← Chapters

အခန်း (၉၈၈)

Vol. 67 Ch. 988

အခန်း (၉၈၈)

Vol. 67 Ch. 988

ဆရာဖန်းဆိုသော နာမည်သည် ကျွင်းချောင်ရှောင်းအတွက် အလွန်တရာ ရင်းနှီးလျက်ရှိနေ၏။ သို့ပေမဲ့ မည်သူ ဖြစ်သည်ကို သူစဉ်းစား၍ မရနိုင်ချေ။

လီလိုရှုက ပြောလိုက်၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ လက်ရှိအတော်ဆုံး ပန်းပဲဆရာ တစ်ယောက်ပဲလေ၊ သူလုပ်ခဲ့တဲ့ လက်နက်တွေအကုန်လုံးက အားကောင်းရုံတင်မကဘူး၊ အားလုံးက လိုလိုချင်ချင်နဲ့ သိမ်းဆည်းထားချင်တဲ့ လက်နက်မျိုးတွေပဲ”

“ပန်းပဲဆရာ ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် လက်နက်များပေါ်တွင် ဖန်းဟူသော စာသားကို ရေးထိုးထားခဲ့ သည့် လက်နက်များကို ပြန်လည်သတိရသွားမိ၏။ ထို့ကြောင့်သူသည် ရုတ်တရက် နားလည်သွားမိ၏။ “ဪ... သူကိုး”

ဆရာဖန်းသည်သာ ဤနေရာတွင် ရှိနေမည်ဆိုပါက ကိုယ့်ရင်ဘတ်ကို တဒိုင်းဒိုင်းနှင့်ထု၍ အော်ငိုနေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကောင်းမွန်လှပါသည်ဆိုသော သူ၏လက်နက်များအားလုံး သည် ကျွင်းချောင်ရှောင်း၏ လက်ချက်ဖြင့် ကျိုးပျက်ခဲ့ရသည်။ ထို့အပြင် ဤကဲ့သို့ ထပ်တလဲလဲ ချိုးဖြတ်ပစ်ခဲ့ပြီးသည့်နောက်မှာတောင်မှ ဆရာဖန်းဆိုသူ မည်သူဖြစ်ကြောင်း မသိရှိခဲ့ချေ။ သောက်ကျိုးနည်းလှချေသည် တကား။

“ဆရာဖန်းက သေသွားတာ ကြာလှနေပြီဆိုပြီး ကျုပ်ထင်ထားတာလေ၊ ဒါပေမဲ့ သူက အသက်ရှင်ရက် ရှိနေသေး တာပေါ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

လီလိုရှုက ပြောလိုက်၏။ “ကျွန်မရဲ့ စုံစမ်းထားချက်အရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်တုန်းက အရှေ့ဘက်ပင်လယ်ဒေသထဲကို ဆရာဖန်းက ဖိတ်ခေါ်ခြင်း ခံရတယ်တဲ့၊ ပြီးတော့ တခြားသူတွေလည်း လိုက်ပါသွားခဲ့ကြတယ်”

“ဖိတ်ခေါ်ခံရတာ ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါ ဖြစ်မိသွား၏။ “ဒါဆိုရင် သူဘာလို့ အကူအညီ တောင်းရတာလဲ”

ဖိတ်ခေါ်ထားသည်ကို လိုက်ပါသွားပြီဆိုပါက အဘယ်ကြောင့် ပုလင်းထဲတွင် စာထည့်ကာ အကူအညီတောင်းဆို နေရသနည်း။ ဤအရာသည် အနည်းငယ် ကြောင်တောင်တောင်နိုင်သည်ဟု ခံစားမိ၏။

လီလိုရှုကပြောလိုက်သည်။ “မထင်မှတ်ထားတဲ့ ကိစ္စလေးတွေ ဖြစ်သွားတာလည်း ဖြစ်နိုင်တယ်လေ”

မိုးဆွေဟောခန်း၏ သတင်းအချက်အလက် ကွန်ယက်သည် စီရင်စုကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ဖြန့်ကျက်ပြီးပြီ ဖြစ်၏။ သို့ပေမဲ့ အရှေ့ဘက်ပင်လယ်ဒေသဆီသို့ မရောက်ရှိခဲ့ပေ။ ထို့ကြောင့် ဆရာဖန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန် သူမအတွက် အလွန်ခက်ခဲနေခဲ့၏။

