← Chapters

အခန်း (၂၀၇)

Vol. 14 Ch. 207

အခန်း (၂၀၇)

Vol. 14 Ch. 207

တိုက်ပွဲမြေပြင်က ရှုပ်ထွေးနေပြီး စစ်သူကြီး တင်းနဲ့စစ်သူကြီးမင်တို့မှာ ပကတိပညာရှင်အ ဆင့်များဖြစ်သော်လည်း သိုင်းပညာရှင်အထွဋ် အထိပ်အဆင့်၌ ရှိကြပြီး ခေတ်မီလက်နက်များ တပ်ဆင်ထားသည့် အထူးတပ်ဖွဲ့ဝင်များကို ရင် ဆိုင်ရာ၌ လုံလောက်သည့် ခွန်အားမရှိတော့ပေ။

အထူးတပ်ဖွဲ့တစ်သောင်းမှာ မြေပြင်ကို စိတ် ကြိုက်တိုက်ခိုက်နေပြီး နှစ်သိန်းဟူသည့် ပမာ ဏကိုလျှော့ချရန် လက်နက်ကြီးများက ရံဖန်ရံ ခါပစ်ခတ်ပေးနေသည်။ ထိုကဲ့သို့ တာဝေးပစ်ကူ များ ရှိနေသောကြောင့် လီတပ်ဖွဲ့များသည် ၎င်း တို့ရဲ့ လေးမြှားတပ်ဖွဲ့ကိုပင် ထုတ်သုံးချိန်မရကြ တော့ဘဲ ရင်ဆိုင်နေရသည်။

အား…အမယ်လေး…

အုန်း….အုန်း…အုန်း…

မြေပြင်က တုတ်ခါနေသည်။ သွေးများမြင်မ ကောင်းအောင် ပြန့်ကြဲနေပြီး ချိုင့်ငှမ်းတခုလုံး သွေးအိုင်ကြီးတခုနီးပါး ဖြစ်နေသည်။ ကြည့်ရ သည်မှာ အနိဠာရုံမြင်ကွင်းဖြစ်သည်။ ကျိုးယန် သည် ပိုင်လီရှိရာကို အာရုံစိုက်နေပြီး အခြားဖ က်များကိုမူ ရံဖန်ရံခါ ကြည့်ရှုကာ အဆက်မပြ တ်ညွှန်ကြားနေခဲ့သည်။ သူ့ဘေးရှိ ကျိုးယင်ချ င်းသည်လည်း ပိုင်လီရဲ့အခြေနေကို သတိပြုမိ သော်လည်း သူမဝင်ပါလို့မရနိုင်ပေ။ ထို့ကြောင့် ကျိုးယန်ဆီခွင့်တောင်းကာ ထိုစစ်သူရဲမလေး သည် စစ်သူကြီးတင်းတို့ရှိရာ တိုက်ပွဲထဲသို့ ပြေးဝင်သွားတော့သည်။

ကျိုးယန်က ဦးခေါင်းကိုသာ ခါယမ်းလိုက်ပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ အစ်မတော် သည် တိုက်ခိုက်ရာ၌ ဝါသနာကြီးသူဖြစ်ပြီး ထို ကဲ့သို့အစုအပြုံလိုက် လူသတ်ပွဲကို အတွေ့အ ကြုံရှိထားသောကြောင့် သာမန်ကျင့်ကြံသူအ မျိုးသမီးများထက်ပင် ရဲရင့်သေးသည်။ ထိုစဥ် တိုက်ပွဲက အမြင့်ဆုံးအနေထားထိ ရောက်နေပြီ တဖက်တပ်ဖွဲ့ဝင်အင်အားများမှာ သိသာစွာ လျော့ကျသွားပြီး အင်အား ၂သိန်းတွင် တသိန်း ဝန်းကျင်သာ ကျန်တော့သည်။ ထို့အတူ ပိုဆိုး သည်က ကျင့်ကြံရေးပညာရှင်များဖြစ်ပြီး မိုင်း ကွင်းကြောင့် သုံးပုံတပုံ သေဆုံးဒဏ်ရာရထား ချိန်တွင် နောက်ဆက်တွဲ ကျိုးယန်၏ ကျင့်ကြံ သူများဝင်ရောက်တိုက်ခြင်းကြောင့် အထိနာနေ ကာ ၃၀၀၀ နီးပါးသာ ကျန်ရှိတော့သည်။

