← Chapters

အခန်း (၂၀၈)

Vol. 14 Ch. 208

အခန်း (၂၀၈)

Vol. 14 Ch. 208

တိုက်ပွဲကတရက်တာ ကြာမြင့်သွားခဲ့ပြီး အဆုံး တွင်တော့ စစ်သူကြီး၂ဦးမှာ ဒဏ်ရာများစွာဖြင့် ဖမ်းဆီခံခဲ့ရပြီး တပ်ဖွဲ့ဝင်နှစ်သိန်း၏ လက်ကျန် အင်အား ၄၀၀၀၀ ဝန်းကျင်လည်း ကျိုးတပ်ဖွဲ့ဝ င်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ထို့အ တူ ကျင့်ကြံ ၁၀၀၀ နီးပါး ဖမ်းခံလိုက်ရပြီး ထို အထဲတွင် ပိုင်ဖုန်းနဲ့အတူ တခြားအထွဋ်အထိပ် အဆင့်ပညာရှင်လည်း ပါဝင်သည်။

ကျိုးယန်သည် ထိုသူများကို ယန်စီရင်စုထဲသို့ ပြန်ခေါ်သွင်းကာ ကျိုးယန်တို့ဘက်တွင် တပ်ဖွဲ့ ဝင် ၃၀၀၀၀နီးပါး သေဆုံးပြီး ၅၀၀၀ခန့်က ဒဏ် ရာများ ရထားကြသည်။ လော့ရှန်းသည် ဖမ်းဆီ ထားသည့် သူများကို ထိန်းသိမ်းခေါ်​ဆောင်သွား ပြီး တောက်ချင် ကိုင်ရီရီတို့က ချိုင့်ဝှမ်းတခုလုံး ကိုရှင်းလင်းကာ သေဆုံးသွားကြသည့် အလော င်းများကို မြုပ်နှံလိုက်ပြီး များပြားသည့် သိုလှေ ာင်လက်စွပ်များလည်း ရရှိလိုက်သည်။

တဆက်တည်း တုံမင်ခရိုင်နားအထိ ကင်းစခန်း များကို တိုးမြင့်လိုက်ပြီး ယန်စီရင်စုမှတဆင့် ခု ခံသကဲ့သို့ ကင်းပုန်းများမလုပ်တော့ပဲ ထင်ရှား စွာပင် တပ်စခန်းငယ်များ တည်ဆောက်စေသ ည်။ တခြားတဖက်တွင်တော့ လီဧကရာဇ်၏နန်း တော်ထဲတွင် မကြာသေးမီက ပေးပို့လာသည့် တိုက်ပွဲအချက်အလက်များကို စစ်ဆေးရင်း လီ ဧကရာဇ်၏ မျက်နှာသည် သုန်မှုန်နေသည်။သူ က တိုက်ခိုက်ရန် အမိန့်ပေးခြင်းမရှိသေးပဲ ကျင့် ကြံသူအဖွဲ့က ၎င်းတို့သဘောဆန္ဒဖြင့် တိုက်ခို က်ခဲ့ခြင်းဖြစ်သည်။

ယခုရလာဒ်အပေါ် အကုန်လုံးက တုန်လှုပ်နေ ကြပြီး လီပြည်ထောင်စု၏ အင်အားသုံးပုံတပုံ ခန့် ဖြုန်းတီးလိုက်သလို ဖြစ်သွားခဲ့သည်။အ ထူးသဖြင့် နတ်ဓားဂိုဏ်း(မူလက ဓားနတ်ဂိုဏ်း)

မှ ဂိုဏ်းချုပ်ကြီးသည် ၎င်းတို့၏ ထိပ်တန်းအ ကြီးအကဲ နှစ်ဦးစလုံးတွင် တဦးမှာ သေဆုံးခဲ့ ပြီး တဦးက အဖမ်းခံလိုက်ရသည့်အတွက် ဆုံး ရှုံးမှုမှာ တခြားဂိုဏ်းများထက် ပိုကြီးမားနေသ ည်။

