ပထမ၃ ကွက်ကိုလေ့လာနေရင်း တဖက်တွင် ထိုဓားကွက်များကို သုံးရန်သူ့ရဲ့ချီ စွမ်းအင်များ ယခုထက်ပိုမိုများပြားဖို့ လိုအပ်သ ည်ကို သတိပြုမိလိုက်သည်။ လက်ရှိကျင့်ကြံမှု ဖြင့် ပထမ၃ကွက်စလုံးကို တပြိုင်နက်သုံးပါက တကြိမ်သာ သုံးနိုင်သည်မဟုတ်လား။ အဆုံး အဖြတ်မဟုတ်လျင် ထုတ်သုံးရန် မသင့်လျော် ချေ။
ကျိုးယန်တယောက် ဓားကွက်များထဲ အာရုံရ နေချိန်တွင် ကိုင်ရီရီက မြွေမျိုးနွယ်ဘိုးဘေးနဲ့ စကားလက်ဆုံကျနေခဲ့သည်။ သူမသည် အမွေ အနှစ်ကို အောင်မြင်စွာလက်ခံရယူနိုင်ခဲ့ပြီး ကျ င့်ကြံမှုမှာလည်း အထွဋ်အထိပ်သို့ ရောက်ရှိနေ လေပြီ။ ငရဲတမန်တော်များနှင့် ပက်သက်၍သူ မသိလိုသည်များကို မေးမြန်းနေခြင်းဖြစ်သည်။
“အဲ့တုန်းက တိုက်ပွဲမှာ ထိပ်တန်းသားရဲမျိုးနွယ် တွေ မပါခဲ့ဘူးလား ဘိုးဘေး”
ကိုင်ရီရီရဲ့ အမေးကို မြွေမျိုးနွယ်ဘိုးဘေးက သက်ပြင်းချ၍
“ဟင့်အင်း မပါဝင်ခဲ့ကြဘူး သူတို့က ထိပ်တန်း လောကတွေမှာ အားကောင်းတဲ့ အစုအဖွဲ့ဖြစ် နေကြတာဆိုတော့ ငရဲတမန်တော်တွေကလည်း သူတို့ကို ထိပါးဖို့နှစ်ခါပြန် စဥ်းစားကြရတယ် အဓိက အချက်ကတော့ သူတို့ကိုမထိပါးသရွေ့ အရှုပ်အထွေးထဲ ဝင်မပါတတ်ကြတဲ့ မောက်မာ မှုကြောင့်ပေါ့”
“တမန်တော်တွေသာ အဲ့တုန်းကစစ်ပွဲကိုနိုင်ခဲ့ရင် နောက်ဆက်တွဲက သူတို့ဖြစ်လာမှာကို မသိကြ တာလား”
“မင်းက သူတို့ရဲ့ခွန်အားကို အထင်သေးလို့ဒီစ ကားပြောနေတာပဲ နဂါး ချီလင် ဖီးနစ် လိပ်နက် စတဲ့ အထွဋ်အထိပ်သားရဲ မျိုးနွယ်၄ခုစလုံးမှာ အထွဋ်အထိပ် နတ်ဘုရားအဆင့် ကျင့်ကြံသူ နှစ်ဦးထက်မက ရှိနေတာကို မင်းသိလို့လား”
“နတ်ဘုရား နှစ်ပါး ဖြစ်နိုင်လို့လား”
ကိုင်ရီရီက မယုံနိုင်ဟန်ဖြင့် ပြောသည်။ လော ကတခုတွင် နတ်ဘုရားတပါးသာ ရှိပြီး မျိုးနွယ် စုတခုက နတ်ဘုရားနှစ်ပါးရှိနေခြင်းမှာ လွန်ကဲ နေသည် မဟုတ်လော။
“အမှန်ပဲ သူတို့က ထိပ်တန်းလောကရဲ့ အရင်း အမြစ်တွေနဲ့ အဲ့ဒီလောကတွေရဲ့ သိပ်သည်းတဲ့ စွမ်းအင်တွေကို သုံးပြီးကျင့်ကြံတာကြောင့် သူ တို့အတွက် အင်မော်တယ်အဆင့်ဆိုတာ နိမ့်ကျ တယ်လို့တောင် မှတ်ယူနိုင်တယ်”
