အခန်း (၂၀၉)
Vol. 14 Ch. 209
ကျိုးယန်သည် ယန်စီရင်စုအတွင်းရှိ အစီအရင် များမှတဆင့် ဒဏ်ရာရသူများကို မြို့တော်အ သစ်သို့ တိုက်ရိုက်ပို့ဆောင်ကာ ကုသစေပြီး တ ဖက်တွင် အင်အားများ ထပ်မံဖြည့်တင်းလိုက် သောကြောင့် ကျိုးယန်ရဲ့လက်အောက်၌ တပ်ဖွဲ့ ဝင်များမှာ တသိန်းခွဲထိ ပြန်လည်ရောက်ရှိလာ သည်။
ထို့အတူ စစ်ပွဲမှ အကျိုးအမြတ်အဖြစ် ကျင့်ကြံ သူများထံမှ များပြားသည့် ရွှေစများ ကျင့်ကြံ ရေးနည်းစနစ်များ လက်နက်ရတနာများလည်း ရလိုက်ပြီး ဖမ်းဆီခံထားရသည့် သူများကိုတော့ ကောင်းမွန်စွာပင် ကုသပေးကာ ထိန်းသိမ်းထား ခဲ့သည်။
ယန်စီရင်စုသည် လှုပ်ခတ်နေခဲ့ပြီး ပြည်သူများ မှာ ကျယ်လောင်သည့်ပေါက်ကွဲသံကြီးများကို တနေ့တာလုံး ကြားနေခဲ့ရသော်လည်း အဆုံး၌ ဧကရာဇ်ကျိုးဘက်မှ အနိုင်ရသွားသည်ကိုသိ လျင် ကျေနပ်သွားကြသည်။ အမှန်တကယ်တွင် သူတို့က လီဧကရာဇ်အပေါ် ကြိုက်နှစ်သက်ခြင် မရှိပေ။ လီဧကရာဇ်သည် သူတို့ကဲ့သို့ သေမျိုး များကို ပစ်ပယ်ထားတတ်ပြီး မည်သည့်အကူ ညီမှ ပေးအပ်ခဲ့ခြင်းမရှိပေ။ ထိုမျှသာမက မင်း ဆက်အဆက်ဆက် ထိုတိုင်းသာဖြစ်ခဲ့ပြီး နိမ့် ကျသည့် ယန်စီရင်စုကဲ့သို့ အခြားစီရင်စုကြီး များတွင်လည်း ထိုနည်းတူပင်ဖြစ်ကာ လီပြည် ထောင်စုရဲ့ ရှုံးနိမ့်မှုကို ပြည်သူများကပင် ကျေ နပ်နေလိမ့်မည်ဟု ကျိုးယန်မထင်ထားမိပေ။
ကျိုးယန်က ရရှိလာသည့် ရွှေစများကို သိသာ စွာပင်ခွဲဝေပေးခဲ့ပြီး အနိမ့်ဆုံးအနေဖြင့် မိသား စုတစုလျင် ရွှေစ ၂၀၀၀ နီးပါးရရှိသွားကာ ထိုပ မာဏမှာ ၎င်းတို့ တသက်လုံးရုန်းကန်လျင်ပင် ရနိုင်မည့်ပမာဏ မဟုတ်ပေ။ ထိုအတွက် ကျိုး ယန်ကို ကျေးဇူးတင်နေကြပြီး ရှုပ်ထွေးသည့်စ စ်ပွဲကိုပင် ဝင်ရောက်တိုက်ခိုက်လိုသည့် လူငယ် အများအပြား ထွက်ပေါ်လာခဲ့သည်။
ကျိုးယန်က ထိုလူငယ်များနဲ့ အချိန်ချို့ယူ၍ စ ကားပြောဆိုကာ နောက်ထပ်တိုက်ပွဲများ၏ အ နေထားကို မှန်းဆမရသောကြောင့် လက်မခံပဲ အကယ်၍ စစ်ပွဲကြီးသာ အနိုင်ရခဲ့ပါက လက်ရှိ ပြည်သူများကို ကျိုးပြည်သူများနဲ့တန်းတူ ခံစာ ခွင့်ပေးမည်ဟု ကတိပြုခဲ့သည်။ ထိုအရာထဲ၌ အခမဲ့ ပညာသင်ကြားရေးစနစ် အစိုးရမှစီးပွား ရေးလုပ်ငန်းများအတွက် ငွေကြေးချေးငှားသ ည့်စနစ်အပြင် အခြားအဆင့်တန်းမြင့်မာသည့် အကျိုးရလာဒ်များ ပါဝင်သည်။
