အခန်း (၂၀၄)
Vol. 14 Ch. 204
ကျိုးယန်တို့သည် ယန်စီရင်စုအတွင်း၌ ခြေကုပ် ယူနိုင်ရန် ကြိုးစားနေပြီး စီရင်စုအတွင်းရှိ စခန်း များကို ယာယီသိမ်းပိုက်ထားနိုင်ခဲ့သည်။ တဖ က်တွင် ကိုင်ရီရီက ဝူကျင်းနဲ့မြို့တော်အသစ်မှ အစီအရင်ပညာရှင်များ စီစဥ်ပေးလိုက်သည့် အ စီအရင်ချပ်ပြားများကိုသုံး၍ နေရာရွေ့ပြောင်း အစီအရင်များကို ယန်စီရင်စုအနှံ့ တည်ဆော က်နေခဲ့သည်။
ထိုကာလများအတွင်း ကျိုးယန်က ဒေသခံများ နဲ့တွေ့ဆုံပြီး ယန်စီရင်စု၏ လက်ရှိအခြေအနေ များ စီးပွားရေးဆိုင်ရာများကို အေးဆေးသက် သာစွာပင် ဆွေးနွေးနေခဲ့သည်။ အထူးသဖြင့် မြေဆီလွှာ ညံ့ဖျင်းမှုကြောင့် သီးနှံစိုက်ပျိုးရသ ည့် အခက်ခဲကို ဖြေရှင်းပေးလိုပြီး ပြည်သူများ ၏ လိုအပ်ချက်များကို စတင်ဆောင်ရွက်နေခဲ့ သည်။ မည်သည့် ဧကရာဇ်က ထိုကဲ့သို့ပြုလုပ် နေသနည်း။ ကျိုးယန်က မြို့တော်အသစ်မှ ပ ညာရှင်များကို ခေါ်ဆောင်ကာ ယန်စီရင်စုကိုတိုး တက်ရန် လုပ်ဆောင်ပေးနေသည်အား တွေ့လျ င် ဒေသခံများသည် မိမိတို့နယ်မြေသိမ်းပိုက်ခံ ရသည့်အပေါ် အပြစ်မမြင်တော့ပေ။
တခြားဖက်တွင်လည်း လီဧကရာဇ်သည် နယ်စ ပ်ဒေသဖြစ်သည့် လီနဲ့လင်းကြား နေရာများကို အနီးအနားရှိ အင်အားများပို့ဆောင်ကာ တင်း တင်းကျပ်ကျပ် စောင့်ကြည့်စေသည်။ သူက လင်းပြည်ထောင်စုကို မစိုးရိမ်ပေ။ မထင်မှတ် ထားသည့်အရာများ လုပ်တတ်သည့် ကျိုးယန် ကိုသာ စိုးရိမ်ခြင်းဖြစ်သည်။
စစ်သူကြီးတင်းနဲ့ စစ်သူကြီးမင်တို့ တုံမင်ခရိုင်နဲ့ ယန်စီရင်စုကြား ချိုင့်ဝှမ်းလမ်းကြောင်းအား ရောက်ရှိချိန်တွင် ကျိုးယန်၏တပ်ဖွဲ့များက ယန် စီရင်စုထဲမှ မထွက်ရသေးပေ။ ထွက်ခွာရန်လဲ အစီစဥ်မရှိထားပဲ သူရထားသည့်နယ်မြေကိုသာ အလေးအနက်ထား ဆောင်ရွက်နေခဲ့သည်။ရက် သတ္တပတ်အတွင်း အစီရင်များတည်ဆောက်ပြီး စီးသွားခဲ့ပြီး အင်အားများထပ်မံရွေ့ပြောင်းရန် သာကျန်တော့သည်။
သို့သော် ကျိုးယန်က အလျင်မလိုသေးပဲ။စနစ် ရဲ့စတိုးမှ မြေသြဇာနည်းစနစ်အခြေခံများကို ဝ ယ်ယူကာ ဒေသခံများကို သင်ယူစေသည်။ထို့ အပြင် အခြားတိုးတက်ရန်လိုအပ်သည့် အချက် များကို စဥ်ဆက်မပြတ်လုပ်ဆောင်နေခဲ့ပြီး ကျို ယန်တယောက် ထိုသို့လုပ်နေချိန် လီဧကရာဇ်မှ ကျိုးတပ်ဖွဲ့များ ရှေ့မတိုးလာသည့်အပေါ် အံ့သြ နေသည်။
