← Chapters

အခန်း (၉၈၅)

Vol. 67 Ch. 985

အခန်း (၉၈၅)

Vol. 67 Ch. 985

များပြားလှသောဂြိုဟ်အသီးသီးဆီမှ ကျွမ်းကျင်သူများအားလုံးသည် ၎င်းတို့လာရောက်စဉ်ကအတိုင်း မြန်ဆန်စွာဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြ၏။

ဤအချိန်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ သိုင်းကျင့်ကြံသူများအားလုံးသည် သတိပြန်လည် ဝင်ရောက်လာခဲ့ကြသည်။ သို့ပေမဲ့ မည်သူမျှ မရှိတော့ချေ။

“ဒါက”

မြို့တော်ဝန်ဟန်၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ယင် လျက်ရှိ၏။ ဤဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲတွင် ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ထွက်ပြေး သွားခဲ့ကြပြီဖြစ်သည်။ မည်သူ့ကို ကြောက်ရွံ့ကြသနည်းဆိုသော် ကျွင်းချောင်ရှောင်းကိုပဲဖြစ်၏။

မဟုတ်သေးပေ။ တိတိကျကျပြောရမည်ဆိုလျှင် ကုန်းရှန့်၏ အိတ်ကပ်အရွယ်ဓားကို ကြောက်လန့်သောကြောင့် ထွက်ပြေးသွားခဲ့ကြခြင်းပင်ဖြစ်တော့၏။ ထို့အပြင် ဤနေရာတွင်ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် ကျွင်းချောင်ရှောင်း၏ ပက်ပက်စက်စက် သတ်ဖြတ်ခြင်းကို မျက်မြင်ကိုယ်တွေ့မြင်ဖူးခဲ့ကြသူများပင် ဖြစ်ကြသည်။

အလုံးစုံသောစွမ်းအားများ၏ အောက်တွင်တော့ အားလုံးသောသူများအားလုံးသည် ဘာတစ်ခုမှပြုလုပ်နိုင်စွမ်း မရှိဘဲနှင့် သေဆုံးခြင်းအဖြစ်ကိုသာ ရောက်ရှိခဲ့ကြ၏။ ထိုမြင်ကွင်းသည် သူတို့၏ နှလုံးသားထဲတွင် ဖျောက်ဖျက်၍ရနိုင်မည့် မြင်ကွင်းမျိုးမဟုတ်ချေ။

“သူတို့က ဒီလိုပဲ ထွက်ပြေးသွားကြတာလား။”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာဖြင့် ပြောလိုက်မိ၏။ “ကျုပ်က တစ်ကယ့်ကို တိုက်ခိုက်ချင်သေးတာလေ။”

ခရမ်းရောင်ဘုရင် “………”

တင်းရှင်းဝမ် “……..”

…

ဂိုဏ်းချုပ်သည် တစ်ကယ်သာတိုက်ခိုက်ချင်သည်ဆိုပါက အိပ်ကပ်အရွယ်အစားရှိသည့် ဓားအားထုတ်ယူကာ လူအများ အားလုံးကို ခြောက်လှန့်နေလိမ့်မည်မဟုတ်ချေ။ ဤအရာကို သူတို့ ကောင်းကောင်းသိပြီးသားဖြစ်၏။

…

သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု၏နောက်မှာတော့ အမွေအနှစ်သည် ပေါ်ပေါက်လာခဲ့ကြပြီဖြစ်သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အထဲမှလျှောက်ထွက်လာသည်ကို မြင်ရသည့်နောက်မှာတော့ ဤအရာကို လုယူရန် မည်သူကမှ မစဉ်းစားခဲ့ကြတော့ချေ။

ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ သိုင်းကျင့်ကြံသူများအားလုံးမှာတော့ ထိတ်လန့်တုန်လှုပ်လျက်ရှိနေကြ၏။ ၎င်းတို့ သည် ပြန်လည်ရောက်ရှိလာပြီးသည့်နောက်မှာတော့ ကြိတ်ကာ ခံစားလျက်ရှိနေကြ၏။ များပြားလှသော ဂြိုဟ် အသီးသီးမှ သိုင်းကျင့်ကြံသူများအားလုံးသည် စကားတစ်ခွန်းဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ထွက်ပြေးသွားခဲ့ကြ သည်။ ဤအရာသည် အစစ်အမှန်ပင် လူပေါင်းတစ်သောင်းကျော်တို့အား သတ်ဖြတ်ခဲ့ခြင်းကြောင့်ပင် ဖြစ်နေသည် လား။

