← Chapters

အခန်း (၁၉၈)

Vol. 14 Ch. 198

အခန်း (၁၉၈)

Vol. 14 Ch. 198

မော်တော်ကားပြပွဲကို ၇ရက်တိတိပြသခဲ့ပြီး ချီရီရှင်းကို ဖိတ်ခေါ်ခဲ့ကာ လင်းဧကရာဇ်ပင် လင်းယုယန်နဲ့အတူ တက်ရောက်ခဲ့သည်။ကြီး မားသည့် သံကိုယ်ထည်ကြီးတခုလုံးကို မြန်ဆန် သည့်အရှိန်ဖြင့် အလွယ်တကူထိန်းချုပ်မောင်း နှင်စေနိုင်သည့် နည်းပညာက ဟာသမဟုတ်ပေ ဘယ်သူက ထွင်နိုင်ခဲ့သနည်း။

စမ်းသပ်ပွဲ၌ ခရီးသည်ယာဥ်အချို့သာ ပြသခဲ့ သော်လည်း အထူးပြသပွဲတွင် ဇိမ်ခံကားအချို့ ပြသခဲ့သည်ဟု သတင်းများထွက်ပေါ်လာသည် ထိုကားများမှာ သိုင်းပညာရှင် အလယ်အလတ် အဆင့်၏ တိုက်ခိုက်မှုကို တားဆီးနိုင်ပြီး မာ ကြောမှုကို အမြင့်ဆုံးတင်ထားပါက အထွဋ်အ ထိပ်ထိ ကာကွနိုင်သည်။ ဟာသကြီးလား။လုံး ဝမဟုတ်ပါ။ အမှန်ပင် ကမ္ဘာမြေရှိ တိုယိုတာ ကားပုံစံ အဟောင်းဆုံးဒီဇိုင်းကိုသာ ထုတ်ပြခဲ့ ခြင်းဖြစ်ပြီး လူကုံထံအသိုင်းအဝန်းကိုသာ ပြ သခဲ့ခြင်းဖြစ်သည်။

ထိုကားတစီးရှိရုံဖြင့် ကျိုးပြည်ထောင်စုအနှံ့ လွယ်ကူစွာ သွားလာနိုင်ကာ ကျင့်ကြံသူများဖြ စ်လျင် ကျွမ်းကျင်စွာမောင်းတက်ရန် မခက်ခဲ ချေ။ ကျိုးယန်သည် ယာဥ်မောင်းလိုင်စင်ဟူသ ည့် ကတ်စနစ်ကိုပါ တွဲလျက် ဖော်ထုတ်ခဲ့ပြီး ထို ကတ်စနစ်ကို အဆင့်၃ အစီအရင်နည်းပညာကို အသုံးပြုကာ ပိုင်ရှင်၏ အချက်အလက် ယာဥ် မောင်းစဥ် ပြစ်မှုမှတ်တမ်း ယာဥ်ပိုင်ဆိုင်မှုအ ထောက်အထား စသည့်အချက်အလက်များ အားလုံးပါဝင်သည်။

ကားအရေအတွက်ကို အစီး၂၀ သာထုတ်ပြခဲ့ပြီ ၃ စီးကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်။ ပ ထမတစီးမှာ ချီရီရှင်းအတွက်ဖြစ်ပြီး ကျန်နှစ်စီ ကိုမူ စုန့်နဲ့လင်း ဧကရာဇ်နှစ်ပါးအတွက် ဖြစ်သ ည်။ ထိုအချက်က စုန့်ဧကရာဇ်ကိုပါ သူ့ဘက်ဆွဲ ခေါ်ရာရောက်ပြီး တန်ဖိုးကြီးသည့် လက်ဆောင် ကြောင့် ခေါင်းယမ်းရုံသာတတ်နိုင်သည့် စုန့်ဧ ကရာဇ်မှာ သူ့ပြည်ထောင်စုရဲ့ လမ်းများကိုအ ဆင့်မြင့်တင်ရန် ဆော်သြော်ရတော့သည်။ မဟု တ်ပါက အနှီကားကို သူက ဒီတိုင်းဘဏ္ဍတိုက် ထဲ ထားရတော့မည်မဟုတ်လော။