ထိုအထဲတွင် ပကတိရှင်သန်ခြင်း အဆင့်မြင့် များရှိနေပြီး သန်မာသည့်အစောပိုင်းနဲ့ အလယ် အလတ်အဆင့်များလည်း ကျန်ရှိနေသည်။ ကိုင်ရီရီနှင့် တိုက်ခိုက်နေသည့် အကြီးအကဲနှစ် ဦးမှာ အချိန်ကြာလာတော့လည်း ကိုင်ရီရီကို မ ဖိနှိပ်နိုင်ပဲ သူတို့သာ ဒဏ်ရာများ ဆက်တိုက်ရ နေခဲ့ပြီး တဖြေးဖြေး ထိတ်လန့်ကာ ဆုတ်ခွာရန် စဥ်းစားလာကြသည်။

ထိုစဥ် ကျိုးယန်တယောက်ကတော့ နောက်ဆုံး အနေထားကိုရောက်နေသည့် ပိုင်လီထံပြေးဝင် သွားကာ တဖက်ရန်သူ ၃ဦးကို ဓားချက်တချက် ဖြင့် အဆုံးသတ်လိုက်သည်။ သူ့အတွက် ပက တိရှင်သန်ခြင်း အစောပိုင်းအဆင့်များက ပုရွ တ်ဆိတ်များသာ ဖြစ်သည်။ ဒဏ်ရာများကြော င့် သတိလစ်လုနီးပါး ဖြစ်နေသည့် ပိုင်လီကိုပွေ့ ချီကာ အနောက်သို့ ပြန်ဆုတ်လိုက်ပြီး တပ်စခန် ရှိရာ ပြန်ပို့ပေးလိုက်ပြီး တိုက်ပွဲကို လျင်မြန်စွာ အဆုံးသတ်ရန် ဝင်ရောက်သွားတော့သည်။

တိုက်ပွဲကြီးသည် အရှိန်တဖြေးဖြေး နှေးစပြုနေ ပြီး တဖက်လီတပ်ဖွဲ့ဝင်များသည် သောင်းဂဏ န်းမျှသာ ကျန်ရှိပြီး ကျင့်ကြံသူအင်အားစုများ မှာ မရရသည့်နည်းဖြင့် ဖောက်ထွက်၍ ဆုတ် ခွာသွားကြတော့သည်။ ထိုသူများကို ကျိုးယန် ကအလွတ်ပေးလိုခြင်းမရှိပဲ အသူရာဓားချက် များအဆက်မပြတ် ခုတ်ပိုင်းကာ လိုက်လံဖြေရှ င်းတော့သည်။

ဓားအလင်းများက ပတ်ဝန်းကျင်တခုလုံးဖုံးလွှ မ်းနေပြီး လီပြည်ထောင်စု၏ ပကတိရှင်သန်ခြ င်းအဆင့် အထွဋ်အထိပ်ပညာရှင်၃ဦးသည် ထို မြင်ကွင်းကိုကြည့်၍ ကျိုးယန်၏ ခွန်အားမှာသူ တို့ထက် အပြတ်အသတ်သာလွန်သည်ကို သတိ ပြုမိလိုက်ပြီး အနောက်သို့ဆုတ်ခွာရန် ကြိုးစား တော့သည်။ သူတို့ရဲ့အင်အားက နောက်ထပ် မိနစ်ပိုင်းမျှကြာရုံဖြင့် လုံးဝ ချေမှုန်းခံရတော့မ ည်ဖြစ်သည်။

ဟမ့် ခုမှ နောက်ပြန်ဆုတ်ချင်တာလား မရဘူး။

ကိုင်ရီရီသည် သူမရဲ့ ဓားချက်များကို အဆတ် မပြတ်ခုတ်ပိုင်းကာ ပိုင်ဖုန်းနဲ့အမျိုးသမီးကျင့် ကြံသူတို့၏ ပြေးလမ်းကို ပိတ်ဆို့ထားလိုက်သ ည်။

“ဒီက စီနီယာ ခွင့်လွှတ်ပေးပါ ကျုပ်တို့ဒီနေရာ ကနေ ထွက်သွားပြီး မင်းတို့ရဲ့ကိုဘယ်တော့မှ မနှောင့်ယှက်တော့ပါဘူး”

အကြီးအကဲပိုင်ဖုန်းမှာ အခြေနေမဟန်သည်ကို မြင်လျင် ကိုင်ရီရီထံ တောင်းပန်စကားဆိုတော့ သည်။ ကိုင်ရီရီမှ နှာခေါင်းရှုံ့လိုက်ပြီး

“ဟွန့်.. တိုက်ပွဲမှာ ဒီလိုပြောရုံနဲ့ လွှတ်ပေးလို့ရမ လား သေလိုက်ကြတော့”