အကြီးအကဲဝေက ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက ဖြစ်ခဲ့တဲ့ အကြောင်းအရာကို ကျုပ်နည်းနည်း ကြားဖူးတယ်လေ၊ မှော်ဆန်လွန်းတဲ့ ကျောက်ရိုင်းတစ်ခုက အရှေ့ဘက်ပင်လယ်ဒေသထဲမှာ ပေါ်လာခဲ့တယ်လို့ ကြားဖူးခဲ့တယ်၊ ဒါကြောင့် အဲအရာကို သွန်းလုပ်နိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပန်းပဲဆရာတွေကို ဖိတ်ခေါ်ခဲ့ကြတယ်လေ၊ ဆရာဖန်းက နှစ်ပေါင်းရာချီ လက်တွဲဖော်မရှိ၊ တစ်ယောက်တည်းနေခဲ့တဲ့ လူတစ်ယောက်လေ၊ သူက ပန်းပဲပေါ်မှာပဲ စွဲစွဲလမ်းလမ်းနဲ့ တည်ရှိခဲ့တာ၊ ဒါကြောင့် အရမ်းအားကောင်းလွန်းတဲ့ ထူးဆန်းတဲ့ကျောက်ရိုင်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းကို ကြားတာနဲ့ မသွားဘဲနေမှာ မဟုတ်ဘူးလေ၊ ဒါက နားလည်နိုင်တဲ့ ကိစ္စပဲ မဟုတ်လား”

ပထမအကြောင်းအရာသည် သူကြားခဲ့ဖူးသည့် အကြောင်းအရာဖြစ်ပြီး ဒုတိယအကြောင်းအရာမှာတော့ သူ၏ ထင်မြင်ချက်ကို ပြောဆိုခဲ့ခြင်းပင်ဖြစ်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အကြီးအကဲဝေ... တစ်လောကလုံးက လူတွေက ကိုယ်လုပ်ချင်တာကို လုပ်နေကြတာလေ၊ အဲတာက လက်တွဲဖော် မရှိတာ၊ ရည်းစားမရှိတာနဲ့ ဘာဆိုင်လို့လဲ”

“ဥပမာ ပေးရမယ်ဆိုရင်”

လီလိုရှုက ပြောလိုက်သည်။ “ဂိုဏ်းချုပ်ပေါ့”

ပထမတုန်းက သူသည် နားမလည်ခဲ့ချေ။ ဂိုဏ်းချုပ်သည် အလွန်တရာ ငယ်ရွယ်လွန်း၏။ ထို့အပြင် ပါရမီရင့်သန် လှပြီး အားလည်းကောင်းလှသည်။ ထိုသို့ဆိုလျှင် ချစ်ခင်ရင်းနှီးမှုများနှင့် ပတ်သက်လျှင် သမီးရည်းစားများသည် အလွန်တရာ ပေါများနေရာမှာ မဟုတ်လား။

သို့ပေမဲ့ ဘုန်းကြီးတစ်ပါးထက်ပင် ပိုမိုကာ သန့်စင်နေသေး၏။ ထို့ပြင် ကြည့်ရသည်မှာ ရွာသားများ ပြောခဲ့သည့် အတိုင်း ငယ်ရွယ်စဉ်ကအောက်သို့ပြုတ်ကျပြီး ခန္ဓာကိုယ်အောက်ပိုင်း တစ်စုံတစ်ခု ထိခိုက်ခဲ့တာ ဖြစ်ပုံပေါ်သည်။

အကြီးအကဲဝေက ပြောလိုက်တော့၏။ “ဆရာဖန်းရဲ့ ပန်းပဲပညာက ထိပ်ဆုံးအဆင့်ကို ရောက်နေပြီ၊ ဒါကြောင့် အရှေ့ဘက် ပင်လယ်ဒေသက ကျောက်ရိုင်းတုံးကို လက်နက်အဖြစ် သွန်းလုပ်စေဖို့ အတင်းအဓမ္မ ခေါ်ဆောင်ထားတာလည်း ဖြစ်နိုင်တယ်လေ”

