← Chapters

အခန်း (၉၈၉)

Vol. 67 Ch. 989

အခန်း (၉၈၉)

Vol. 67 Ch. 989

တောဝက်ရိုင်းလေး၏ အကူအညီဖြင့် ခံတပ်တည်နေရာ၏ အဆောက်အဦဆောက်လုပ်မှုသည် ပိုမိုကာ မြန်ဆန် လာခဲ့တော့သည်။ လမ်းများ ထွင်းဖောက်ပြီးဖြစ်သလို အဆောက်အဦများ တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့၏။ ပြိုင်စံရှားဂိုဏ်းအပေါ် သံသယဝင်နေကြသော သိုင်းကျင့်ကြံသူများအားလုံးသည် အလုပ်များလျက်ရှိသော တပည့်များကို လှမ်း၍ ကြည့်ရှုပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်သည် ပြိုင်စံရှားဂိုဏ်းအနေနှင့် တစ်ခုပြီးတစ်ခု သေသေချာချာ အချိန်ယူကာ ဆောက်လုပ်ခဲ့သည့် အရာများဖြစ်ကြောင်း နားလည်လိုက်မိကြသည်။

မြို့တော်ဝန်ဟန်က ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းသာ အရင်မလာဘူးဆိုရင် ကျုပ်တို့ ဂြိုဟ်တိုက်ပွဲ တည်နေရာထဲမှာ သေတာကြာပေါ့”

“ဒါကတော့ အမှန်ပဲ” မူချန်းဟုန်သည် သဘောတူညီလိုက်၏။

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသို့ ရောက်ရှိပြီးသည့် နောက် သူတို့သည် အသုဘအခမ်းအနားများကိုပါ ကြိုတင်ကာ ပြင်ဆင်ခဲ့ပြီးသားသူများဖြစ်ကြ၏။ သို့ပေမဲ့ မည်သူမှသည် စိတ်လိုလက်ရ သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိလိုကြသူများ မဟုတ်ကြချေ။ ထို့ကြောင့် ဤတည်နေရာထဲသို့ ရောက်ရှိသွားပြီးသည့်နောက် ၎င်းတို့၏ အခြေအနေသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း သိရှိပြီးနောက် ပျော်ရွှင်နေကြသည်မှာ သဘာဝပင် ဖြစ်သည်။

ဤအရာများအားလုံး၏ အကြောင်းအရင်းသည် ဂိုဏ်းချုပ်ကျွင်းကြောင့်ပင် ဖြစ်တော့၏။ ပြောရမည်ဆိုလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ဂိုဏ်းချုပ်ကျွင်းသည် ကယ်တင်ခဲ့သူတစ်ယောက်ဟုပင် ပြော၍ရသည်။ ဤနေရာတွင် ရှိနေကြသော သိုင်းကျင့်ကြံသူများအားလုံးသည် ကျွင်းချောင်ရှောင်းကို လေးစားမှုပေးရန်ပင် လုံလောက်နေကြပြီဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအပေါ် ကြည့်ရှုသည့် ပုံစံများသည်လည်း ပြောင်းလဲသွား ခဲ့ပြီဖြစ်သည်။

လူသားများ - ဤလူသားများအားလုံးသည် ကျေးဇူးတရားအပေါ် နားလည်မှုရှိကြ၏။

လွင့်မျောနေသည့် တောင်တန်းပေါ်တွင် ရက်အနည်းငယ် နေထိုင်ပြီးသည့်နောက်မှာတော့ သိုင်းကျင့်ကြံသူ တော်တော်များများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ပြန်ရန် စိတ်ဆုံးဖြတ်လိုက်ကြ၏။ ထို့ပြင် ၎င်းတို့သည် ဤနေရာတွင် နေထိုင် နေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် ၎င်းတို့ လုံခြုံစွာ အသက်ရှင်နေသည့်အကြောင်းကို ပြန်၍ သတင်းပို့မှ ဖြစ်ပေလိမ့်မည်။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားက ဒီကနေ အချိန်အတိုင်းအတာ တစ်ခုအတွင်း ထွက်ခွာသွားနိုင်မှာ မဟုတ်ဘူး” သူ၏ မျက်နှာအမူအရာသည် ရုတ်တရက် လေးနက်သွား၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အစစ်အမှန် စမ်းသပ်မှုက မပြီးသေးဘူးလေ”