တိုက်ပွဲသတင်းကို ကျိုးယန်ဘက်မှ ရည်ရွယ် ချက်ရှိရှိထုတ်ပြန်သောကြောင့် အခြားပြည် ထောင်စုမှ ဧကရာဇ်များသိသွားခဲ့ကြပြီး ကျိုး ဧကရာဇ် တပ်ဖွဲ့များ၏ အောင်ပွဲကို အံ့သြမှင်သ က်နေကြသည်။ အင်အားနှစ်သိန်းခွဲနီးပါးကို အ င်အား တသိန်းခန့်ဖြင့် ခုခံတိုက်ခိုက်ပြီး တဖက် သူများကိုပင် ဖမ်းဆီလိုက်နိုင်သေးသည်။ ထိုအ ချက်က မည်သည့်အရာကို ပြဆိုနေသနည်း။ ပြည်ထောင်စုများမှာ ချက်ချင်းပင် ကျိုးယန်၏ လက်နက်များကို အာရုံပြုမိသွားကြပြီး ထိုလ က်နက်၏ တကယ့်စွမ်းအားအမှန်က မရိုးရှင်း လောက်ဟု ယူဆလိုက်ကြတော့သည်။

“ကဲ မင်းတို့မှာ ဘာအကြံရှိသေးလဲ မင်းတို့ဂိုဏ်း တွေက စိတ်ထင်ရာလျှောက်လုပ်ပြီး အခုကျ အ မှားမှားယွင်းယွင်းနဲ့ ရှုံးနိမ့်သွားကြပြီမဟုတ် လား”

လီဧကရာဇ်သည် နတ်ဓားဂိုဏ်း ဘုံကိုးဆင့်ဂိုဏ် နှင့် အခြားဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်အသီးသီး တို့ကိုကြည့်၍ ဆူပူတော့သည်။ သူ့စကားမှာလဲ မှားနေသည်တော့မဟုတ်ပေ။ တဖက်ရန်သူ၏ အချက်အလက်အမှန်ကိုပင် မသိရသေးပဲ ဇွတ် တိုးတိုက်ခိုက်ခြင်းက အဆုံးရှုံးများစေသည်။

“အရှင်မင်းကြီး သူတို့က ယန်စီရင်စုမှာ အခိုင်အ မာခြေကုပ်ယူပြီး ခုခံခဲ့တာပါ အခုတိုက်ပွဲကြော င့် လမ်းကြောင်းတခုဖောက်ပြီး တုံမင်ခရိုင်အနာ ထိ ရောက်လာမယ်လို့ ထင်မြင်မိပါတယ်”

“ဟုတ်ပါတယ် အရှင်မင်းကြီး ဖြစ်ခဲ့တဲ့ပြဿနာ ကို ပြောနေမယ့်အစား ကျတော်မျိုးတို့ ခရိုင်၃ခု နဲ့ပက်သက်ပြီး စီစဥ်စရာအချို့ ရှိလာနေပါပြီ”

အမတ်များနဲ့ စစ်သူကြီးများက လျှောက်တင် လာကြသည်။ တဖက်တွင် လင်းတပ်ဖွဲ့များက အသင့်စောင့်နေကြပြီး တဖက်တွင်တော့ ခရိုင် ၃ခုနားကပ်လာ​တော့မည်ဖြစ်ပြီး လမ်းကြောင်း ရဲ့အဆုံးသတ်က မြို့နော်ချွမ်းဖြစ်သည်။ ထို့အ တွက် တိုက်ခိုက်ရေးထက် ခုခံရေးကိုသာဆက် ၍ အာရုံစိုက်ရန်လိုအပ်လာသည်။ သူတို့မသိသ ည်က အစမှ ယခုထိ သူတို့က ခုခံသူများဖြစ်နေ ခြင်းပင်။ ကျိုးယန်သည် ယန်စီရင်စုကို ခြေကုပ် ယူလိုက်ရခြင်းမှာ တုံမင်ခရီးနဲ့ ယန်စီရင်စုကြား နေရာမှာ တဖက်မှ ချောင်းမြောင်းတိုက်ခိုက်ပါ က အားသာချက်အလွန်ကြီးနေ၍ ထိုနေရာသို့ မဖြတ်လိုသောကြောင့် ယန်စီရင်စုမှ မထွက်ခွာ ခဲ့ခြင်းဖြစ်သည်။

