← Chapters

အခန်း (၂၀၆)

Vol. 14 Ch. 206

အခန်း (၂၀၆)

Vol. 14 Ch. 206

ညအချိန်ရောက်လာသည်။ ချိုင့်ဝှမ်းသည်နက် မှောင်နေပြီး ကောင်းကင်၌ ကြယ်ရောင်များပင် မရှိသောကြောင့် ပတ်ဝန်းကျင်ကို သဲကွဲစွာမမြ င်နိုင်ပေ။ သို့သော် ထိုအရာက ကျင့်ကြံနိုင်သူ များအတွက် အခက်ခဲမရှိပေ။ အမှောင်ထဲ၌ လှု ပ်ရှားရန် အကောင်းဆုံးအခွင့်ရေး ဖြစ်သည်။

ကျိုးယန်သည် ကောင်းကင်ကိုမော့ကြည့်နေရင် တဖက်၌ လီချင်ကျူးတို့ကို သတိရမိသွားသည် အချိန်ကွာဟမှုကြောင့် သူမတို့သည် အနိမ့်ဆုံး မူလပညာရှင်အဆင့်တော့ ရောက်တန်ကောင်း သည်ဟု တွေးထင်နေသော်လည်း စနစ်မှကမ္ဘာ မြေသို့ နောက်တကြိမ်ပြန်သွားရန် မပြောဆိုခဲ့ ပေ။ ဆိုလိုသည်က ကျိုးယန်ဆန္ဒရှိတဲ့ ပြန်လို့မ ရဟု အဓိပ္ပါယ်သက်ရောက်နေသည်။

ထိုစဥ် လေအေးများတိုက်ခတ်နေပြီး ခပ်ဝေး ဝေးရှိ တောင်ကုန်းငယ်လေးများ၌ လှုပ်ရှားမှုအ နည်းငယ်ကို တွေ့သော်လည်း ကျိုးယန်ထင်သ လိုတော့ ဖြစ်မလာပေ။ တဖြေးဖြေး နေရောင် ထွက်ပေါ်လာပြီး မနက်လင်းလာချိန်မှာတော့ ချိုင့်ဝှမ်းထဲ့သို့ သိသာစွာ ထိုးဖောက်လာသည့် အဖွဲ့တခုကို တွေ့လိုက်ရသည်။ သေချာသည်က ပညာရှင်များ ထိုးဖောက်လာခြင်းဖြစ်ပြီး ထိုသူ များထဲတွင် သိုင်းပညာရှင်များ ပါဝင်သလို ပက တိပညာရှင်အဆင့်များလည်း ပါဝင်နေသည်။ အမြင့်ဆုံးမှာ ပကတိပညာရှင် အထွဋ်အထိပ်ဖြ စ်ပြီး ၃ဦးထိပါဝင်နေသည်။ သိသာသည့်အချ က်မှာ ထိုသူများက မတူညီသည့်ဝတ်စုံများဝတ် ဆင်ထားသော်လည်း ဂိုဏ်းများ မိသားစုကြီး များမှ ဖြစ်မှန်း တွက်ဆနိုင်သည်။

“ရန်သူတွေ တက်လာပြီ အသင့်ပြင်ကြ”

တောက်ချင်ရဲ့ အသံက ကျယ်လောင်စွာထွက် ပေါ်လာသည်။ ကျင့်ကြံသူများက တည့်တိုးဆန် စွာပင် မနက်လင်းချိန်မှ ထိုးဖောက်လာခြင်းအ ပေါ်ကျိုးယန်ပင် နားမလည်နိုင်တော့ပေ။ ဖြစ် နိ င်သည်က ကျိုးယန်တို့အဖွဲ့၏ တင်းကျပ်သည့် အနေထားကြောင့် အချက်အလက် စုံစမ်းရန်ခ က်ခဲသည့်အတွက် တိုက်ရိုက်ပင် တိုက်ခိုက်လာ ခြင်းဖြစ်နိုင်သည်။ ဥပမာ အင်အားကိုသာ အ ကြမ်းဖျဥ်း ခန့်မှန်းနိုင်ပြီး နောက်ဆက်တွဲအင် အားနှင့် ယန်စီရင်စုအတွင်း တကယ့်အခြေအ နေမှန်ကို အပြင်မှ မသိကြပေ။