ကျိုးယန်သည် ခေတ်သစ်နိုင်ငံရေးကို အပြည့် အဝအသုံးချ နေခဲ့သည်။ ခရီးသည်ယာဥ်များ အတွက် လုပ်ငန်းလေးခုကို ခွဲခြမ်းပေးခဲ့ပြီး သိ သာလွန်းမှာစိုး၍ ချီရီရှင်းထံ မပေးအပ်ခဲ့ပေ။ သူမကလည်း ထိုအချက်ကို သတိပြုမိသော ကြောင့် ကျိုးယန်၏ အတွေးကို ပြုံးရယ်မိသွား ခဲ့သည်။ ဧကရာဇ်ငယ်လေးမှာ အလျော့အတင်း ကောင်းစွာ သိနားလည်သည်။ ကမ်းတဖက်ကို ဘယ်တော့မှ အကုန်မပြခဲ့ပေ။

ထိုပြပွဲကို အခြားပြည်ထောင်စုမှ ဧကရာဇ်များ တက်ရောက်ခဲ့ပြီး အကုန်လုံးကလည်း ဝယ်ယူခဲ့ ကြသည်။ ထို့အပြင် လိုအပ်ချက်ဖြစ်သည့် လမ် စီမံကိန်းအတွက် ကျိုးယန်နှင့် အချိန်အတော် ကြာဆွေးနွေးခဲ့ပြီး စီမံကိန်းကို တာဝန်ယူရန် ချီ ရီရှင်းက ခေါင်းခံရတော့သည်။ သူမအတွက် ငွေဝင်လမ်းမှာ ကြီးမားလွန်းသွားချေပြီ။ ထို့အ ပြင် စုန့်ဧကရာဇ်ရဲ့ မူဝါဒက ကျိုးပြည်ထောင်စု အပြင် တခြားပြည်ထောင်စုများအပေါ်ပါ စတ င်သက်ရောက်လာသောကြောင့် စုန့်ဧကရာဇ်မှာ ပြုံးဖြီးနေမှုကို ဟန်ပင်မဆောင်နိုင်ပေ။ အများ ကတော့ ချီသခင်မလေးကို ချွေးမတော်ချင်နေ သည့်စုန့်ဧကရာဇ်က သူ့ရဲ့ချွေးမလောင်းလေးရဲ့ အောင်မြင်မှုကို ဝမ်းသာနေသည်ဟု အထင်ရှိနေ ခဲ့ကြသည်။

ကျိုးယန်က ​ကျိတ်၍ရယ်နေခဲ့ပြီး သူ့ထံအာရုံစု နေသည့် စုန့်ဧကရာဇ်ကို လမ်းလွှဲပေးလိုက်ခြင်း ဖြစ်ကြောင်း သူတယောက်တည်းပင် သိနေခဲ့သ ည်။ မဟုတ်သေး ချီရီရှင်းလည်း အနည်းငယ်တွ က်ဆနေခဲ့မိပြီး ကျိုးယန်ရဲ့အမည်ပြောင်ကိုပင် ကြောက်စရာကောင်းအောင် တော်လွန်းသည့် ဧကရာဇ်ဟု အမည်တပ်နေခဲ့လေသည်။

တဆက်တည်း တပ်ဖွဲ့ဝင်များလှုပ်ရှားမှုက အင် အား ၃၀၀၀၀ ထိရောက်ချိန်တွင် ရပ်တန့်လိုက် ပြီး နောက်တကြိမ်လီဧကရာဇ်က ထပ်မံစကား ထွက်လာပါက စတင်မည်ဟု သူဆုံးဖြတ်လိုက် သည်။ စကားနဲ့မပြောပဲ လက်ပါတော့မည်ဖြစ် သည်။ မဟုတ်လျင် သူကစီးပွားရေးသာနားလ ည်သည့် ငကြောက်ဧကရာဇ်တပါးအဖြစ် အမ ည်တွင်တော့မည် မဟုတ်လော။

ထိုလှုပ်ရှားမှုကို တောက်ချင်က ဦး​ဆောင်ပြီး လော့ရှန်းနဲ့ နောက်ရထားသည့် တပ်ဖွဲ့ဝင်များရဲ့ ခေါင်းဆောင်အချို့က ပူးပေါင်းခဲ့သည်။အင် အားစု ၃၀၀၀၀ လုံးဝ အသံတိတ် ဖြန့်ကြက်ခဲ့ ခြင်း။ မည်သူမှ မသိပေ။ တော်လွန်းသည့် ချီရီ ရှင်းပင် သတိမထားမိပဲ အဓိကဒေသ၄ခု မှာ နန် တွင်းစစ်သည်များပင် လျော့ပါးသွားသည့် အင် အားကို သတိမပြုမိခဲ့ကြပေ။

