← Chapters

အခန်း (၂၀၅)

Vol. 14 Ch. 205

အခန်း (၂၀၅)

Vol. 14 Ch. 205

တလနီးပါး ထပ်မံကြာမြင့်သွားသည်။ ယန်စီရင် စုက တည်ငြိမ်နေပြီး နယ်စပ်ဒေသကလည်း မ ည်သည့် လှုပ်ရှားမှုမှ ပေါ်မလာသေးချေ။ လီပြ ည်ထောင်စုမှ လူများသည် စိတ်မရှည်ဖြစ်လာ ကြပြီး လီဧကရာဇ်ကို တိုက်ခိုက်ရန် ဖိအားပေး လာကြသည်။ အထူးသဖြင့် ဂိုဏ်းများ မိသားစု ကြီးများ ဖြစ်သည်။ ထိုကာလအတွင်း လီဧက ရာဇ်က အခြေနေများကို အခြားပြည်ထောင်စု များသိစေရန် ကြေငြာခဲ့သော်လည်း တုန့်ပြန်မှု တစုံတရာမရှိခဲ့ပေ။

“အရှင်မင်းကြီးက ဘာတွေတုန့်ဆိုင်းနေတာလဲ နောင်တော်မင် ကျုပ်တို့ဒီနေရာကိုရောက်နေခဲ့ တာ တလကျော်ပြီ ရိက္ခာတွေမလိုအပ်ပဲ ဖြုန်း တီးသလိုဖြစ်နေတာကို နန်းတွင်းကဟာတွေ သ တိမပြုမိသေးဘူးလား”

စစ်သူကြီးတင်းက မကျေမနပ်ပြောလာသည်။ သူသည် တိုက်ခိုက်ရေးသမား စစ်စစ်ဖြစ်ပြီး ရန်သူကို သိမြင်နေသော်လည်း အချိန်တခုကြာ သည်အထိ မတိုက်ခိုက်ရ၍ ဒေါသထွက်နေခဲ့ရ သည်။

“စိတ်မလောပါနဲ့နောင်တော်တင်း အရှင်မင်းကြီး မှာ အကြောင်းရင်းတော့ ရှိမှာပါ အခုကပြည် ထောင်စုနှစ်ခုနဲ့ ရင်ဆိုင်နေရတာဆိုတော့ အင် အားကွာခြားတယ် ဆိုရင်တောင် ကျိုးဧကရာဇ် ရဲ့ ဉာဏ်ရည်အရ ပေါ့ဆလို့တော့မရဘူး”

“အဲ့ဒါကို ကျုပ်နားလည်ပါတယ် အခုက အနေ ထားကို ကြည့်ရင် သူတို့ရဲ့လက်ရှိအင်အားက ချိုင့်ဝှမ်းကိုဖြတ်ဖို့ခက်တာအချက်အပေါ် တွေး မိကြမှာပဲ ဒီအတွက် ရှေ့ဆက်တိုးမလာတာပဲနေ မယ်”

“ကျုပ်လည်း အဲ့လိုတွေးမိပါတယ် ဒါပေမဲ့ ကျု ပ်တို့ဘက်ကလည်း အတင်းဇွတ်တိုးလို့ မဖြစ်နို င်ဘူး နောက်ထပ်အင်အားတခု ထပ်ရောက်လာ ရင်တော့ အလုံးအရင်းနဲ့ ဝင်စေတယ်လို့သာ ယူ ဆလိုက်ပါတော့ အဲ့ချိန်ထိသာ စိတ်ရှည်ရှည်နဲ့ စောင့်လိုက်ပါ”

စစ်သူကြီးမင်ရဲ့ စကားမှာ သင့်လျော်သော ကြောင့် ငြိမ်ကျသွားရသည်။ နောက်ထပ်အင် အားတခု ထပ်မံရောက်လာမှသာ ချိုင့်ဝှမ်းကို ဖြတ်၍ ယန်စီရင်စုထဲဝင်ရောက်ရန် ယုံကြည်ချ က်ရှိမည်ဖြစ်သည်။ သူတို့ကြောက်နေသည်က ကျိုးယန်၏ ပေါက်ကွဲစေသည့် လက်နက်များ ဖြစ်သည်။

