အစီစဥ်
Vol. 13 Ch. 195
ကျိုးယန်သည် ညစာကို ပျော်ရွှင်စွာစားသောက် ပြီးနောက် သားရဲတောင်ကြောမှ ရလာသည့် အ မြူတေများကို ချီရီရှင်းထံ အဖိုးဝူမှတဆင့် ပို့ ဆောင်စေသည်။ အဆင့်၃ အမြူတေ ဆယ်ခုနှ င့် အဆင့်၂ အမြူတေ ငါးဆယ်ကျော်ရှိနေသော ကြောင့် ထိုပမာဏက လေလံပွဲတခု ကျင်းပရန် လုံလောက်သည်ထက် ပိုပေသည်။
ကျိုးယန်ကိုယ်တိုင်ကမူ ထိုအရာအတွက် မကိုင် တွယ်လိုတော့ပေ။ လာမည့်ရက်ပိုင်းအတွင်း လ င်းဧကရာဇ် ထပ်မံရောက်ရှိလာနိုင်ပြီး လက်ရှိ လင်းပြည်ထောင်စုထဲရှိ စက်ရုံခွဲများကို လက်န က်များ အရှိန်ဟုန်မြင့် ထုတ်လုပ်ရန် မှာကြားလို က်သည်။ အကြောင်းမှာ ကျိုးနဲ့လင်း ပြည်ထော င်စု နှစ်ခုပေါင်း၏ အင်အားမှာ လီပြည်ထောင်စု ၏ တဝက်ခန့်သာ ရှိပေသည်။ ထိပ်တိုက်ရင်ဆို င်ရပါက ပညာရှင်အရေအတွက် ကွာဟချက်က ကြီးမားသည်။
ပထမဦးစွာ တပ်မှူးလော့ရှန်း ဦးဆောင်သည့် အထုးတပ်ဖွဲ့ဝင်များအား မြောက်ပိုင်းဒေသ လီ ပြည်ထောင်စုနဲ့ ထိစပ်ဒေသသို့ တိတ်တဆိတ် လွှတ်လိုက်သည်။ အင်အားအကုန်စုစည်း လိုက် ပါက သတိထားမိသွားနိုင်၍ အင်အား ၁၀၀၀ ကိုသာ အထူးရွေးချယ်ပြီး ထိုအစုအဖွဲ့လေးကို ကူညီရန် စနစ်မှ မကြာခင်က ပေးအပ်ထားသ ည့် အထူးတပ်ဖွဲ့ဝင် နောက်ထပ်အရေအတွက် တစ်သောင်းကို မြောက်ပိုင်းဒေသ အနှံ့အပြား၌ နေရာချစေသည်။
လီပြည်ထောင်စု၏ ဝင်ပေါက်မှာ မြောက်ပိုင်း ဒေသဖြစ်သည်။ ထို့အပြင် ဒေသ၄ခုအနက် မြောက်ပိုင်းဒေသမှာ အနောက်ပိုင်းဒေသကဲ့သို့ ပင် ဖွံ့ဖြိုးမှုအားနည်းသည်။ လက်ရှိ ကျိုးလီဦး ဆောင်သည့် နန်းတွင်းတော်ဝင်မျိုးနွယ်များက မြောက်ပိုင်းဒေသကို ကျိုးယန်၏ အကူညီဖြင့် လမ်းကြောင်းမှန်ပေါ် ပြန်လည် ဆွဲတင်ထားနိုင် သော်လည်း လီပြည်ထောင်စုမှ တိုက်ခိုက်လာပါ က အချိန်တိုအတွင်း ကျဆုံးနိုင်သည့် ဒေသတ ခု ဖြစ်နေသေးသည်။
အခြေနေကို မပြင်းထန်စေရန် လီနဲ့လင်း ပြည် ထောင်စု၏ ပြဿနာကြား အတင်းတိုးဝင်ခြင်း မျိုး ပြုလုပ်မည်မဟုတ်ပဲ လီပြည်ထောင်စုရဲ့ ကျိုးပြည်ထောင်စုအပေါ် အမှားတစုံတရာပြု လုပ်ထားမှသာ ထိုအချက်ကိုဖိနင်း၍ ကူညီနိုင်မ ည်ဖြစ်သည်။ လက်ရှိတွင်တော့ မြောက်ပိုင်းပုန် ကန်မှုကို မီ၍ လီဧကရာဇ်က ကျိုးယန်ကိုဖိအား ပေးနေသည့် အခြေနေတွင်ရှိသည်။
