အခန်း (၁၉၇)
Vol. 14 Ch. 197
နောက်ထပ်ရက်အနည်းငယ်အကြာတွင် ကျိုး ယန်သည် လင်းဧကရာဇ်နဲ့ တွေ့ဆုံခဲ့ကြသည်။ ထိုတွေ့ဆုံမှုက ရိုးရှင်းပြီး မည်သည့်အရာကို ဦး တည်စေမှန်း နှစ်ဖက်စလုံးမှ သိထားပြီဖြစ်၍ ရ ည်ရွယ်ရင်းကိုသာ တိုက်ရိုက်ဆွေးနွေးခဲ့ကြသ ည်။
အဓိကအချက်များမှာ လီပြည်ထောင်စုဖက်မှ ဖိအားပေးလာသည့်အပေါ် တုန့်ပြန်ရန်ဖြစ်ပြီး မည်သို့တုန့်ပြန်ရန် အတွက်ကိုမူ လင်းဧကရာဇ် မှ ကျိုးယန်ရဲ့အကူညီပေါ် စောင့်ကြည့်လိုခြင်း ဖြစ်သည်။ အမှန်တကယ်ဆိုလျင် လင်းဧကရာ ဇ်မှ ဆက်လက်သည်းခံလိုစိတ် မရှိတော့ပေ။
မတရားတောင်းဆိုလာသည့် တောင်းဆိုချက်က လင်းဧကရာဇ်ရဲ့ ဂုဏ်သိက္ခာကိုကျစေပြီး လင်း ပြည်ထောင်စုသည် ပြည်ထောင်စုများအကြား အနှိမ်ခံဘဝကို ရောက်နေခဲ့ရသည်ဟု သူထင်ခဲ့ သည်။ ထိုအတွက် တုန့်ပြန်ရန်နည်းလမ်းက စစ် ပွဲတခုသာဖြစ်သည်။ သို့သော် ထိုအချင်းအရာ အတွက် သူ့တွင်အင်အား မလုံလောက်ပေ။
“ညီတော်ကျိုး ကျုပ်သွယ်ဝိုက်မနေတော့ပါဘူး ကျုပ်တို့ပြည်ထောင်စုနှစ်ခုကြား ဆက်ဆံရေး က အရမ်းကြီး မရင်းနီးပေမယ့် အိမ်ရှေ့ပူအိမ် နောက်မချမ်းသာ ဆိုသလိုပဲမဟုတ်လား အခုပြ ဿနာက သေးငယ်တယ်ဆိုပေမယ့် နောင်တချိ န် လီပြည်ထောင်စုရဲ့ ခြေလှမ်းက ညီတော်ကျိုး ဆီ ရောက်လာမှာကို စိုးရွံမိတယ်”
(စကားပုံကို သင့်လျော်ရာသုံးလိုက်ရပါသည်)
ကျိုးယန်က ထိုစကားကိုကြားလျင် ပြုံး၍ လင်း ဧကရာဇ်ရဲ့ စိတ်ကိုနားလည်သွားခဲ့သည်။ ထိုသူ သည်တကယ်ကိုပင် အားကိုးရာမဲ့နေခဲ့ပြီး မ သေချာသည့်အရာအပေါ် စုံလုံးကန်းလိုနေသ ည်။ ထိုသို့ဧကရာဇ်မျိုး ရှိပါသေးရဲ့လား။ သူ သာရှောင်ထွက်လိုက်ပါက လင်းပြည်ထောင်စု သည် ဖွတ်ဖွတ်ကြေဆိုသည့် စကားကပင်နား ထောင်ကောင်းပေဦးမည်။ အထူးသဖြင့် တော် ဝင်မျိုးနွယ်များသည် နိမ့်ကျသည့်အနေထားတ ခုကိုရင်ဆိုင်ရနိုင်ပြီး တကိုယ်ကောင်းဆန်သည့် ဂိုဏ်းများ အင်အားစုများက လင်းဧကရာဇ်ရဲ့ နောက်ကျောကိုထိုးရန် ဓားသွေးနေလောက်ချေ ပြီ။