တဖက်တွင် လီဧကရာဇ်သည် ဖိအားများကိုရင် မဆိုင်လိုသောကြောင့် ဂိုဏ်းများ အင်အားစု များမှ ပညာရှင် ၅၀၀၀၀ နီးပါးထပ်မံစေလွှတ် ကာ စစ်သူကြီးတင်းတို့ကို အားဖြည့်စေရန်သာ ဆုံးဖြတ်ရတော့သည်။ ထိုအခြေနေက လီပြည် ထောင်စုမှ တိုက်စစ်စမည်ဟု သက်ရောက်ပြီး ၎င်းတို့ပိုင်သည့် ချိုင့်ဝှမ်းက ၎င်းတို့၏ သချိုင်း ဖြစ်သွားရမည်ကို မတွေးမိကြပေ။

နောက်ထပ်ရက်အနည်းငယ်ကြာချိန်တွင် ကျိုး ယန်တယောက် အဆိုပါသတင်းကို ရသွားတော့ သည်။ ပညာရှင် ၅၀၀၀၀ နီးပါးဆိုသည့်အချက် က အလေးအနက်ထားရန်လိုသော်လည်း ထိုရ က်တွေအတွင်း ချိုင့်ဝှမ်းပတ်ပတ်လည်၌ လက် နက်ကြီးများ မိုင်းကွင်းများ သံချပ်ကာကားနဲ့ တင့်ကားကြီးများကို ဖြန့်ကျက်ထားပြီး တပ်ဖွဲ့ ဝင်နှစ်ခုကို ဘေးဘယ်ညာ၌ နေရာချစေကာ နောက်တိုးအင်အားစုအနည်းငယ်ကိုမူ ယန်စီရင် စုအတွင်း ထိန်းချုပ်ရန် ညွှန်ကြားထားသည်။

ကျိုးယန်၏ တင့်ကားများသည် စနစ်မှရရှိထား သည့် ကမ္ဘာစစ်လက်ကျန်များဖြစ်သော်လည်း ထိရောက်သည့် အဖျက်စွမ်းအားတော့ ပေးနိုင် သေးသည်။ များပြားသည့် သလင်းကျောက်မျာ သုံးရန်သာ လိုအပ်၍ ချင့်ချိန်ရသည်။ ဥပမာ တင့်ကားမှ လက်နက်ပစ်ချက်တခုအတွက် သ လင်းကျောက် ၁သိန်းနီးပါးကုန်ကျသည်။ နှစ်စီး မှ နှစ်ချက်ပစ်ပါက နှစ်သိန်းကုန်မည်ဖြစ်ပြီး ထို ပစ်ချက်က တိုက်ပွဲ၌ ထိရောက်ရန်လည်း လို သေးသည်။

အင်အား ၂၅၀၀၀၀ ဆိုသည့်ပမာဏမှာ လူများ ကို ပုရွတ်ဆိတ်များသဖွယ် များပြားစေပြီး တင့် ကားနှင့် သံချပ်ကာကားများသာ သုံးပါက အချ က်ပေါင်းမည်မျှပစ်ရန် လိုအပ်မည်နည်း။ တွက် ဆမရနိုင်ပေ။ ထို့ကြောင့် ကျိုးယန်က အကုန်အ ကျစရိတ်ကို တွက်ဆပြီး ထောင်ချောက်မိုင်းကွ င်းများ ထပ်မံအားဖြည့်ကာ တသိန်းခွဲနီးပါးကွာ ဟနေသည့် ကွက်လပ်ကို ဖြည့်တင်းခဲ့သည်။

မကြာမီ စစ်သူကြီးတင်းတို့နှင့် ပညာရှင်အစုအ ဖွဲ့များ တွေ့ဆုံကြပြီး ဧကရာဇ်ရဲ့အမှာစကားကို ပြောပြကာ ယန်စီရင်စုထဲသို့ တိုးဝင်ရန်စီစဥ်ကြ တော့သည်။ အနှီပညာရှင်များမှာ လက်နက်ဆန် များကို မကြောက်၍ ရှေ့မှဦးဆောင်ဝင်ရောက် မည်ဖြစ်ပြီး တပ်ဖွဲ့၂ခုက ဘေးနှစ်ဖက်မှ အား ဖြည့်ကာ ထိုးဖောက်မည်ဖြစ်သည်။

