← Chapters

အခန်း (၂၀၀)

Vol. 14 Ch. 200

အခန်း (၂၀၀)

Vol. 14 Ch. 200

နယ်စပ်ဒေသများတလျှောက် အဝင်အထွက် များစိပ်လာသော်လည်း မြောက်ပိုင်းဒေသတခု မှာ ငြိမ်သက်နေသည်။ ထိုကာလတွင် လီရှို့ချင် သည် လီပြည်ထောင်စုကို ပြန်ရောက်နေခဲ့ပြီ သူ့ လမ်းတံတားစီမံကိန်းကိုလည်း ပြီးစီးသွားပြီဖြစ် ၍ ဒေသခံများခန့်အပ်ကာ ငွေထိုင်ယူနေရုံသာရှိ သည်။ သို့သော် ထိုအချက်က ကျိုးယန်ကိုခေါင် ကိုက်စေသည့် ပြဿနာတခုဖြစ်လာသည်။

လီဧကရာဇ်သည် ဖြတ်သန်းခအခွန်အခကို တိုး မြင့်လိုက်သည်။ ထို့အပြင် တင်းကျပ်သည့်လုံ ခြုံရေးများကို ငှားရမ်းလိုက်ပြီး ဒေသခံနဲ့လုံခြုံ ရေးတို့ကြား အိမ်ကြက်ခြင်းအိုးမဲသုတ်၍ ရန် တိုက်ပေးလာတော့သည်။ ထိုကိစ္စကို ကျိုးယန် တယောက် သတိလွတ်ခဲ့မိသည်။ အကြောင်းမှာ ထိုကဲ့သို့ ပြင်ပကုန်သည်များ ချုပ်ကိုင်ထားသ ည့် စီးပွားရေးလမ်းကြောင်း၏ အရေးပါမှုက ပြ ည်ထောင်စုကို ကြီးမားသည့် သက်ရောက်မှုတ ခုရှိလာစေသည် မဟုတ်လား။

ကျိုးယန်မှာ မြောက်ပိုင်းပြည်သူများ၏ အစိုးရ ဌာနထံ နေ့စဥ်တိုင်ကြားမှုများကို ကြားသိလာရ သည့်အခါ ဒေါသထွက်လာသည်။ တဖက်မှ အ နုနည်းနဲ့ စိတ်ဆွနေပြီး ကြာလာပါက မြောက်ပို င်း ပြည်သူများသာ ဆက်၍ထိခိုက်လာရတော့မ ည်။ ထို့ကြောင့် လီရှို့ချင်ပိုင်ဆိုင်သည့် လမ်းတံ တားစီမံကိန်းကို အမြန်ဆုံးလက်လွှဲယူရန်က သူ့ တွင်နည်းလမ်း၂ခုသာ ရှိသည်။ တခုမှာ အစိုးရ မှ ပြည့်စုံစည့်သက်သေအထောက်အထားဖြင့် တဖက်သား၏ ပိုင်ဆိုင်မှုကို ပြစ်မှုအကြောင်းပြ သိမ်းယူဖြင်းဖြစ်ပြီး နောက်တခုက တရားဝင် ပြန်လည်ဝယ်ယူခြင်းဖြစ်သည်။

ဒုတိယတချက်က မဖြစ်နိုင်ပေ။ လီဧကရာဇ်မှာ လမ်းတံတားစီမံကိန်းကို ခုတုံးလုပ်နေသော ကြောင့် ရောင်းမည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် ပထမအချက်ကိုသာ လုပ်နိုင်မည်။ခက်တာက လီရှို့ချင်က မရှိတော့ချေ။ လက်ရှိတွင် မိမိပြည် သူများကသာ ပြန်လည်စီမံခန့်ခွဲနေပြီး စုန်းပြူး အချို့လက်သပ်မွေးခံရပြီး ဤပြဿနာများဖြစ် လာခြင်းဖြစ်သည်။

ကျိုးယန်တယောက် စိတ်ရှုပ်ထွေးနေစဥ်မှာပဲ မြောက်ပိုင်းဒေသရှိ စစ်ဆေးရေးဂိတ်တခု၌ တို က်ပွဲတခုဖြစ်ပွားပြီး ပြည်သူ၁၀၀ ကျော်သေဆုံး သွားရသည့် သတင်းကို ကျိုးလီက ပေးပို့လာ သည်။ ဖြစ်စဥ်မှာ မြောက်ပိုင်းမှတဆင့် ဝင်ရော က်လာသည့် လီကုန်သည်များကြား အချင်းချင် တိုက်ခိုက်ခြင်းဖြစ်ပြီး ထိုအနီးအနားရှိ ပြည်သူ များကို ထိခိုက်သွားစေခြင်းဖြစ်သည်။