မကြာမီ ပြင်းထန်သည့် ချီလှိုင်းများ ထိုးဖောက် လာပြီး ထိုအရာများက ယန်စီရင်၏ ထွက်ပေါ က်ဂိတ်နှစ်ခုဆီကို ဦးတည်နေပြီး အဓိကအနေ ဖြင့် ချိုင့်ဝှမ်းကို ဖြတ်ကျော်နေပြီး အနီးဆုံးဂိတ် ကို ပို၍ အင်အားများစွာ တိုးလာခြင်းဖြစ်သည်။ ကျိုးယန်သည် ချိုင့်ဝှမ်းကြီးရှိရာသို့ ကြည့်လို က်လျင် ကျင့်ကြံသူအဖွဲ့များမှာ ထင်ထားသည် ထက် များပြားနေသည်ကို တွေ့လိုက်ရသည်။

ထိုအရာက လီဧကရာဇ်၏ ပြည်နယ်အတွင်း အင်အားစုများအပေါ် လွှမ်းမိုးနိုင်စွမ်းဖြစ်ပြီး ထိုအင်အားစုများကို ထိန်းချုပ်၍ တိုက်ခိုက်ရန် စေခိုင်းနိုင်သည့်အပေါ် ကျိုးယန်တယောက်မ လေးစားပဲ မနေနိုင်ပေ။ အများအားဖြင့် ဂိုဏ်း များ အင်အားကြီးမိသားစုများမှာ ဧကရာဇ်များ ၏ ဆန့်ကျင်ဘက်တွင်သာ ရပ်တည်ကြသူများ ဖြစ်ပြီး ၎င်းတို့ကို ထိန်းချုပ်ရန် ခက်ခဲသည်။

ထိုစဥ် ချိုင့်ဝှမ်းကိုဖြတ်ကျော်လာသူများမှာ မန ည်းလှချေ။ ခန့်မှန်းချေပင် ၅၀၀၀၀ နီးပါးရှိနေ သည်။ ထိုအင်အားစုကြီးကိုသာ သာမန်အနေ ထားဖြင့်ရင်ဆိုင်ပါက မလွယ်ကူနိုင်ပေ။ သို့ပေ မဲ့ ကျိုးယန်ကတော့ မတူညီတော့။ သူ့တွင်ထို အင်အားစုကြီးကို ရင်ဆိုင်ရန် ဝှက်ဖဲများစွာရှိ ထားသည်။ မကြာမီပင် ထိုအစုဖွဲ့က ချိုင့်ဝှမ်းကို ဖြတ်ကျော်လာပြီး ယန်စီရင်စုဘက်ခြမ်းသို့ စ တင်ရောက်ရှိလာချိန်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

အုန်း…အုန်း…အုန်း

ထိုအရာက ပေါက်ကွဲစေသည့် မိုင်းကွင်းများ ဖြစ်ပြီး ပြင်းထန်လွန်းသောကြောင့် မြေပြင်ပင် ငလျင်လှုပ်သည့်နှယ် အဆက်မပြတ်တုန်ခါနေ ပြီး တိုးဝင်လာသည့် ကျင့်ကြံသူများမှာ ထိတ် ထိတ်ပြာပြာဖြင့် နောက်ပြန်ဆုတ်ကုန်ကြသည်။ သို့သော် ပေါက်ကွဲမှုများက သွယ်တန်းထား၍ ရပ်တန့်မည့်လက္ခဏာမရှိပဲ ဆက်တိုက်ပင်ပေါ က်ကွဲနေခဲ့သည်။

ထိုအဖွဲ့နောက်မှ ကပ်၍ လိုက်ပါလာသည့်တပ်ဖွဲ့ များမှာ ကျယ်လောင်သည့် ပေါက်ကွဲသံများကို ကြားချိန်တွင် တုန်ယင်သွားကြသည်။ သူတို့အ နေဖြင့် ထိုပေါက်ကွဲမှုကို သေချာပေါက်ရင်ဆိုင် နိုင်မည် မဟုတ်ချေ။ ကျင့်ကြံသူများပင် အဆင့် နိမ့်ဖြစ်နေပါက သေဆုံးနိုင်ချေများပြီး အဆင့် မြင့်ပညာရှင်များသာ လွတ်မြောက်နိုင်သည်။

ဖြစ်စဥ်မှာ ထိုအတိုင်းသာ ကွက်တိဖြစ်သွားခဲ့သ ည်။ သိုင်းပညာရှင် အစောပိုင်းအဆင့်များမှာ အတုံးအရုန်း ပြိုလဲကုနပြီး အထွဋ်အထိပ်အဆ င့်များနဲ့ ပကတိရှင်သန်ခြင်း အဆင့်များမှာလဲ သက်သာသည်တော့ မဟုတ်ပေ။ ဒဏ်ရာအချို့ ရသွားခဲ့ပြီး အင်အားစုကြီးမှာ ချိုင့်ဝှမ်းအနှံ့ပြန့် ကျဲသွားသည်။