ကျိုးယန်မှာ သွေးဆာသည့် ဧကရာဇ်တပါးမ ဟုတ်ပေ။ သို့သော်လည်း ထိုအရာက ကြောက် တတ်သူဟု မထင်စေလိုပဲ စစ်ပွဲမရှိသည့် ခေတ် သစ်ကမ္ဘာမှ လာသူအဖို့ ငြိမ်းချမ်းသည့်လမ်းစ ဥ်ကိုသာ လျှောက်လှမ်းလိုသည်။ သို့သော် ဤ လောကမှာ ကျင့်ကြံရေးလောကဖြစ်သည်။ ရန် သူကိုမင်း မသတ်လျင် ရန်သူက မင်းကိုသတ် သွားပေမည်။ ကျိုးပြည်ထောင်စု၏ လှုပ်ရှားမှု နဲ့ တိုးတက်လာမှုအပေါ် စောင့်ကြည့်နေသည့် အခြားပြည်ထောင်စုများက ကျိုးပြည်ထောင်စု ၏အခြေနေ တိုးတက်မလာခင် ကိုင်တွယ်နိုင်မ ည့် နည်းလမ်းပေါင်းစုံကို သေချာပေါက်ရှာဖွေ နေမည်ဖြစ်သည်။
ကျိုးယန်ရဲ့အတွေးကတော့ ရိုးရှင်းသည်။ စ ကားဖြင့် ပြောမရလျင် လက်ပါရမည်။ မည်သူ့ ကိုမှ ကြောက်ရွံနေမည်မဟုတ်ချေ။ ပြည်ထော င်စု စည်းဝေးပွဲမတိုင်ခင် ကျိုးပြည်ထောင်စု၏ ခွန်အားကို ပြသရန် နည်းလမ်းရလာပါက အဘ ယ်ကြောင့် ရှောင်လွှဲနေတော့မည်နည်း။ ထို့အပြ င် လင်းပြည်ထောင်စုသည် နောင်တွင် ကျိုးပြ ည်ထောင်စု၏ ထိန်းချုပ်မှုအောက်သို့ လုံးဝကျ ဆင်းလာမည် ဖြစ်ပြီး လောကအရှင်သခင်ဖြစ် ရန် ပထမခြေလှမ်းဟု ယူဆနိုင်သည်။
ထိုရက်များတွင် ကျိုးယန်က မော်တော်ကားထု တ်လုပ်သည့် နည်းပညာအပြင် လက်နက်များ ထုတ်လုပ်ရေးအပေါ် အရှိန်အဟုန်မြင့်စေပြီး တပ်ဖွဲ့ဝင်များကို ခေတ်မီလက်နက်များနဲ့ ရင်းနီး စေရန် တိတ်တဆိတ် လေ့ကျင့်ထားစေသည်။ ကျိုးယင်ချင်းမှာမူ ကျိုးယန်၏ လုပ်ဆောင်ချ က်များကို သတိပြုမိ၍ မကြာခင် ပြည်ထောင်စု ၃ခုကြား ပြင်းထန်သည့် တိုက်ပွဲများဖြစ်လာနိုင် သည့်အပေါ် စိုးရိမ်နေခဲ့သည်။ ပထမအချက်မှာ တိုက်ပွဲမြေပြင်ကို ကျိုးပြည်ထောင်စုထဲ၌ မဖြစ် စေလိုပေ။ မဟုတ်ပါက နောက်ဆက်တွဲအကျိုး ဆက်က အရှိန်ရနေသည့် ကျိုးပြည်ထောင်စုကို ထိခိုက်စေနိုင်သည်။ နောက်တချက်ကတော့ အ ခြားပြည်ထောင်စုများမှ ပေးလာမည့်ဖိအားဖြစ် ပြီး လီပြည်ထောင်စုနဲ့ မဟာမိတ်ဖြစ်နေသည့် ဝူ နဲ့ ဟုန်ပြည်ထောင်စုများ ပါဝင်ပက်သက်လာမ ည်ကို စိုးရိမ်နေခဲ့သည်။