ကိုင်ရီရီ၏ တုန့်ပြန်မှုကို မြင်လျင် ထိုသူနှစ်ဦး က မျက်နှာတင်းမာသွားပြီး ၎င်းတို့ရဲ့အပြင်းထ န်ဆုံး တိုက်ကွက်များကို ထုတ်ဖော်အသုံးပြုကြ တော့သည်။ ထိုတိုက်ကွက်များက အရင်းအနီး ကြီးပြီး သေရေးရှင်ရေးမဟုတ်လျင် သူတို့မသုံး ချင်ကြပေ။ ယခုအနေထားက ဖိအားပေးခံနေရ လေပြီ။ ကျိုးယန်မှာ တိုက်ပွဲတခုလုံးကို ဖြန့်ကျ က်ထားသောကြောင့် တွေ့မြင်နိုင်ပြီး ထိုအနေ ထားကို စိုးရိမ်သည့်အတွက် အနားရှိ ကျင့်ကြံ သူများကို လက်စသက်လိုက်ကာ ၎င်းတို့ထံ ဓား ချက်တခု ခုတ်ပိုင်းလိုက်သည်။

ရွှီး..

ဟမ်…

ပိုင်ဖုန်းနဲ့အမျိုးသမီးကျင့်ကြံသူများမှာ ထိတ် ကနဲ ဖြစ်သွားသော်လည်း ကိုင်ရီရိကမူ ကျိုးယ န်၏ ဓားချက်မှန်းသိထား၍ နှုတ်ခမ်းထောင့်စွန် များက တွန့်ကွေးကာ ပြုံးသွားသည်။ ဓားချက် တွင်ပါဝင်သည့် စွမ်းအားက ရှောင်တိမ်းရန်ခက် ခဲပြီး ထိပ်တိုက်ရင်ဆိုင်ပါကလည်း အရင်းအနီး ကြီးပေဦးမည်။

“မြန်မြန်ခုခံ မြန်မြန်”

အကြီးအကဲပိုင်ဖုန်းတယောက် သတိပေးနေစဥ် ပင် ဓားချက်က အမျိုးသမီးကျင့်ကြံသူကို ဖြတ် သန်းသွားပြီး လေထဲ၌ပင် ထိုအမျိုးသမီးကျင့် ကြံသူမှာ နှစ်ပိုင်းပြတ်ထွက်သွားတော့သည်။ ထိုအပြင် နောက်ဆက်တွဲဓညးချက်ကို ခုခံလို က်ရသည့် ပိုင်ဖုန်းလည်း မသက်သာချေ။ ဓား ချက်ကြောင့် လွင့်စင်သွားခဲ့ပြီး မြေပြင်ကိုပစ် ဆောင့်ကာ တွင်းနက်ကြီးပင် ဖြစ်သွားစေသည် ထိုမြင်ကွင်းက လက်ကျန်ကျင့်ကြံသူများရဲ့စိ တ်ကို ဂျုံးဂျုံးကျစေပြီး အခြားပကတိရှင်သန် ခြင်းအထွဋ်အထိပ် အဆင့်ပညာရှင်သည် အ ခြေနေကို သဘောပေါက်စွာဖြင့် အညံ့ခံရန်သာ ဆုံးဖြတ်လိုက်သည်။

တခြားဖက်၌ စစ်သူကြီးတင်းနဲ့ စစ်သူကြီးမင် တို့မှာ လော့ရှန်း တောက်ချင်တို့နဲ့ ရင်ဆိုင်နေပြီး လက်ရည်တူဖြစ်နေကာ တိုက်ပွဲအဆုံးသတ်ချိန် နီးကပ်လာနေသည်။ ကျိုးယန်ကတော့ ထိုလူ များကိုမူ ဝင်မစွတ်ဖက်တော့ပဲ ကိုင်ရီရီအနား သွားကာ စိတ်စွမ်းအင်နဲ့ချီဓာတ်ပြန်လည်ဖြည့် တင်းပေးသည့် ဆေးလုံးများထုတ်ပေးလိုက်သ ည်။ ထို့အတူ တွင်းနက်ကြီးရှိရာသို့ တချက်ငုံ့ ကြည့်လိုက်ပြီး လက်နက်ချလိုက်သည့် ပညာရှ င်ကိုမူ မည်သည့် တိုက်လိုက်မှုမှ မပြုလုပ်​တော့ ပဲ ကျင့်ကြံသူအင်အား ၅၀၀၀၀ နီးပါးဟူသည့် အဖွဲ့ကြီးမှာ ၄၀၀၀၀ နီးပါး သေဆုံးပြီး ကျန်တ သောင်းမှာလည်း ဒဏ်ရာများဖြင့် ကျန်ရှိကာ အဖမ်းခံလိုက်ကြရသည်။

……………………………………………….

All Chapters