“တိုက်ကြ…”

လော့ရှန်းက ကျယ်လောင်စွာ တိုက်ပွဲခေါ်သံတ ခု ထုတ်လွှတ်လိုက်ပြီး အထူးတပ်ဖွဲ့ဝင်များက ပြန့်ကျဲနေသည့် ကျင့်ကြံသူများကို သေနတ်မျာ ဖြင့် ပစ်ခတ်တော့သည်။ အခြေနေအရ ထိပ်တို က်ရင်ဆိုင်ရန်ပင် မလိုတော့ပေ။

“ပြန်ဆုတ် နောက်ပြန်ဆုတ်ကြ”

ဂိုဏ်းတခုမှ အကြီးအကဲတဦးသည် သူ့လူများ ကို နောက်ပြန်ဆုတ်ရန် အော်ဟစ်သတိပေးနေခဲ့ ပြီး သူကိုယ်တိုင်လည်း အနောက်သို့အဆက်မ ပြတ် ဆုတ်ခွာနေခဲ့သည်။ စိတ်မကောင်းစရာက ကျိုးယန်သည် ထိုအခြေနေမျိုး ခွင့်မပြုခဲ့ပေ။ ကိုင်ရီရီတို့၏ အင်အားစုအဖွဲ့များကို တိုးဝင်တို က်ခိုက်စေတော့သည်။

ဒိုင်း.ဒက်…ဒက်…ဒက်

ခေတ်မီသေနတ်များ၏ ပစ်ခတ်မှုက အဆင့်နိမ့် ကျင့်ကြံသူများနှင့် ချိုင့်ဝှမ်းအတွင်းသို့ ရောက် နေသည့် စစ်သူကြီးတင်းနဲ့စစ်သူကြီးမင်တို့ရဲ့ တပ်ဖွဲ့ဝင်များထံ မိုးရွာသွန်းသည့်နှယ် ရောက်ရှိ သွားကြသည်။ ကျယ်ဝန်းသည့် ချိုင့်ဝှမ်းထဲ၌ ကိုင်ရီရီဦး​ဆေင်သည့် တိုက်ခိုက်ရေးအဖွဲ့က တ ဖက်ကျင့်ကြံသူများကို တိုက်ခိုက်နေပြီး သံချပ် ကာကားများ တင့်ကားများက ထိုတိုက်ပွဲကို မ ထိပါးပဲ အနောက်ရှိ တပ်ဖွဲ့နှစ်ခုကို ဦးတည်ကာ ပစ်ခတ်တော့သည်။

ဂျိန်း…..

ကြီးမားသည့် အမြှောက်ကျည်ဆံများ ပျံထွက် လာပြီး အင်အား၂သိန်းရှိသည့် တပ်ဖွဲ့ဝင်များထံ တိုးဝင်သွားချိန်တွင် ပေါက်ကွဲမှုမှာ မီတာ၁၀၀ ပတ်ပတ်လည်ကို ဖုန်လုံးများအသွင်ပြောင်းစေ ပြီး ချိုင့်ဝှမ်းရှိ မြေသားများပင် နိမ့်ဆင်းသွားရ သည်။

အား…ကယ်ကြပါ…

တပ်ဖွဲ့ဝင်များမှာ အများအားဖြင့် ကျင့်ကြံဆင့် အလွန်နိမ့်ကျပြီး စစ်သည်တော်အစောပိုင်းမျှ သာရှိကြပြီး အချို့က စစ်သည်တော်များပင် မ ဟုတ်ကြချေ။ ထိုသူများက အမြှောက်ဆံများ ကိုမည်ကဲ့သို့ ခုခံနိုင်မည်နည်း။

လီပြည်ထောင်စုမှ ကျင့်ကြံသူများသည် လက် နက်ကြီး၏ အဖျက်စွမ်းအားကို တွေ့လျင်တုန် ယင်သွားကြပြီး ၎င်းတို့ရင်ဆိုင်ရလျင်လည်း သိ ပ်မကွာခြားလောက်ဟု ယူဆသွားကြသည်။ န တ်ဓားဂိုဏ်းမှ အကြီးအကဲ ဖြစ်သည့် ပိုင်ဖုန်း မှာ ကိုင်ရီရီနှင့် ရင်ဆိုင်တိုက်ခိုက်နေရင်း တိုက် ပွဲကို စိတ်စွမ်းအင်ဖြန့်ကျက်ကာ အခြေနေများ ကို မျက်ခြေမပြတ်ထောက်နေခဲ့သည်။

