← Chapters

အခန်း (၂၁၀)

Vol. 14 Ch. 210

အခန်း (၂၁၀)

Vol. 14 Ch. 210

လီရှို့ချင်သည် မြင်းတပ်၅၀၀၀၀ ကိုခရိုင်အနှံ့ ဖြန့်ကျက်စေပြီး ခြေလျင်နှင့် အဝေးပစ်တပ်မ များအား ခရိုင်မြို့ရိုးပေါ်၌ နေရာယူစေသည်။ ထို့အပြင် မြေအောက်ကတုတ်ကျင်းများ တူး စေပြီး တဖက်မှ ပေါက်ကွဲစေသည့်လက်နက် ကြီးများ ပစ်ခတ်လာချိန်တွင် ထိုအထဲသို့ဝင် ရောက်နိုင်ရနိဖြစ်သည်။

လီရှို့ချင်၏ အစီအမံများက သင့်လျော်ပေသ ည်။ အထူးသဖြင့် ပထမတိုက်ပွဲ၌ ကြီးမားသည့် ပေါက်ကွဲမှုမျိုး ပြုလုပ်နိုင်တဲ့ လက်နက်ကြီးမျာ ကို အလေးအနက်ထားနေပြီး ထိုလက်နက်များ ပစ်ခတ်မှုကို မခံစားရစေရန် အားထုတ်နေခြင်း ဖြစ်သည်။ အခြားပြည်ထောင်စုများကလည်း ထိုလက်နက်ကြီးတင်ဆောင်ထားသည့် ယာဥ် တမျိုးကို စိတ်ဝင်စားနေပြီး မကြာမီစစ်ပွဲပြီးဆုံ ၍ ကျိုးဧကရာဇ်သာ အနိုင်ရပါက ထိုနည်းပည မျိုး မျှဝေရန် တောင်းဆိုမည်ဟု တွေးထားကြ ပြီး လိုအပ်ပါက တန်ဖိုးကြီးစွာပေး၍ ဝယ်ယူမ ည်ဖြစ်သည်။

စုန့်ဧကရာဇ်သည် အမတ်များ စစ်သူကြီးများနဲ့ ဆွေးနွေးနေပြီး တချိန်တည်း၌ ဂိုဏ်းအသစ်သ ည် အင်အားလျော့ကျသွားသည့် မြို့တော်အသ စ်ကိုတဖန် ဝင်ရောက်လိုနေသည်။ ရည်ရွယ်ချ က်မှာ သားရဲတောင်ကြောထဲသို့ ထပ်မံသွားရော က်ပြီး အစီရင်ကျောက်အပြင် ရှလဲ့သေဆုံးမှုအ ပေါ် စစ်ဆေးလိုခြင်းဖြစ်သည်။ ၎င်းတို့၏အမြ င်၌ စုန့်ပြည်ထောင်စုကို တွက်ဆထားသော်လဲ ကျိုးယန်ကိုလည်း သံသယစာရင်း၌ ထည့်သွင်း ထားသေးသည်။

တိုက်ပွဲ ဖြစ်ပွားတော့မည်ကို သိကြသည့် ခရိုင် များရှိ ပြည်သူများမှာ ထိတ်လန့်ကြကုန်သည်။ အထူးသဖြင့် တုံမင်ခရိုင်အတွင်းရှိ ပြည်သူများ မှာ ခရိုင်ထဲမှ ထွက်ခွာရှောင်တိမ်းလိုသော်လည် လီရှို့ချင်က ခရိုင်တခုလုံးကို ပိတ်ဆို့ထားစေပြီး ခရိုင်အတွင်းရှိ အင်အားစုများကို ဆင့်ခေါ်ကာ တိုက်ပွဲဝင်စေသည်။ ထိုသတင်းကိုကြားသိသ ည့် ကျိုးယန်က လီရှို့ချင်၏ ရည်ရွယ်ချက်ကို နားလည်လိုက်ပြီး အခြေအနေမဟန်ပါက ပြည် သူများကို ခုတုံးလုပ်လိမ့်မည်ဟု တွက်ဆလိုက် ပြီး အဆိုပါမင်းသားကို ရွံရှာသွားကာ အခွင့်အ ရေးရပါက သူ့လက်ဖြင့် သတ်မည်ဟုပင် တေး မှတ်ထားလိုက်သည်။