ပုံမှန်အားဖြင့် ဆက်၍တိုက်ခိုက်ရမည်ဖြစ်သော် လည်း ကျိုးတပ်ဖွဲ့ဝင်များက ယန်စီရင်စုကို အ ခိုင်မာဆုံးပြုလုပ်နေသည်။ ထိုအရာကို သူနားမ လည်နိုင်ပေ။ စည်းဝေးပွဲ၌ ငြင်းခုန်သံများဆူညံ နေပြီး အများစုက ကျိုးဧကရာဇ်တယောက် ရှေ့ဆက်တိုးရန် အင်အားမလုံလောက်၍ ရပ်တ န့်နေသည်ဟု ပြောဆိုကြပြီး အချို့က တခြားအ စီစဥ်များ ရှိမည်ကို စိုးရိမ်နေကြသည်။
ကျိုးတပ်ဖွဲ့များကို အထင်မကြီးသည့် အမတ် များက စစ်သူကြီးနှစ်ဦးကို ယန်စီရင်စုထဲသို့ဝင် ရောက် တိုက်ခိုက်စေလိုသည်။
“မင်းတို့ ဘာတွေစဥ်းစားနေတာလဲ ယန်စီရင်စုနဲ့ တုံမင်ခရိုင်ကြားမှာ ရှိနေတာ ချိုင့်ဝှမ်းကြီးကွ အဲ့ဒါကို ငါတို့ဘက်က ဆက်တိုးရင် ရန်သူရဲ့ပစ် ကွင်းထဲ ခေါင်းတိုးပေးသလိုဖြစ်နေမှာပေါ့”
အမတ်တဦးက ပြင်းပြင်းထန်ထန်ကန့်ကွက်သ ည်။
“ဒါဆို ကျုပ်တို့က ဒီတိုင်းကြည့်နေရမှာလား ခု အခြေနေက လင်းပြည်ထောင်စုနဲထိစပ်နေတဲ့ နယ်စပ်ကိုလည်း သတိထားနေရတယ် နောက်ပြီ ယန်စီရင်စု တခုလုံးပါသွားတာကိုတောင် ဒီအ တိုင်းဆက်ကြည့်နေတာက ကျုပ်တို့လီပြည် ထောင်စုရဲ့ သိက္ခာကို ချနင်းသလိုဖြစ််မနေဘူး လား ကျုပ်ရဲ့အတွေးကတော့ရှင်းတယ် ကျုပ် တို့ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် ရင် တဖက်က ဘာခံနိုင်မှာလဲ”
အခြားအမတ်တဦးက ပြန်လှန်ပြောဆိုလိုက်ပြီး ထိုကဲ့သို့ ဆွေးနွေးငြင်းခုန်မှုက စုဝေးပွဲတွင် အ ဆက်မပြတ်ဖြစ်နေသည်။
“တော်ကြတော့ အခုချိန်မှာ ငြင်းနေတာကအမှန် အသုံးမဝင်ဘူး တဖက်က ဘာရည်ရွယ်ချက်ရှိ ထားလဲ ကျုပ်တို့သိဖို့လိုတယ် သူတို့ရဲ့လက်ရှိ အင်အားကို အမြန်ဆုံးသိအောင် စုံစမ်းကြ”
လီဧကရာဇ်က အကုန်လုံးကို ငေါက်ငမ်းလိုက် သည်။ သူကိုယ်တိုင်ပင် မည်သို့စီမံရမည်ကို တု န့်ဆိုင်းနေပြီး မြေမျက်နှာသွင်ပြင်အရ ယန်စီရင် စု၏ လက်ရှိအနေထားက ခံစစ်ဖြစ်သည်။ တဖ က်ရန်သူများက ရုတ်တရက်ထိုးဖောက်လာပြီး ရုတ်ချည်း ရပ်တန့်သွားသည့်အပေါ် နားမလည် နိုင်ဖြစ်နေကြရသည်။
“ထပ်ပြီးတော့ စစ်သူကြီးနှစ်ဦးကို စောင့်ကြည့်ဖို့ မှာထားလိုက် ဘာမှမလှုပ်ရှားစေနဲ့ဦး”
လီဧကရာဇ်ရဲ့အတွေးမှာ ပါသွားသည့်ယန်စီရင် စုကို ပြန်ယူလိုသည်။ သို့သော် တဖက်အခြေနေ ကိုလည်း သိလိုသေးပြီး အချက်အလက်များရ ပါက နောက်ထပ်အင်အားဖြည့်တင်းရမည်ဆို လည်း ဖြည့်တင်းကာ တိုက်မည်ဖြစ်ပြီး ထိုမှတ ဆင့် ကျိုးပြည်ထောင်စုထဲသို့ ထိုးဖောက်မည် ဟု တွေးထားသည်။