လူတဦးစီသည် တနေ့လျင်ရွှေစ ဆယ်ဆထိလု ပ်အားရမည်ဟု သက်မှတ်ပေးခဲ့ပြီး ယန်စီရင်စု ကို ပြောင်းလဲရေးမလုပ်ခင် တုံမင်ခရိုင်ထဲသို့အ ရင်ဝင်လိုခဲ့သည်။ တဖက်တွင်လည်း လင်းယု ယန်ဆီ သတင်းပို့ကာ တုံမင်ခရိုင်သို့အဝင်ပြပါ က နယ်စပ်ကိုဖြတ်ကျော်တိုက်ခိုက်ရန် တောင်း ဆိုလိုက်သည်။ သို့မှသာ စစ်မျက်နှာနှစ်ခုဖြင့် ရန်သူကို တွေဝေဗျာများစေပြီး သာလွန်သည့် အင်အားများကို ရင်ဆိုင်ရာ၌ အကူညီဖြစ်စေမ ည်ဖြစ်သည်။
“အရှင် ကျမငယ်သားဆီက သတင်းရပါတယ် လီဧကရာဇ်က မင်းသားလီရှို့ချင်ကို တပ်ဖွဲ့၃သိ န်းနဲ့အတူ တုံမင်ခရိုင်ဆီ လွှတ်လိုက်ပါတယ် ပြီး တော့ တခြားစစ်သူကြီးနှစ်ဦးကလည်း ခရိုင်၂ခု စီ ထွက်သွားကြပါပြီ”
ကိုင်ရီရီက သတင်းပေးပို့ချက်ကို လျှောက်တင် လိုက်ပြီး သူမရဲ့ အဆက်သွယ်မှာ အကန့်သတ် တခုတွင် ရှိနေသောကြောင့် သတင်းအကုန်မရ နိုင်ခဲ့ပေ။ ကျိုးယန်က ခေါင်းတဆတ်ဆတ်ညိ တ်၍
“ ကောင်းတယ် သူတို့က တုံမင်ခရိုင်မှာ သေချာ ပေါက် အခိုင်အမာတပ်စွဲထားမယ့် သဘောပဲ ဒါ နဲ့ တခြားခရိုင်နှစ်ခုစီကို သွားတဲ့နှစ်ဖွဲ့ကကော အင်အားဘယ်လောက်စီရှိနေလဲ သူတို့က တုံမင် ခရိုင်ကို ကူညီဖို့လမ်းစရှိနိုင်လား”
ကျိုးယန်ရဲ့အမေးကို လော့ရှန်းက
“အင်အားကိုတော့ မသိရပါဘူး ဒါပေမယ့်ကျ တော်တုံမင်ခရိုင်ထဲဝင်စဥ်က သိရသလောက် ခရိုင်ထဲမှာ ခရိုင်အချင်းချင်းဆက်သွယ်ထားတဲ့ အစီအရင်တွေရှိထားတော့ နှစ်ဖက်ခရိုင်ကကူ ညီတာမျိုး ဖြစ်လာနိုင်ပါတယ်”
“အင်း…ဒါဆို အင်အားက ၅သိန်းအထက်လို့ စဥ်းစားရတော့မှာပေါ့ ဒါကျ များလွန်းနေပြီ”
ကျိုးယန်တယောက် လေးနက်သွားရသည်။အင် အားကွာဟချက်မှာ ၃ဆ နီးပါးရှိသည့်အပြင် နောက်ဆက်တွဲ ကျင့်ကြံရေးအင်အားစုများကို ထည့်တွက်ပါက ၆သိန်းကိုပင် ကျော်သွားနိုင်၍ ဂရုစိုက်ရန်လိုအပ်လာသည်။ တိုက်ပွဲတွင် လက် နက်ခဲယမ်းအချို့ ကုန်ဆုံးခဲ့သောကြောင့် မြို့ တော်အသစ်မှ ပေးပို့နေရပြီး တင့်ကားများနဲ့သံ ချပ်ကာကားများလည်း ပြုပြင်မှုအသေးစား များပြန်လုပ်ရန် လိုအပ်နေသေးသည်။