အင်မော်တယ်အဆင့်ပင် နိမ့်ကျသည်လား။ ထို အချက်က ကိုင်ရီရီကို ထပ်မံမှင်သက်သွားစေ သည်။ လက်ရှိသူမတို့နေတဲ့ လောကမှာတော့ အသွင်ပြောင်းခြင်း အဆင့်ပင်ရှားပါးလွန်းပြီး အင်အားကြီးပြည်ထောင်စုများရဲ့ ဧကရာဇ်များ သာထိုအဆင့်၌ ရှိနေကြသည်။ နောင်တွင်ကျိုး ယန်တယောက်လည်း ထိုအဆင့်ကို ရောက်နိုင် ချေရှိသည်ဟု သူမထင်သည်။
“ကောင်းပြီ မင်းလည်း လုံလောက်တဲ့အရာအ ချို့ရယူပြီးပြီဆိုတော့ ဒီနေရာကနေထွက်သွား ပြီး ဒီလောကထဲကို တမန်တော်တွေ မဝင်ရော က်နိုင်အောင် အစွမ်းကုန်ကြိုးစားပေးပါ”
“စိတ်ချပါ ကျမအသက်ရှိနေသရွေ့ ဒီလောက ကြီးကို ကာကွယ်ပေးပါ့မယ်”
“မင်းကို ငါယုံပါတယ် ဒါနဲ့အပြင်ဘက်ခန်းမထဲ မှာတော့ လူသားဧကရာဇ်က အနိုင်ရလိုက်ပြီး မင်းကို စောင့်နေတယ် နောင်တချိန်မှာ သူကအ ထွဋ်အထိပ်ကျင့်ကြံသူ ဖြစ်လာနိုင်ပြီး လောက ၃ ထောင်ကို အုပ်စိုးလိမ့်မယ်လို့ ငါတို့အစ်ကိုကြီ ဖြစ်တဲ့ ကြယ်နတ်ဘုရားက မျှော်လင့်ထားတယ် မင်းအနေနဲ့ သူ့ကိုအကောင်းဆုံးကူညီပေးလိုက် ပါ”
ကိုင်ရီရီက ရိုကျိုးစွာဖြင့် ခေါင်းညိတ်ပြလိုက်သ ည်။ ဘိုးဘေးမပြောလျင်ပင် သူမက ကျိုးယန် ကိုအစွမ်းကုန် ကူညီမည်ဖြစ်ပြီး မြွေမျိုးနွယ်စု အပေါ် ကျိုးယန်ကဲ့ကျေးဇူးတရားအတွက် ပြန် လည်ပေးဆပ်မည်ဟု ဆုံးဖြတ်ထားသည်။
တခဏကြာလျင် ဘိုးဘေးက ကိုင်ရီရီကို ခန်းမ ထဲသို့ ပြန်လည်ရွေ့ပြောင်းပေးလိုက်သည်။ ကိုင်ရီရီ ထွက်ပေါ်လာချိန်တွင် ကျိုးယန်က ခန်း မထောင့်တနေရာတွင် ငြိမ်သက်စွာထိုင်နေခဲ့ပြီး ဓားကွက်များထဲ၌ စျာန်ဝင်နေခဲ့သည်။ ကျိုးယ န်မသိသည်က ရုပ်တုများသည် ကျိုးယန်ကို ကျေနပ်နေသည့် အမူအရာဖြင့် စောင့်ကြည့်နေ ခြင်းဖြစ်သည်။