ယခုအခြေနေတွင် ကျိုးယန်သာ ဆန္ဒရှိပါက တုံ မင်ခရိုင်သာမက ကျန်းယွဲ့နှင့် လီရှုခရိုင်တို့ထိ တိုက်ရိုက်ထိုးဖောက်နိုင်တော့မည်။ ထိုအခြေ နေက အားသာချက်များစွာ ဖြစ်သွားစေပြီးတ ဖက်ကိုလည်း တုန်လှုပ်သွားစေခဲ့သည်။ လင်း ယုယန်တို့သည် တိုက်ပွဲသတင်းကို ကြားသိရသ ည့်အခါ မှင်သက်နေခဲ့ကြပြီး ကျိုးဧကရာဇ်မှာ ယခုထိ သူမတို့၏အကူညီကို တစက်ကလေးမှ ရယူခြင်းမရှိသေးပဲ။ လီပြည်ထောင်စုထဲသို့ ဖောက်ဝင်နိုင်နေသည်။

“ထားတော့ ထားတော့ အခု မင်းတို့လည်း အ ခြေနေကို သိထားပြီးပဲ အခုက နောက်ပြန်ဆုတ် လို့ရမဲ့ ပုံစံမှာ မရှိတော့ဘူး ငါကတော့မင်းတို့အ မြင်တွေကို နားထောင်ချင်စိတ်လည်း မရှိတော့ ဘူး ငါ့ပြည်နယ်ထဲထိ ဝင်နေတဲ့ ကျိုးပြည်ထော င်စုတပ်ဖွဲ့တွေကို ရင်ဆိုင်ဖို့ဆုံးဖြတ်ထားပြီးပြီ”

လီဧကရာဇ်က တင်းမာစွာဆိုသည်။ ထိုစကား ကိုကြားလျင် အင်အားစုခေါင်းဆောင်များမှာ မျက်စိမျက်နှာ ပျက်သွားကြပြီး ငရုတ်သီးနဲ့ ပေါင်းမိသောကြောင့် ကြက်သွန်ပါရောအထော င်းခံရမည်ကို စိုးရိမ်နေကြသည်။ စိတ်ရင်းအမှန် အရဆိုလည်း နတ်ဓားဂိုဏ်းမှလွဲ၍ အခြားဂိုဏ်း များမိသားစုကြီးများမှာ ပါဝင်ပက်သက်ရန်ပင် ဆန္ဒမရှိတော့ချေ။ မကြာမီ၌ ခရိုင်များထိရော က်ရှိလာပါက အရင်ဆုံး၎င်းတို့သာ ကျိုးတပ်ဖွဲ့ များနဲ့ တွေ့ဆုံရမည်ဖြစ်ပြီး ပျက်စီးကိန်းကြုံနိုင် သည်ဟု ခံစားနေကြရသည်။

နတ်ဓားဂိုဏ်းမှခေါင်းဆောင်က

“ကျုပ်ကတော့ ဆုံးရှုံးသွားတဲ့ အကြီးအကဲနှစ် ဦးအတွက် သူတို့ကိုပြန်ပေးဆပ်ခိုင်းရမှာပဲ အ ရှင်မင်းကြီး ဆန္ဒကိုသာပြောပါ နတ်ဓားဂိုဏ်းက အင်အားအကုန် ပူးပေါင်းပေးပါ့မယ်”

တခြားဂိုဏ်းများကတော့ အချင်းချင်းမျက်စပ စ်နေကြပြီး လီဧကရာဇ်သည် ထိုသူများကိုကြ ည့်ကာ ဒေါသပြင်းစွာထွက်မိသည်။ မိမိတို့နယ် မြေကို ထိုးဖောက်နေသည့် ရန်သူအားရင်မဆိုင် လိုပဲ ဆုံးရှုံးမှာတွေးကြောက်နေသည့် ငကြော က်အင်အားစု ခေါင်းဆောင်များကို ဖြစ်နိုင်လျင် နေရာတွင်ပင် သတ်ပစ်လိုက်ချင်တော့သည်။ သို့သော် ထိုအရာက မိသားစုကြီးများ ဂိုဏ်းကြီ များ၏ အပြုအမူသာဖြစ်၍ မထူးဆန်းပေ။