မြို့တော်ဝန်ဟန်က ဆွံ့အသွား၏။ “တကယ့် စမ်းသပ်မှုကဘာလဲ”

ကျွင်းချောင်ရှောင်းသည် လေ့ကျင့်ရေးကွင်းပြင်တွင်ရှိနေသော သိုင်းကျင့်ကြံသူများကို လှမ်း၍ ကြည့်ကာဖြင့် အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်မိ၏။ “သတ်ဖြတ်ခြင်းကုန်းမြေပေါ့”

“သတ်ဖြတ်ခြင်းကုန်းမြေ ဟုတ်လား” အားလုံး၏ အမူအရာများသည် ပြောင်းလဲသွားကြ၏။ နာမည်ကို ကြားလိုက် သည်နှင့် တပြိုင်နက် ကောင်းမွန်သည့်အရာဖြစ်မှာ မဟုတ်မှန်း သိသာလွန်းလှသည်။

“အထက်နယ်မြေဆီမှာ စည်းမျဉ်းတစ်ခုရှိတယ်၊ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲကို ဝင်လာတဲ့ ဂြိုဟ်တွေ အကုန်လုံးက သတ်ဖြတ်ခြင်းကုန်းမြေဆီသွားပြီး တခြားဂြိုဟ်တွေနဲ့ သေတဲ့အထိ တိုက်ခိုက်ရမယ်၊ မဟုတ်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးမှုကို ခံရလိမ့်မယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူသည် ပေါက်ကရတွေ လျှောက်ပြောနေခြင်း မဟုတ်ပေ။ ဤအရာမှာ အစစ်အမှန်ပင် ဖြစ်တော့၏။

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသို့ ဝင်ရောက်ပြီး ခံတပ်သည် မည်မျှ အားကောင်းလာပြီး မည်မျှကြီးမားသည်ဆိုဆို သတ်ဖြတ်ခြင်းကုန်းမြေထဲသို့ မဝင်ရောက်ပါက အပြစ်ပေးခြင်းကို ခံရမှာ သေချာ၏။ ပြိုင်စံရှားဂိုဏ်း၏ အားအင် အရဆိုလျှင် သတ်ဖြတ်ခြင်းကုန်းမြေထဲသို့ ဝင်ရောက်ရန်ဆိုသည်မှာ ပြဿနာတစ်ခုတော့ မဟုတ်ပေ။ သို့ပေမဲ့ ကုန်းမြေတိုက်ကြီး၏ ကျွမ်းကျင်သူများသည် လာရောက်နေကြပြီ ဆိုမှတော့ ၎င်းတို့သည်လည်း ကိုယ့်တာဝန်ကိုယ် ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။ ၎င်းတို့ဂိုဏ်းတစ်ခုတည်းအနေဖြင့် အရာအားလုံးကို စတေး၍ ပြုလုပ်နေစရာ မလိုအပ်ချေ။

“ဂိုဏ်းချုပ်ကျွင်း”

မြို့တော်ဝန်ဟန်က မေးလိုက်သည်။ “သတ်ဖြတ်ခြင်းကုန်းမြေကို ဘယ်အချိန်မှာ ကျုပ်တို့ ဝင်ရမှာလဲ”

“တစ်နှစ်အတွင်းလေ၊ အချိန်အတိအကျကိုတော့ ကျုပ်လည်း မသိဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

စနစ်သည် ဆွံ့အသွားမိ၏။ “လက်ခံသူ... သူတို့ကို ကိုယ့်တာဝန်ကိုယ်ယူခိုင်းနေတာ မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ အထူး တာဝန်ကို ပြည့်စုံစေဖို့အတွက် သူတို့ကို ခိုင်းစေတော့မှာ မဟုတ်လား”

“ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ကူညီတာက ငါ့ကို ကူညီတာနဲ့ တူတူပဲလေ၊ ဒါက ပြဿနာရှိနေလို့လား” ကျွင်းချောင်ရှောင်းက ပြန်လည်ကာ မေးလိုက်သည်။

“ဒါက”

စနစ်က ပြန်ဖြေလိုက်သည်။ “ပြဿနာတော့ မဟုတ်ပါဘူး”

………

နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းဆီမှ ထွက်ခွာပြီးသည့်နောက် ဂြိုဟ်တိုက်ပွဲတည်နေရာ ထဲသို့ ဝင်ရောက်လာခဲ့၏။

လီချင်းယန်သည် အလောတကြီးဖြင့် သတင်းပို့လိုက်သည်။ “ဂိုဏ်းချုပ်... တိုက်ခိုက်ရေးစိတ်ဝိညာဉ်တွေ ထပ်ရောက်လာပြန်ပြီ”

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် သေသေချာချာ ကြည့်ရှုလိုက်သည့်နောက်မှာ တော့ ခံတပ်တည်နေရာ၏ အပြင်ဘက်တွင် တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်ရာကျော်တို့ တည်ရှိနေသည်ကို မြင်လိုက်ရသည်။ သူသည် ဆွံ့အသွားမိ၏။ “ငါ လတ်တလောမှာ အလုပ်များနေတယ်လေ၊ ဘယ်လိုဖြစ်ပြီး သူတို့ ထပ်ရောက်လာတာလဲ”

သူ့အနေဖြင့် ဤစိတ်ဝိညာဉ်သားရဲများကို ထပ်မံတိုက်ခိုက်ရန် မလိုတော့ဟု စဉ်းစားထားမိ၏။ သို့ပေမဲ့ သူသည် အမွေအနှစ်များကို နေ့စဉ်နေ့တိုင်း သွားရောက်ကာ လုယက်လျက်ရှိနေ၏။ ထို့ကြောင့် အထက်နယ်မြေသည် သူ့အား ကြည့်မရဖြစ်သွားသည်မှာ သေချာတော့၏။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် ယခင်အချိန်ကအတိုင်း ပြန်လည်ကာ ပေါ်ပေါက်လာခဲ့၏။ သို့ပေမဲ့ ၎င်းတို့၏ အလုံးစုံသော အားအင်သည် ပိုမိုကာ အားကောင်းလာခဲ့၏။ ထို့ကြောင့် အပြစ်ပေးမှု၏ ခက်ခဲနိုင်မှုနှုန်းသည် ပိုမိုကာ တိုးတက်သွားခဲ့ပြီဖြစ်၏။

“တပည့်တွေကို သတင်းပေးလိုက်၊ လာပြီး တိုက်ခိုက်ဖို့”

“ကောင်းပါပြီ” လီချင်းယန်သည် အလျင်အမြန်ပဲ သတင်းပေးလိုက်တော့သည်။ အချိန်အတိုင်းအတာ အတော အတွင်းမှာပဲ ဂိုဏ်း၏ အတွင်းစည်းတပည့်များနှင့် အထက်ပိုင်းအကြီးအကဲများသည် စုဝေးရောက်ရှိလာခဲ့၏။

“အပြင်ဘက်က ဘာတွေလဲ”

“လူသားတွေ ဟုတ်ပုံ မပေါ်ဘူး”

မြို့တော်ဝန်ဟန်နှင့် တခြားသောသူများသည် လွင့်မျောနေသည့်တောင်တန်းပေါ် မတ်တပ်ရပ်ပြီး အပြင်တွင် ရှိနေသော မြင်ကွင်းကို သေသေချာချာ ကြည့်ရှုလျက် ရှိနေသည်။ ၎င်းတို့အားလုံးသည် ဇဝေဇဝါနှင့် ဖြစ်မိနေကြ သည်။

“အဖေ”

မူဟုန်လင်က ရှင်းပြလိုက်သည်။ “ဒါက တိုက်ခိုက်ရေးစိတ်ဝိညာဉ်တွေလေ၊ သူတို့က အရမ်း အားကောင်း ပြီးတော့ လက်နက် အပြည့်အစုံရှိတယ်”

