← Chapters

အခန်း (၁၉၆)

Vol. 14 Ch. 196

အခန်း (၁၉၆)

Vol. 14 Ch. 196

စုန့်ဧကရာဇ်နဲ့ ချီရီရှင်းတို့ စုန့်ဧကရာဇ်ရဲ့ နန်း တော်ထဲ၌ တွေ့ဆုံနေကြသည်။ ချီရီရှင်းသည် ကျိုးယန်ထံမှ ရရှိထားသည့် အဆင့်၃ အမြူ တေများအား ပြသခဲ့ပြီး ထိုအရာများမှာ ကြီး မားသည့် သက်ရောက်မှုဖြစ်လာနိုင်ကြောင်းကို လျှောက်တင်နေခဲ့သည်။

ထိုအရာက အမှန်ပင်။ စုန့်ပြည်ထောင်စုလို ကြွ ယ်ဝသည့် ပြည်ထောင်စုတခုမှ ဧကရာဇ်တပါး ပင် အဆင့်၃ အမြူတေ ဆယ်ခုမရှိချေ။ ယခု ကျိုးဧကရာဇ်က ဆယ်ခုကိုပေးကာ လေလံတင် စေခြင်းသည် ချီရီရှင်းအပေါ် ကျိုးဧကရာဇ်ရဲ့ သဘောထားကို သိမြင်နိုင်သည်။ ထို့အပြင် စုန့် ဧကရာဇ်၏ အကြံစည်ကို အောင်မြင်သည်ဟု လည်း အထင်ရောက်စေခဲ့သည်။

စုန့်ဧကရာဇ်သည် ချီအမတ်ကြီးရဲ့ နန်းတွင်းရာ ထူးစွန့်ခွာမှုအပေါ် စိတ်ပျက်ခဲ့ရသော်လည်း တ ဖက်တွင် ချီမိသားစုရဲ့ တကယ့်ရတနာတပါးကျ န်နေခဲ့၍ ဖြေသာနေခဲ့သည်။ ချီရီရှင်းကို စုန့်ဧက ရာဇ်မှာ ရည်မှန်းချက်ကြီးစွာ ထားရှိခဲ့ပြီး ဟုန်စ စ်သူကြီးရဲ့ မြေးထက်ပို မျှော်လင့်မိသည်။

“အရှင်မင်းကြီး ဒီအမြူတေဆယ်ခုအတွက် ပြ ည်ထောင်စုအဆင့် လေလံပွဲကြီးစီစဥ်သင့်တယ် လို့ ကျတော်မျိုးမြင်ပါတယ် အဲ့ဒါကပဲ ကျိုးဧ ကရာဇ်ကို လေးစားရာကျပြီး နှစ်ပြည်ထောင်စု ကြားဆက်ဆံရေးကို တိုးမြင့်နိုင်မှာပါ”

ပညာရှိအမတ်က ရိုကျိုးစွာဖြင့် လျှောက်တင် သည်။ စုန့်ဧကရာဇ်၏ မူရင်းရည်ရွယ်ချက်ကို သိသော်လည်း အမြင်တွင်တော့ သင့်လျော်တဲ့ လျှောက်တင်မှုမျိုး လိုအပ်သည်မဟုတ်လား။ စုန့်ဧကရာဇ်မှာ ထိုအကြံမျိုးရှိထားပြီး ဖြစ်သည် သို့သော် သူအမှန်တကယ်စိုးရိမ်သည့် အချက် က တခြားအရာဖြစ်သည်။

မကြာသေးခင် သတင်းပေးပို့ချက်အရ လီနဲ့ လင်းပြည်ထောင်စုနှစ်ခုကြား ပြဿနာမီးစပို များလာပြီး လင်းဧကရာဇ်သည် နည်းပညာပူး တွဲ ထုတ်လုပ်သည့်အချက်ကို အမှီပြု၍ ကျိုးဧ ကရာဇ်ထံ အကူညီတောင်းခံခဲ့သည်ဟု သိထား ခဲ့သည်။ ယခု ကျိုးဧကရာဇ်အတွက် လေးစား ရာပြသခြင်းက စုန့်ပြည်ထောင်စုအနေဖြင့် ကျို ဧကရာဇ်ဘက် ရပ်တည်နေသည်ဟု လီပြည် ထောင်စုအပေါ် အထင်ရောက်စေပြီး နောက်ထ ပ်အရှုပ်အထွေးများကို သက်ရောက်စေတော့မ ည်။