“ထိပ်ဆုံးအဆင့် ဟုတ်လား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူ သွန်းလုပ်ခဲ့တဲ့လက်နက်တွေက အားကောင်းတယ်လို့ ကျုပ်တော့ မထင်ဘူး”

ဆရာဖန်းသည်သာ ထိုအချင်းအရာကို ကြားသည်ဆိုပါက ကျိန်းသေပေါက် သွေးအန်ပေလိမ့်မည်။

“တခြားဂိုဏ်းတွေကလည်း အဲသတင်းကို ရရှိခဲ့လား” ကျွင်းချောင်ရှောင်းသည် ပြုံးကာ မေးလိုက်၏။

“ရတာပေါ့”

လီလိုရှုက ပြောလိုက်သည်။ “ဒါပေမဲ့ အခုအချိန်မှာ ဂိုဏ်းတွေအကုန်လုံးက ဂြိုဟ်တိုက်ပွဲတည်နေရာ ကြီးအတွက်ပဲ စိုးရိမ်ပူပန်နေကြတာလေ၊ ဘယ်သူကမှ အရှေ့ဘက်ပင်လယ်ဒေသဆီသွားပြီး ဆရာဖန်းကို ကယ်တင်ဖို့ မစဉ်းစားထားကြဘူး၊ ပြီးတော့ လူတော်တော်များများက ဒီကိစ္စနဲ့ပတ်သက်ပြီး သံသယဝင် နေကြတယ်”

“အရှေ့ဘက်ပင်လယ်ဒေသဆိုတာ ကုန်းမြေတိုက်ကြီးနဲ့ အရမ်းဝေးတဲ့နေရာမှာရှိတဲ့ ဒေသမဟုတ်လား၊ တကယ်တမ်း ပိတ်မိနေတယ်ဆိုရင်တောင်မှ ဘယ်သူကမှ သွားပြီးကယ်ရဲမယ် မထင်ဘူး၊ ဘာလို့လဲဆိုတော့ သူတို့ အားလုံးက ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကိုပဲ အာရုံစိုက်နေကြတာ မဟုတ်လား” ကျွင်းချောင်ရှောင်းသည် ရယ်ကာ ပြောလိုက်မိ၏။

“အင်း...”

အကြီးအကဲဝေသည် သက်ပြင်းချလိုက်မိ၏။ “ဆရာဖန်းဆီမှာ မိတ်ဆွေအပေါင်းအသင်း အများကြီး ရှိတယ်၊ ပြီးတော့ အဓိကဂိုဏ်း တော်တော်များများနဲ့ ရင်းနှီးတဲ့ ပတ်သက်ဆက်နွယ်မှုမျိုးလည်း ရှိသေးတယ်၊ ဒါပေမဲ့ အရှေ့ဘက်ပင်လယ်ထဲမှာ ပိတ်မိခံနေရတယ်ဆိုတာ ကြားတဲ့အချိန်မှာတော့ သူ့ကို ဘယ်သူကမှ ကယ်တင်ဖို့ ရည်ရွယ်ချက် မရှိကြဘူး၊ ဝမ်းနည်းစရာ ကောင်းလိုက်တာ”

“တစ်အိပ်ယာထဲ တူတူအိပ်ကြတဲ့ ယောက်ျားနဲ့ မိန်းမ တချို့ဆိုရင်တောင်မှ တစ်ယောက်နဲ့တစ်ယောက် ကယ်တင်ဖို့ မကြိုးစားကြဘူးလေ၊ ဒီတော့ ခင်မင်ရင်းနှီးရုံတစ်ခုနဲ့ ကိုယ့်ကိုယ်ကိုယ် စတေးပြီး ကယ်တင်ဖို့ မိတ်ဆွေရောင်းရင်းတွေဆီက မျှော်လင့်မိတယ်ဆိုရင်တော့ ဒါက ကျိန်းသေပေါက် ရူးနေလို့ပဲ ဖြစ်မယ်”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ကာ ပြောလိုက်၏။ “ဂိုဏ်းကိစ္စတွေကို ဂရုစိုက်ထားခဲ့ကြတော့၊ ကျုပ် အပြင် သွားတော့မယ်”