ကျိုးယန်က တုံမင်ခရိုင်သို့ အတတ်နိုင်ဆုံး အမြ န်ချီတက်လိုသည်။ သို့မှသာ တဖက်မှ ပြင်ဆင် ချိန်နည်းသွားမည်ဖြစ်သည်။ သို့သော်အခြေအ နေအရ လီရှို့ချင်ရောက်ပြီးမှသာ နောက်တကြိ မ်အတွက် ထိုးစစ်စနိုင်မည်ဖြစ်ပြီး ထိုအနေထား က ကျိုးယန်ကို စိတ်ထင့်စေသည်။ အဓိကအချ က်မှာ ကျင့်ကြံသူပညာရှင်များဖြစ်သည်။ ထိုသူ များကို ရင်ဆိုင်ရာမှာ ပကတိပညာရှင်အဆင့် မည်မျှရှိနေမည်ကို သိရန်လိုအပ်ပြီး ထိုပညာရှင် များက ရင်ဆိုင်ရခက်ခဲသည်။
ကျိုးယန်ဘက်တွင် ကိုင်ရီရီ ဦးဆောင်သည့် ကျင့်ကြံသူများ ရှိသော်လည်း အင်အားကလုံးဝ မတူညီကွဲပြားစွာဖြင့် ခြားနားနေသည်။ ကျိုးယ န်တယောက် အတွေးများနေစဥ် အဖွဲ့သားတဦး မှ ဝင်ရောက်လာကာ မြို့တော်အသစ်မှ မိသား စုခေါင်းဆောင်များနဲ့ အကြီးအကဲများရောက်ရှိ လာကြောင်း သတင်းပေးပို့လာသည်။
ကျိုးယန်တယောက် အနည်းငယ်အားတက်သွာ သည်။ မူလက ထိုမိသားစုနှစ်ခုကို မေ့နေခဲ့ပြီး ယခုလိုအပ်ချိန်တွင် ရောက်လာခြင်းက အားတ ခုတော့ဖြစ်စေသည်။
“သူ တို့ကို လွှတ်လိုက်ပါ”
မကြာမီတွင် မုရုံခေါင်းဆောင်နှင့် ကျောက်မိ သားစုခေါင်းဆောင်တို့ရောက် ရှိလာကြပြီးသူ တို့နဲ့အတူ အကြီးအကဲများလည်း ပါဝင်ကြသ ည်။
“ အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်”
“ကောင်းပါပြီ”
ကျိုးယန်က ခေါင်းဆောင်များနှင့် အကြီးအကဲ များကို သင့်လျော်ရာ၌ ထိုင်စေသည်။ ထိုလူ များထဲတွင် ကျောက်ဝမ်အာတို့ မိသားစုလည်း ပါဝင်ပြီး ကျောက်သခင်မကြီးကို တွေ့ချိန်၌ ကျိုးယန်သည် အနည်းငယ်တွန့်ခနဲ ဖြစ်သွားရ သည်။ ထိုအရာက မည်သည့်အတွက်မှန်းသူ ကိုယ်တိုင်ပင် မသိချေ။
“အရှင့်ရဲ့ စွမ်းအားက ကြီးမြတ်ပါတယ် ပထမ ဆုံးတိုက်ပွဲကြီးကို အနိုင်ရလို့ ဂုဏ်ပြုပါတယ်”
မုရုံဖေက ဂုဏ်ပြုစကားဦးစွာဆိုလာပြီး အခြား သူများကလည်း အသီးသီးဂုဏ်ပြုပြောဆိုကြ သည်။ ကျိုးယန်က ပြုံး၍
“ကျုပ်ရဲ့စွမ်းဆောင်ရည်က မပြောပလောက်ပါ ဘူး တပ်ဖွဲ့ဝင်တွေနဲ့ ဒီကမင်းသမီးကိုင်ရီရီတို့ ဦး ဆောင်မှုတွေကြောင့် အောင်မြင်တာပါ”
မိသားစုခေါင်းဆောင်နှစ်ဦးသည် ကျိုးယန်ရဲ့ စကားကို တုန့်ပြန်ခြင်းမရှိပဲ ကျိုးယန်သည်မာန မကြီးသည့် ဧကရာဇ်တပါးဖြစ်မှန်း သိထားခဲ့ သောကြောင့် ဖြစ်သည်။