စစ်သူကြီး ၃ဦးကမူ တိုက်ခိုက်ရန်တွေးထားကြ ပြီး ၎င်းတို့၏ အမြင်များကို လျှောက်တင်ကြ သည်။ ထိုအထဲတွင် တုံမင်ခရိုင် ကျန်းယွဲ့ခရိုင် နဲ့ လီရှုခရိုင်တို့ကို အင်အားအကုန်ခွဲခြမ်းကာ ပြ န်လည်ထိုးစစ်ဆင်ရန်ဖြစ်ပြီး ယန်စီရင်စုကို ထ ပ်မံထိုးဖောက်ရန်ဖြစ်သည်။ အခြားအမတ်များ မှ ထိုအကြံကိုတိုက်ရိုက်ပင် ငြင်းပယ်ပြီး ခရိုင် များကို ခိုင်မာစွာအင်အားဖြည့်တင်း၍ တဖက်မှ ထိုးစစ်ကို ခုခံပြီးမှ ရှေ့ဆက်လုပ်​ဆေင်သင့်သ ည်ဟု ယူဆကြသည်။

“တော်ကြတော့… ကျုပ်အမိန့်ချမယ် လီရှို့ချင် ဦး​ဆောင်တဲ့ အင်အား ၃သိန်းပါအဖွဲ့က တုံမင်ခ ရိုင်ကို ချက်ချင်းချီတက်စေ.. ကျန်စစ်သူကြီး၃ ဦးထဲက တဦးဖြစ်တဲ့ စစ်သူကြီးလုက နယ်စပ် ကို စောင့်ကြပ်ပြီး လင်းတပ်ဖွဲ့ဝင်များကို ဆက် ပြီးစောင့်ကြည့်ပါ ကျန်နှစ်ဦးက ခရိုင်နှစ်ခုမှာ အင်အား တသိန်းစီယူဆောင်ပြီး အခိုင်အမာစ ခန်းချထားလိုက် ခဗျားတို့ ခေါင်းဆောင်တွေကို ကျုပ်မတိုက်တွန်းတော့ဘူး ဆန္ဒရှိသူတွေ ပူး ပေါင်းလို့ရတယ် တခုသိထားရမှာက ကျိုးဧက ရာဇ်က ငယ်ရွယ်ပေမဲ့ ရက်စက်ပြတ်သားတယ် ကျုပ်တပ်ဖွဲ့ဝင်တွေ ရှုံးနိမ့်ရင် နောက်ဆက်တွဲ ခင်ဗျားတို့အနေထားလည်း မကောင်းနိုင်ဘူး ဆိုတာ မမေ့ကြနဲ့”

လီဧကရာဇ်က အစီအမံများကို လျင်မြန်စွာချ မှတ်လိုက်ပြီး အချို့မင်းသားများကို လီရှုနဲ့ ကျ န်းယွဲ့ခရိုင်နှစ်ခုသို့ စေလွှတ်ကာ အားကိုးရသည့် လီရှို့ချင်ကိုမူ တုံမင်ခရိုင်ကို စေလွှတ်လိုက်သ ည်။ အင်အားစုခေါင်းဆောင်များမှာ တွေဝေနေ ကြပြီး ချက်ချင်းဆုံးဖြတ်ချက် မချနိုင်ကြပေ။

“ကောင်းပါပြီ အရှင်မင်းကြီး နတ်ဓားဂိုဏ်းက တုံမင်ခရိုင်စစ်မြေပြင်မှာ ပူးပေါင်းပါ့မယ်”

နတ်ဓားဂိုဏ်းခေါင်းဆောင်က ပြတ်သားစွာ ပြောလိုက်ပြီး လီဧကရာဇ်ကို နှုတ်ဆက်ကာ ခန် မထဲမှ ထွက်ခွာသွားတော့သည်။ ထိုစဥ် ကျန် ခေါင်းဆောင်များကမူ ခုခံရေးကိုသာရွေးချယ် ကြပြီး လီရှုနဲ့ ကျန်းယွဲ့ခရိုင်များကို အင်အားမျာ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားလိုက် ကြတော့သည်။

………………………………………………..

All Chapters