“သိပ်မှန်တာပေါ့။”

မြိုတော်ဝန်ဟန်သည် တိကျခိုင်မာစွာ ပြောလိုက်မိတော့၏။

သူ၏အထင်အရဆိုလျှင် ဤကဲ့သို လူပေါင်းများစွာကို သတ်ဖြတ်ခြင်းကသာလျှင် တစ်ခြားသောသူများကို ဟန့်တား နိုင်မှာဖြစ်ပေ၏။ မဟုတ်ပါက များပြားလှသောဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများသည် ဤကဲ့သို့ ထွက်ပြေး သွားကြလိမ့်မည်မဟုတ်ချေ။

ဒီကောင်လေးက …။

မြို့တော်ဝန်ဟန်သည် ခေါင်းကိုမော့ကာဖြင့် အရှေ့တွင် ဖြတ်သန်းလျက်ရှိနေသော ကျွင်းချောင်ရှောင်းကို လှမ်း၍ ကြည့်လိုက်၏။ သူသည် တွေးလိုက်မိသည်။ ဒီကောင်လေးက ဘယ်လောက်တောင်အားကောင်းတာလဲ။

လက်နက်ပစ္စည်းများ၏ ထောက်ပံ့မှုမပါဘဲနှင့် ဆိုလျှင် ဂိုဏ်းချုပ်ကျွင်းသည် ဓားနှင့်သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။ လက်နက်ပစ္စည်းများနှင့်ဆိုပါက သူသည် အဆင့်နိမ့် မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူ အား ထိပ်တိုက်ရင်ဆိုင်ရန်အတွက် ပြဿနာမရှိချေ။ သို့ပေမဲ့ စည်းဓားမော့ကြီးကို ထုတ်ဖော်၍အသုံးပြုမည်ဆိုပါက ကြောက်မက်ဖွယ်ရာကောင်းသည့်အခြေအနေမျိုးအဖြစ်သို့ ကူးပြောင်းရောက်ရှိသွားခဲ့တော့သည်။

ဟုတ်ပေသည်။ ဤကဲ့သို့သော ဝှက်ဖဲမျိုးသည် အချိန်မရွေးထုတ်ဖော်အသုံးပြု နိုင်သည့်အရာမျိုးမဟုတ်ချေ။ ထို့အပြင် ဤစည်းဓားမော့ကြီးကို အသုံးပြုရန်အတွက် စည်းဖွင့်ခြင်းအဆောင်ကလည်း လိုအပ်လျက်ရှိနေသေး၏။

…

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်ထဲမှာတော့ ကျွင်းချောင်ရှောင်းသည် သန့်စင်ကျောက်စိမ်း စိတ်ဝိညာဉ်အပင်နှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့၏။ ခံတပ်ကြီးသည် ပိုမိုကာ ကျယ်ပြန့်လာခဲ့တော့၏။ အရင်ကထက် ၂ဆပို၍ ကြီးမားသွားခဲ့သည်ဟု ဆိုရမည်။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် ကြောင်အလျက်ရှိနေ၏။ “ဘာတွေဖြစ်နေတာလဲ။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါအမွေအနှစ်ကို ပြန်ပြီးယူလာတော့ ငါယူလာတဲ့ အမွေအနှစ်က ကောင်းကင်အဆင့် အမွေအနှစ်ဖြစ်နေတယ်။ ဒါကြောင့် တည်နေရာကြီးက အရင်ကထက်ပိုပြီးတော့ ကျယ်သွားတာဖြစ်လိမ့်မယ်။”

