← Chapters

အခန်း (၉၉၁)

Vol. 67 Ch. 991

အခန်း (၉၉၁)

Vol. 67 Ch. 991

လူပေါင်းများစွာနှင့်တိုက်ခိုက်တတ်သော ခရမ်းရောင်ဘုရင်သည် ကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ် တစ်ကောင် နှင့် တိုက်ခိုက်သည့်အချိန်မှာတော့ အနောက်ဘက်သို့ လွင့်စင်သွားခဲ့သည်။ ထို့အပြင် ၎င်း၏ လက်များသည်လည်း ထုံကျင်၍ သွားခဲ့တော့သည်။

ကြည့်ရှုရမည်ဆိုလျှင် ကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်၏ အားအင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်မှာ ထင်ရှားလွန်းလှ၏။

တိုက်ခိုက်ပွဲကို ကြည့်ရှုလျက်ရှိနေသော မြို့တော်ဝန်ဟန်နှင့် တစ်ခြားသောသူများအားလုံးသည် ချွေးတွေ တပေါက်ပေါက်ဖြင့် ကျလာခဲ့သည်။

တစ်ဖက်လူသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် လူတစ်ယောက်ဖြစ်သည်။ နှစ်ကြိမ်လောက်တိုက်ခိုက် ပြီးသည့်နောက်မှာတော့ ခရမ်းရောင်ဘုရင်အား အနောက်ဘက်သို့ပင် လွင့်စင်အောင် တိုက်ခိုက်ခဲ့နိုင်ခဲ့၏။ သူတို့သည်သာ ဤနေရာတွင် သွားရောက်တိုက်ခိုက်သည်ဆိုပါက သေဆုံးသွားနှင့်သည်မှာ ကြာလောက်ပြီ ဖြစ်၏။

“ဆက်ပြီးတိုက်ခိုက်။”

ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။ “ဒီလူဘယ်လောက်အထိ အားကောင်းတယ်ဆိုတာကို ကြည့်ရအောင်။”

“……”

ခရမ်းရောင်ဘုရင်သည် ဆွံ့အသွားခဲ့၏။ သို့ပေမဲ့ သူသည် ခြေဆောင့်နင်းပြီးသည့်နောက်မှာတော့ ရှေ့ဆီသို့ လှမ်းတက်သွားခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ မွန်းစတားအော်ရာများသည် ထွက်ပေါ်လာလျက်ရှိ၏။

သူသည် ပထမဦးဆုံး တိုက်ခိုက်ခဲ့၏။ ပြီးသည့်နောက်မှာတော့ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်။ သို့ပေမဲ့ နောက်တစ်ကြိမ်မှာတော့ ခုခံခြင်းကိုသာ ပြုလုပ်ရသည်။

သူသည် မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူများနှင့် တိုက်ခိုက်ရသည့်အချိန်တွင်တောင်မှ တိုက်ခိုက်ခြင်းကိုသာ ပြုလုပ်ပြီး ခုခံခြင်းကိုဘယ်သောအခါကမှ ပြုလုပ်တတ်သည့်လူတစ်ယောက်မဟုတ်ပေ။ သို့ပေမဲ့ လက်ရှိအခြေအနေ မှာတော့ ခုခံခြင်းကိုပါ ပြုလုပ်နေရတော့၏။

ဘုန်း ဘုန်း

နှစ်ယောက်သားသည် တိုက်ကွက်အနည်းငယ်လောက် ထပ်မံကာ တိုက်ခိုက်ခဲ့ကြ၏။ ချက်ချင်းပဲ ၎င်းတို့တိုက်ခိုက် နေရာ မြေပြင်တစ်ခုလုံးသည် စုတ်ပြတ်သတ်လျက်ရှိနေပြီး ကောင်းကင်ပေါ်ရှိ လေထုကြီးတစ်ခုလုံးသည် ယိမ်းယိုင် လျက်ရှိနေ၏။ အလွန်အားကောင်းလှသော စွမ်းအားမြင့်လှိုင်းများအားလုံးသည် လေဟာနယ်ကြီးတစ်ခုလုံးကိုပင် ပိုင်းဖြတ်စေသည်။

