← Chapters

ကျိုးပြည်ထောင်စု မြောက်ပိုင်းဒေသတနေရာ..

Vol. 14 Ch. 199

ကျိုးပြည်ထောင်စု မြောက်ပိုင်းဒေသတနေရာ..

Vol. 14 Ch. 199

မိုးတွင်းကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ယ ခုချိန်သည် ဒေသပွဲတော်များ မရှိတော့ပဲ ကျိုးဧ ကရာဇ်လမ်းညွှန်ချက်များအရ လယ်ယာလုပ်င န်းအချို့ ပြန်လည်စတင်ရန် အချိန်ဖြစ်နေသည် မြောက်ပိုင်းဒေသသည် ဆောင်းရာသီ၌ အလွန် အေးခဲသည့် ရာသီဥတု တခုပိုင်ဆိုင်ထားသည်။ ထိုအတွက် ကျင့်ကြံသူမဟုတ်သည့် ပြည်သူမျာ မှာ မြောက်ပိုင်းဒေသတွင် နေထိုင်ရန်ခက်ခဲ့နေ သော်လည်း ခြံမြေစျေးနှုန်းသက်သာမှုနှင့် အခွ န်အခ လျှော့ပေါ့မှုတို့ကြောင့် ရွေးချယ်စရာမရှိ ပဲ ဆိုးရွားသည့် ရာသီဥတုကို ကြံ့ကြံ့ခံကာဆက် နေကြရသည်။

လော့ရှန်းသည် စနစ်မှပေးအပ်ထားသည့် စစ်သူ ကြီးတစ်ဦးဖြစ်သော်လည်း သူ့တွင်ကိုယ်ပိုင် နောက်ခံအကြောင်းအရာတခု ရှိထားလေသည်။ ထိုအရာမှာ ကျိုးယန်ပင်မသိတဲ့ အချက်ဖြစ်ပြီး လော့ရှန်းမှာ မြောက်ပိုင်းသားစစ်စစ်ဖြစ်သည်။ သူက စာမန်ပြည်သူဘဝဖြင့် ရုန်းကန်ခဲ့ရပြီး နေ့ စဥ်ဘဝ၌ သန်မာသည့်ကျင့်ကြံသူတဦးဖြစ်လို စိတ်ပြင်းထန်ပြီး စစ်သူကြီးတဦးရဲ့ ဘဝကိုခုံမ င်ခဲ့သူဖြစ်သည်။ သူ့အသက်၃၀ တွင်အိမ်ထော င်ပြုခဲ့ပြီး သားနှစ်ဦးရရှိခဲ့ကာ ထိုသားနှစ်ဥိီးနှင့် ဇနီးသည်မှာ ရွာသို့ဝင်ရောက်လာသည့် ဓားပြ များလက်ချက်ကြောင့် ဆုံးပါးသွားရသည်။ ထို အချိန်မှစ၍ လော့ရှန်းတယောက် ရွာမှပျောက် ကွယ်သွားခဲ့ပြီး ပျက်စီးမှုက သူနေထိုင်သည့်ရွာ ကို သချိုင်းမြေသဖွယ် ကျန်ရစ်စေသည်။

စနစ်မှ လော့ရှန်းရဲ့ မှတ်ဉာဏ်များကို အကုန်အ စင်မပေးခဲ့သေးချေ။ ထို့ကြောင့် လက်ရှိသူရပ် နေသည့်နေရာသည် ယခင်သူ့ရွာဟောင်းဖြစ်သ ည်ကို သူမမှတ်မိတော့။ ပြန့်ပြူးသည့် မြေပြင် ပေါ်မတ်မတ်ရပ်ကာ ပတ်ဝန်းကျင်ကို စူးစိုက်ပီး ကြည့်နေခဲ့သည်။ သူ့ရဲ့ စူးရှတဲ့မျက်လုံးအစုံက ထိစပ်နေရာအချို့ဆီထိ ရောက်ရှိသွားပြီး တဖ က်ရှိ လီပြည်ထောင်စုနယ်စပ်တွင် ယာယီကင်း စခန်းအနည်းငယ်ခန့်သာ တွေ့ရသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ကျိုးယန်ဆီမှ အမိန့်တခုရောက်လာပြီး လီပြည်ထောင်စုအတွ င်း ဝင်ရောက်စုံစမ်းရန်ဖြစ်သည်။ အဓိကအချ က်မှာ မြေနေရာအချက်အလက် မြို့တော်များနဲ့ အင်အားစုများအကြောင်းဖြစ်ပြီး တတ်နိုင်လျင် အပြစ်မဲ့ ပြည်သူများနည်းပါးသည့် လမ်းကြော င်းတခုကို ရှာစေလိုသည်။ ထိုအချက်ကို လော့ရှ န်းတယောက် မသိစိတ်မှ သဘောကျသွားခဲ့ရပီး ကျိုးယန်၏ ပြည်သူများအပေါ်သိတတ်မှုအား ကျေနပ်နေမိသည်။