“နောင်တော်လင်း စိတ်အေးအေးထားပါ ပြဿ နာတခုကို ဖြေရှင်းရမှာ စိတ်လောတာကအမှား ပါဖို့ ရာခိုင်နှုန်းများပါတယ် အခုတွေ့ဆုံတာက လဲ နောင်တော်လင်းရဲ့ အတွေးကိုသိလိုနေတာ ဖြစ်လို့ မျက်နှာလွှဲခဲပစ် မလုပ်ပါဘူး”
ကျိုးယန်ရဲ့စကားက ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ ဖြစ်သည်။ သူက ကူညီမည်။ သို့သော် အားတက်သရောအမူအရာတော့ မပြ နိုင်ပေ။ တန်ဖိုးကျသွားမည်။ တဖက်လင်းဧက ရာဇ်ကလည်း ကျိုးယန်ရဲ့စကားအသွားအလာ ကိုကြည့်၍ ဤလူငယ်ကို လျှော့တွက်၍မရမှန်း သဘောပေါက်သွားခဲ့သည်။ သူမသိတာက ကျို ယန်သည် ချီရီရှင်းနှင့် အရင်ဆုံခဲ့ပြီး စုန့်ဧကရာ ဇ်ရဲ့ စိတ်ထားကို အရိပ်အမြွက်သိထားပြီဖြစ်၍ အခြားပြည်ထောင်စုများကလည်း ကြားဝင်မ ည်ကို မစိုးရိမ်တော့ပေ။
“ညီတော်ကျိုး လင်းပြည်ထောင်စုက ကြီးမား တဲ့သမိုင်းကြောင်းရှိတဲ့ ပြည်ထောင်စုတခုပါ အ ခုလိုဖြစ်နေတာက ရေရှည်မှာ ပြည်ထောင်စုအ တွင်း အင်အားစုတွေကို မထိန်းချုပ်နိုင်တော့မှာ စိုးရွံနေမိတယ် ဒါကိုညီတော်ကျိုးလည်း နားလ ည်လိမ့်မယ်လို့ ကျုပ်ယုံပါတယ်”
လင်းဧကရာဇ်သည် ဖိအားများနေခဲ့ပြီး အကြွေး ပြန်မဆပ်နိုင်သည့်အပြင် ပြည်ထောင်စုရဲ့ရတ နာဖြစ်သည့် လင်းယုယန်ကိုလည်း မပေးလိုချေ ထိုအရာက သွေးသားဆိုတာထက်ပိုလေးနက် သည်။ အများအားဖြင့် ဧကရာဇ်များသည် လို အပ်ပါက ကိုယ့်သွေးသားကိုပင် ပြန်သတ်ကြ သူများဖြစ်သည်။ ယခုလင်းယုယန်အတွက် လ င်းဧကရာဇ်ရဲ့ အကာအကွယ်ပေးမှုကို ကျိုးယန် က လေးစားမိသည်။
“နောင်တော်က ဘယ်လိုစိတ်ကူးလဲ”
ကျိုးယန်က အနည်းငယ်တီးခေါက်ဟန်ဖြင့် မေး လိုက်သည်။
“ကျုပ်ကတော့ ပြဿနာကိုအစမရှည်ချင်တော့ ဘူး ဒါကနောင်မှာဆက်တောက်နေမယ့် မီးပွား တခုပဲ”
“ကျုပ်သဘောပေါက်ပြီ”
ကျိုးယန်သည် ပြဿနာကိုမရှောင်လွဲပေ။ သူ့ တွင် စဥ်စားစရာအဖြစ် ဂိုဏ်းအသစ်ကိုကိုင် တွယ်ရန် ကျန်ရှိနေသောကြောင့် အင်အားအကု န်ထုတ်မပြလိုပေ။ ခွန်အားကိုချိန်ဆရမည်။ထို့ အပြင် နောက်ဆက်တွဲကိုလည်း တွက်ဆရမည်
“နောင်တော် စိတ်မပူပါနဲ့ ဒီရက်ပိုင်းထဲမှာ ကျုပ် ဘက်က အပြုအမူနဲ့ အဖြေတခုပြန်ပေးပါမယ် တခုတော့ရှိတယ် ဒါက အကျိုးမဲ့ ဆောင်ရွက်ခြ င်းလို့တော့ မယူဆစေလိုဘူး”