“ဆရာဖန်းကို ကယ်ဖို့လား” အကြီးအကဲဝေက မေးလိုက်သည်။

“မဟုတ်ပါဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆီ သွားမလို့ပါ”

သူသည် ဆရာဖန်း အကြောင်းကို နားဖြင့်ကြားခဲ့၍သာ လက်ခံနားထောင်လိုက်ခြင်းသာဖြစ်၏။ ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းလှသည် မဟုတ်ပေ။ ထို့ကြောင့် အဘယ်ကြောင့်သွား၍ ကယ်တင်ရ မည်နည်း။ ထို့ပြင် လက်ရှိအချိန်တွင် သူသည် အလုပ်များလျက် ရှိနေ၏။ သတ်မှတ်ထားသော အချိန်ကာလ တစ်ခု အတွင်းတွင် ခံတပ်တည်နေရာကြီးအား ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရမှာဖြစ်၏။ ထို့ကြောင့် တခြားသော ကောင်းမွန်သည့်အရာများကို ပြုလုပ်ရန် အချိန်မရှိသေးချေ။

“ဂိုဏ်းချုပ်”

အကြီးအကဲဝေ၏ အမူအရာသည် လေးနက် တည်ကြည်သွား၏။ “ဆရာဖန်းရဲ့ ပန်းပဲပညာက တကယ့်ကို အားကောင်းလွန်းတယ်လေ၊ တကယ်လို့ ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းကသာ သူ့ကို ခေါ်ယူထားနိုင်မယ် ဆိုရင် အကျိုးမရှိတဲ့ကိစ္စတော့ မဟုတ်ဘူး”

လီလိုရှုကလည်း ပြောလိုက်သည်။ “ကျွန်မလည်း အဲလို ထင်တယ်”

၎င်းတို့နှစ်ယောက်သည် ဆရာဖန်းကို ကယ်တင်ပြီးသည့်နောက် ဂိုဏ်းထဲသို့ ခေါ်ယူရန် စိတ်အားထက်သန်လျက် ရှိနေကြတော့၏။ အလွန်ထက်မြက်လှသော ပန်းပဲစွမ်းရည်နှင့်ဆိုလျှင် ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပိုမိုကာ အားကောင်းသွားမှာ သေချာ၏။

ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားကာ ပြောလိုက်သည်။ “ကျုပ်တို့ သူ့ကို ကယ်တင်မယ်၊ ဒါပေမဲ့ အရင်ဆုံး ဒီသတင်းက မှန်လားဆိုတာကို အတည်ပြုရအုံးမယ်”

“ဆရာဖန်းရဲ့ လက်ရေးအစစ် ဟုတ်လား၊ မဟုတ်လားဆိုတာကို အတည်ပြုနိုင်ရင် ရပြီလေ” လီလိုရှုက ပြန်ကာ ပြောလိုက်တော့၏။

“ဒီကိစ္စကို ခင်ဗျားဆီမှာပဲ တာဝန်ထားလိုက်တော့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် အရင်ဆုံး ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆီ သွားလိုက်တော့မယ်”

ပြီးသည့်နောက်မှာတော့ သူသည် လှည့်ကာ ထွက်သွား၏။

“အကြီးအကဲဝေ”

လီလိုရှုက ပြောလိုက်သည်။ “ဆရာဖန်းက သမိုင်းမှာ အားအကောင်းဆုံးသော ပန်းပဲဆရာတစ်ယောက်လေ၊ ဘာလို့ ဂိုဏ်းချုပ်က သူ့ကို ဂရုမစိုက်တာလဲ”

အကြီးအကဲဝေက ပြောလိုက်သည်။ “စာနဲ့ပတ်သက်ပြီး သံသယဝင်နေတာလဲ ဖြစ်နိုင်တယ်လေ”