ဘုန်း ……။

မကြာမီမှာပဲ ခရမ်းရောင်ဘုရင်သည် အမြှောက်ဆံတစ်ခုကဲ့သို့ အနောက်ဘက်သို့ လွင့်စင်သွားခဲ့ပြီးနောက် မြေပေါ် တွင် ကြီးမားလှသော တွင်းကြီးတစ်ခုပေါ်ပေါက်လာခဲ့၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများအားလုံး၏ နှုတ်ခမ်းများသည် တစ်ဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိနေသည်။ ဤတစ်ကြိမ်ပေါ်ပေါက်လာခဲ့သော တိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် အလွန်တရာ အားကောင်းလွန်းနေ၏။ သူတို့သည်သာ သွားရောက်တိုက်ခိုက်မည်ဆိုပါက တစ်ချက်တည်းကိုပင် ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

ကျွင်းချောင်ရှောင်းသည် သေသေချာချာ စဉ်းစားလိုက်မိ၏။ သူသည် စည်းဓားမော့ကိုသာ ထုတ်ဖော်အသုံးမပြုပါက ကျိန်းသေပေါက် အနိုင်ယူနိုင်လိမ့်မည်မဟုတ်ဘဲ ပက်ပက်စက်စက် ရိုက်နှက်ခံရမှာသေချာသည်။

“ဂိုဏ်းချုပ်”

တင်းရှင်းဝမ်သည် အသံပို့လွှတ်လိုက်တော့၏။ “ကျုပ်တို့ အလစ်ချောင်းပြီးတိုက်ခိုက်ကြမလား။”

သူအနေနှင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်အား ထိပ်တိုက်ရင်ဆိုင်မတိုက်ခိုက်ရဲချေ။ သို့ပေမဲ့ ခရမ်းရောင်ဘုရင် တိုက်ခိုက်နေသည့်အချိန်တွင် အနောက်ဘက်မှသွား၍ တိတ်တဆိတ် အလစ်ချောင်းတိုက်ခိုက်မှုမျိုးကိုတော့ ပြုလုပ်နိုင်စွမ်းရှိနေ သည်။

“မရဘူး”

ကျွင်းချောင်သည် အလောတကြီးဖြင့် သူ့အား တားမြစ်လိုက်၏။ “ဒီလူက အရမ်းအားကောင်းလွန်းတယ်။ တစ်ချက်လောက် ရိုက်နှက်ခံရလိုက်ရင် ကျိန်းသေပေါက် ကံဆိုးမိုးမှောင် ကျသွားလိမ့်မယ်။”

အလွန်တရာ အားကောင်းလှသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည့် ခရမ်းရောင်ဘုရင်မှလွဲ၍ တစ်ခြားသော သိုင်းနယ်မြေကျင့်ကြံသူများအားလုံးသည် တစ်ဖက်လူအား ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက သေမလိုဖြစ်လျှင်ဖြစ် မဖြစ်လျှင် ဒုက္ခိတပင် ဖြစ်သွားနိုင်သည်။

အလုံးစုံသော အားကောင်းမှု၏အောက်မှာတော့ လိုက်ဖက်ညီလှသော ကျင့်ကြံခြင်းအဆင့်နှင့် ခုခံခြင်းစွမ်းအားများ မရှိပါက သွားရောက်တိုက်ခိုက်ရန် မဖြစ်နိုင်သည့်အရာမျိုး ဖြစ်နေ၏။

တိုက်ခိုက်ရေး စိတ်ဝိညာဉ်သည် မည်သည့်အတွေးနှင့် ခံစားချက်ကိုမှ ရှိသူမဟုတ်ပေ။ အစစ်အမှန် ကောင်းကင်အဆင့် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်တိုက်ခိုက်သည်ဆိုပါက အောက်စည်းဘက်ကို ရောက်သွားမှာ သေချာ၏။ သို့ပေမဲ့ လက်ရှိတွင် ကောင်းကင်အဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သောကျင့်ကြံသူဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် မရှိချေ။

ဆွစ်

ခရမ်းရောင်ဘုရင်သည် တွင်းထဲမှ ခုန်ထွက်လိုက်၏။ သူ၏မျက်လုံးများတွင်တော့ ဒေါသတရားများဖြင့် တောက်လောင်လျက်ရှိနေသည်။ အလွန်ကြမ်းတမ်းလှသော ခရမ်းရောင်မွန်းစတားအော်ရာများအားလုံးသည် ရူးရူးမူးမူး ဖြစ်တည်လာပြီးသည့်နောက်မှာတော့ လေထုထဲတွင် စုစည်းလာခဲ့၏။ ပြီးသည့်နောက်မှာတော့ သူ၏အစစ်အမှန်ခန္ဓာကိုယ်ကြီးတစ်ခုလုံးသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့တော့သည်။

