အခန်း (၂၀၁)
Vol. 14 Ch. 201
လီပြည်ထောင်စုသည် ခရိုင်၃ခု စီရင်စု၅ခုဖြင့် ထိန်းချုပ်ထားပြီး မြောက်ပိုင်းနဲ့ထိစပ်နေသည့် ဒေသမှာ စီရင်စု၅စုထဲမှ ယန်စီရင်စုဖြစ်သည်။ ထိုစီရင်စုသည် အလယ်အလတ်အဆင့်သာ ဖွံ့ ဖြိုးသည့် စီရင်စုဖြစ်ပြီး မြို့တော်ချွမ်းဆီရော က်ရန် ဝေးကွာနေသည်။
ထို့အပြင် ခရိုင်များနဲ့ စီရင်စုများကြား ကြီးမား သည့်ခြားနားချက်ကြောင့် အပြင်လူဝင်ထွက်ရ န်ခက်ခဲသည်ဟု လော့ရှန်းက ပေးပို့ထားခဲ့သည် ကျိုးယန်သည် ယန်စီရင်စုကို စိတ်မဝင်စားပေ စစ်မျက်နှာ တခုတည်းမဖွင့်လိုပဲ ယန်စီရင်စုအ ပါဝင် ထိုမှတဆင့် ခရိုင်၃ခုထိ ဖြန့်ကြက်ကာ မြို့တော်ချွမ်းကို ဝန်းရံမည်ဟု တွေးထားသည် အားသာချက်မှာ မော်တော်ယာဥ်များကြောင့် ဖြစ်ပြီး တပ်ဖွဲ့ဝင်များကို လျင်မြန်စွာကူးပြောင်း နိုင်သည်။ သို့သော် ထိုအချက်က ရန်သူမှသတိ ပြုမိရန် လွယ်ကူသည်။
ကျိုးယန်သည် လီပြည်ထောင်စု၏ မြေပုံကိုကြ ည့်နေခဲ့ပြီး တောအုပ်နည်းပါးပြီး ချောက်ကမ်း ပါးများ ပေါများနေသည့် ယန်စီရင်စုနဲ့ ခရိုင်တ ခုကြားဆက်စပ်ဒေသကို ပစ်မှတ်ထားလိုက်သ ည်။ ထိုဒေသငယ်လေးကိုသာ ထိန်းချုပ်နိုင်ပါ က နောက်ထပ်ခရိုင်နှစ်ခုကို လမ်းဖောက်ပြီးဖြစ် မည်။ စဥ်းစားရမည်က မည်ကဲ့သို့ ခြေကုပ်ယူ မည်နည်း။ ကျိုးယန်သည် ပြည်သူများထိခိုက် မှာကို မလိုလားပေ။
ကျိုးယန်ဘေးတွင် အဖိုးဝူ ကျိုးယင်ချင်းနှင့် ကိုင်ရီရီတို့ရှိနေပြီး မြေမျက်နှာသွင်ပြင်အရ ကင်းပုန်းဝပ်ကာ ခြုံခိုတိုက်ခိုက်ရန် ကောင်းမွန် သည်ကို သတိပြုမိနေကြသည်။ အဖိုးဝူက
“အရှင် ဒီယန်စီရင်စုကို အရင်လှုပ်ရှားပြီး ကျုပ် တို့ ရဲ့ပေါက်ကွဲမိုင်းတွေနဲ့ ထောင်ချောက်တခု လုပ်ရင်ကော”
“အဖိုးဝူ ဆိုလိုတာက ဘာလဲ”
ကျိုးယန်ရဲ့အမေးကို အဖိုးဝူက
“ဒီလိုပါ ကျုပ်တို့သာ ယန်စီရင်စုကို အင်အား အလုံးအရင်းနဲ့ အဝင်ပြလိုက်ရင် လီဧကရာဇ် ဘက်က တပ်ကူလွှတ်ဖို့ အနီးဆုံးမှာရှိတဲ့ ခရိုင် ၃ခုက တပ်ကူတွေ ပို့ရမှာပဲ ဒါကိုရင်ဆိုင်ဖို့ ကျု ပ်တို့ ယန်စီရင်စုထဲက ထွက်စရာတောင်မလိုပါ ဘူး”