ပြဿနာမှာ ထိုမျှမရိုးရှင်းပေ။ ရည်ရွယ်ချက်တ ခုရှိနေသည်ဟု သူထင်နေသည်။ ထိုအတွက် ကျိုးလီကို အချက်အလက်များ စုံစမ်းရန်မှာလို က်ပြီး ပြဿနာဖြစ်စေသည့် သူများကိုလည်း ထိန်းသိမ်းထားစေသည်။ ကျိုးယန်၏ နန်းတော် အတွင်း အေးချမ်းသည့်နေ့ရက်များ ကုန်ဆုံးစ ပြုလာပြီ ဖြစ်သည်။

နောက်တနေ့မနက်၌ ချက်ချင်းပင် မြောက်ပိုင်း ဒေသသို့ သွားရောက်ခဲ့ပြီး ကျိုးလီထိန်းသိမ်းခဲ့ သည့် လီကုန်သည်များနဲ့ အစောင့်အရှောက်ကျ င့်ကြံသူများကို စစ်မေးခဲ့သည်။

“မင်းက လီပြည်ထောင်စုက ချူးကုန်သည်အဖွဲ့ ဆိုတာ ဟုတ်လား”

“ဟုတ်ပါတယ်”

“ကောင်းပြီ ဘာအတွက်နဲ့ စစ်ဆေးရေးဂိတ်မှာ တိုက်ပွဲ ဖြစ်ရတာလဲ”

ချူးကုန်သည်က ရိုကျိုးစွာဖြင့် ပြောလာသည်။

“ဒီလိုရှိပါတယ် အရှင်မင်းကြီး ကျုပ်တို့ကုန်သ ည်အဖွဲ့က ဒေသစားသောက်ကုန်တွေကို ကုန်သွ ယ်တဲ့ အဖွဲ့အလတ်စားလေးပါ ဒီရက်ပိုင်းဘာအ ကြောင်းမှန်းမသိ စစ်ဆေးရေးဂိတ်အများအပြာ ပေါ်လာပြီး မလိုအပ်တဲ့အချိန်ကြန့်ကြာမှုတွေ ဖြစ်နေတော့ ကျုပ်လည်း အစားအသောက်တွေ ပျက်စီးဆုံးရှုံးရမှာကို စိုးရွံမိပါတယ် ဒီအတွက် ဂိတ်ဝန်ထမ်းအချို့ကို လာဘ်ငွေအနည်းငယ် ပေးပြီး အမြန်ဖြတ်သန်းခွင့် တောင်းရာကနေ တဖက် ကုန်သည်ကလည်း ကျုပ်လိုရည်ရွယ် ချက်ရှိထားတော့ မတော်တဆ စကားများရာက နေ ခုလိုဖြစ်သွားရပါတယ် ပြဿနာဖြစ်ပြီးနော က် ကျုပ်တို့နှစ်ဖွဲ့က ငြိမ်းအေးသွားပါပြီ ဒါကို နယ်စားမင်းသားက စစ်မေးစရာရှိလို့ဆိုတဲ့ အ ကြောင်းပြချက်နဲ့ ထိန်းသိမ်းထားတာပါ အရှင် မင်းကြီး ကျုပ်တို့ကုန်သည်နှစ်ဖွဲ့မှာ အပြစ်မရှိ ပါဘူး”

ထိုသူက စကားလို လိပ်ပတ်လည်စွာ ပြောသော် လည်း အကြောင်းအရာမှာ မတော်တဆဖြစ်ပွား ရသည်ဟူသည့် အချက်ကိုဇောင်းပေးနေခဲ့ပြီး ဆုံးရှုံးမှုကိုတော့ ထည့်မပြောခဲ့ပေ။ ကျိုးယန်က မျက်မှောင်ကြုတ်လိုက်ပြီး

“မင်းစကားတွေကို ငါကြားရသလောက် စစ် ဆေးရေးဂိတ်တွေ ပေါ်လာတာက မင်းတို့ရဲ့လီ မင်းသား ပြုလုပ်တဲ့ စနစ်ပဲ အပြစ်တင်မယ်ဆို အကြောင်းမဲ့ စစ်ဆေးရေးဂိတ်တွေ တိုးချသွား တဲ့ သူကိုမင်းအပြစ်သင့်တယ် နောက်တခုက လာဘ်ငွေကိစ ဒါမျိုး ငါ့ပြည်ထောင်စုထဲမှာဘ ယ်တုန်းကမှ လက်သင့်မခံခဲ့ဘူးဆိုတာ မင်းအ သိဆုံးဖြစ်မှာပါ မင်းတို့ကုန်သည်တွေ စည်းမျဥ် တွေ မဖတ်ကြဘူးလား ဟုတ်ပြီ နောက်ဆုံးအချ က်က..”