လီချင်းယန်သည် လေးနက်စွာ ပြောလိုက်မိ၏။

“တကယ်လို့ အကြိမ်အနည်းငယ်လောက် ထပ်ပြီး ချဲ့ထွင်လိုက်မယ်ဆိုလို့ရှိရင် မြို့တစ်ခုအရွယ်အစားအထိ ရောက်လာဖို့ဆိုတာ ပြဿနာမဟုတ်တော့ဘူး။”

ကြယ်ကြွေကုန်းမြေတိုက်ကြီးအပေါ်မှာတော့ မြို့အဆင့်အရွယ်အစားဆိုသည်မှာ များပြားလှသော လူအများနေထိုင်ရန် တည်နေရာ အကျယ်အဝန်းတည်ရှိရမည်ဖြစ်၏။ မြို့ငယ်လေးတစ်မြို့၏ အရွယ်အစား ဆိုသည်မှာမူ ရွာလေးငါးရွာ ပေါင်းစပ်ထားသည့်အရွယ်အစားပင် ဖြစ်ပေလိမ့်မည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်သည် ယခင်ကထက် ၂ ဆ ပိုမိုကာ ကျယ်ပြန့်သွားခဲ့ပြီဆိုသော် လည်း ရွာလေး ၂ရွာ အရွယ်အစားခန့်သာ ရှိနေသေး၏။ ထို့ကြောင့် မြို့ငယ်လေးတစ်မြို့အခြေအနေအထိသို့ တိုးတက်လာရန်အတွက် လိုအပ်ချက်တော့ ရှိနေသေး၏။ ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်မိ၏။ “ငါတို့ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် နှေးနေအုံးမှာပဲ”

“ဂိုဏ်းချုပ်”

လီချင်းယန်သည် အားတက်ရောနှင့် ဆက်မေးလိုက်သည် “ဘယ်လောက်ထိ ကျယ်အောင် ထပ်လုပ်ကြမှာလဲ။ ဘယ်အချိန်ထိလဲ”

“နှစ်ဝက်”

ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာ ပြောလိုက်၏။ “နှစ်ဝက်အတွင်း ငါတို့ကမြို့တစ်ခုအရွယ်အစားရောက်အောင် အရင်ဆုံးလုပ်ရမယ်။”

“နှစ်ဝက်ဟုတ်လား။”

လီချင်းယန်သည် အနည်းငယ် မူးနောက်နောက်ပင် ခံစားလိုက်မိ၏။

ကျွင်းချောင်ရှောင်းသည် ခံတပ်ကြီး၏ ဖွံ့ဖြိုးတိုးတက်မှုကို အာရုံမစိုက်စေချင်ပေ။ သို့ပေမဲ့ အထူးတာဝန် နံပါတ် ၉ သည် ထိုအရာနှင့် ပတ်သက်ဆက်နွယ် လျက်ရှိ၏။ ထို့အပြင် ၁၀၀ ရာခိုင်နှုန်းထက် ပိုမိုစွာပြည့်စုံအောင် ပြုလုပ်နိုင်သည်ဆိုပါက ရရှိနိုင်သည့် ဆုလာဘ်များကလည်း ပိုမို၍ အားကောင်းလာပေလိမ့်မည်။

ပုံမှန်အားဖြင့် သူပြုလုပ်ရမည့်တာဝန်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်အား မြို့တစ်ခုအရွယ် အစားအဖြစ် ရောက်ရှိအောင် ကြိုးစားရန်ပင် ဖြစ်တော့၏။ “ငါက အမွေအနှစ်တွေကို ဆက်ပြီးတော့ ရှာဖွေမှ ဖြစ်လိမ့်မယ်။ ဒီလိုကောင်းကင်အဆင့် ရတနာမျိုးနဲ့ တူညီတဲ့အရာ တွေကိုသာ ရှာဖွေနိုင်တယ်ဆိုရင် တည်နေရာခံတပ်ကြီးက ပိုပြီးကျယ်ပြန့်လာဖို့ဆိုတာက ပြဿနာတစ်ခုမဟုတ် နိုင်တော့ဘူး။”