“ဆိုပါဦး အခုက ဘာကိစ္စနဲ့များ ရောက်လာကြ တာလဲ နောက်ပြီး မိသားစုနှစ်ခုစလုံး အတူတူ ရောက်လာကြသေးတယ်”
ကျိုးယန်ရဲ့ အမေးကို ကျောက်မိသားစုခေါင်း ဆောင်က အနည်းငယ်ပြုံး၍
“ကျုပ်တို့လည်း တိုက်ပွဲသတင်းတွေ ကြားသိ ထားပြီးပါပြီ အရှင့်ရဲ့ နောက်ထပ်ခြေလှမ်းက တုံမင်ခရိုင်လို့ သတင်းထွက်ထားတော့ စုံစမ်းရ သလောက် လီဧကရာဇ်က တုံမင်ခရိုင်ကို အင် အားအလုံးအရင်း ပို့ဆောင်နေတဲ့အတွက် အကူ အညီဖြစ်လိုဖြစ်ငြား ကျုပ်တို့မိသားစုထဲက ကျ င့်ကြံသူအချို့ကို ဦးဆောင်ပြီး ရောက်လာခဲ့တာ ပါ”
“ဟားးးဟားးး တကယ့်အချိန်မှန်ပဲ ခေါင်းဆော င်ကြီးရေ ကျုပ်လည်း ခုပဲ အဲ့ကိစ္စကိုဆွေးနွေး နေခဲ့တာ အလျင်းသင့်ပြီပေါ့”
ကျိုးယန်က ၎င်းတို့၏ အကူညီပေးလိုမှုကို မငြ င်းဆန်ခဲ့ပေ။ အမှန်လည်း လိုအပ်နေပြီး ၎င်းတို့ ကို မြို့တော်အသစ်နဲ့ မဟူရာမြို့တော်၌သာ ရှိ နေမည်ကို မလိုလားသော်လည်း လီဧကရာဇ်ကဲ့ သို့ တ်ိုက်ပွဲအတွက် သူက ဖိအားပေးတတ်သူမ ဟုတ်ခဲ့။ ထို့ကြောင့် သူ့အင်အားစုများနှင့် မြို့ တော်အသစ်မှ မူလထိန်းချုပ်ထားသည့် အင် အားများကိုသာထုတ်ယူပြီး ခေတ်မီလက်နက် အားကိုးကာ ရှေ့တိုးနေခြင်းဖြစ်သည်။
“ကဲ ဒီမှာရှိတဲ့သူတွေကို ကျုပ်ယုံကြည်တယ် ဒီ အတွက် ဆွေးနွေးပွဲလေး စလိုက်ကြရအောင်”
စုန့်ပြည်ထောင်စု စုန့်ဧကရာဇ်နန်းတော်…
စုန့်ဧကရာဇ်သည် သတင်းပေးပို့ချက်များကို ကြည့်ရှုနေခဲ့ပြီး စိတ်ကျေနပ်နေခဲ့သည်။ ကျိုး ဧကရာဇ်မှာ မိုက်မဲသူဟု ထင်ရသော်လည်း သူ့ ခွန်အားကို သူသိသောကြောင့် ယခုလိုအရဲစွန့်ရ ခြင်းဖြစ်ကြောင်း အဆုံး၌ နားလည်သွားခဲ့လေ ပြီ။ စစ်ပွဲသည် ရက်အနည်းငယ်သာ ကြာမြင့် သေးသော်လည်း လီပြည်ထောင်စုမှာ ဆုံးရှုံးမှု ကြီးမားနေပြီး နောက်ဆက်တွဲစစ်ပွဲများကလည် ခြေနေကောင်းမည်ဟု သူမထင်တော့ပေ။ အဓိ ကအနေဖြင့် ပြည်နယ်အတွင်းရှိ အင်အားစုများ မှ အရှုံးအတွက် ဖိအားပေးလာမည်ဖြစ်ပြီး ၎င်း တို့သည် လီဧကရာဇ်ကို အချိန်မရွေးနောက် ကျောဓားနဲ့ ထိုးမည့်သူများ ဖြစ်ကြသည်။ ထိုအ ချက်ကို ဧကရာဇ်များက သိထားသောကြောင့် တုံမင်တိုက်ပွဲသည် လီဧကရာဇ်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးသွားတော့မည် မဟုတ်လား။
………………………………………………..