ကိုင်ရီရီက ကျိုးယန်ကို မနှောင့်ယှက်တော့ပဲ ဘေးတွင်သာ တိတ်တဆိတ်ထိုင်နေခဲ့သည်။အ ချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့ပြီး ရက်သတ္တ ပတ်ခန့် ကြာသွားခဲ့သည်။ ထိုအချိန်တွင် မြို့ တော်အသစ်ရှိ ဂိုဏ်းခွဲမှာ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေကြပြီး ရှသခင်လေး၏ အသက် ကျောက်ပြားကွဲကြေမှုက နောက်ဆက်တွဲများရှိ လာနိုင်သည်ကို သတိပြုမိသောကြောင့် ဖြစ်သ ည်။ ထို့အပြင် ကျိုးယင်ချင်းဆီကိုလည်း လင်း ဧကရာဇ်မှာ ရောက်ရှိလာပြီး လီပြည်ထောင်စု ကိုရင်ဆိုင်ရာ၌ ကူညီပေးရန် တောင်းဆိုခဲ့သည်
ထိုအချက်ကို ကျိုးယင်ချင်းက ကတိမပေးလို က်ချေ။ ကျိုးယန်ပြန်လာမှသာ သဘောထားကို မေးမြန်း၍ အကြောင်းပြန်မည်ဟုသာ ပြောကြာ လိုက်သည်။ ကျိုးယင်ချင်းရှိနေသောကြောင့် အလယ်ပိုင်းဒေသရှိ ဂိုဏ်းဌာနချုပ်မှာ လှုပ်ရှား မှုများကို တိတ်တဆိတ်သာလုပ်နိုင်ပြီး ရှသခင် လေး သေဆုံးမှုအပေါ် ရှမိသားစုခေါင်းဆောင်မှ စုံစမ်းပေးရန် ဌာနချုပ်ကို တောင်းဆိုခဲ့သည်။
ထိုအဖြစ်အပျက်များသည် ရက်သတ္တပတ်အတွ င်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဓိက ဇာတ်ဆောင် ကျိုးယန်ကမူ လှိုဏ်ဂူထဲ၌ ဓားကွက်နဲ့ပက်သက် ၍ ဉာဏ်အလင်းရနေခဲ့သည်။ အချိန်ကနောက် ထပ် ၃ရက် ထပ်မံကုန်ဆုံးသွားခဲ့ပြီး မြို့တော်အ သစ်၌ ဂိုဏ်းခွဲတခုလုံး မရှိတော့ပေ။
ကျိုးယန်သည် မျက်လုံးအစုံကို ညင်သာစွာဖွင့် လိုက်ပြီး ဓားကွက်များလေ့လာခြင်းနဲ့ပက်သက် ၍ ကျေနပ်စရာရလာဒ်တခု ရသွားပုံပေါ်သည်။ သူက ပထမ၃ ကွက်ကို ကျွမ်းကျင်အဆင့်နီးပါး ရောက်ရှိသွားခဲ့ပြီး မိုးကြိုးအပြစ်ဒဏ်ခံယူပြီး ပထမအသွင်ပြောင်းခြင်း အဆင့်ကိုသာရောက် ရှိသွားပါက နောက်ထပ် ဓားကွက်၃ခုကို ထပ်မံ လေ့လာမည်ဟု ဆုံးဖြတ်လိုက်သည်။ လက်ရှိ ကျင့်ကြံမှုအရတော့ အဆိုပါဓားကွက်များကိုမ သုံးနိုင်သောကြောင့် လေ့လာခြင်းက သူ့အတွ က်အကျိုးမရှိနိုင်ပေ။
“မင်းရောက်နေတာ ကြာပြီလား”
ကျိုးယန်က ဘေးနားတွင် တိတ်တဆိတ်ထိုင် နေသည့် ကိုင်ရီရီကိုကြည့်၍ မေးလိုက်သည်။ သူမရဲ့ အရှိန်အဝါမှာ ပြောင်းလဲသွားပုံရပြီး ကျ င့်ကြံမှုကလည်း အထွဋ်အထိပ်သို့ပင် ရောက်ရှိ နေသည်။ ကျိုးယန်က ကျေနပ်စွာဖြင့် ပြုံးလိုက် သည်။ သူမတို့အားကောင်းပါက နောင်တွင်သူ့ အတွက် အကူညီဖြစ်စေမည်မဟုတ်လော။