“ခွန်သားရဲ”

“ဟူး ဟူး”

မွန်းစတားချီများအားလုံးသည် စုစည်းပြီးသည့်နောက်မှာတော့ လက်သီးကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာခဲ့တော့သည်။ ခရမ်းရောင်ဘုရင်သည် ပေတစ်ရာအကွာအဝေးဆီသို့ ပျံသန်းရောက်ရှိလာခဲ့၏။ သူ၏အစစ်အမှန်ခန္ဓာကိုယ်၏ အားအင်များကို ထုတ်ဖော်အသုံးပြုပြီးသည့်နောက်မှာတော့ ကြီးမားလှသည့် လက်သီးချက်ကြီးသည် လေဟာနယ် တစ်ခုလုံးကိုပင် ထိုးခွင်းနိုင်စွမ်းရှိသည့်အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။

“အားလုံးပဲ”

…

“ဘုန်း”

ကြီးမားလှသော ခရမ်းရောင်လက်သီးကြီးသည် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကို ထိမှန်သွားတော့၏။ တိုက်ခိုက်ရေး စိတ်ဝိညာဉ်သည် အနောက်ဘက်သို့ လွင့်စင်သွားသည်။

ဘုန်း

ဟူး ဟူး

ခရမ်းရောင်ဘုရင်သည် လေထုထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူ၏ညာဘက်လက်သည် ပြင်းပြင်းထန်ထန်နှင့် ဆက်တိုက်တိုက်ခိုက်ခြင်းကို ပြုမူနေသည်။ သူ၏ ညာဘက်လက်သည် တုန်ခါလျက်ရှိနေ၏။ သူ၏ အသက်ရှူနှုန်း များသည်လည်း အနည်းငယ်ပိုမို၍ မြန်ဆန်လျက်ရှိနေပြီး နဖူးစက်တွင်လည်း ချွေးသီးများ အလုံးလိုက်ကျလျက်ရှိ၏။

အဓိကခန္ဓာကိုယ်ကို ထုတ်ဖော်အသုံးပြုတိုက်ခိုက်ခဲ့သည့် တိုက်ကွက်သည် သူ၏ သတ်ဖြတ်ခြင်းတိုက်ကွက်ပင် ဖြစ်တော့သည်။ ထိုအရာသည် စွမ်းအင်တော်တော်များများကို ကုန်ဆုံးစေ၏။

တိုက်ခိုက်ရေးစိတ်ဝိညာဉ်မှာတော့ ပေတစ်ရာ အကွာအဝေးတွင် မတ်မတ်ရပ်လျက်ရှိနေ၏။ သူ၏ကြက်သွေးရောင် ချပ်ဝတ်သည် တစ်ချက်ကလေးမှ မထိခိုက်ခဲ့ချေ။ ယှဉ်ကြည့်ရသည်မှာ တစ်ဖက်လူသည် အလွန်တရာ အားကောင်း လွန်းလှသည်သာမက ဝတ်ဆင်ထားသော ချပ်ဝတ်ကလည်း အလွန်ကောင်းမွန်သောအရာဖြစ်ပေလိမ့်မည်။

ရွှီ

သူသည် လက်ကိုမြှောက်လိုက်ပြီးသည့်နောက်မှာတော့ လေဟာနယ်ကြီး တစ်ခုလုံးသည် တုန်ခါသွားခဲ့သည်။

ကြက်သွေးရောင် ပုဆိန်ကြီးတစ်လက်သည် လေထုထဲမှာ ပေါ်ပေါက်လာခဲ့တော့သည်။ တိုက်ခိုက်ရေးစိတ်ဝိညာဉ် သည် ထိုအရာကို ဆုတ်ကိုင်လိုက်ပြီးသည့်နောက်မှာတော့ ၎င်း၏ မျက်လုံးများသည် ပိုမိုအားကောင်းသည့် အလင်းတန်းများနှင့် ပြည့်နှက်လာခဲ့တော့၏။

“……..”