ကျွင်းချောင်ရှောင်းသည် စနစ်၏ ပန်းပဲခန်းမဆောင် တည်ရှိနေသည်ဖြစ်သောကြောင့် ဆရာဖန်း၏ ပန်းပဲ နည်းပညာနှင့် လက်ရည်လက်ဆအား ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သူ့အနေနှင့် ကျောက်ရိုင်းတုံးများ လုံလောက်စွာ တည်ရှိနေသည်ဆိုပါက ဂိုဏ်းထဲတွင် ပန်းပဲဆရာတစ်ယောက်ကို သီးသန့်ထားရှိရန် မလိုအပ်ချေ။ အကယ်၍ ဆရာဖန်းကို ကူညီရန်အတွက် သီးခြားတာဝန် ဖြစ်ပေါ်လာသည်ဆိုပါက သူသည် ကျိန်းသေပေါက် စိတ်ဝင်စားပေလိမ့်မည်။

..............

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ရတနာရှာသည့်ပစ္စည်းကို ထုတ်ယူကာဖြင့် အတွင်းရှိ ရတနာများကို ဆက်လက်ကာ ရှာဖွေလျက်ရှိသည်။ ပြီးသည့်နောက်မှာတော့ ရတနာရှာသည့်ပစ္စည်းပေါ် တွင်ရှိသည့် အလင်းအစက်များသည် တဖြည်းဖြည်း နည်းပါးလာခဲ့တော့၏။

အထက်နယ်မြေဆီမှ ချန်ခဲ့သော အမွေအနှစ်များသည် နှစ်အနည်းငယ်အတွင်း တစ်ခုလောက် ရှာဖွေတွေ့ရှိရန်ပင် မလွယ်ကူခဲ့ချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း ရောက်ရှိလာပြီးသည့်နောက်ပိုင်း တစ်နေ့လျှင် သုံးခုမှ ငါးခုကြားကို ရယူလျက်ရှိ၏။ မည်ကဲ့သို့သော အမွေအနှစ်သည် ကြံ့ကြံ့ခံနိုင်တော့မည်နည်း။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်သည်။ “ခံတပ်ကြီးရဲ့ အရွယ်အစားက ရွာသုံးရွာစာလောက် ဖြစ်လာပြီလေ၊ နေရာတော်တော်များများကလည်း လွတ်နေတယ်၊ အဆောက်အဦတွေ ဆောက်လိုက်တော့မလား”

“တောဝက်ရိုင်းလေးကို မနက်ဖြန်ကြရင် ခေါ်လိုက်၊ ပြီးတော့ သူကူညီမယ်ဆိုရင် ပိုပြီး မြန်လိမ့်မယ်လေ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

အချက်အလက်အားဖြင့် သူသည် ခံတပ်၏ တည်နေရာထဲတွင် အဆောက်အဦများကို ဆက်၍ မဆောက်ချင် တော့ပေ။ ထို့ပြင် လက်ရှိအဆောက်အဦသည် လုံလောက်နေပြီဖြစ်၏။ ထို့အပြင် အထူးတာဝန်သည် မြို့တစ်ခု အရွယ်အစားထိရောက်အောင် ပြုလုပ်ရန် လိုအပ်နေသေး၏။ ထို့ကြောင့် မြို့တစ်ခု၏ အရွယ်အစားသို့ ရောက်ဖို့ ဆိုလျှင် မြို့၏ အင်္ဂါရပ်များနှင့်လည်း လိုက်ဖက်ညီနေမှ ဖြစ်မည် မဟုတ်လား။ ထိုမှသာလျှင် တာဝန်ပြည့်စုံမှု နှုန်းထားသည် ပိုမိုကာ အားကောင်းလာမည်ဖြစ်ပြီး ဆုလာဘ်များသည်လည်း ပိုမိုကာ ရရှိလာမှာ ဖြစ်တော့၏။

ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် တည်နေရာကြီးတစ်ခုလုံးကို ချဲ့ထွင်ရုံသာမက မြို့တစ်ခု၏ အင်္ဂါရပ်များနှင့် ကိုက်ညီသော အဆောက်အဦများ တည်ဆောက်ရန်လည်း စီစဉ်ထားလိုက်တော့သည်။ ဤအစီအစဉ်သည် အနည်းငယ်ကြီးမားလွန်း၏။ ထို့ကြောင့် တောဝက်ရိုင်းလေးကို ခေါ်ဆောင်ကာ ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။ ထိုမှ သာလျှင် ဤခံတပ်တည်နေရာကြီးတွင် ရှိသော မြေဓာတ်သဘာဝများသည် ပိုမိုကာ အားကောင်းလာမှာ ဖြစ်သည်။

.........