ကျိုးယန်က အလေးအနက် စဥ်းစားသွားသည် ယန်စီရင်စုကို ခြေကုပ်ယူပြီး ခုခံခြင်းမှာ သဘာ ဝကျသည်။ ခက်သည်က သူက အမြန်ဆုံးအပြီ သတ်လိုခြင်းဖြစ်ပြီး ရန်သူအလာကို မစောင့်လို ပေ။
“ဒီလိုလုပ်တာက လီပြည်ထောင်စုရဲ့အင်အားကို လျှော့ချရာရောက်ပြီး သူတို့ရဲ့ အဓိကအင်အား က ခရိုင်၃ခုနဲ့ စီရင်စုတွေမှာထက် မြို့တော်ချွမ်း မှာပိုများပါလိမ့်မယ် ဒါကြောင့် ကျမတို့တပ်ဖွဲ့ နှစ်ခုက ထောင်ချောက်နဲ့ ခုခံရေးဆိုင်ရာကို လု ပ်ပြီး အခြားတဖက်က နှစ်ဖွဲ့ကတော့ အားနည်း သွားတဲ့ ခရိုင်၃ခုကို လှည့်ဝင်သိမ်းပိုက်ဖို့ပဲ”
ကိုင်ရီရီက အဖိုးဝူရဲ့အကြံကို ထပ်ကွန့်ပေးသ ည်။ ကျိုးယန်တယောက် နှုတ်ခမ်းများတွန့်ကွေ သွားသည်။ သူ့တွင် အင်အား ၂သိန်းပင်မပြည့် ချေ။ ခုခံရေးကော တိုက်ခိုက်ရေးပါ လုံလောက် မည်တဲ့လား။
“မောင်တော်က လင်းဧကရာဇ်ကိုမေ့နေတာလား သူရှိသေးတယ်”
ကျိုးယန်ရဲ့အမူအရာကို သတိပြုမိသည့် ကျိုး ယင်ချင်းက ထောက်ပြလာသည်။ ဟုတ်သားပဲ နောက်ထပ် အယောင်ပြအင်အားစု တစုရှိလာ ဦးမည်။ ထိုတပ်ဖွဲ့က လီပြည်ထောင်စု၏ ဘေး ဘက်မှ ဖိအားပေးထားလျင် ကိစ္စများအတော် လေး လွယ်ကူသွားတော့မည် ဖြစ်သည်။
“ကောင်းပြီ ဒါဆို အသေးစိတ်ထပ်ပြောဖို့ ကျိုး လီ ကျိုးယွမ် တို့ကိုပါ ခေါ်လိုက်ပါ နောက်ပြီး လော့ရှန်းတို့ဆီကို ကျုပ်ရဲ့အမိန့်ပေးပို့ထားလို က်တော့ ၂၄ နာရီအတွင်း တိုက်ပွဲစဖို့နဲ့ တရက် အတွင်း ယန်စီရင်စုကိုလိုချင်တယ်လို့ပါ မှာကြာ ဖို့မမေ့နဲ့ လိုအပ်တဲ့လက်နက်ခဲယမ်းတွေကို အ နောက်က ဆက်တိုက်ပို့ပေးနေမယ်”
ကျိုးယန်က တပ်ဖွဲ့ဝင်တဦးမှ တဆင့်အမိန်းလွှာ ပေးပို့စေသည်။ ထိုနောက် တဖွဲ့လုံးသည် စစ်ပွဲ နဲ့ပက်သက်၍ တနေကုန်သည်အထိ ငြင်းခုန်နေ ကြတော့သည်။ အဓိက မှာ လင်းဧကရာဇ်ကိုယုံ သင့်မယုံသင့် ဖြစ်ပြီး ကျိုးယန်သည် သူ့အစီစဥ် အကုန်လုံး ထုတ်ဖော်မထား၍ မစိုးရိမ်ရဟု ပြောလိုက်သည်။ ထို့အတူ အစီစဥ်အချို့ကိုလဲ လင်းဧကရာဇ်ထံ ပေးပို့လိုက်ပြီး အင်အားစုတခု အသင့်ပြင်ထားရန် ပါဝင်သည်။