ကျိုးဧကရာဇ်၏ လက်နက်များကို ဤမျှပြင်း လိမ့်မည်ဟု သူတို့မတွက်ဆထားခဲ့မိပေ။ ထိုအ ချက်က သူတို့ယခုလိုဖြစ်ရသည့် အကြောင်းရင် ဖြစ်ပြီး နောက်ပြန်ဆုတ်လိုသော်လည်း လီတပ် ဖွဲ့များက အနောက်မှပိတ်နေသည့်သဖွယ် ရှိနေ သည့်အတွက် ရင်ဆိုင်တိုက်ခိုက်နေရသည်။

ချွင်!

ကိုင်ရီရီရဲ့ ဓားက ထိုအကြီးအကဲ၏ ရင်ဘတ် ကို ထိုးဖောက်ခါနီးတွင် အခြားတနေရာမှဓား တစင်းဝင်လာကာ ကိုင်ရီရီ၏ ဓားချက်ကို ခုခံ လိုက်သည်။ ထိုသူမှာ ဓားနတ်ဂိုဏ်းရဲ့ နောက် ထပ်အကြီးအကဲတဦးဖြစ်ပြီး အမျိုးသမီးကျင့် ကြံသူတဦးဖြစ်သည်။ ဓားနတ်ဂိုဏ်းသည် ယခု တိုက်ပွဲ၌ ပကတိရှင်သန်ခြင်း အထွဋ်အထိပ်ရှိ အကြီးအကဲနှစ်ဦးထိ ဥိီးဆောင်စေလွှတ်ခဲ့ပြီး အခြားဂိုဏ်းများ မိသားစုများထက်သာလွန်သ ည့်အင်အားကို သုံးခဲ့သည်။

“ရှင်တယောက်တည်း သူမကိုမထိန်းနိုင်ဘူး”

ထိုအမျိုးသမီးက ကိုင်ရီရီကို တိုးဝင်တိုက်ခိုက် ရင်း အကြီးအကဲ ပိုင်ဖုန်းကို သတိပေးလိုက်သ ည်။ သေချာသည်က နှစ်ဦးပေါင်းတိုက်ခိုက်ရန် စီစဥ်နေခြင်းဖြစ်ပြီး ကိုင်ရီရီ၏ ခွန်အားကအဆ င့်တူများထက် သာလွန်နေသည်မို့လား။

ဟမ့်! ဂိုဏ်းကြီးတခုက လူတွေကလည်း ဒီလိုအ ရှက်မဲ့တာပဲလား။ ကျိုးယန်သည် ထိုမြင်ကွင်း ကို မြင်လိုက်သော်လည်း ဝင်မပါပဲ ဆက်ကြည့် နေသည်။ ကိုင်ရီရီက ထင်ထားသည်ထက် ပိုသ န်မာသည်။ ထို့ကြောင့် နှစ်ယောက်တစ်ယောက် ဆိုလည်း သူမက ကိုင်တွယ်နိုင်လောက်သည်။ တခြားနေရာများတွင် နှစ်ဖက်ကျင့်ကြံသူအရေ အတွက် ကွာဟစွာတိုက်ခိုက်နေကြသော်လည်း ပမာဏ ထိခိုက်ထားမှုကြောင့် ထိုကွာဟချက်မှာ မသိသာတော့ပဲ တန်းတူဖြစ်နေသည်။

အဖိုးဝူ တောက်ချင် လော့ရှန်း ကိုင်ရီရီ နဲ့ အခြာ ပညာရှင်များက အကြမ်းတမ်းဆုံးနည်းဖြင့် အ ဆက်မပြတ် တိုက်ခိုက်နေပြီး ထိုအထဲတွင် ပိုင် လီပင် ပါဝင်နေသည်။ သူမနဲ့ မဆုံသည်မှာ နှစ် အတော်ကြာပြီ ဖြစ်သည်။ ကျိုးယန်ထံစတင် ဝင်ရောက်လာသည့် အချိန်မှစ သူမရဲ့အသွင် ပြ င်ကခုထိ မပြောင်းပဲ နုပျိုနေဆဲ ဖြစ်သည်။သို့ သော်သူမ ရင်ဆိုင်နေရသည်က အဆင့်တူ၃ဦး ထိဖြစ်နေပြီး သူမရဲ့အခြေနေမှာ မဟန်တော့ပေ အနောက်သို့သာ ဆက်တိုက်ဆုတ်ခွာနေရသည်။

………………………………………………..

All Chapters