အဓိကအားဖြင့် ပြည်ထောင်စုများ တွေ့ဆုံပွဲမ တိုင်မီ လီပြည်ထောင်စုဘက်မှ စတင်လှုပ်ရှားမ ည်ဟု သူမထင်သော်လည်း ကျိုးဧကရာဇ်က တော့ မတူညီပေ။ ငယ်ရွယ်သည့် ဧကရာဇ်မှာ သွေးဆူသည် လုပ်ရဲကိုင်ရဲသည် ထိုအချက်များ ကြောင့် ပြည်ထောင်စုနှစ်ခုကြား စစ်ပွဲကိုအမှန် တကယ်စတင် သူမှာ ကျိုးဧကရာဇ်ပင်ဖြစ်သွား နိုင်သည်။

စုန့်ပြည်ထောင်စုရဲ့ သဘောထားက ဘက်မလို က်မူဝါဒ ဖြစ်သော်လည်း တချိန်ချိန်တွင်​တော့ ပြတ်သားသည့် ရပ်တည်မှူမျိုးရွေးလာရသည့် အခါ အကျပ်တည်းတွေ့လာနိုင်သေးသည်။

“ချီမိန်းကလေး မင်းအနေနဲ့ သတင်းအချို့ကြား ထားပြီးပြီလို့ ငါထင်တယ် မင်းအမြင်ကိုပြောပြ ပါဦး”

စုန့်ဧကရာဇ်က ချီရီရှင်းသည် ကျိုးပြည်ထောင် စုအတွင်းထိ သက်ရောက်မှုရှိသည်ဟု ယူဆ၍ တီးခေါက်သည့် သဘောဖြစ်သည်။ ချီရီရှင်းက

“အရှင်မင်းကြီး ဘာများသိလိုပါသလဲ”

“အကုန်လုံးပဲ လက်ရှိ ကျိုးပြည်ထောင်စုရဲ့အင် အားအမှန် ပြီးတော့ ကျိုးဧကရာဇ်ရဲ့ သဘော ထား စသည်ဖြင့်ပေါ့”

စုန့်ဧကရာဇ်ရဲ့ ဆိုလိုရင်းကို ချီရီရှင်းတယောက် ရိပ်မိစပြုသွားခဲ့သည်။ ဆိုလိုသည်မှာ လီနဲ့လင်း ပြည်ထောင်စုကြား ပြဿနာကို ကျိုးဧကရာဇ် ပါဝင်နိုင်ချေ ရှိမရှိ သိလိုနေခြင်းဖြစ်မည်။

“ကျမ သိထားရသလောက် ကျိုးဧကရာဇ်က သိ ပ်တော်တဲ့ ဧကရာဇ်တပါးပါ မိတ်ဆွေအပေါ်အ မြင်ကောင်းတချို့ ထားရှိတတ်သူဖြစ်ပြီး လက် ရှိပြဿနာဖြစ်နေတဲ့ လင်းပြည်ထောင်စုဆိုတာ ကလည်း ကျိုးပြည်ထောင်စုနဲ့ နီးစပ်တဲ့ဆက်ဆံ ရေးကို တည်ဆောက်ထားနိုင်တယ် နောက်ပြီး ကျိုးဧကရာဇ်မှာ ကျမတို့မျှော်လင့်မထားတဲ့ ဝှ က်ဖဲတွေ ရှိနေသေးတယ်လို့ ကျမထင်နေတယ်”

“ဝှက်ဖဲတွေ ဟုတ်လား ဘာတွေများလဲ”

ခန်းမထဲရှိ အမတ်အချို့နဲ့ စုန့်ဧကရာဇ်ပင်စိတ် ဝင်စားသွားခဲ့ရသည်။ ထိုအရာက ဘာများဖြစ် မလဲ။

“ကျမတို့ လမ်းတံတားစီမံကိန်းကို သိကြမှာပါ ကျိုးဧကရာဇ်က အချိန်ကုန်ခံပြီး ဖော်ဆောင်တဲ့ စီမံကိန်းတခု မဟုတ်ပါဘူး တိကျတဲ့သတင်းရ င်းမြစ်တချို့က ကျိုးဧကရာဇ်မှာ ရွေ့လျားနိုင် တဲ့ ယာဥ်တမျိုးရှိပြီး တိုက်ခိုက်ရေးမှာ အသုံးဝ င်တယ်လို့ ပြောကြတယ် အထူးသဖြင့် လူဦးရေ သောင်းချီ သိန်းချီတဲ့ စစ်ပွဲကြီးတွေမှာ အသုံး ပြုဖို့လို့ ကျမထင်နေမိပါတယ်”