လင်းဧကရာဇ်သည် ထိုစကားကိုအသွားအလာ ကိုမကြိုက်ပေ။ မျက်မှောင်ကိုကြုတ်ကာ တွေး နေခဲ့သည်။ အကျိုးမဲ့မဟုတ်ဟု ဆိုခြင်းက အ ဘယ်နည်း။ လေးနက်မှုက စာဖွဲ့မရပေ။ သူစဥ်း စားစရာ ကျန်ပါဦးမလား။ လုံးဝ ရွေးချယ်စရာ မရှိတော့ပါ။
“ကောင်းပြီ ကျုပ်သတင်းကောင်းကို စောင့်နေ မယ်”
ထိုသို့ဖြင့် ဆွေးနွေးမှုက နည်းပညာထုတ်လုပ် မှုဘက်သို့ရောက်သွား ခဲ့ပြီး ကျိုးယန်ကစက်ရုံ များကို တွန်းအားတခုပေးရန် မှာကြားလိုက်သ ည်။ ထိုအရာက သိသာပါသည်။ ပြင်ဆင်မှုတခု ဟုယူဆနိုင်သည်။ တမနက်ပိုင်း ကုန်သွားပြီးချိ န်တွင် လင်းဧကရာဇ်ပြန်လည် ထွက်ခွာသွားပြီး ထိုတွေ့ဆုံမှူအကြောင်းကို ကျိုးယန်ကတမင်ပင် ဖော်ပြလိုက်သည်။
လီဧကရာဇ်သည် ပြင်းစွာဒေါသထွက်ကာ ပိုမို ဖိအားပေးနိုင်ရန် ကျိုးပြည်ထောင်စုရဲ့လျော် ကြေးကို အကြောင်းပြချက်မရလို ဟူသည့်အမိ န့်ဖြင့် တောင်းဆိုလာသည်။ တဖက်တွင် ကြွေး မြီးကို တောင်းဆိုလိုက်ပြီး နှစ်ဖက်စလုံးကို အမှ န်တကယ် တွန်းထိုးနေခြင်းဖြစ်သည်။
ထိုသတင်းများက ဗုံးများကဲ့သို့ အဆက်မပြတ် ပေါက်ကွဲနေပြီး ပြည်ထောင်စုကြီးများကြား ကြားနေနှင့် တဖက်ရွေး ဝါဒများကျယ်ပြန့်လာ သည်။ ပြည်ထောင်စုကြား စစ်ပွဲသည်အလွယ် တကူ စတင်နိုင်သည့်အရာမဟုတ်ပေ။ တချိန် ကစုပြည်ထောင်စုအပေါ် စုန့်ပြည်ထောင်စု၏ လုပ်ရက်ကို ယခုထိ ကဲ့ရဲ့နေကြသေးသည်မဟု တ်လား။ ထိုအရာကြောင့်လည်း စုန့်ဧကရာဇ်မှာ ကိုယ်ရှိန်သတ်ခဲ့ရပြီး ရက်စက်တဲ့သရုပ်သကန် ကို ပြည်ဖုံးကားချခဲ့ရသည်။
ယခု ထိုလမ်းစဥ်ကို ဘယ်ဧကရာဇ်ကလျှောက် နေသနည်း။ လီလား ကျိုးလား။ မသဲကွဲတော့ ပေ။ ကျိုးဧကရာဇ်၏ လက်နက်ဆန်းနည်းပ ညာအချို့ ထွက်ပေါ်ထား၍ ထိုလက်နက်များ၏ ခွန်အားကို စိုးရိမ်ကြသည့် ပြည်ထောင်အများစု မှာ ခေါင်းယမ်းကြကုန်သည်။ ရန်စရန်အချိန်မ တန်သေး။ စောင့်ကြည့်ပါဦးမည်ပေါ့။