နောက်တစ်ရက်မှာတော့ တောဝက်ရိုင်းလေးသည် တည်နေရာဂိတ်တံခါးဆီမှ အထဲသို့ ရောက်ရှိလာခဲ့၏။ ပြီးသည့်နောက်မှာတော့ မြေပြင်တစ်ခုလုံးဆီသို့ ပတ်ကာ ပြေးလျက်ရှိနေတော့သည်။ မြေဓာတ်သဘာဝ စိတ်ဝိညာဉ်သားရဲတစ်ကောင်ဖြစ်သည်မို့ သူသည် ဤနေရာတွင်ရှိနေသော မြေဓာတ်သဘာဝများသည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးထက် ပိုမိုကာ အားကောင်းနေသည်ကို သိရှိခံစားမိ၏။ ထို့ကြောင့်ပင် အားရပါးရ ဝါးမြိုလျက် ရှိနေတော့သည်။

မြေဝါးမြိုခြင်း သူတော်စင်သားရဲတစ်ကောင်ဖြစ်သည်မို့ မြေဓာတ်သဘာဝများကို ရယူသုံးစွဲခြင်းအားဖြင့် သူသည် ပိုမိုကာ အားကောင်းလာလျက် ရှိနေတော့၏။ တောဝက်ရိုင်းလေးသည် အသွင်ပြောင်းလဲလာပြီးသည့်နောက် နေ့စဉ်နေ့တိုင်း အလုပ်ကြိုးစားလျက်ရှိနေတော့၏။ သူ့အတွက် အနည်းငယ် ခက်ခဲလှသည်ဆိုသော်လည်း အချိန်တိုင်း မြေဆီလွှာများကို စုပ်ယူခြင်းအားဖြင့် သူ၏ အားအင်အဆင့်သည်လည်း တဖြည်းဖြည်း ပိုမိုကာ တိုးတက်လာခဲ့တော့သည်။

ဤအရာသည် နဂါးလေးနှင့် ရှောင်မိုရှန်းတို့ပင် လိုက်လံနှိုင်းယှဉ်ရနိုင်သည့် အရာမျိုး မဟုတ်တော့ချေ။ ထို့ကြောင့် လက်ရှိအခြေအနေတွင် တောဝက်ရိုင်းလေးသည် အားနည်းနေသည်ဆိုသော်လည်း သူ့တွင် မြေဝါးမြိုခြင်း စွမ်းရည်က တည်ရှိနေ၏။ ထို့ကြောင့် ကောင်းမွန်လှသည့် ပတ်ဝန်းကျင်ရှိ မြေဓာတ်စွမ်းအင်များကို စုပ်ယူနိုင်သည် နှင့်အမျှ သူ၏ အားအင်အဆင့်သည် ကျိန်းသေပေါက် ပိုမိုကာ တိုးတက်လာတော့မှာ သေချာ၏။

ဝူး.......

ခံတပ်၏ တည်နေရာလွတ်ကြီးတစ်ခုမှာတော့ တောဝက်ရိုင်းလေးသည် ခေါင်းကိုမော့ကာ အော်ဟစ်လိုက်၏။ သူ၏ အနားပတ်ဝန်းကျင်တွင် ရှိနေသော မြေဆီလွှာများသည် ပိုမိုကာ အားကောင်းလာတော့၏။

လီချင်းယန်နှင့် တခြားသောသူများသည် ကြောင်အသွားတော့သည်။ ဤစွမ်းအင်သည် အလွန်ပင် အားကောင်းလွန်းလှ၏။ တစ်ချက်အော်လိုက်သည်နှင့် မြေဓာတ်သဘာဝများ အားလုံးသည် ပိုမိုကျစ်လစ်ကာဖြင့် ပိုမိုအားကောင်းလှသည့် မြေများအဖြစ် ပြောင်းလဲသွားသည်ဆိုသည်မှာ အံ့ချီးဖွယ်ရာ အခြေအနေပင် မဟုတ်ပါလား။

All Chapters