ကျွင်းချောင်ရှောင်းသည် ကောင်းမွန်လှသည့် အကြံအစည်တစ်ခုကို စဉ်းစားလိုက်မိ၏။ သို့ပေမဲ့ ဤကောင်းကင်အဆင့် ရတနာဆိုသည်မှာ ရတနာရှာဖွေသည့်ပစ္စည်းနှင့် ရှာဖွေတွေ့ရှိနိုင်သည့် အရာမျိုးမဟုတ်ချေ။ သူသည် အမှတ်မထင်ရရှိခဲ့သော သိုးအရေခွံ့ကို အသုံးပြုကာဖြင့် ကံကောင်းစွာရရှိခဲ့ခြင်းပင်ဖြစ်၏။ သို့ပေမဲ့ အချိန်တိုင်း ဤကံတရားကို အသုံးပြုကာဖြင့် ရှာဖွေနေ၍ မရနိုင်ချေ။

“ခိုင်မာတဲ့ ဆုံးဖြတ်ချက်ရှိပြီဆိုရင် လောကကြီးမှာ မလုပ်နိုင်တဲ့အရာဆိုတာ ဘာမှမရှိဘူး။”

ကျွင်းချောင်ရှောင်းသည် လေးနက်စွာ ပြောလိုက်မိ၏။ “အလုပ်ကြိုးစားနေမယ်ဆိုလို့ရှိရင် ကျိန်းသေပေါက် အရာအားလုံးကို ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်မှာဘဲ။”

စနစ်က ပြောလိုက်သည်။ “စတိုးကို ဖွင့်ပြီးတော့ ရဲရဲဝံ့ဝံ့ refresh လုပ်လိုက်လေ။ ဒါဆိုလို့ရှိရင် ရတနာရှာတဲ့ပစ္စည်းထက် ပိုပြီးကောင်းတဲ့ အရာတွေကို ရှာဖွေတွေ့နိုင်တယ်။”

“တော်စမ်း။”

…

နောက်တစ်ရက်မှာတော့ ကုန်းရှန့်သည် စောစောစီးစီးနိုးထပြီးသည့်နောက်မှာတော့ ခံတပ်၏ အပြင်ဘက်ဆီသို့ လျှောက်ထွက်သွားပြီး အမွေအနှစ်များကို စတင်ကာ ရှာဖွေလျက်ရှိနေ၏။

ပြီးသည့်နောက်မှာတော့ အဓိကဂြိုဟ်များအသီးသီးတွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် အိပ်မက်ဆိုး များကို ရင်ဆိုင်ခဲ့ရတော့သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အမွေအနှစ်တည်နေရာများဆီသို့ ရှာဖွေတွေ့ရှိကာ သွားရောက်ယူငင်သည့်အချိန်မျိုးတွင် ဘာမှမရှိသည့် ဗလာတည်နေရာများကိုသာ မြင်တွေ့ခဲ့ရတော့သည်။

“မဟုတ်သေးပါဘူး။ ဘာတွေဖြစ်နေတာလဲ။ ဒီနေရာမှာ အမွေအနှစ်က ရှိတာ ကျိန်းသေတယ်လေ။ ဘယ်လိုဖြစ်ပြီး မရှိတော့တာလဲ။”

သို့ပေမဲ့ တစ်စုံတစ်ယောက်က လှမ်း၍ ပြောလိုက်သည်။ “ဂိုဏ်းချုပ် ဒီနံရံအပေါ်မှာ စာရေးထားသေးတယ်။”

“ဟမ်”

အားလုံးသည် လှမ်း၍ ကြည့်လိုက်သည့်အချိန်မှာတော့ နံရံပေါ်တွင် ရေးသားထားသော စာအား မြင်လိုက်ရ၏။

“ဒီမှာရှိတဲ့ အမွေအနှစ်တွေကို ကျုပ်ယူသွားပြီ။ အားလုံးပဲ ကျေးဇူးပြုပြီး စိတ်ပူစရာမလိုတော့ပါဘူး။ ကျုပ် ကျွင်းချောင်ရှောင်းက ဂရုစိုက်လိုက်ပါ့မယ်။”

“ကျွင်းချောင်ရှောင်းဟုတ်လား။”

အားလုံးသည် ထ၍ အော်လိုက်မိသည်။

“ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ သမိုင်းမှာ အားအကောင်းဆုံးသောဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ ချီးတဲ့မှ ……”

