မြို့တော်သို့အပြန်ခရီး
Vol. 13 Ch. 194
“တပတ်လောက်တော့ ရှိပြီ”
ကိုင်ရီရီရဲ့စကားကို ကြားလျင် ကျိုးယန်တစ် ယောက်မှင်သက်သွားရသည်။ ဓားကွက်များကို လေ့လာခြင်းက အချိန်ကုန်လို့ကုန်မှန်းပင် သူမ သိခဲ့ပေ။ အားနာဟန်ဖြင့် ပြုံးပြလိုက်ပြီး ခန်းမ ထဲမှ အမြန်ထွက်ခွာရန် တိုက်တွန်းလိုက်သည်။ အကြောင်းမှာ တောင်ခြေတွင် မုရုံရှီတို့ရှိနေပြီး သူမတို့ရဲ့ အခြေနေအနေကို သိလို၍ ဖြစ်သည်။
တခဏကြာလျင် လှိုဏ်ဂူထဲမှ ပြန်လည်ထွက် ခွာလာကြသည်။ အပြန်တွင် မည်သည့်စူးစမ်းမှု မှ မလုပ်တော့၍ ပိုမြန်သည်။ မကြာမီပင် လှိုဏ် ဂူအပြင်ဘက်သို့ ရောက်လာကာ ကျိုးယန်က လှိုဏ်ဂူ ပတ်ပတ်လည်ကို ဖုံးကွယ်အစီအရင်တ ခုဖြင့် ဖျောက်ပစ်လိုက်သည်။
နာရီအနည်းငယ်ကြာ တောင်အောက်သို့ ဂရုတ စိုက်ဆင်းခဲ့ရပြီး အောက်ခြေသို့ရောက်လျှင် ရွက်ဖျင်တဲများကို တွေ့လိုက်ရသည်။ ထိုအချ က်က မုရုံရှီတို့ တဖက်သူများကို ဖြေရှင်းပြီးသ ည်ဟု ယူဆနိုင်သည်။ ကျိုးယန်လည်း ထိုအခါ မှသာ သက်ပြင်းချလိုက်နိုင်သည်။ တောင်ခြေ တွင်သာ မုရုံရှီတခုခုဖြစ်ပွားပါက ကိုင်ရီရီနဲ့မုရုံ မိသားစုခေါင်းဆောင်ကို ဖြေရှင်းရတော့မည်။
ကျိုးယန်တို့ ပြန်ဆင်းလာသည်ကို သတိပြုမိသ ည့် မုရုံရှီက သူမရဲ့ဆရာဖြစ်သူ ကိုင်ရီရီထံပြေး ဝင်ကာ ပွေ့ဖက်လိုက်သည်။
“တော်သေးတာပေါ့ ဆရာဘာမှမဖြစ်ဘူး ကျမ ကဆရာ့ကို စိုးရိမ်နေတာ”
ကိုင်ရီရီက မုရုံရှီ၏ စကားကိုအပြုံးဖြင့်နား ထောင်နေခဲ့ပြီး မုရုံရှီအပေါ် သင်ကြားပေးခြင်း သိပ်မရှိသော်လည်း မုရုံရှီက သူမကိုဆရာတဦး အဖြစ် အမြဲမှတ်ယူကာ ရိုရိုသေသေ ဆက်ဆံ တတ်သည်။ ကျိုးယန်က ဆရာတပည့်နှစ်ဦးကို ကြည့်ကာ ပြုံးလိုက်ပြီး
“အဖွဲ့သားတွေကို စုစည်းလိုက်တော့ ဒီနေရာက ထွက်ခွာကြမယ်”
ကျိုးယန်စကားဆုံးသည်နှင့် မုရုံရှီက အထူးတ ပ်ဖွဲ့ဝင်အချို့ကို စုစည်းလိုက်သည်။ ပုံမှန်ဆိုလျ င် အထူးတပ်ဖွဲ့မှာ ကျိုးယန်အမိန့်ကိုသာ နာခံ တတ်သော်လည်း ကျိုးယန်ရဲ့ မှာကြားမှုကြောင့် မုရုံရှီရဲ့ အမိန့်ကိုပြောင်းလဲ နာခံနေကြသည်။