“အပြင်ဘက်မှာ ဘာလုပ်နေတာလဲ” မူချန်းဟုန်က မေးလိုက်သည်။

မူဟုန်လင်က ပြန်ပြောလိုက်၏။ “သူတို့က ကျွန်မတို့ ခံတပ်ကြီးကို လာပြီး တိုက်ခိုက်နေတာလေ”

“အမ်”

အားလုံးသည် ဆွံ့အသွားမိကြ၏။ မြို့တော်ဝန်ဟန်သည် မျက်မှောင်ကုတ်လိုက်သည်။ “ဒီသတ္တဝါတွေရဲ့ အော်ရာတွေကို ကြည့်ရတာ ငါတို့ထက် အားမနည်းဘူး၊ သူတို့က ခံတပ်ကြီးကို တိုက်ခိုက်မယ်ဆိုလို့ကတော့ ပြဿနာပဲ”

“ဒီတော့”

သိုင်းနယ်မြေ ကျင့်ကြံသူတစ်ယောက်သည် လေးနက်စွာဖြင့် ပြောလိုက်၏။ “ကျုပ်တို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရတော့မှာပေါ့”

စွမ်းအားမြင့် ကျင့်ကြံသူများ အားလုံးသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်ပြီး အပြင်ဘက်သို့ ထွက်ခွာကာ တိုက်ခိုက်ရန် ပြင်လိုက်သည့်အချိန်မှာပဲ ဂိုဏ်းချုပ်ကျွင်း၏ အသံကို ကြားလိုက်ရတော့၏။ “အားလုံးပဲ... အေးအေးဆေးဆေး အနားယူကြပါ၊ ပြိုင်စံရှားဂိုဏ်းက ဂရုစိုက်လိုက်မယ်”

၎င်းသည် အဘယ်ကြောင့် ဤကဲ့သို့ တိုက်ပွဲအတွေ့အကြုံများကို အဘယ့်ကြောင့် တခြားသူများအား မျှဝေပေးရမည်နည်း။

“သွားတော့”

ဆွစ် ဆွစ် ဆွစ်

လီချင်းယန်နှင့် တခြားသောသူများ အားလုံးသည် ရှေ့ဆီသို့ ပြေးထွက်သွားခဲ့ကြ၏။ ကြမ်းတမ်းလှသော တိုက်ပွဲ ကြီးတစ်ခုသည် ခံတပ်၏ အပြင်ဘက်တွင် ဖြစ်တည်လာခဲ့ကြ၏။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်များ၏ အလုံးစုံသော အားအင်အဆင့်သည် အနည်းငယ်တိုးတက်လာခဲ့သည်ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်းတပည့်များသည်လည်း ဤအတောအတွင်း တိုးတက်လာခဲ့ကြပြီးဖြစ်၏။ ထို့ကြောင့် နှစ်နာရီလောက် တိုက်ခိုက်ပြီးသည့်နောက် အားလုံး သည် အလုံးစုံသော သတ်ဖြတ်သုတ်သင်ခြင်းကို ခံခဲ့ရသည်။

ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများသည် ဆွံ့အသွားခဲ့ကြ၏။

“ခရမ်းရောင်ဆံပင်နဲ့လူက သိုင်းနယ်မြေ ကျင့်ကြံသူနဲ့နှိုင်းယှဉ်လို့ရတဲ့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်အနည်းငယ်ကို ယှဉ်ပြီးတိုက်ခိုက်နေတယ်”

“ပြီးတော့ အဝတ်အစားတွေ စုတ်ပြတ်သတ်ပြီးတဲ့နောက်မှာ သူ့ရဲ့ အားအင်အဆင့်က ပိုပြီး အားကောင်း လာခဲ့တာပဲ၊ ကြောက်စရာပဲ” မြို့တော်ဝန်ဟန်က ထအော်လိုက်မိ၏။

ခံတပ်ထဲသို့ လျှောက်ဝင်လာခဲ့သော ခရမ်းရောင်ဘုရင်သည် ထိုအချင်းအရာကို ကြားပြီးသည့်နောက်မှာတော့ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ “ကျုပ်အားကောင်းတယ်ဆိုတာက အဝတ်အစားတွေ ပါတာ၊ မပါတာနဲ့ ဘာမှ မဆိုင်ဘူး”

အားလုံး “....”