လင်းယုယန်လည်း ထပ်တူပင် ထိုကဲ့သို့အတွေး မျိုးကို တွက်ဆမိပြီး အဆိုပါမင်းသားနဲ့သာသူမ လက်ထပ်ရပါက သူမသည်လည်း နောင်တွင်ထို ပြည်သူများကဲ့သို့ စတေးခံရနိုင်ချေရှိသည်။ ပ ထမမင်းသားသည် လီရှို့ချင်အပေါ် အမြင်ကော င်းမရှိထားသူ ဖြစ်သောကြောင့် ၎င်းအပြုအမူ အပေါ် စက်ဆုပ်နေသည်။

ရက်များက တဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပြီး နှစ်ဖက်စလုံးက အင်အားတိုးချဲ့ခြင်း ပြင်ဆင် ခြင်းများကို စဥ်ဆက်မပြတ် လုပ်​ဆောင်နေခဲ့ ကြသည်။ ကျိုးယန်သည် စနစ်၏စတိုးမှ နည်း ပညာများ ထပ်မံဝယ်ယူပြီး ထိုနည်းပညာများ က လယ်ယာစိုက်ပျိုးရေးကို အထောက်အကူ ပြုနိုင်သည်။ ထိုနည်းပညာကို ယန်စီရင်စုရှိ ပြ ည်သူများကို မျှဝေပေးခဲ့ပြီး နောင်လာမည့်စစ်ပွဲ ကြီးအပေါ် ဖိအားမရှိစေရန် ကြိုးစားခဲ့သည်။

အဖိုးဝူမှာ ဟိုဒီကူးသန်း၍ အင်အားများရွှေ့ ပြောင်းပေးနေခဲ့ပြီး သူနှင့် မင်းသားနှစ်ပါးတို့ သည် ဝင်ရောက်တိုက်ခွင့်မရသည့်အပေါ် မ ကျေမနပ်ဖြစ်နေသည်။ အထူးသဖြင့် ကျိုးလီ ဖြစ်ပြီး ၎င်းမှာ ကျိုးယင်ချင်းပင် ပါဝင်ခွင့်ရပြီး သူမပါရသည့်အပေါ် စိတ်မရှည်ဖြစ်လာပြီး အဖို ဝူနဲ့အတူ ယန်စီရင်စုဆီလိုက်ပါလာကာ အချေ အတင်တောင်းဆိုတော့သည်။ သူ့တောင်းဆိုချ က်များမှာလည်း ယုတ္တိတော့ကျသည်။ သူက မြောက်ပိုင်းနယ်စားဖြစ်ပြီး မြောက်ပိုင်းမှ ယန်စီ ရင်စုကို ထိုးဖောက်ချိန်တွင်လည်း မြို့တော်အ သစ်သို့ရောက်နေ၍ မပါခဲ့ရပေ။

“ညီတော်မင်းကြီး ဒီတခါတော့ ငါ့ကိုမင်းခွင့်ပြု ဖို့ကောင်းပြီ မထင်ဘူးလား”

ကျိုးယန်တို့ညီအစ်ကို မောင်နှမများသည် အပြ င်လူများ မရှိချိန်တွင် ထိုကဲ့သို့သာ ပြောဆိုဆ က်ဆံတတ်ကြသည်။ ကျိုးယန်က မချိပြုံး ပြုံး ၍

“ အရှေ့ကနေတိုက်မှာမဟုတ်ပါဘူး အနောက် ကနေ အင်အားနဲ့ရိက္ခာထောက်ပံ့တာလည်း စစ် ပွဲမှာ ပါဝင်တာပဲလေ အစ်ကိုတော်လီရဲ့”