မကြာမီအသင့်ပြင်ပြီးနောက် ထိုနေရာမှ ထွက် ခွာလာခဲ့ကြသည်။ အပြန်တွင် မုရုံရှီက သူမတို့ ၏ တိုက်ပွဲအကြောင်း ပြောပြနေခဲ့ပြီး ထိုအဖွဲ့ သားများမှာ လူသားကျင့်ကြံသူစစ်စစ်များ ဖြစ် ကြောင်း လေလွင့်ကျင့်ကြံသူများဖြစ်ကြပြီး ဂို ဏ်းအသစ်မှ မက်လုံးပေး၍ စုစည်းထားခြင်းဖြ စ်သည်။
ကျိုးယန်သည် ထိုအချက်ကို သတိထားမိသည် လေလွင့်ကျင့်ကြံသူများမှာ အရင်းအမြစ်အတွ က်ခက်ခဲကြပြီး ထိုအရာများရရှိရန် အသက်ကို ပင်ရင်းကြရသူများ ဖြစ်သည်။ ကျင့်ကြံရေး လောကတွင် နောက်ခံမရှိခြင်းက သေဖို့နီးစပ် ပြီး တကိုယ်တော်ရုန်းကန်သူများအဖို့ ရွေးချယ် ခြင်းမှားယွင်း၍ မဖြစ်ပေ။ ထိုသူများကတော့ ဂိုဏ်းအသစ်ကိုမှ ရွေးမိသွားခဲ့ကြသည်။
ကျိုးယန်တို့အဖွဲ့သည် မြို့တော်အသစ်ဆီသို့ ရက်အနည်းငယ်အတွင်း ရောက်ရှိလာကြပြီး လမ်း၌ အဆင့်၃ သားရဲများတွေ့သော်လည်း ကျိုးယန်အတွက် ကလေးကစားစရာအဆင့် များဖြစ်နေခဲ့သည်။ များပြားသည့် အမြူတေ များ သိမ်းဆည်းနိုင်ခဲ့ပြီး ထိုအမြူတေများကို လေလံတင်လိုက်ပါက ရွှေစမည်မျှရနိုင်မည်ကို တွက်ဆမရနိုင်ပေ။
ပုံမှန်အားဖြင့် အဆင့်၃ သားရဲအမြူတေမှာရှား ပါးပြီး စျေးကြီးမြင့်သည်။ ကျင့်ကြံသူကို အဆ င့်တက်ရာ၌ ကူညီပေးပြီး ပကတိရှင်သန်ခြင်း အထွဋ်အထိပ်ရောက်ဖို့ နိယာမသဘောတရား များ လေ့လာရာ၌လည်း အသုံးဝင်နိုင်သည်။ဥ ပမာ လျှပ်စီးကျားသစ်ဘုရင်ရဲ့ အမြူတေဖြစ် သည်။
ကျိုးယန်သည် မြို့တော်အသစ်ကို ရောက်သည် နှင့် ရက်အနည်းငယ်ကြာအောင် အနားယူနေခဲ့ သည်။ ကျိုးယန်ရဲ့ စိတ်စွမ်းအင်များကို ပြန်လ ည်ဖြည့်တင်းနေခဲ့ပြီး ထိုအချိန်တွင် ကျိုးပြည် ထောင်စုတခုလုံးရှိ လက်အောက်ခံများအား ဂို ဏ်းအသစ်ရဲ့လှုပ်ရှားမှုများကို စောင့်ကြည့်ရန် မှာကြားထားလိုက်သည်။
ထိုဂိုဏ်းအသစ်ကို မကိုင်တွယ်ခင် လင်းဧကရာ ဇ်၏ အကူညီတောင်းမှုကို စဥ်းစားရမည်ဖြစ်ပြီး ယခင်ကဆိုလျင် ကျိုးယန်က ငြင်းပယ်မိမည် ဖြစ်သည်။ သို့သော် လေဟာနယ်လမ်းကြောင်း ကိုအပြီး အပိုင်ပိတ်ဆို့ရန် လောကအရှင်သခင် ဖြစ်ပြီး လောကအမြူတေလိုအပ်သောကြောင့် ပြည်ထောင်စုများကို လွှမ်းမိုးခြင်းက ကျိုးယန် ရှောင်လွဲ၍ မရနိုင်ချေ။
ဒင်!