ဂိုဏ်းချုပ်တစ်ယောက်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဒေါသတကြီး ပြောလိုက်၏။ “တည်နေရာက ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ခံတပ်တည်နေရာနဲ့ အဝေးကြီးလေ။ ဘယ်လိုဖြစ်ပြီး ဒီအထိ ရောက်လာရတာလဲ။”

အမွေအနှစ်များကို တွေ့ရှိရသည့်အချိန်တွင် ငြိမ်ငြိမ်သက်သက်နှင့်ယူဆောင်သွားခြင်းကို မပြုလုပ်ဘဲ နာမည်ကို ရေးကာဖြင့် ရန်စခဲ့သေး၏။ ဤအရာသည် လက်မခံနိုင်သောအရာပင်ဖြစ်သည်။

အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည်လည်း ဤသို့သောအရာမျိုးကို ခက်ခက်ခဲခဲစဉ်းစားကာ ပြုလုပ်ခဲ့ ရခြင်းပင်ဖြစ်သည်။ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲတွင် သူသည် မည်သည့်တိုက်ခိုက်မှုမျိုးကိုမှ မပြုလုပ်ရချေ။ ထို့ကြောင့် အခြားသော အဓိကဂြိုဟ်ကြီးများကို ဒေါသထွက်လာစေရန် ကြိုးစားပြုမူနေခြင်းပင် ဖြစ်တော့၏။ ထိုမှသာလျှင် သတ်ဖြတ်ခြင်းကုန်းမြေတိုက်ထဲသို့ ဝင်ရောက်ခွင့်ရရှိမှာဖြစ်၏။

…

ဆွစ်

တောင်ကြားတည်နေရာထဲမှာတော့ ကျွင်းချောင်ရှောင်းသည် အထဲဆီမှ ပျံသန်းထွက်ခွာလာခဲ့၏။ မူလအားဖြင့် စုတ်ပြတ်သတ်နေလျက်ရှိနေသော လေဟာနယ်တည်နေရာကြီးတစ်ခုလုံးသည် ပြန်လည်ကောင်းမွန်သွားခဲ့၏။ အထဲတွင် နှစ်ပေါင်းများစွာ တည်ရှိနေသော အမွေအနှစ်ကြီးသည် ကျွင်းချောင်ရှောင်း၏ လက်ထဲသို့ ပါသွားခဲ့ပြီဖြစ်၏။

အထဲမှ ရတနာတွင်မက ရတနာကို သိမ်းဆည်းထားခဲ့သော သေတ္တာများကိုပါ အလွတ်မပေးဘဲ ယူဆောင်သွားခဲ့ခြင်း ပင်ဖြစ်တော့သည်။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် တွေ့ရှိသမျှသော အမွေအနှစ်များအားလုံးကို ယူဆောင်ကာဖြင့် ဂိုဏ်းဆီသို့ ပြန်လာတတ်သည့် အကျင့်ရှိနေတော့၏။ လက်ရှိအခြေအနေမှာတော့ သူသည် ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုအပြင် ခံတပ်ကြီး၏ ဖွံ့ဖြိုးတိုးတက်မှုကိုပါ သေသေချာချာကြိုးစားကာ စီမံနေကြရ၏။

“ဂိုဏ်းချုပ်”

တစ်နေ့မှာတော့ အကြီးအကဲဝေသည် အဓိကတောင်ထွတ်ဆီသို့ ရောက်ရှိလာပြီးသည့်နောက် စိတ်လှုပ်တရှားဖြင့် ပြောလိုက်မိ၏။ “ဂိုဏ်းချုပ်ယူထားတဲ့ မြေဆီလွှာကြီးက တကယ့်ကို မှော်ဆန်လွန်းတယ်။ အဲ့အထဲမှာ စိုက်ထားတဲ့ ဆေးပင်တွေက သုံးရက်အတွင်းမှာပဲ ရင့်မှည့်ခဲ့တယ်။”

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “အဲလောက်မြန်တာလား။”