“မသိဘူး မသိဘူး ဒီတခါတော့ ငါနဲ့အဖိုးဝူတို့ မင်းသမီးအဖွဲ့ထဲဝင်ပြီး တိုက်ခိုက်မယ်”

ကျိုးယင်ချင်းသည် ထိုစကားဝိုင်းကိုကြည့်ကာ ပြုံးရယ်နေသည်။ သူမဘေးတွင် ကျိုးစုလင်း လဲ ကျိုးယွမ်နဲ့အတူ ရောက်ရှိနေပြီး သွေးရင်း များ ယခုလိုဆုံ၍ စကားပြောရသည်မှာ ရှားပါး သည်။

“မင်းတို့မယ်တော်တွေက ခွင့်ပြုရဲ့လား”

“ခွင့်ပြုတာပေါ့ မပြုစရာလား”

ကျိုးယန်ရဲ့အမေးကို ကျိုးယွမ်က ချက်ချင်းပင် တုန့်ပြန်လာသည်။ သူသည်လည်း စိတ်လှုပ်ရှား နေခဲ့ပြီး ကျိုးယန်၏ အောင်ပွဲကြောင့် ယခင်က ကဲ့သို့ တိုက်ခိုက်ခြင်းကို ရှောင်တိမ်းလိုသည့် မင်းသားတပါး မဟုတ်တော့ပေ။

“ဟုတ်ပြီ ဟုတ်ပြီ ရှိစေတာ့ ငါမတားတော့ဘူး ဒါနဲ့ အစ်ကိုယွမ် မင်းနယ်မှာကော ဂိုဏ်းအသစ် ရဲ့လှုပ်ရှားမှုတွေ ရှိသေးလား”

ကျိုးယန်က ဂိုဏ်းအသစ်နဲ့ အစီအရင်ကျောက် ကိစ္စကို လုံးဝမေ့မထားခဲ့။ စစ်ပွဲပြီးပါက ချော က်နက်သို့ပြန်သွားကာ အစီရင်ကိုပိတ်ဆို့ရမည် ဟု တွေးထားသည်။ စစ်ပွဲ၌ အချိန်များမကုန် စေရန်သာ မျှော်လင့်ရမည်။ ထို့အတူ ဂိုဏ်းအ သစ်ကိုလည်း ချေမှုန်းရန် အကြံများလတ်တ လောမရှိလာသေးသောကြောင့် စောင့်ကြည့်ရုံ သာ မှာကြားထားသည်။ တဖက်သူများက တ ရားခံကို သူဟုသံသယဝင်ထားရင်​တောင် သ က်သေမရှိသောကြောင့် တုန့်ပြန်မှုလုပ်ဦးမည် မဟုတ်ပေ။

“မရှိဘူး လုံးဝတည်ငြိမ်နေတယ် ဘာတွေကျိတ် ပြီးကြံစည်နေလဲတော့ ငါလည်းမသိဘူး”

ကျိုးယွမ်က သစ်သီးတလုံးကို ကောက်ယူစား သောက်ကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

“သူ တို့ကို သတိလက်မလွတ်စေနဲ့”

ထိုစဥ် ကျိုးလီက သူ့ကိုကြည့်လာကာ စူးစမ်း ဟန်ဖြင့်

“ဒါနဲ့ မေးပါရစေဦး ညီတော်မင်းကြီးက ချီမိန်း ကလေးကို မျက်နှာသာပေးလွန်းနေတယ်နော်”

ကျိုးလီ၏ စကားက ကျိုးယင်ချင်း၏ ခန္ဓာကို ယ်ကို တောင့်မတ်သွားစေပြီး ကျိုးယန်တယော က်လည်း တံတွေးသီးသွားရသည်။

“အစ်ကိုတော်လီ ငါက ဧကရာဇ်နော် ခုလိုမေး လို့ရလား”

