အခန်း (၂၀၂)
Vol. 14 Ch. 202
လီပြည်ထောင်စုအတွင်း တနေရာ၌ ဖြစ်သည်။ လော့ရှန်းနဲ့တပ်ဖွဲ့ဝင်နှစ်ဦးသည် ပုံပန်းသွင်ပြင် ကိုပြောင်းလဲကာ ကုန်သည်အဖွဲ့ငယ်အဖြစ် ဝင် ရောက်နေကြသည်။
စည်ကားသည့် စျေးလမ်းတလျှောက် လူများကို ကြည့်၍ လော့ရှန်းမှာ သက်ပြင်းချမိသည်။ ပြ ည်သူများရဲ့ နေ့စဥ်ဘဝက ရိုးရှင်းပြီး ကျင့်ကြံ သူများကဲ့သို့ မရှုပ်ထွေးပေ။ အရင်းအမြစ်အတွ က်အသက်ရင်းစရာမလို အဆင့်တက်ရန် လုယ က်နေစရာမလိုပဲ ခွန်အားကြီးသူထံ အောက်ကျို နေစရာလည်း မလိုအပ်ချေ။
နေ့စဥ်ဘဝကို သာမန်ပုံစံဖြင့် ဖြတ်သန်းနိုင်ပြီး မည်သည့် ဧကရာဇ်တပါး နန်းတက်သည်ဖြစ် စေ သူတို့သိနားလည်သည်က အခွန်အခလျော့ ပါးရန်နှင့် အင်အားစုကြီးများရဲ့ အစွယ်အပွား တွေရန်မှ ကင်းဝေးရန်သာဖြစ်သည်။
လော့ရှန်းသည် တုံမင် ခရိုင်တွင်း၌ရှိနေပြီး ထိုခ ရိုင်မှာ ခရိုင်၃ခုအနက်အစည်ကားဆုံးဖြစ်ပြီး မြို့တော်ချွမ်းနဲ့လည်း နီးကပ်နေလေပြီ။ အကျ ယ်အဝန်းမှာ မဟူရာမြို့တော်ရဲ့ ၅ ဆနီးပါးရှိ၍ ကျယ်ဝန်းသည်ဟု ဆိုနိုင်ပြီး နေရာလွတ်မရှိစေ သည်အထိ လူဦးရေထူထပ်သည်။
အများအားဖြင့် ငှားရမ်းခစျေးမြင့်ပြီး လော့ရှန်း တို့ပင် ကုန်ကျစရိတ်သက်စာစေရန် စျေးအသ က်သာဆုံး တည်းခိုခန်းတခုတွင်သာ ရက်အချို့ စာပေး၍ နေနေရလေသည်။ သူတို့ဆီတွင် မည် သည့်ကုန်ပစ္စည်းမှ မရှိသော်လည်း ထိုအရာက ကုန်ပစ္စည်းများရောင်းချပြီး၍ ပြန်လာသည့်အ ဖွဲ့ငယ်ပုံစံ ပြောင်းလဲထားသောကြောင့် ငွေအန ည်းငယ် ရွှင်နေပုံ ပြသရန်သာ လိုအပ်သည်။
“ယန်စီရင်စုကနေ တုံမင်ကိုလာဖို့ ရထားလုံးနဲ့ဆို ရင် ၅ရက်ကြာမယ် ဒီကလမ်းတွေအနေအထား အရ အရှင့်ရဲ့ ယာဥ်နဲ့ဆို ၃ရက်အတွင်းရောက်နို င်တယ် ခက်တာက ချိုင့်ဝှမ်းတွေကို ဖြတ်ကျော် ရမယ့်ပြဿနာပဲ”
လော့ရှန်းက တုံမင်နှင့်ယန်စီရင်စုကြား ချိုင့်ဝှမ်း တနေရာကို ထောက်ကာ တီးတိုးညည်းသည်။ ထိုအရာက တိုက်စစ်အတွက် လမ်း ကြောင်း ဖွင့်ရာတွင် အနည်းငယ်အခက်တွေ့နိုင်ပြီး တဖ က်တွင် ကျိုးယန်၏ အစီအစဥ်များက သူတို့၃ ဦးဆီ မရောက်သေးပေ။