ကိုင်ရီရီနဲ့ မုရုံရှီတို့သည် ဝူကျင်းရဲ့အကူအညီဖြ င့် တည်နေရာရွှေ့ပြောင်း အစီအရင်ကို နေရာအ နှံ့ ဖြန့်ကြက်ထားပြီး လိုအပ်ပါက အသင့်ကူညီ နိုင်ရန် ပြင်ဆင်ထားသည်။ ထို့အပြင် တင့်ကား များကိုလည်း ကျိုးယန်က ဝှက်ထားသေးပြီး ထို ကားများက သူ့တွင်ပင် များများစားစား မရှိသ လို ထုတ်လည်းမထုတ်လုပ်နိုင်သေးချေ။ ဂရုစို က် သုံးစွဲရတော့မည်။

အခြေနေများက ပုံမှန်လည်ပတ်နေပြီး တည်ငြိ မ်နေသည့်တခုသော အရာမှာ ဂိုဏ်းအသစ်သာ ဖြစ်သည်။ ၎င်းတို့မှာ ရှပင်သေဆုံးမှုကို စုန့်ပြ ည်ထောင်စုအား သံသယဝင်နေကြပြီး အမြူ တေများထုတ်ပြခြင်းက သားရဲတောင်ကြော၌ စုန့်ပြည်ထောင်စုမှ ပညာရှင်များ ဝင်ရောက်ခဲ့ သည်ဟု မှတ်ယူနိုင်သည်။ ထိုသို့ဆိုလျှင် ဖြစ် နိုင်ချေများက များလွန်းနေချေပြီ။ ထို့ကြောင့် စုန့်ပြည်ထောင်စုထဲသို့ ဝင်ရောက်ထားသည့် ၎င်းတို့ရဲ့ ဂိုဏ်းခွဲများအား အင်အားစုဆောင်း စေပြီး တိကျတဲ့ရလာဒ်တခုဖြစ်လာပါက တိုက် ပွဲကို ဦးတည်စေတော့မည်။ ရှပင်ကထိုမျှပြုလု ပ်ရသည်အထိ အရေးပါသည်လား မဟုတ်ပါ။

ကျိုးပြည်ထောင်စုကို ထိန်းချုပ်ပြီး အစီအရင် ကျောက်ကို ရှာဖွေလိုပါက ကျိုးပြည်ထောင်စုရဲ လက်တွဲဖော်များကို ဖယ်ချန်ထားစေရန် ဆောင် ရွက်ရမည် မဟုတ်လော။ သို့မှသာ မတော်တဆ ကျိုးဧကရာဇ်နဲ့ ထိပ်တိုက်ဖစ်လာပါက​အကူညီ ပေးနိုင်မည့် ခြေလက်များ မရှိတော့မှာဖြစ်သည် ကျိုးယန်သည် ၎င်းတို့ကို လုံးဝအလွတ်မပေးခဲ့ ချေ။

ချီရီရှင်းကိုလည်း ခေါ်တွေ့ကာ တဖက်လှည့်စ ကားပစ်ထားပြီး ရှုပ်ထွေးသည့်အခြေနေတခု၌ အင်အားစုအသစ်များကို သတိထားပါဟူ၍သာ ဆိုခဲ့သည်။ ချီရီရှင်းက ဉာဏ်ကောင်းပါသည်။ ကျိုးယန်ရဲ့ ဆိုလိုရင်းကို အကဲဖမ်းမိပြီး ပိုရှုပ် ထွေးလာမည့် အနာဂတ်ကာလကို စိတ်ပျက်စွာ စောင့်ကြည့်ရတော့မည်။ ကျင့်ကြံရေးလောက ရဲ့မုန်တိုင်းတခု ထပ်ဖြစ်တော့မည်မဟုတ်လော သူမသည် ကျိုးယန်ကို စုန့်ဧကရာဇ်ရဲ့မျက်နှာဖုံး မျိုးမတပ်စေလိုပေ။

လီပြည်ထောင်စုအတွက်လား။ သူမက စိတ်ထဲ သနားသလိုတောင် ခံစားနေရသည်။ ထိုသူများ က သံပြားတင်မက သံ​တောင်ကိုပါ ခေါင်းနဲ့ပြေ စောင့်ချင်နေကြသည်။ ထိုအတွက် ကူကယ်ရာ မဲ့စွာဖြင့် စုန့်ဧကရာဇ်ကိုသာ သွယ်ဝိုက်သတိပေ ခဲ့ပြီး လမ်းကြောင်းတခုပြသပေးခဲ့သည်။

“မောင်တော်”

ကျိုးယန်တယောက် မြောက်ပိုင်းဒေသရဲ့မြေပုံ အားကြည့်နေစဥ်တွင် ကျိုးယင်ချင်းနဲ့အတူ စု ယင်တို့ ရောက်ရှိလာကြသည်။