“လီချင်းယန်၊ ရှောင်ကျီနဲ့ အဲတပည့်တွေက နဂါးကျားတိုက်ပွဲမှာတုန်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လူတွေလေ၊ သူတို့က တိုက်ခိုက်ရေးစိတ်ဝိညာဉ်တွေကို သက်တောင့်သက်သာနဲ့ သတ်ဖြတ်ပစ်နေနိုင်တာပဲ”

အစတုန်းက ပြိုင်စံရှားဂိုဏ်းတပည့်များသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် ၎င်းတို့အား ကြိုဆိုလျက်ရှိနေ၏။ ထိုအရာသည် သိုင်းကျင့်ကြံသူများအားလုံးကို ထိတ်လန့် အံ့အားသင့်မိစေ၏။ ယနေ့မှာတော့ ၎င်းတို့၏ ကိုယ်ပိုင် မျက်လုံးဖြင့်ကြည့်ရှုရသည်မှာ ဤဂိုဏ်းသားများအားလုံးသည် ကြောက်မက်ဖွယ်ရာကောင်းလွန်းသည့် တိုက်ခိုက်ရေးစွမ်းအားများကို ပိုင်ဆိုင်ကြောင်း မြင်နေရပြီဖြစ်၏။

ဤအချင်းအရာအား ဒုတိယအဆင့်နှင့် တတိယအဆင့် ဂိုဏ်းများသည် အကြီးအကျယ် နားလည်မိသွား၏။ ပထမအဆင့်နှင့် ကျင့်ကြံသူများအားလုံး၏ မျက်နှာပေါ်မှာတော့ နာကျင်သည့် အမူအရာများ တည်ရှိလို့ နေကြသည်။ အဓိက ကုန်းမြေတိုက်ကြီး၏ ပထမအဆင့်အားအင်မျိုး ပိုင်ဆိုင်ကြသော ဂိုဏ်းများဖြစ်သည်နှင့်အညီ ၎င်းတို့သည် များပြားလှသော ပါရမီများကို ပိုင်ဆိုင်ကြသည်။

သို့ပေမဲ့ လီချင်းယန်နှင့် တခြားသောသူများနှင့် နှိုင်းယှဉ် မည်ဆိုပါက ၎င်းတို့၏ တပည့်များသည် အလွန်တရာ အားနည်းလို့နေ၏။

ထိုက်ရွမ်အအေးဂိုဏ်းမှ အကြီးအကဲများသည် လုချင်းချင်းအား အလွန်တရာ ရှုပ်ထွေးလှသော စိတ်ခံစားချက်များ နှင့် ကြည့်ရှုလျက်ရှိနေ၏။ ဤအမျိုးသမီးသည် ၎င်းတို့ဂိုဏ်း၏ တန်ဖိုးအထားရဆုံး ပါရမီရှင် တစ်ယောက်ပင် ဖြစ်၏။ နောက်ပိုင်းတွင် အကြောင်းအရာတစ်ခုကြောင့် ဂိုဏ်းထဲမှ ထုတ်ပယ်ခြင်းကို ခံလိုက်ရသည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းဆီသို့ ဝင်ရောက်ပြီးသည့်နောက် သူမသည် အရင်ကထက်ပင် ပိုမို၍ အားကောင်းနေသည်ကို မျက်ဝါးထင်ထင် မြင်နေကြရတော့သည်။