လင်းပြည်ထောင်စုခန်းမ တနေရာတွင် လင်းဧ ကရာဇ်သည် အမတ်များ စစ်သူကြီးများ ဂိုဏ်း ခေါင်းဆောင်များနဲ့တကွ စုငေးနေကြသည်။ အကြောင်းမှာ ကျိုးဧကရာဇ်ရဲ့ ပေးပို့ချက်ဖြစ် ပြီး လင်းဧကရာဇ်၏ တာဝန်က တိုက်ပွဲအခြေ အနေကို စောင့်ကြည့်ရန်သာဖြစ်ပြီး လှုပ်ရှားစ ရာမလိုပေ။ ထိုအတွက် စုဝေးမှုရှိ လူအများစုမှ သဘောတူညီကြပြီး အချို့ကတော့ ထိုအနေအ ထားမှ ပြဿနာကြားခေါင်းတိုးဝင်မိမည်ကို စိုး ရိမ်၍ ငြင်းဆန်ကြသည်။ သူတို့ကြောက်ကြသ ည်က လင်းဧကရာဇ်သည် အင်အားများစုဖွဲ့၍ ပြသထားပြီးမှ ကျိုးပြည်ထောင်စုမှ တပ်ဖွဲ့များ ကျရှုံးချိန်တွင် လီပြည်ထောင်စု၏ တပ်ဖွဲ့များ လင်းပြည်ထောင်စုဖက် ခေါင်းလှည့်လာမှာကို ဖြစ်သည်။
အတော်ပင် တရားကျသည့် မြေခွေးကြီးများ ဖြစ်သည်။ လင်းယုယန်သည် ထိုအဖိုးကြီးများ ၏စိတ်ကို သိသောကြောင့် ယတိပြတ်ပယ်ချလို က်ပြီး အစ်ကိုတော်နှစ်ပါးနဲ့အတူ အင်အားပြရာ ၌ ပါဝင်မည်ဟု ပြောလိုက်တော့သည်။ ဘယ်အ ရာက ခက်ခဲလို့လဲ။ အင်အားပြရုံသာဖြစ်သည်။ လိုအပ်မှ တိုက်ခိုက်ရုံဖြစ်ပြီး ကျိုးဧကရာဇ်က သူ့တပ်များကို ကူညီရန်ပင် မပြောထားပေ။ထို အချက်ကို မသိချင်ယောင်ဆောင်ကာ ကန့်လန့် တိုက်နေသည့် အမတ်များအား စစ်ပွဲပြီးလျင် စစ်ဆေးရမည်ဟု မင်းသားနှစ်ပါးက ကျိတ်၍ ဆုံးဖြတ်လိုက်ကြသည်။ လင်းဧကရာဇ်သည်လဲ ထိုအတူပင် ဖြစ်သည်။
အတွင်းရန်သူကို မရှင်းပါက မဆုံးတော့မဲ့သံသ ရာအဖြစ် ခုလိုပြဿနာများ ပြည်ထောင်စုတခု နဲ့မဟုတ် တခုနဲ့ ရင်ဆိုင်ရပေဦးမည်။ စုဝေးမှုမှ တဆင့် ချက်ချင်းပင် အင်အားစုစည်းစေကာ အဓိကအားဖြင့် နန်းတွင်းမှ ဒုတိယအဆင့်တပ် ဖွဲ့ဝင် ၅၀၀၀၀ ဂိုဏ်းများနှင့် အင်အားစုကြီးများ မှ အဖွဲ့ဝင် ၃၀၀၀၀ ထုတ်ယူလိုက်ပြီး လီပြည် ထောင်စု၏ နယ်စပ်တောက်လျှောက် ဖြန့်ကျက် ထားလိုက်သည်။ အင်အား၈၀၀၀၀ ကိုသုံးဖွဲ့ခွဲ ကာ ၃၀၀၀၀ ပါနှစ်ဖွဲ့ကိုမင်းသားနှစ်ပါက တာဝ န်ယူပြီး ထိုနှစ်ဖွဲ့အနောက်မှ အချက်အလက်မျာ ပေးပို့ခြင်း လက်နက်ရိက္ခာများ ပေးပို့ခြင်းတို့ အတွက် အင်အား၂၀၀၀၀ကို လင်းယုယန်မှ တာဝန်ယူခဲ့သည်။
……………………………………………..