“ခမည်းတော် ဧကရာဇ်ကျိုးမှာ လက်နက်ဆန်း တွေ ရှိပေမယ့် တပ်ဖွဲ့ဝင်အင်အားကတော့ နည်း ပါတယ် သူ့ရဲ့လက်နက်ဆန်းတွေကို ရင်ဆိုင်ဖို့ ပုံမှန် တပ်ဖွဲ့ဝင်တွေချည်း စေလွှတ်တာထက် ပ ညာရှင်အဖွဲ့ကိုပါ ကြားညှပ်စေလွှတ်လိုက်ရင် အဆင်ပြေမယ်လို့ သားတော်ထင်မိတယ်”
လီရှို့ချင်က လျှောက်တင်လိုက်သည်။ လီဧက ရာဇ်တွင် အခြားသားသမီးများ ရှိသော်လည်းစု ဝေးပွဲတက်ရောက်ခွင့်ရသည့် မင်းသားများက လက်ချိုးရေလို့ပင်ရသည်။ ထိုအထဲတွင် လီရှို့ ချင်က အတော်ဆုံးဖြစ်၍ လီဧကရာဇ်ကိုတိုက်ရို က်လျှောက်တင်ရဲသည်။
“အေး အဲ့ဒါလည်းကောင်းတယ် ဒါပေမယ့်ငါတို့ အလျင်စလိုတော့ လုပ်စရာမလိုဘူး ယန်စီရင်စု ထဲက ပြည်သူတွေကို ဒင်းတို့ ထိန်းထားနိုင်မယ် လို့ ငါကိုယ်တော်မထင်ဘူး မကြာခင်မှာပဲ သူတို့ က ရှေ့ဆက်တိုးရင်တိုး မဟုတ်ရင် နောက်ပြန် ဆုတ် တခုခုရွေးရတော့မှာပဲ ငါတို့ကရက်နည်း နည်း ထပ်စောင့်ကြည့်တာပေါ့ ဒီကြားထဲ ခရိုင် တွေကို တပ်လှန့်ထားပြီး အင်အားကိုရနိုင်သမျှ စုဆောင်းထားလိုက်ပါ”
လီဧကရာဇ်က အဆုံးတွင် စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်ပြီး ထိုအချိန် ယန်စီရင်စုပါသွား သည့်သတင်းကို ကြားလိုက်ရသည့် အခြားပြ ည်ထောင်စုများမှာ ကျိုးယန်ကို ချီးကျူးလာကြ သည်။ အထူးသဖြင့် စုန့်ဧကရာဇ်ဖြစ်သည်။ရန် သူ၏ အလစ်ငိုက်ပေါ့လျော့မှုကို အခွင့်အရေး ယူနိုင်တာကလည်း အရည်အချင်းတခုဖြစ်သ ည် မဟုတ်လား။
ကျိုးနဲ့လီ ပြည်ထောင်စုကြား ပြင်းထန်သည့်တို က်ပွဲ ဖြစ်မဖြစ် စောင့်ကြည့်နေကြပြီး မည်သူက မှ ကြားဝင်ရန် မစဥ်းစားကြပေ။ လီပြည်ထောင် စုသာ ရှုံးနိမ့်လျင် ပိုတောင်ကောင်းသေးသည်။ အင်အားကြီးပြည်ထောင်စုတခု လျော့ကျသွား သည်က သူတို့အတွက် ရန်သူတစ်ယောက်နည်း သွားခြင်းဖြစ်သည်။
ကျိုးယန်နဲ့ ကျိုးယင်ချင်းတို့သည် ယန်စီရင်စု ကိုလှည့်ပတ်ကာ ခုခံရေးဆိုင်ရာစခန်းများ လုပ် ဆောင်မှုကို စစ်ဆေးနေပြီး မသိမသာဖြင့် အစီ အရင်မှတဆင့် တင့်ကားနဲ့သံချပ်ကာ ကားများ တာဝေးပစ် လက်နက်ကြီးများကို တိတ်တဆိတ် ရွှေ့ပြောင်းကာ နေရာချနေခဲ့သည်။ လီဧကရာဇ် ဘက်မှ ဇွတ်တိုးမည်မဟုတ်ဟု တွက်ဆထားပြီး ထိုအချက်က ကျိုးယန်အတွက် ပြင်ဆင်ချိန်ပင် ရသေးသည်။ လော့ရှန်း၏ အချက်လက်မှတဆ င့် တုံမင်ခရိုင်ဆက်တိုးရန်မှာ ချိုင့်ဝှမ်းကိုဖြတ် ရန်လိုပြီး တဖက်ရန်သူများကလည်း ထိုချိုင့်ဝှမ် တဖက်မှ အသင့်စောင့်ဆိုင်းနေ၍ ရှေ့ဆက်တိုး ၍ မဖြစ်ပေ။