အထူးတာဝန်တရပ်ပြီးဆုံးသွားခဲ့ပါပြီ။
အစီအရင်ကျောက်ကို တွေ့ရှိသည့်အတွက် ဆု လာဒ်အဖြစ် အထူးတပ်ဖွဲ့ဝင် တစ်သောင်းကို စနစ်မှ ချီးမြင့်လိုက်သည်။
ကျိုးယန်သည် ဆုလာဒ်ကို အပြင်သို့မထုတ်ပဲ စနစ်ဆီ၌သာ သိမ်းဆည်းထားစေသည်။ မကြာ မီ လီပြည်ထောင်စုနဲ့ ရင်ဆိုင်ရန်ရှိပြီး ထိုတစ် သောင်းက အင်အားတခုဖြစ်လာနိုင်၍ အချိန်မ တိုင်မီ ထုတ်မပြလိုခြင်း ဖြစ်သည်။
မကြာမီ အလယ်ပိုင်းဒေသမှ ကျိုးယင်ချင်း၏ သတင်းပေးပို့ချက် ရောက်လာပြီး လင်းဧကရာ ဇ်ရဲ့ အကူညီတောင်းမှုကို ပြောပြသည်။ ကျိုး ယန်က ထိုကိစ္စကို ဆွေးနွေးရန် နန်းတော်သို့ပြန် လာမည်ဟု ပြောလိုက်ပြီး လင်းပြည်ထောင်စု ကိစ္စဖြေရှင်းပြီးပါက မဂ်လာပွဲကျင်းပပေးမည် ဟု ကတိပြုလိုက်သည်။ ယခုအချိန်တွင် မိဖုရာ တင်မြှောက်ခြင်းက မလိုအပ်သေးချေ။
ကျိုးယန်သည် မြို့တော်အသစ်၌ ရက်အနည်း ငယ်အနားယူချိန်တွင် ဝူကျင်းနဲ့ကျောက်ဝမ်အာ တို့ကို အစီအရင်နဲ့ ဆေးပညာရပ်များ သင်ကြား ပေးခဲ့ပြီး အဆင့်မြင့်ကျင့်စဥ် အချို့ကိုလည်း ဝေမျှခဲ့သည်။ တဖက်တွင် နေမီးဓားကျင့်စဥ်ကို ကိုင်ရီရီနဲ့ မုရုံရှီတို့အား ပေးလိုက်ပြီး သူမတို့သ ည် နတ်ဘုရားအဆင့် ကျင့်စဥ်များကို တွေ့လို က်ရချိန်၌ မျက်လုံးအစုံက ပြူးကျယ်နေခဲ့ကြ သည်။
ကျိုးယန်တယောက် လောကအုပ်ချုပ်သူထံမှ အမွေအနှစ်အားလုံး ရခဲ့သည်ကိုတော့ ထုတ်မ ပြောခဲ့ပေ။ အစီအရင်ကျောက်တုံး ရရှိထားသ ည့်သတင်းအား ဖုံးကွယ်ထားခဲ့ပြီး ထိုကိစ္စကိုသိ သူမှာ ကိုင်ရီရီသာ ရှိသည်။ ကျိုးယန်တစ်ယော က် နန်းတော်သို့ပြမ်ရောက်ချိန်တွင် ရှောင်ရှောင် စုယင်နှင့် ကျိုးယင်ချင်းတို့က စောင့်ကြိုနေခဲ့ပြီ ရှောင်ရှောင်လေးမှာ အတော်ပင်ကြီးထွားနေခဲ့ သည်။ ကျင့်ကြံရန် ပါရမီပါလာသောကြောင့် ကျိုးယင်ချင်းက အရင်းအမြစ်များထောက်ပံ့ ပေးခဲ့ပြီး အသက်ငယ်ရွယ်သော်လည်း စစ်သ ည်တော်အဆင့်၂ သို့ရောက်နေသည်။
ထိုနေ့ည၌ နန်းတော်ထဲတွင် မိသားစုစားသော က်ပွဲတခု ကျင်းပခဲ့ပြီး မရ်လာပွဲကိစအပြင် လင်းဧကရာဇ်ရဲ့ အကူညီတောင်းခံသည့်ကိစ္စ ကိုပါ ဆွေးနွေးခဲ့ကြသည်။ ထိုစားသောက်ပွဲ၌ အဖိုးဝူပါ ပါဝင်လာပြီး နန်းတော်သို့အလည်အ ပတ်ရောက်နေသည့် ကျိုးလီ ကျိုးယွမ် ကျိုးစု လင်းတို့လည်း မကျန်ခဲ့ပေ။
ကျိုးယန်သည် လူစုံတက်စုံရှိနေသည့် စားပွဲကို ကြည့်ကာ ဒီလောကထဲသို့ရောက်ရှိချိန်မှစ၍ ယခုအချိန်သည် သူ့အတွက် စိတ်အပျော်ရွှင်ရ ဆုံး အချိန်ဖြစ်သည်ကို သတိပြုမိလိုက်သည်။ ကျင့်ကြံရေးလမ်းစဥ်သည် ခက်ခဲကြမ်းတမ်းပြီ အထီးကျန်သည်။ ပို၍ မြင့်မားသည့်အဆင့်ကို ရောက်လိုပါက သံယောဇဥ်များ မရှိထားရန်လို အပ်သည်။ မဟုတ်ပါက ထိုအရာများမှာနောင် တွင် အားနည်းချက်များ ဖြစ်သွားနိုင်သည်မဟု တ်လား။