အကြီးအကဲဝေဆိုလိုသည့် မြေဆီဆိုသည်မှာ သန့်စင်ကျောက်စိမ်းစိတ်ဝိညာဉ်အပင်ကို စိုက်ပျိုးခဲ့သည့် မြေဆီလွှာ ပင်ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် ထိုအရာမှာ မရိုးရှင်းကြောင်း နားလည်လိုက်မိ၏။ ထို့ကြောင့်ပင် အဘိုးကြီးတင်းနှင့် ဟောခန်းသခင်ကျိတို့အား တူးယူလာရန် အမိန့်ပေးခဲ့ခြင်းပင်ဖြစ်တော့သည်။ သို့ပေမဲ့ ဂိုဏ်းဆီသို့ ပြန်ရောက်၍ ဆေးပင်များကို စိုက်ပျိုးသည့်အချိန်တွင် မယုံကြည်နိုင်လောက်ဖွယ်ရာကောင်းအောင် မြန်ဆန်သည့်စိုက်ပျိုးမှုများကို ဖြစ်ပေါ်စေခဲ့သည့် မြေဆီလွှာများဖြစ်ကြောင်း သိရှိလိုက်ရတော့သည်။

“ငါက တကယ့်ကို ကံကောင်းသူဘဲ။”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ မြေဆီလွှာများသည် များများစားစားမရှိသလို ကြီးမားသည့်အပင်များကို စိုက်ပျိုး၍တော့ မရနိုင်ချေ။ သို့ပေမဲ့ ဤနေရာတွင် စိုက်ပျိုးသည့်အပင်များ၏ ပေါက်ရောက်မှုနှုန်းသည် ၂၀ ဆနီးပါးခန့် ပိုမိုကာမြန်ဆန်လွန်းလျက်ရှိနေ၏။ ထို့ကြောင့် အဆင့်မြင့်အရည်အသွေးရှိ ဆေးပင်များကို ဤနေရာတွင် စိုက်ပျိုးလိုက်မည်ဆိုပါက များပြားလှသည့် အကျိုးကျေးဇူးကို ရရှိတော့မှာ သေချာသည်။

“သွားကြစို့။ သွားကြစို့။ သွားကြည့်ရအောင်။”

ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ဆေးပင်စိုက်ဥယျာဉ်ဆီသို့ ရောက်ရှိလာခဲ့၏။ သူရောက်ရောက်ချင်း မှာပဲ မြေဆီလွှာထဲတွင် လဲလျက်ရှိနေသော တောဝက်ရိုင်းလေးအား မြင်လိုက်ရ၏။

တောဝက်ရိုင်းလေးသည် ဇိမ်ကျကျနှင့် အနားယူနေခြင်းပင်ဖြစ်၏။ အနားတွင် ရှိနေသော ဆေးပင်အနည်းငယ်တို့သည် လည်း ပျက်စီးလျက်ရှိနေသည်။

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် ဒေါသများ အလိပ်လိပ်တက်လာ၏။ ထို့ကြောင့် သူသည် သိုလှောင်လက်စွပ်ထဲဆီမှ နဂါးစိမ်းလခြမ်းဓားမော့ကြီး ထုတ်ယူလိုက်၏။ သို့ပေမဲ့ သူသည် အရှေ့သို့တိုးကာ ခုတ်ပိုင်းရန်ပြင်ဆင်လိုက်သည့် အချိန်မှာပဲ မြေဆီလွှာများဆီမှ ထူးဆန်းသည့် ဓာတ်သဘာဝများသည် အပေါ်သို့ တက်လာပြီးသည့်နောက်မှာတော့ တောဝက်ရိုင်းလေး၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်လျက်ရှိနေကြောင်းကို သူမြင်လိုက်ရ၏။

မယုံကြည်နိုင်စရာကောင်းလှသည့် အခြေအနေများသည် တောဝက်ရိုင်းလေး၏ မျက်နှာပေါ်တွင် ဖြစ်တည်လျက်ရှိနေ တော့၏။

“ဂိုဏ်းချုပ်”

အကြီးအကဲဝေသည် လေးနက်စွာ ပြောလိုက်၏။ “ဒီမြေဆီလွှာတွေက တောဝက်ရိုင်းလေးကို အကူအညီ ဖြစ်စေတယ်နဲ့တူတယ်။”

All Chapters