“အရှင်မင်းကြီးဆီက နောက်ဆက်တွဲသတင်းအ ချို့ ကျတော်တို့စောင့်သင့်တယ်လို့ ထင်မိတယ်”
အဖွဲ့သားတဦးက ဝင်ပြောလာသည်။
“အေး… ငါလည်းအဲ့လိုတွေးထားတယ် အနည်း ဆုံးယန်စီရင်စုဘက်ကို ပြန်ဖို့လိုမယ် ဒီတိုင်းပြန် လို့တော့မဖြစ်ဘူး မင်းတို့နှစ်ယောက်က ကုန်ပစ္စ ည်းအချို့နဲ့ ဒီဒေသထွက်စားစရာနည်းနည်း ထွ က်ဝယ်ချေ ပြီးတာနဲ့ ယန်စီရင်စုဘက်ကို ပြန်မ ယ် ဒါမှ သတင်းပေးပို့ချက်ကို ငါတို့သိနိုင်မှာ ပြီ တော့ လက်ရှိရထားတဲ့ မြေပုံက တုံမင်ထိပဲရှိ သေးတယ် ငါတို့အရှင့်ဆီက သတင်းအသစ်ရ ပြီးရင် ချွမ်းကိုဝင်ဖို့ စဥ်းစားကြတာပေါ့”
“ကောင်းပါပြီ”
ငယ်သားနှစ်ဦးက ယဥ်ကျေးစွာပြောကာ ငွေအ ချို့ယူ၍ စျေးလမ်းထဲသို့ထွက်သွားတော့သည် လော့ရှန်းသည် တည်းခိုခန်း၌သာ ကျန်နေရစ်ခဲ့ ပြီး မြေပုံကိုအသေးစိတ်အချက်အလက်များ ထပ်မံ ဖြည့်စွက်နေခဲ့သည်။
“ဘာ.. လင်းပြည်ထောင်စုတပ်ဖွဲ့တွေက နယ်စပ် မှာ တပ်ဖြန့်ထားတယ် ဟုတ်လား”
လီရှို့ချငိတယောက် အံ့သြသွားရသည်။ လင်း ဧကရာဇ်သည် လီပြည်ထောင်စုမှပေးအပ်သည့် ဖိအားကို ရင်ဆိုင်ရန် ကျိုးပြည်ထောင်စုထံအ ကူညီတေင်းသည့် ကိစ္စအား သိထားသော်လည်း ယခု၌ ကျိုးပြည်ထောင်စုက ငြိမ်သက်နေပြီး လင်းပြည်ထောင်စုက ထကြွလာသည်။
“ဟမ့် မဖြစ်စလောက်အင်အားလေးကို ထုတ်ပြ ပြီး တန်ပြန်ချင်တာတဲ့လား ဒီသတင်းကိုခမည်း တော်သိထားပြီးပြီလား”
လီရှို့ချင်ရဲ့ အမေးကို အစောင့်က
“သိထားပြီးပါပြီ အရှင်မင်းကြီးလည်း ဒေါသအ ကြီးအကျယ်ထွက်နေပါတယ် လင်းဧကရာဇ်ရဲ့ လုပ်ရက်က ကြွေးမြီးကိုပေးချေဖို့ ဆန္ဒမရှိဘူး လို့ အရှင်ကယုံကြည်ထားတဲ့အတွက် လင်းဧက ရာဇ်နဲ့ ထိုက်တန်တာကိုပေးဖို့ မကြာခင်ကပဲ နန် တွင်းစည်းဝေးမှုမှာ ဆုံးဖြတ်ချက်ချလိုက်ပါတ ယ်”
“ကောင်းတယ် ကောင်းတယ် သိပ်ကောင်းတယ် ဘာမဟုတ်တဲ့ ကျိုးဧကရာဇ်ကို အားကိုးပြီးငါ တို့ကို တုန့်ပြန်ချင်နေတဲ့ လင်းဧကရာဇ်အတွက် ရလာဒ်တခုတော့ ပြန်ပေးရမှာပေါ့”