“မောင်တော်က တကယ်ပဲ ပြဿနာကိုဒီနည်းနဲ့ ရှင်းလိုနေတာလား”

ကျိုးယင်ချင်းက စိတ်မသက်သာဟန်ဖြင့် မေး လာသည်။ စစ်ပွဲ၏ အကျိုးသက်ရောက်မှုကို သူမက သိထားသည်။ အပြစ်မဲ့ပြည်သူအများ အပြား အသက်ပေးရပြီး ရှုံးနိမ့်သည့်ပြည်ထော င်စုမှာ အပျက်စီးပုံအဖြစ် ပြောင်းလဲသွားရပေ မည်။ ထိုသို့ဆိုလျှင် ကျိုးယန်တည်ဆောက်ခဲ့ သည်အရာများက အချည်းနှီးမဖြစ်ကုန်နိုင်ပေ ဘူးလား။ ကျိုးယန်က မြေပုံကိုခေါက်သိမ်းလို က်ပြီး

“ကျတော်သိပါတယ် ကျတော့်မှာ ရွေးချယ်စရာ တကယ်မရှိလို့ပါ နောက်ပြီး စစ်ပွဲမြေပြင်ကို အ တတ်နိုင်ဆုံး ကျိုးပြည်ထောင်စုပြင်ပထိ ဆွဲထု တ်ပြီး သက်ရောက်မှုနည်းအောင် ကြိုးစားပေး မယ်”

စုယင်ကတော့ ဘေးတွင်ထိုင်ကာ ကျိုးယန်ကို သာစိုက်ကြည့်နေခဲ့သည်။ သူမသည် ဖျက်စီးခံ ခဲ့ရသည့် ပြည်ထောင်စုမှ ဖြစ်သည်။ သူမ၏အ ထောက်အထားကို ကျိုးယန်ပင် ရေရေရာရာမ သိထားပေ။ သူမအတွက် ကျိုးယန်ရဲ့အစီအစ ဥ်များ ကိုအမြဲသဘောတူမှာဖြစ်ပြီး ကျိုးပြည် သူများလား ကျိုးယန်လောက်အရေးမကြီးပေ။

“မောင်တော်က ဆုံးဖြတ်ပြီးပြီကိုး ထားလိုက်ပါ အစ်မတော်မတားတော့ဘူး ဒါနဲ့ မောင်တော်ကျို လီ နဲ့ မောင်တော်ကျိုးယွမ်တို့ကို ဂရုစိုက်လိုက် ပါ အဲ့ကာလအတွင်း ညီမတော်စုလင်းကို ဒီခေါ် ထားလိုက်မယ်”

“အစ်မတော် သင့်တော်သလိုစီမံပါ နောက်ရက် တွေအတွင်း အဖိုးဝူဆီက လီပြည်ထောင်စုရဲ့ အချက်အလက်တွေရရင် အသိပေးပါဦး ဒါနဲ့ စုယင်က ချီရီရှင်းနဲ့ ဆက်သွယ်ဖို့ ကြားခံတခုအ ဖြစ်ရှိနေပေး အဆင်ပြေတယ်မလား”

ကျိုးယန်ရဲ့ တောင်းဆိုချက်ကို စုယင်က မငြင်း ခဲ့ပေ။ ချီရီရှင်းရဲ့ အရည်ချင်းကိုသူမကိုယ်တိုင် သိထားပြီး ကျိုးယန်ကပင် ချီးကျူးသည့်တဦး တည်းသော မိန်းကလေးဖြစ်သည်။ ချီရီရှင်းထံ မှ သူမသင်ယူစရာများ ရှိနေနိုင်သည်။

“စိတ်ချပါ ကျမ ချီမိသားစုကုန်သည်နဲ့ အဆက် မပြတ်စေရပါဘူး”

“ကောင်းပြီ ကဲ ညစာစားဖို့အချိန်ရောက်ပြီ”

ကျိုးယန်ရဲ့အမူအရာက ပေါ့ပါးသွားပြီး ပြုံးစစ ပုံစံဖြင့် ခန်းမထဲမှ ထွက်ခွာသွားတော့သည်။စု ယင်နှင့် ကျိုးယင်ချင်းတို့သည် တဦးကိုတဦး ကြည့်ကာ ခေါင်းယမ်းနေကြပြီး ကျိုးပြည် ထောင်စု၏ အဆုံးအဖြတ်က မကြာမြင့်တော့ တဲ့အချိန်၌ အဖြေထွက်လာတော့မည် မဟုတ် လော။

………………………………………………

All Chapters