ကျိုးယန်ရဲ့မျက်နှာက တင်းမာလာပြီး အရှိန်အ ဝါကလည်း ပြင်းထန်လာသည်။ ယခုပြဿနာ သာ လီပြည်ထောင်စုမပါဝင်ပါက သူရောက်နေ စရာမလိုပေ။ အစ်ကိုတော်ကျိုးလီနဲ့ လွှတ်ထား လို့ပင်ရသေးသည်။ ယခုက သူ့ကိုရည်ရွယ်နေ သည့်မီးစကြောင့် သူရောက်လာရခြင်းဖြစ်သ ည်။ ချူးကုန်သည်ခေါင်းဆောင်သည် အေးစက် လာသည့်လေထုကို ခံစားမိသောကြောင့် တုန် လှုပ်သွားပြီး ဒူးထောက်လျက် ဦးခေါင်းကိုသာ အတင်းအကျပ်ငုံ့ထားလေသည်။

“မင်းတို့အဖွဲ့၂ခုကြား မတော်တဆပြဿနာဟု တ်လား ငါ့ပြည်သူတစ်ရာကျော်ရဲ့အသက်ကွ နောက်ထပ် သူတို့ကိုမီခိုနေတဲ့ မိသားစုဝင်တွေ ဘယ်လောက်များ ဘဝပျက်သွားပြီလဲ မင်းတို့ တွေးမိလား မင်းတို့မင်းသားက စီမံကိန်းကိုအ တင်းအကျပ်အနိုင်ရအောင် ကြိုးစားသွားပြီးမှ ဒီလိုနည်းလမ်းတွေသုံးနေတာက ရှက်ဖို့ကောင်း လွန်းတယ် မင်းတို့အပြစ်တွေအတွက် ခွင့်လွှတ် ပေးစရာအကြောင်းမရှိဘူး”

ကျိုးယန်ရဲ့စကားအဆုံးတွင် လျူးကုန်သည် သည် ထိတ်လန့်သွားသည်။ ဧကရာဇ်တပါးအ ပြစ်ပေးခြင်းက သေခြင်းတရားသာရှိသည်ကို သူက ကောင်းကောင်းသိနားလည်သည်။ သို့ပေ မဲ့ တဖက်တွင်လည်း လီပြည်ထောင်စု၏ အရှိန် ကြောင့် ထိုမျှမလုပ်ဝံ့လောက်ဟု မျှော်လင့်နေ သည်။ ကျိုးယန်သည် အခြားတဖွဲ့ကို စစ်မေးရ န်ပင် စိတ်မပါတော့ပေ။ ထပ်မေးလျင် ထပ်၍ ဒေါသထွက်ရဦးမည်။ သေချာသည်မှာ နောက် ကွယ်တွင် လီဧကရာဇ်မှာ ကြိုးကိုင်နေမှာသေ ချာသည်။

ထိုဖြစ်စဥ်က အခြားဒေသ၃ခု မှစစ်ဆေးရေးဂိ တ်များကို တပ်လှန့်လိုက်ပြီး အနည်းငယ်ငြိမ်ဝ ပ်သွားသည်။ သိသာပါသည်။ နမူနာလုံလောက် အောင်ပြသ လိုက်ပြီဟု လီဧကရာဇ်က ထင်မိ၍ ရပ်လိုက်ခြင်းဖြစ်သည်။ လိုအပ်ပါက ဒေသ၄ခု စလုံး၌ ပြဿနာရှာနိုင်သည် မဟုတ်လား။

ကျိုးယန်က ဂိတ်များအားလုံးကို ဖြတ်သိမ်းရန် အမိန့်ထုတ်ပြန်ပြီး စီမံကိန်းကိုလည်း အစိုးရပိုင် သိမ်းဆည်းလိုက်တော့သည်။ အဆိုပါသတင်း မှာ ပေါက်ကွဲထွက်သွားပြီး လီဧကရာဇ်သည် ဤကဲ့သို့ တုန့်ပြန်မှုမည်ကို မထင်မှတ်ထားခဲ့၍ ကြုံရချိန်၌ ဒေါသတကြီးဖြစ်သွားခဲ့သည်။သူ့ သားကိုယ်တိုင် စီမံထားသည့် စီးပွားရေးတခု အား လက်လွတ်စပယ် သိမ်းယူခြင်းဟု ခေါင်း စဥ်တပ်ပြီး ကျိုးဧကရာဇ်မှာ အကျိုးအကြောင်း မသင့်ဟု စွပ်စွဲကာ ပိုင်ဆိုင်မှုလုပ်ငန်းကို တလ အတွင်း လွှဲပြောင်းပေးရန် တောင်းဆိုတော့သ ည်။