အကုန်လုံးရဲ့ အမူအရာက လေးနက်သွားကြရ သည်။ သူတို့အတွေးအမြင်၌ ရထားလုံးများ ကျောက်တုံးပစ် တာဝေးယာဥ်ကဲ့သို့ သစ်သား ဘီးတပ်ယာဥ်များ သာမြင်ဖူးကြပြီး လျင်မြန်တဲ့ အရှိန်ဖြင့် ရွေ့လျားနိုင်ပြီး ထိုအရာက တကယ့် အဖျက်စွမ်းအားကို ထုတ်လွှတ်နိုင်ခြင်းက မတူ ညီတော့ပေ။ သိုသော် ထိုအချက်အတွက် မည် သူမှ မယုံသက်ာမဖြစ်ဝံ့ချေ။

ချီရီရှင်းထံမှ ရထားခဲ့သည့် လက်နက်နည်းပ ညာအဆင့်ကပင် မြင့်မားနေပြီး ယခုထိ ထုတ် လုပ်ရန် အခက်တွေ့နေကာ ပညာရှင်များ၏တစု တစည်းတည်း ဖော်ပြမှုက ကြောက်စရာကောင် သည်ဟုသည့် အချက်ပင်ဖြစ်သည်။ မည်မျှနည် သိုင်းပညာရှင် အထွဋ်အထိပ်များကို စုဝေးပြီး တချက်သာပစ်ခတ်ရန် လိုသည့် တာဝေးလက်န က်ကြီးများ ရှိနေခြင်းက ကောင်းကင်ကို လွန်ဆ န်ရာကျနေသည်။ ထိုလက်နက်မျိုးကို ရွေ့လျား နိုင်သည့် ယာဥ်နဲ့တွဲစပ်ထားပါက မည်သို့ဖြစ်နေ မည်နည်း။

ဆက်၍ပင် မတွေးရဲချေ။ စုန့်ဧကရာဇ်သည် သ က်ပြင်းမောကို ချပြီး မကြာခင်ဖြစ်လာတော့မ ည့် ပြည်ထောင်စုနှစ်ခုကြား အရေးအခင်းကြီး ကို စိတ်ရှုပ်ထွေးနေခဲ့သည်။ သူမည်သို့ ရင်ဆိုင် ရမည်နည်း။

“ထားတော့ ထားတော့ အဲ့ကိစ္စအတွက် နောက် ပိုင်းမှ ငါတို့ဆက်ဆွေးနွေးမယ် လတ်တလော မှာ အမြူတေအတွက် လေလံပွဲကျင်းပဖို့ ငါသ ဘောတူတယ် အမြန်ဆုံးစီစဥ်လိုက်ပါ”

“ကေျးဇူးတင်ပါတယ် အရှင်မင်းကြီး”

ချီရီရှင်းသည် စုန့်ဧကရာဇ်ကို ယဥ်ကျေးစွာနှု တ်ဆက်စကားဆို၍ ထွက်ခွာသွားသည်။ သူမ သည် ဖြစ်နိုင်လျင် နန်းတော်ကို ခြေမချလိုပေ။ ယခု၌ပင် အကျင့်သဘောထား သေးသိမ်သည့် ဟုန်စစ်သူကြီးကဲ့သို့ လူများမရှိသောကြောင့် သူမ ဝင်ရောက်ခြင်းဖြစ်သည်။ ထို့အပြင် ကျိုး ဧကရာဇ်ရဲ့ စိတ်ဓာတ်ကို ခန့်မှန်းမိနေသည့်သူမ က လင်းပြည်ထောင်စုကို ကူညီလိမ့်မည်ဟု ယူ ဆနေသည်။

ပြဿနာမှာ ပို၍ ကြီးထွားလာပေတော့မည်။ ကျိုးပြည်ထောင်စုသည် ဖွံ့ဖြိုးစဖြစ်ပြီး အများ စုမှာ ကျိုးဧကရာဇ်အပေါ် အမြင်ပြောင်းစအချိ န်၌ စစ်ပွဲစခြင်းက မကောင်းပေ။ သို့သော် ကျိုး ဧကရာဇ်က ထိုအရာကို ဂရုစိုက်သူမဟုတ် ကြောင်းသူမက သိထားပေသည်။

ရက်အနည်းငယ်အတွင်း ကျိုးဧကရာဇ်နဲ့ တွေ့ ဆုံရန်လိုအပ်မည်ဟု သူမ တွက်ဆလိုက်သည်။ ဖြစ်နိုင်လျင် လင်းဧကရာဇ်နဲ့ ကျိုးဧကရာဇ်တို့ မတွေ့ဆုံခင် သူမအရင် တွေ့ဖို့လိုသည်ဟု ထင် သည်။ တခါတရံတွင် ရပ်တည်ချက်တခုက ဘ ဝတခုဖြစ်နေပြီး အပြောင်းအလဲ ကြီးတခုကို သက်ရောက်စေနိုင်သည်။

…………………………………………………

All Chapters