“ရထားလုံးအချို့ အသင့်ဖြစ်ပါပြီ တပ်မှူး”

မကြာခင် တပ်သားတဦးရောက်လာကာ လော့ရှ န်းကို သတင်းပေးပို့လာသည်။ လော့ရှန်းကခေါ င်းညိတ်ပြလိုက်ပြီး သူနဲ့အတူ တပ်ဖွဲ့ဝင်၅ဦးခန့် ခေါ်ဆောင်ကာ ကုန်သည်များအသွင်ဖြင့် လီပြ ည်ထောင်စုထဲသို့ တိုးဝင်မည်ဖြစ်သည်။ ထိုစဥ် တောက်ချင်တယောက် ရောက်လာပြီး

“တပ်မှူးလော့ အစစအရာရာသတိထားပါ ခဗျာ တခုခုဖြစ်ရင် ကျုပ်အရှင့်ကို မျက်နှာပြရခက် သွားလိမ့်မယ်”

ပြုံးစစဖြင့် ပြောလာသည်။ လော့ရှန်းက ပြန်ပြုံ ပြလိုက်ပြီးနောက်

“စိတ်ချပါ ကျုပ်ဂရုစိုက်ပါ့မယ် ခဗျားရှိနေတော့ ဒီနေရာကို ကျုပ်စိတ်ချပြီ ဒါနဲ့ မကြာခင်မှာမင်း သမီးရောက်လာပြီး ဒီနားတဝိုက်မှာ အစီအရင် တချို့ ချထားမယ်လို့ ဆိုတယ် သူမတို့ရောက် လာရင် ခင်ဗျားကူညီပေးလိုက်ပါဦး”

“ သေချာတာပေါ့ ကျုပ်တာဝန်ယူလိုက်မယ် ခ ဗျားသာ မသွားခင် စတုတ္ထမင်းသားကို နှုတ်ဆ က်ဖို့မမေ့နဲ့”

“ကောင်းပြီ”

လော့ရှန်းသည် မကြာမီ မြောက်ပိုင်းနယ်စား ကျိုးလီထံသွားရောက်ကာ လျှို့ဝှက်တာဝန်အ တွက် ထွက်ခွာရမည်ဖြစ်ကြောင်း အသိပေးလို က်သည်။ သူ့တွင် အချိန်နှစ်ဝက်က အများဆုံး ဖြစ်သည်။ လီပြည်ထောင်စုထံမှ နောက်တကြိမ် ဖိအားမပေးခင် အချက်အလက်များရရှိထားရန် လိုသည်။ ကျိုးလီကလည်း အသာတကြည်ခွင့် ပြုလိုက်ပြီး သူသိထားသည့် လီပြည်ထောင်စုရဲ့ ယဥ်ကျေးမှု ထုံးတမ်းအစဥ်အလာတချို့ကိုပါ သတိပြုရန် ပြောပြလိုက်သည်။

ထိုရက်များတွင် မြောက်ပိုင်းဒေသက ထူးဆန်း စွာ တိတ်ဆိတ်နေခဲ့သည်။ မိုးကတဖွဲဖွဲရွာနေပြီး ကျင့်ကြံသူတယောက်က ရာသီဥတုအပြောင်း အလဲကို ဂရုမစိုက်ပေ။ သို့သော်ပြည်သူများက မူ ယခင်နှစ်များထက် မိုးရွာခြင်းမှ ဘေးထွက် ဆိုးကျိုးများ မဖြစ်ပေါ်သည်ကို သတိပြုမိကြ ပြီးထိုအရာက ကျိုးဧကရာဇ်ရဲ့ဘုန်းကံဟု ယူ ဆကာ ချီးကျူးထောပနာပြုကြသည်။