အခြားပြည်ထောင်စုများသည် အရင်းအမြစ်ကို သိနားလည်နေကြပြီး ကျိုးဧကရာဇ်မှာ ရဲတင်း လွန်းသည်ဟု မှတ်ချက်ပြုကြသည်။ ထိုအထဲ၌ စုန့်ဧကရာဇ်ပင် ပါဝင်ပြီး ငယ်ရွယ်သည့်ဧကရာ ဇ်မှာ မြေခွေးအိုကဲ့သို့ ဧကရာဇ်ကြီး၏ ဆော့က စားခြင်းကို ခံနေရပြီဟု ယူဆသွားတော့သည်။

ကျိုးယန်ကမူ ထိုတုန့်ပြန်ချက်ကို အလေးအန က်မထားပဲ ဖြစ်စဥ်အစအဆုံးနဲ့ တရားခံများ၏ ပြောကြားချက်များကို ရုံးတော်မှတဆင့် ထုတ် ပြန်ကာ ဆုံးရှုံးမှုများအတွက် အပြစ်ဒဏ်အဖြစ် ကုန်သည်နှစ်ဖွဲ့စလုံးအပြင် လာဘ်ငွေယူထားသ ည့် စစ်ဆေးရေးဂိတ်မှ ဝန်ထမ်းများပါမကျန် ကွပ်မျက်ပစ်ခဲ့သည်။ လီဧကရာဇ်၏ ဒေါသမှာ အဆုံးမရှိတော့ပေ။ သူ့ပြည်သူများဖြစ်သည့် ကုန်သည်များ အသတ်ခံရသည့်အပေါ် မေးခွန်း ထုတ်လာပြီး အမြန်ဆုံးမဖြေရှင်းပါက ဆိုးရွား သည့်ကိစ္စရပ်များ ဖြစ်လာမည်ဟု ပြင်းထန်တဲ့ ရာဇသံတခု ပေးပို့လာတော့သည်။

ဖြစ်စဥ်များမှာ ရက်အနည်းငယ်အတွင်း ဆက် တိုက်ဖြစ်ပွားနေပြီး ချီရီရှင်းသည် ကျိုးယန်ထံ တွေ့ခွင့်တောင်းကာ ထိုပြဿနာအတွက် စိတ် မလောဖို့ အကြံပြုနေခဲ့သည်။ ကျိုးယန်ကပြုံး ၍

“ချီမိန်းကလေး လီဧကရာဇ်က အရူးမဟုတ်ဘူး လေ သူတကယ်ဒေါသထွက်နေတယ်လို့ ထင်နေ တာလား”

“ကျမသိပါတယ် အရှင်မင်းကြီးအပေါ် ဖိအား တိုးလိုတာဆိုပေမယ့် သူ့လုပ်ရက်က ပီရိလွန်း နေတော့ ကျိုးပြည်ထောင်စုအနေနဲ့ လည်ဂုတ် ပေါ်ဓားတင်ခံထားရပြီလို့ ထင်နေမိတာပါ”

“အမှန်ပဲ သူတို့က လင်းပြည်ထောင်စုအပေါ် မ ကူညီဖို့နဲ့ ကျုပ်ဆီက နည်းပညာအချို့ ခွဲဝေလို ချင်နေခဲ့တာလေ ရယ်စရာပဲ”

ချီရီရှင်းက သက်ပြင်းမောကို ချလိုက်ပြီး

“အရှင်မင်းကြီးက ပြည်သူတွေအပေါ်အရမ်းသ က်ညှာတဲ့ ဧကရာဇ်တပါးလို့ ယုံကြည်ပါတယ် ကျန်တာတော့ မလျှောက်တင်တော့ပါဘူး”

သူမသည် ကျိုးယန်၏စိတ်ကို မပြောင်းလဲနိုင်မှ န်း သိရှိသွားကာ စိတ်ရှုပ်ထွေးစွာဖြင့် ပြန်သွားခဲ့ သည်။ တဖက်တွင် ကျိုးယန်က လော့ရှန်းဆီမှ အချက်အလက်အားလုံးကို စုစည်းကာ စစ်ပွဲကို စတင်ရန် ပြင်ဆင်တော့သည်။ စစ်ပွဲစချင်တာ လား ဖိအားလာပေးတာလား။ ဘာမဆိုရစေရမ ည်။

…………………………………………………

All Chapters