သူက သူ့ရဲ့ဂုဏ်ကို ထုတ်ပြကာ ဖိနှိပ်န်ကြိုးစား လိုက်သည်။ခက်သည်က တဖက်သူမှာ အစ်ကို ဖြစ်သူ ကျိုးလီဖြစ်သည်။ ဧကရာဇ်ဖြစ်နေလည် သူကတော့ မကြောက်ပေ။

“အပိုတွေပြောမနေနဲ့ ညီတော် မင်းဧကရာဇ်မှန်း လူတိုင်းသိတယ် ငါသိလိုတာက ချီမိန်းကလေး ရဲ့ အနေထားနဲ့ သူနဲ့မင်းကြားက ဆက်ဆံရေးပဲ တလောက ချီမိန်းကလေးတယောက် နန်းတွင်း ကိုရောက်လာပြီး စုယင်နဲ့တွေ့သွားတယ်လို့ သ တင်းရလိုက်တယ် ဘာသဘောလဲ”

“ငါဘယ်သိမလဲ သူ့ဘာသာသူတခြားကိစ္စနဲ့ လာတာဖြစ်မှာပေါ့ နောက်ပြီး ငါသူ့အပေါ်ဘာခံ စားချက်မှ ရှိမနေဘူးလေ”

“ထားလိုက်ပါ ခုတော့မင်းစကားပေါ့ဟားးး”

ကျိုးလီသည် သေချာပေါက် ကျိုးယန်ရဲ့စကား ကို မယုံခဲ့ပေ။ ကျယ်လောင်စွာရာ်မောနေခဲ့ပြီး စကားဝိုင်းထဲရှိ အဖိုးဝူမှာမူ ကျိုးယန်၏စိတ်ကို သိနေသောကြောင့် ခေါင်းကိုသာခါယမ်းနေခဲ့ သည်။ အနှီဧကရာဇ်ငယ်မှာ မိဖုရားယူရန်ပင် တိုက်တွန်းနေရသည် မဟုတ်လော။

စကားဝိုင်းမှာ ညနက်တဲ့ထိ ရှိနေပြီး ကျိုးယင် ချင်းတယောက် တိတ်ဆိတ်နေသည်။ ထိုအပြု အမူကို သတိထားမိသည့် ကျိုးယန်က တခုခု ပြောလိုသော်လည်း မူလတည်းက ရိုးသားသူ ဖြစ်၍ တိတ်တိတ်နေခြင်းကသာ အကောင်းဆုံး ဟု မှတ်ယူကာ ငြိမ်နေလိုက်ရသည်။ စကားဝိုင်း ပြီးဆုံးချိန်တွင် ကျိုးစုလင်းက ကျိုးယင်ချင်းနဲ့ အတူအိပ်ရန် ခွင့်တောင်းခဲ့ပြီး ကျိုးလီနဲ့ ကျိုး ယွမ်တို့ကမူ ယန်စီရင်စုကို လှည့်ပတ်စစ်ဆေးရ န် အဖိုးဝူနဲ့အတူ ထွက်ခွာသွားသည်။

ကျိုးယန်သည် ယန်စီရင်စုအတွင်းရှိ သူ့နေအိမ် အခန်းထဲ၌ ငြိမ်သက်စွာထိုင်နေခဲ့ပြီး တုံမင်တို က်ပွဲနဲ့ပက်သက်၍ အလေးအနက်ထားရမည့်ကိ စ္စများအား စဥ်းစားနေခဲ့သည်။ တဖက်တွင်အင် အားသာလွန်ပြီး နယ်ခံဖြစ်နေသောကြောင့် ထိုး ဖောက်ရန်ခက်ခဲနိုင်သည်။ ထိုအတွက် တင့်ကာ များ သံချပ်ကာကားများအပြင် အင်အားအလုံ အလောက်လည်း ရှိထားရန်လိုအပ်သည်။ ယခု ရှိနေသည့် အင်အားတသိန်းခွဲခန့်မှာ ထိရောက် သည့် အင်အားတခုမဟုတ်သေးပေ။ ထိုအတွ က် တခြားနည်းလမ်းများကို စဥ်းစားရန်လိုအပ် နေသည်။

………………………………………………..

All Chapters