ပြိုင်စံရှားဂိုဏ်းသည် နဂါးကျားတိုက်ပွဲတွင် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့တော့၏။ ထိုအချင်းအရာမှာ ထိပ်တိုင်းဂိုဏ်း များအနေဖြင့် အထူးပါရမီရှင်များကို စေလွှတ်ထားခြင်း မဟုတ်သောကြောင့် အနိုင်ရရှိခဲ့သည်ဟု အားလုံးသော သူများက တွေးထင်မိကြ၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ ဤသို့ မဟုတ်ပေ။ လက်ရွေးစင်တပည့်များကို စေလွှတ်လိုက်မည်ဆိုပါက ဆိုးဆိုးရွားရွား ရိုက်နှက်ခြင်းကို ခံရမှာ သေချာတော့၏။ အရိုးသားဆုံး ပြောရမည် ဆိုလျှင် လက်ရှိ လီချင်းယန်နှင့် တခြားသော သူများ၏ အားအင်အဆင့်သည် ဂိုဏ်း၏ ထိပ်တန်းပါရမီရှင်များကို ရိုက်နှက်ဖို့ မပြောနှင့် အထက်အကြီးအကဲများကိုပင်လျှင် အနိုင်ယူနိုင်စွမ်းရှိနေကြ၏။

ပြိုင်စံရှားဂိုဏ်း၏ စွမ်းအားမြင့် ကျင့်ကြံသူများမှာတော့ ကြယ်ကြွေကုန်းမြေတိုက်ရှိ သိုင်းကျင့်ကြံသူများ မည်သို့ တွေးနေသည်ဆိုသည့်အကြောင်းကို သေချာမသိချေ။ ၎င်းတို့အားလုံးသည် တိုက်ခိုက်ရေးစိတ်ဝိညာဉ်များကို တိုက်ခိုက်ပြီးသည့်နောက် ရရှိခဲ့သည့် အတွေ့အကြုံများကို ပြန်လည်ကာ သုံးသပ်လျက် ရှိနေတော့၏။ ထိုကဲ့သို့ သက်တောင့်သက်သာဖြင့် သွေးအေးလျက်ရှိနေသည့် တပည့်များကို မြင်ရသည့်အချိန်မှာတော့ ကြယ်ကြွေကုန်းမြေ တိုက်ကြီးရှိ သိုင်းကျင့်ကြံသူများသည် ပိုမိုကာ ထိတ်လန့် တုန်လှုပ်မိကြသည်။

ပြိုင်စံရှားဂိုဏ်းသည် တတိယ အဆင့် ဂိုဏ်းတစ်ခုအဖြစ်သို့ အဆင့်မြင့်တိုးတက်ရောက်ရှိခဲ့သည်မှာ မကြာသေးချေ။ သို့ပေမဲ့ တပည့်များမှာတော့ အလွန်တရာ အားကောင်းလျက် ရှိနေ၏။ အနာဂတ်တွင် ဤကဲ့သို့သာ ဆက်လက် တိုးတက်သွားမည်ဆိုပါက ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အားအင်တစ်ခုအဖြစ် ဖြစ်တည်လာမှာ သေချာတော့သည်။

“ဂိုဏ်းချုပ်ကျွင်း”

အဓိကဟောခန်းထဲမှာတော့ မြို့တော်ဝန်ဟန်သည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။ “ခင်ဗျားက ငယ်ရွယ်ပြီးတော့ အလားအလာရှိတဲ့လူတစ်ယောက်ဖြစ်တယ်လို့ ကျုပ်ထင်ခဲ့တာ၊ ဒါပေမဲ့ ကြည့်ရ တာတော့ တကယ့်ကို အုပ်စိုးသူတစ်ယောက်ရဲ့ ပါရမီမျိုးနဲ့ မွေးဖွားလာခဲ့တာပဲ”

“မြို့တော်ဝန်ဟန်ကတော့ ပေါက်ကရတွေ ပြောနေပြန်ပါပြီ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“မဟုတ်ဘူး”

မြို့တော်ဝန်ဟန်သည် လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ်က ခင်ဗျားကို မြှောက်ပြောနေတာ မဟုတ်ဘူး၊ ပြိုင်စံရှားဂိုဏ်းရဲ့ လက်ရှိ အားအင်အဆင့်အရဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးကို အုပ်စိုးဖို့အတွက် အရည်အချင်းရှိနေပြီလေ၊ သမိုင်းတစ်လျှောက်လုံးမှာ ခင်ဗျားက နတ်ဆိုးအင်ပါယာနဲ့တောင် နှိုင်းယှဉ်လို့ရနေပြီ”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ “မြို့တော်ဝန်ဟန်... တကယ်ကို မြှောက်ပေးနေတာပဲ”

All Chapters