တောက်ချင် ကျိုးလီ တို့ရဲ့စီမံမှုဖြင့် နယ်စပ်ကင် စခန်းများ တိတ်တဆိတ်ဆောက်လုပ်နေခဲ့ပြီး အထူးသဖြင့် မြေအောက်လမ်းကြောင်းရှည်မျာ က စခန်းတခုနဲ့တခုကြား ဖြတ်သန်းသွားကာ တင့်ကားကဲ့သို့ လက်နက်ယာဥ်များအတွက်လဲ နေရာတခု သက်မှတ်ထားခဲ့သည်။

မနက်ခင်းတခုတွင် ဖြစ်သည်။ ကျိုးယန်သည် အိပ်ရာမှနိုးနိုးချင် ချက်ချင်းမထသေးပဲ ကုတင် ပေါ် အကြောဆန့်ကာ မြောက်ပိုင်းဒေသရှိရာဘ က်သို့ ကြည့်နေခဲ့သည်။ ကျိုးယန်၏ အရှိန်အဝါ ကိုသာမတွေ့ပါက သူ့ရဲ့အပြုအမူကြောင့် သာမ န်ပြည်သူတဦးအဖြစ် ထင်မှတ်သွားစေနိုင်သည် ကျိုးယန်က အနားရှိ အစီအရင်ကျမ်းကို လှမ်း ယူလိုက်သည်။ မနေ့ညက လူအစုအဖွဲ့အလိုက် ရွေ့ပြောင်းနိုင်သည့် အဆင့်၄ အစီအရင်တခုကို လေ့လာနေပြီး အဆင့်၄ ဟုခေါ်သော်လည်း အ ဆင့်သက်မှတ်ချက်တွင် အဆင့်၃ ဟုသာဖော်ပြ ထားသည်။

ထိုအစီအရင်က လူ၂၀ မှ ၂၅၀ ထိတပြိုင်တည်း ရွေ့ပြောင်းနိုင်ပြီး ကီလိုမီတာ ၅၀၀၀ ကျော်ထိ ကွာဝေးသည့်နေရာများကိုပင် မီနစ်ပိုင်းအတွင်း ပို့ဆောင်ပေးနိုင်ခြင်းဖြစ်သည်။ တိုက်ပွဲတွင်စစ် ကူလိုအပ်ပါက ပို့ဆောင်နိုင်ရန် ဖြစ်နိုင်သည့်လ မ်းကြောင်းအားလုံးကို ဖော်ဆောင်ထားရန်လိုသ ည်။ ကျိုးယန်က တိုက်ပွဲကိုစတင်မည့်သူဖြစ်သ ည်။ တဖက်မှ လာတိုက်မည်ကို စောင့်နေမည့်လူ မဟုတ်ချေ။ ရန်စခံရပါက တုန့်ပြန်ရန်လက်မ နှေးသင့်ဟု တွေးနေပြီး စနစ်ရဲ့တာဝန်ကလည်း အဓိကနေရာမှ ပါဝင်ခဲ့သည်။ သူ့တွက်ဆမှုအရ လီဧကရာဇ်သည် အခြားပြည်ထောင်စုများမှ ဧ ကရာဇ်များနဲ့တွေ့ဆုံနေပြီး ပူးပေါင်းခြင်းထက် သူ့ကိုယ်သူယုံကြည်မှု ပြင်းထန်ခြင်းကြောင့် ဘေးထွက်နေရန်သာ တောင်းဆိုလိမ့်မည်ဖြစ်သ ည်။ ထိုအတွက် အချိန်အချို့ရနေသေးပြီး ထပ် မံဖိအားပေးရန် သိပ်တော့မလိုအပ်တော့ပေ။

နောက်ထပ်ရက်အနည်းငယ်အတွင်း၌ လင်းပြ ည်ထောင်စု၏ လက်နက်စက်ရုံမှ AK 47 အလ က်ရေ တသောင်းကျော်ထပ်မံထွက်ရှိလာပြီး ထို လက်နကက်များကို လင်းဧကရာဇ်က ကျိုးယန် ဆီခွင့်တောင်းကာ ၎င်း၏စစ်တပ်၌ တပ်ဆင်နေ ခဲ့သည်။ ထို့အပြင် ပေါက်ကွဲစေသည့် မိုင်းများ ထုတ်လုပ်နိုင်ခဲ့ပြီး အသုံးပြုပုံနည်းလမ်းကိုလဲ တပါတည်းသင်ကြားစေကာ တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေမှုကို လီဧကရာဇ်ဘက်အား တံခါးတချပ်ဖွင့်ဟ ပြထားလိုက်သည်။