လီရှို့ချင်က စိတ်ကျေနပ်စွာဖြင့် ပြောသည်။မ ကြာသေးခင်က သူမွှေခဲ့တဲ့ ပြဿနာမီးစများ တောက်လောင်သွားသည့်အပေါ်လည်း ကျေနပ် နေခဲ့ပြီး သူ့အတွက် လမ်းတံတားစီမံကိန်းကို စွန့်လွတ်ရလည်း ကိစ္စမရှိချေ။ ထိုစီမံကိန်းကိုပြီ စီးစဥ်ထဲက လီပြည်ထောင်စုအတွက် အသုံးချခံ အရာတခုအဖြစ်သာ သက်မှတ်ထားခြင်းဖြစ်သ ည်။
လီနန်းတော်ထဲတွင် လီဧကရာဇ်သည် လူများကို စုစည်းစေသည်။ လီရှို့ချင်ကိုလည်း လာစေပြီး လင်းပြည်ထောင်စုမှ တပ်ဖွဲ့များကို ရင်ဆိုင်ရန် အစီစဥ်ဆွဲကြသည်။ လီဧကရာဇ်ထံတွင် အဓိက စစ်သူကြီး ၂ဦးမှ ၅ဦးထိရှိပြီး လက်ရှိလင်းပြည် ထောင်စုမှ ဖြန့်ကြက်ထားသည့် အင်အားအရ စစ်သူကြီး ၂ဦးသာ သုံးရန်လိုသည်။ ထိုအတွက် စစ်သူကြီး တင်းနှင့် စစ်သူကြီးမင် တို့ကို ဆင့် ခေါ်ကာ တဦးလျင် တပ်ဖွဲ့ဝင် တသိန်းစီပေး၍ လီနဲ့လင်း နယ်စပ်ကို လွှတ်လိုက်သည်။ တဖက် ၌ လီပြည်ထောင်စုမှလူများ နားမလည်သည်မှာ ကျိုးဧကရာဇ်ရဲ့ လှုပ်ရှားမှုများဖြစ်သည်။
လင်းဧကရာဇ်သည် အကူညီမရှိပဲ ယခုလိုလုပ်မ ပြနိုင်ပေ။ သို့သော် ကျိုးဧကရာဇ်ရဲ့ လှုပ်ရှားမှု များကလည်း မရှိသေး ထိုအရာက တခုခုမှားယွ င်းနေသည်ဟု သူတို့က ခံစားနေကြရသည်။ လ င်းဧကရာဇ်ကို မည်သူက ကူညီနေသနည်း။ ကျိုးဧကရာဇ် မဟုတ်ပေဘူးလား။
“ကျိုးပြည်ထောင်စုဘက်ကကော လှုပ်ရှားမှုအ နေနဲ့ ဘာတွေထူးခြားသေးလဲ”
လီဧကရာဇ်ရဲ့အမေးကို နယ်စပ်တာဝန်ခံအမတ် က ရိုကျိုးစွာဖြင့်
“သတိထားမိစေနိုင်တဲ့ လှုပ်ရှားမှုတခုမှမတွေ့မိ ပါဘူး မြောက်ပိုင်းနယ်စပ်တလျှောက် တည်ငြိမ် နေပြီး ကျိုးပြည်ထောင်စုရဲ့ အထူးတပ်ဖွဲ့ဝင်အ င်အားစုကလည်း ပုံမှန်အတိုင်း ကျိုးပြည်ထော င်စုအနှံ့ ဖြန့်ကြက်ထားတယ်လို့ သိရပါတယ်”
“အင်း…သတိတော့ထားရမယ် ပေါ့ဆလို့မဖြစ် ဘူး လက်ရှိ ကျိုးပြည်ထောင်စုရဲ့ ဧကရာဇ်က အရင်ဧကရာဇ်တွေထက် ပိုပြတ်သားတယ် လုပ် ရဲကိုင်ရဲတယ် သေချာပေါက် သူမလှုပ်ရှားပဲနေ မှာမဟုတ်ဘူး ဆက်ပြီးစောင့်ကြည့်ထားပေးပါ”