ထိုသို့အခြေနေမျိုးရောက်လာပါက ကျိုးပြည် ထောင်စုကို ကူညီမည့် ပြည်ထောင်စုမရှိသေး ချေ။ သို့သော် သူမ မသိသည်က ကျိုးယန်သ ည် ချီရီရှင်းမှ တဆင့် စုန့်ပြည်ထောင်စုကို တစ တစ လွှမ်းမိုးရန် ကြိုးစားနေပြီး စုန့်ဧကရာဇ်အ လိုရှိသည့် နည်းပညာအချို့ကို မျှဝေပေးခဲ့ပြီး ထိုအရာအတွက် မည်သည့်တောင်းဆိုမှုမှ မပြု လုပ်ခဲ့သောကြောင့် အရေးကြုံလာလျင် စုန့်ပြ ည်ထောင်စုမှ မကူညီလျင်တောင် ဆန့်ကျင်ဘ က်၌ ရပ်တည်မည်မဟုတ် သူယူဆသည်။
ချီမိသားစုကုန်သည် ဌာနချုပ်ထဲ၌ ချီရီရှင်းသ ည် ကျိုးယန်ပေးပို့သည့် အမြူတေများကို ကြ ည့်၍ မှင်သက်နေခဲ့သည်။ အဆင့်၃ သားရဲအ မြူတေများမှာ လေလံစျေးအရ တခုလျင်အန ည်းဆုံး ရွှေစ သန်း၁၀၀ မှ သန်း၁၀၀၀ ထိရနိုင် ပြီး လက်ရှိသူမလက်ထဲတွင် ဆယ်ခုရှိနေခဲ့သ ည်။ ကျိုးယန်၏ ရည်ကွယ်ချက်မှာ သားရဲ တောင်ကြောကို ဝင်ရောက်ခြင်းအား ဖုံးကွယ် လိုပြီး ထိုအမြူတေများကို သူကိုယ်တိုင်ထုတ် ရောင်းပါက ရှပင်သေဆုံးမှုကို ဂိုဏ်းအသစ်က ကျိုးယန်ကို သံသယဝင်လာနိုင်သည်။
ယခုအချိန်၌ လင်းပြည်ထောင်စု၏ အခက်ခဲကို ဖြေရှင်းရန်လိုအပ်သောကြောင့် ဂိုဏ်းအသစ်နဲ့ မရှုပ်ချင်သေးပေ။ ထိုအတွက် ချီရီရှင်းထံသာ ပို့ဆောင်လိုက်ပြီး စုန့်ပြည်ထောင်စုမှ ချီမိသား စုအနေဖြင့် အဆင့်၃ သားရဲအမြူတေများ ရှိနေ ခြင်းအပေါ် မည်သူမှ သံသယဝင်မည်မဟုတ် ပေ။ နောက်တခုက ထိုသို့ပေးပို့ခြင်းဖြင့် ချီမိ သားစုနဲ့ ဆက်ဆံမှုကို တိုးမြင့်လိုက်နိုင်ပြီး စုန့် ပြည်ထောင်စုနဲ့ ဆက်ဆံရေးအား အကောင်းဘ က်သို့ ယိမ်းစေနိုင်ပြန်သည်။
ချီရီရှင်းသည် ကျိုးယန်၏ အမြူတေများကို လက်ခံလိုက်ပြီး လေလံပွဲမှ ရရှိငွေ၏ ၃၀ ၇၀ ခွဲဝေမည့်အကြောင်းကိုပါ အဖိုးဝူမှတဆင့် ကျိုး ယန်ထံ အကြောင်းပြန်လိုက်သည်။ သူမအတွ က် စဥ်းစားရမည့်အချက်က လေလံပွဲကို မည် သည့်နေရာ၌ ပြုလုပ်မည်နည်း။ ကျိုးယန်ရဲ့ ရ ည်ရွယ်ချက်ကို အကဲဖမ်းနိုင်သည့် သူမက စုန့် ဧကရာဇ်နဲ့ ကျိုးယန်ကြား ဆက်ဆံရေးတခုတ ည်ဆောက်နိုင်ရန် စုန့်ဧကရာဇ်ဆီခွင့်တောင်း၍ စုန့်ပြည်ထောင်စု၌ ဧကရာဇ်အသိမှတ်ပြု လေ လံပွဲတခု ကျင်းပရန် ဆုံးဖြတ်လိုက်သည်။
………………………………………………..