ဟုန်နဲ့ဝူ ပြည်ထောင်စုများကတော့ စဥ်းစားဆဲ အမူအရာများပြသလာပြီး အများစုမှာ လူရမ်း ကားဧကရာဇ်တပါးတဖြစ်လဲ စုန့်ဧကရာဇ်ကို အထူးအလေးပေး စောင့်ကြည့်နေခဲ့ကြသည်။ ပြောစရာဖြစ်သွားသည်မှာ စုန့်ပြည်ထောင်စု၌ ပြုလုပ်သည့် အမြူတေလေလံပွဲတခု ပေါ်လာ ခြင်းကြောင့်ဖြစ်ပြီး ထိုမျှများပြားသည့် အမြူ တေများကို ထုတ်ပြခြင်းက စုန့်ဧကရာဇ်မှာသူ့ ရဲ့ခွန်အားကို ဖော်ထုတ်ခြင်းဟု ယူဆထားသူ များ ရှိလာသည်။
စုန့်ဧကရာဇ်သည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယ မ်းနေခဲ့သည်။ ထို့ကြောင့် ဧကရာဇ်တပါးအနေ ဖြင့် အပြုအမူအသေးအမွှားကအစ ဂရုစိုက်ရ သည်မှာ တကယ်ကိုမှန်ကန်နေသည်။ သူ့လုပ်ရ က်များက လာမည့်စစ်ပွဲအတွင်း တဖက်ဖက်၌ ရပ်တည်မည်ဟု ပြဆိုနေသည်။ မည်သည့်ဘက် ဖြစ်သနည်း။ လူတိုင်းခေါင်းစားကုန်သည်။
အချိန်က တလနီးပါးကြာမြင့်သွားခဲ့ပြီး ကျိုးယ န်က အထူးတပ်ဖွဲ့များကို အနည်းငယ်စီခွဲကာ န ယ်စပ်ဒေသ သို့တိတ်တဆိတ်ပို့ဆောင် နေခဲ့သ ည်။ လှုပ်ရှားမှုကို လုံးဝဖုံးကွယ်ထားပြီး တဖက် တွင် မော်တော်ကားနည်းပညာကို ၃ပိုင်းခွဲ၍ စုန့် ဧကရာဇ်ကို နှုတ်ပိတ်ခ ဆက်သလိုက်ပြန်သည် သဘောက ဘေးထွက်နေ ဝင်မပါနဲ့ ဟူသည့် အ ကြမ်းထည် သဘောတရားတခုဖြစ်သည်။
ထို့အတူ ချီရီရှင်းကြောင့် ချီမိသားစုပုံရိပ်မှာလဲ တိုးမြင့်သွားပြီး စုန့်ဧကရာဇ်မှာ ချီအမတ်ကြီး အား ဒုတိယအမတ်ချုပ်ရာထူးဖြင့်ပင် မြူဆွယ် လာသည်။ မော်တော်ကားနည်းပညာကား အဘ ယ်အရာနည်း။ မြင့်မားသည့် နည်းပညာတခုဖြ စ်ပြီး ဘက်စုံသုံးနည်းပညာဖြစ်သောကြောင့် အ ကျိုးများလွန်းသည်။ ဖန်တီးနိုင်ခဲ့ပါက ပြည် ထောင်စုရဲ့ အဆင့်တန်းကို နောက်တဆင့်ထိပို့ ပေးနိုင်ပြီး ထိုအချိန်အတွင်း၌ ကျိုးယန်ကလဲ သူ့နည်းပညာတန်ဖိုးကို မြင့်တင်ပြရန် ရည်ရွ ယ်ချက်ဖြင့် မော်တော်ကားအချို့ ထုတ်ပြလာ သည်။
ထိုအရာမှာ ခရီးသည်တင် ကားများသာဖြစ်ပြီး လှည်း ရထားလုံးများထက် ဝန်ပိုတင်နိုင်ပြီး ပို ၍ အကြမ်းခံနိုင်ကာ မြန်ဆန်သည့်အရှိန်ကြော င့် ထိုအရာကို ထုတ်ဖော်သည်နှင့် ကုန်သည်အ များအပြားက လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် တို က်ခိုက်လာကြသည်။ လမ်းတံတားစီမံကိန်းကို လီရှို့ချင်က အပြီးသတ်ခဲ့ပြီ မဟုတ်လော။
…………………………………………..