“ကောင်းပါပြီ”
သူတို့မသိတာက ကျိုးယန်သည် အင်အားတစ် သိန်းခန့် ကို နယ်စပ်ထိ ပို့ထားပြီး ယန်စီရင်စုသို့ ပြန်ရောက်နေသည့် လော့ရှန်းဆီမှ အချက်အလ က်ကို စစ်ဆေးကာ စစ်ပွဲကို ခြေတလှမ်းတိုးလို က်ခြင်းဖြစ်သည်။
“ပထမဆုံး တပ်မှုးလော့နဲ့ တပ်မှူးတောက်ချင် ဦးဆောင်သည့် အင်အား၅၀၀၀၀စီပါတဲ့အဖွဲ့နှစ် ဖွဲ့က ယန်စီရင်စုထဲကို နှစ်ဖက်ညှပ်ပြီး အရှိန်နဲ့ ဝင်ပါ မှတ်ထားရမှာက လင်းတပ်ဖွဲ့တွေနယ်စပ် မှာ အင်အားပြထားတာကို တုန့်ပြန်ဖို့ လီတပ်ဖွဲ့ နှစ်ခု ပို့လိုက်တယ်လို့ သတင်းရထားတယ် သူ တို့ တဖက်ကိုမရောက်ခင် ခဗျားတို့က ယန်စီရင် စုထဲ ဝင်ရောက်နိုင်ရမယ် ဒါမှ သူတို့အာရုံကိုဒီ ဘက်ပြန်ပြောင်းနိုင်လိမ့်မယ်”
“နားလည်ပါပြီ”
စုဝေးမှုတွင် ကျိုးယန်က ဟန်ပြတာဝန်သာရှိသ ည့် လင်းတပ်ဖွဲ့များ ဒုက္ခမရောက်စေရန် ယန်စီရ င်စုထဲသို့ အတတ်နိုင်ဆုံး အမြန်ဝင်ရောက်ခိုင်း လိုက်သည်။ သို့မှသာ ထိုအင်အား၂ခု ယန်စီရင် စု မှ တုံမင် လမ်းကြောင်းကြားသို့ရောက်လာပြီး ကျိုးပြည်ထောင်စုတပ်ဖွဲ့ကို ရင်ဆိုင်ရမည်ဖြစ် သည်။ ကျိုးယန်သည် ယန်စီရင်ကိုသာ ခြေကုပ် ယူမည်ဖြစ်ပြီး ဝင်ရောက်လာမည့် အင်အားစုနှ စ်ခုကို ချေမှုန်းပြီးမှသာ တုံမင်နဲ့အခြားခရိုင်များ ထိ ဆက်တိုးမည်ဟု တွေးထားသည်။
လီပြည်ထောင်စုရှိ ခရိုင်များသည် ကျယ်ဝန်းပြီး လူဦးရေထူထပ်သောကြောင့် သိမ်းပိုက်ရန်ခက် ခဲသည်။ သို့သော် ကျင့်ကြံရေးပညာရှင်များအ တွက် အကျယ်အဝန်းမှာ စကားထဲထည့်ပြောစ ရာပင်မလိုချေ။ အထူးသဖြင့် သိုင်းပညာရှင်အ ထွဋ်အထိပ်ဆင့်သို့ရောက်လျှင် ကီလိုမီတာ၅၀၀ လောက်ထိ အဆက်မပြတ် ခရီးသွားနိုင်သည်။ ထို့ကြောင့် ကျိုးယန်၏ သိုင်းပညာရှင်များပါဝင် သည့် အထူးတပ်ဖွဲ့က နယ်မြေများကို ဖြတ်သန် သွားလာရန် အခက်ခဲမရှိပေ။
………………………………………………..