လီဧကရာဇ်သည် လင်းပြည်ထောင်စု၏ လှုပ်ရှာ မှုများကို သိသော်လည်း မဲ့ရွဲ့ကာစောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ နောက်တချိန်သူ့ဘက်က ရရှိ စရာကျန်သည့် ကြွေးမြီးကို အပြောဖြင့်မတော င်းတော့ဟု တွေးထားသည်မဟုတ်လော။ အိမ်နီ ချင်းပြည်ထောင်စုအနေဖြင့် လိုအပ်တဲ့ထိန်းချု ပ်မှုမျိုး မရှိထားပါက လင်းပြည်ထောင်စုသည် နောင်တွင် ခေါင်းပေါ်တက်ထိုင်သွားလိမ့်မည်ဖြ စ်သည်။ ထို့အပြင် ကျိုးပြည်ထောင်စု၏ ပါဝင် နိုင်ချေက ပြဿနာရဲ့အကြောင်းအရင်းအပေါ် လောင်စာထပ်ထည့်ပေးနေခြင်း ဖြစ်ကြောင်း လီဧကရာဇ်က အသိပေးလိုနေသည်။

လီဧကရာဇ်သည် ပြည်ထောင်စုအတွင်း ကျိတ် ၍ အင်အားစုဆောင်းနေပြီး ငြိမ်သက်နေသည့် ကျိုးပြည်ထောင်စုနယ်စပ်ကိုမူ အာရုံထဲမထား ခဲ့ပေ။ စစ်ပွဲကိုတောင့်တနေသည့် မိသားစုကြီး များကလည်း ကျိုးနဲ့လင်း အင်အားနှစ်စုကို အ နိုင်ယူလိုက်ပါက ရရှိလာမည့် အကျိုးအမြတ်ကို တွေးကာ တက်ကြွနေကြသည်။ ထို့ကြောင့် လီ ဧကရာဇ်ရဲ့ တိုက်ပွဲအကြောင်းပြချက်မှာ ကန့် ကွက်သူမရှိ ထောက်ပံ့ခံရပြီး အင်အားစုအသီး သီးရဲ့ ပူးပေါင်းမူကြောင့် အင်အားက ၅သိန်းထိ ထိုးတက်သွားသည်။ ထိုအရာက လွန်ကဲနေသ ည်။ အမှန်ဆိုလျင် ပြည်ထောင်စုများရဲ့ စည်းမျ ဥ်းအရ တရားဝင် တပ်ဖွဲ့သည် ၂သိန်းသာ အမျာ ဆုံးထားကြရမည်ဖြစ်ပြီး ဧကရာဇ်နဲ့ အမတ်မျာ အရာရှိများ၏ ကိုယ်ပိုင်တပ်အပါအဝင် အများ ဆုံးကန့်သတ်ချက်မှာ ၂သိန်းခွဲသာ ဖြစ်သည်။

ယခု လီပြည်ထောင်စုက အင်အား၅သိန်းကို အ လွယ်တကူ ထုတ်ပြလိုက်သည်။ နည်းနည်း တော့ ကြောက်စရာကောင်းသည်ဟု ခံစားရစေ သည်။ သင်သိထားရမည်က ကျင့်ကြံရေးလော ကတွင် တကယ့်ကျင့်ကြံနိုင်သူက အများဖတ် ဖူးသည့် ရှန်းရှများထဲကလို ဘီလျံချီ မရှိနိုင်ပေ ကောင်းကင်ဘုံကိုပင် အန်တုနေသည့် ကျင့်ကြံ ရေးကြီးက မှိုလိုပေါပဲနေမလား တွေးနိုင်သည်။

ထိုအချက်အပြင် လက်ရှိလောကသည် အဆင့် နိမ့်လောကဖြစ်၍ ကျင့်ကြံသူမျိုးဆက်များက နိမ့်ကျကာ အခြားလောကမှ ကျင့်ကြံသူအရေ အတွက်ထက် အဆများစွာပိုနည်းသည်။

လော့ရှန်းမှတဆင့် လီပြည်ထောင်စုအတွင်း လှု ပ်ရှားမှုများကို အဆက်မပြတ်သတင်းရနေသ ည့် ကျိုးယန်က အင်အား၅သိန်းကို မကြောက် ပေ။ သတင်းအချက်အလက် အရေးကြီးပြီး ထို အရာဖြင့် အထိခိုက်အနည်းဆုံးနဲ့ အကျိုးအမြ တ်အများဆုံး စစ်ပွဲကို ဆင်နွဲလိုသည်။

………………………………………………..

All Chapters