အတတ်နိုင်ဆုံး ယန်စီရင်စုကိုသာ ခြေကုပ်ယူရ မည်ဖြစ်ပြီး အင်အားများကို ဖြည့်တင်းရန်သာ ကြိုးစားတော့သည်။ ထို့အပြင် ဒေသခံများကြာ ရင်းနီးမှုကို အရယူထားနိုင်စောကြောင့် တပ်ဖွဲ့ ဝင်များသည် မည်သည့်ဖိအားကိုမှ မခံစားရပဲ မိမိ ပြည်ထောင်စုထဲ၌ ရှိနေသလို သက်တောင့် သက်သာ ဖြစ်နေကြသည်။ ထိုအချက်က ကျိုး ယန်၏ အစီအမံများဖြစ်သည်။
“မောင်တော်က တကယ်ကို တွေးထားနိုင်တယ်”
ကျိုးယင်ချင်းသည် ယန်စီရင်စုမှ ပြည်သူများ ကျိုးယန်အပေါ် အမြင်ကောင်းရှိနေသည်ကို တွေ့လျင် မချီးကျူးပဲ မနေနိုင်ပေ။ မည်သည့် ဧကရာဇ်မှ သိမ်းပိုက်ထားသည့် နယ်မြေကိုယခု လိုကောင်းမွန်စွာ မဆက်ဆံတတ်ပေ။ အထူးသ ဖြင့် မကျင့်ကြံနိုင်သည့် သာမန်ပြည်သူများအ ပေါ်၌ ဖြစ်သည်။ ယန်စီရင်စုသည် ကျင့်ကြံသူ နည်းပါးပြီး ထိုသူများကလည်း အစောင့်တပ်ဖွဲ့ များဖြစ်နေသောကြောင့် ယန်စီရင်စုသိမ်းပိုက်ခံ ရပြီးချိန်တွင် သာမန်ပြည်သူများသာ ကျန်ရှိနေ တော့သည်။
ထိုအတွက် ကျိုးယန်က ပြည်သူများ၏ လိုအပ် ချက်များကို ကြိုးစားလုပ်ဆောင်ပေးခဲ့ပြီး လီဧ ကရာဇ်တွေးနေသကဲ့သို့ ဒေသခံများ ဆူပူမှုကို မခံရသည့်အပြင် ချီးကျူးထောပနာများကိုသာ ရရှိနေသည်။ ထိုအချက်ကိုသာ လီဧကရာဇ်သိ ပါက သေချာပေါက်သွေးအန်ရတော့မည်။
လင်းယုယန်သည် နယ်စပ်ဒေသကို လုံးဝအခိုင် အမာတပ်စွဲကာ လှုပ်ရှားမှုမပြုလုပ်သော်လည်း အချိန်မရွေး လှုပ်ရှားမည့်ပုံစံဖြင့် စစ်ရေးလေ့ ကျင့်မှုများကို အဆက်မပြတ်လုပ်ဆောင်စေသ ည်။ ထိုအချက်က လီနယ်စပ်ရှိ အစောင့်များကို စားမဝင် အိပ်မပျော်ဖြစ်စေပြီး စစ်ပွဲကမကြာမီ ပဲစတော့မလို ခံစားနေရစေသည်။ မည်မျှစိတ်ပ င်ပန်းလိုက်သနည်း။ ရန်သူကိုမြင်နေရသော်လဲ မလှုပ်ရှားရဲပေ။ အဘယ့်ကြောင့်ဆိုသော် တဖ က်မှာ ပြည်နယ်ထဲဝင်ရောက်ထားပြီး တဖက်က နယ်စပ်မှတဆင့် ဖိအားပေးနေသောကြောင့် တု န့်ပြန်လိုပါက စစ်မျက်နှာနှစ်ဖက် ဖွင့်ရန်လိုနေ သည်။ လီဧကရာဇ်က ထိုမျှ မစွန့်စားပေ။
……………………………………………….