အချိန်က မနက်ခင်းဝေလီဝေလင်းဖြစ်သည်။ ကျိုးယန်နဲ့ တောက်ချင်တို့သည် ချိုင့်ဝှမ်းမြေပုံ ကို ကြည့်နေခဲ့ပြီး တညလုံးဆွေးနွေးနေကြသ ည်။ အဓိကအချက်အနေဖြင့် ပစ်ကွင်းဖန်တီးရ န်ဖြစ်ပြီး သေနတ်သမားများ အားသာချက်ရှိစေ ရန် ပစ်မှတ်များက ရှင်းလင်းသည့်ပတ်ဝန်းကျင် တခု၌ ရှိနေရန်လိုအပ်သည်။

“ဒီဘက်ခြမ်းမှာ ခဗျားက သေနတ်သမား၂၀၀၀ ၀ နဲ့ နေရာယူပြီး တဖက်ခြမ်းကို လော့ရှန်းက လက်နက်ကြီး သမားအချို့ခေါ်ပြီး စောင့်ခိုင်း ထားလိုက် ဒါနဲ့ မိုင်းတွေအကုန်စီစဥ်ပြီးပြီလား”

ကျိုးယန်ရဲ့အမေးကိုတောက်ချင်က

“တဖက်က ရိပ်မိမှာစိုးလို့ ချိုင့်ဝှမ်းထဲထိ မိုင်းကွ င်းမလုပ်လိုက်ရပေမယ့် ချိုင့်ဝှမ်းရဲ့ဒီဘက်ခြမ်း ကိုကျော်လာရင်တော့ သူတို့ကို မိုင်းကွင်းကိုဖြ တ်ရမှာပါ။”

မကြာမီ လော့ရှန်းနဲ့ ကိုင်ရီရီတို့ဝင်ရောက်လာသ ည်။ လော့ရှန်းက သံချပ်ကာကားနဲ့တင့်ကားမျာ နေရာလျာထားမှုကို လျှောက်တင်ပြီး ကိုင်ရီရီမှ အင်အားများလိုအပ်ပါက ထပ်ဖြည့်ရန် အသင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောလာသည်။

“ကောင်းပြီ အတတ်နိုင်ဆုံး သံချပ်ကာကားနဲ့တ င့်ကားတွေကို ရန်သူဘက်က မတွေ့မြင်စေနဲ့ အဲ့ ဒီလက်နက်က ပညာရှင်အဖွဲ့ကို ချေမှုန်းရာမှာအ ကူညီဖြစ်လိမ့်မယ်လို့ ကျုပ်မျှော်လင့်တယ်”

“ကျမလည်း မျှော်လင့်ပါတယ် မဟုတ်ရင် တဖ က်က ပညာရှင်တဖွဲ့တည်းနဲ့ ကျမတို့အခက်ခဲ ဖြစ်သွားနိုင်တော့ အမှားအယွင်းဖြစ်လို့တော့မရ ဘူး”

ကိုင်ရီရီက ဝင်ရောက်ပြောဆိုသည်။ ကျိုးယန် က ကိုင်ရီရီကိုကြည့်၍

“မင်းသမီးက ပညာရှင်အနည်းငယ်ကို စုစည်း ထားပြီး အသင့်ပြင်ထားလိုက်ပါ ကျုပ်စိတ်ထဲ ပညာရှင်အချင်းချင်း တိုက်ခိုက်ရလိမ့်မယ်လို့ တွေးထင်နေမိတယ်”

“ကောင်းပါပြီ”

သိပ်မကြာခင်မှာပဲ နေရောင်က လုံးလုံးထွက် ပေါ်လာပြီး လှုပ်ရှားမှုများ စတင်လာကြတော့ သည်။ တဖက်ရှိ လီတပ်ဖွဲ့များမှ ပညာရှင်များ ကလည်း ချိုင့်ဝှမ်းထဲသို့ ကြည့်နေပြီး မည်ကဲ့ သို့ဖြတ်ကျော်ကာ ထိုးဖောက်မည်ကို တိုင်ပင် နေကြလေသည်။

……………………………………………….

All Chapters