ခရမ်းရောင်ဘုရင်၏ နှုတ်ခမ်းများသည် တဆက်ဆက်နှင့် တုန်ယင်သွား၏။ သူသည် တစ်ဖက်လူ လက်ဗလာနှင့် တိုက်ခိုက်သည့်အချိန်တွင်ပင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ရသည်။ လက်ရှိအခြေအနေမှာတော့ အလွန်တရာ အားကောင်းလွန်းလှသော တိုက်ခိုက်ရေး ပုဆိန်တစ်လက်ကို ထုတ်ယူနေပြီဖြစ်သောကြောင့် သူအနေနှင့် မည်ကဲ့သို့ ရင်ဆိုင်ရတော့မည်နည်း။

အားကောင်းလှသောလက်နက်ဆိုသည်မှာ တိုက်ခိုက်ပွဲများတွင် အလွန်တရာ အရေးကြီးသောအရာဖြစ်၏။ လီချင်းယန်နှင့် တစ်ခြားသောသူများအားလုံးသည် နတ်ဘုရားအဆင့်ပစ္စည်းများကို ကိုင်ဆောင်ကာဖြင့် တစ်ခြားသော သိုင်းကျင့်ကြံသူများကို နှိပ်စက်ရိုက်နှက်ခဲ့ရဖူးသည်မလား။

“ဝှစ်”

ထိုအချိန်မှာတော့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် ပုဆိန်ကြီးကို ရုတ်တရက်လွှဲရမ်းလိုက်တော့၏။

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

ပုဆိန်၏ရွှေ့လျားသွားသည့်လမ်းတစ်လျှောက်တွင်ရှိနေသော တည်နေရာများအားလုံးသည် ကွဲအက်သွားခဲ့တော့၏။ ခရမ်းရောင်ဘုရင်၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သူသည် အလောတကြီးဖြင့် အနောက်ကို ဆုတ်ခွာ လိုက်၏။ သူသည် ခန္ဓာကိုယ်ကို အသုံးပြု၍ ထိပ်တိုက်ရင်ဆိုင်ခြင်းကို မပြုလုပ်ရဲချေ။

ရွှီ

ရွှီ

ရွှီ

တိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် မည်သို့သော ညှာတာမှုကိုမှ မပြသချေ။ ပုဆိန်ကြီးကို ရုတ်တရက် မြှောက်ကိုင်ကာဖြင့် တစ်ဗိုင်းဗိုင်းနှင့် ခုတ်ပိုင်းလျက်ရှိနေတော့၏။ ခရမ်းရောင်ဘုရင်သည် ဆိုးဆိုးရွားရွား အခြေအနေနှင့် ရှောင်ရုံသာတတ်နိုင်တော့သည်။ သူသည် တိုက်ခိုက်ချက်များကို ထိပ်တိုက်ခုခံသည့်နေရာတွင် လက်များပင်လျှင် ထုံလျက် ရှိနေတော့၏။

“ချီးတဲ့မှ …. ငါ့ရဲ့ အထက်နယ်မြေဆီက ကျင့်ကြံခြင်းအဆင့်ကိုသာ ပြန်ပြီးရမယ်ဆိုရင် ဒီကောင့်ကို ကြောက်စရာမလိုဘူး။”

ဘုန်း ဘုန်း ဘုန်း

ပုဆိန်ဆီမှ အလင်းတန်းများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ ပုဆိန်သည် ပစ်မှတ်ကို မထိမှန်စေလျှင်တောင်မှ ပတ်ဝန်းကျင်တည်နေရာကြီးတစ်ခုလုံးသည် အက်ကွဲကြောင်းကြီး များနှင့်ပြည့်နှက်လျက် ရှိနေစေ၏။

ကျွင်းချောင်ရှောင်း သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။

“ဒါက နည်းနည်းအခြေအနေဆိုးတယ်”

စနစ်က ပြောလိုက်သည်။ “လက်ခံသူ ဟောခန်းသခင်ကျိအတွက် နတ်ဘုရားအဆင့် လက်နက်တစ်ခုခုကို မြန်မြန်ဝယ်မှဖြစ်မယ်။ ဒါမှ အခြေအနေကို ပြောင်းလဲနိုင်မှာ။”

“ဒါကတော့ အမှန်ပဲ။”

ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် နတ်ဘုရားလက်နက်ခန်းမဆောင်ကို ဖွင်လှစ်လိုက်သည်။ ပြီးသည့် နောက်မှာတော့ ဟောခန်းသခင်ကျိ အသုံးပြု၍ရနိုင်သော လက်ဝှေ့အိတ်တစ်ခုကို ဝယ်ယူလိုက်တော့၏။

“ဟောခန်းသခင်ကျိက တိုက်ခိုက်ရာမှာ သူရဲ့လက်သီးကိုပဲ အသုံးပြုတယ်။ ဓားလိုအရာမျိုးကို ပေးလိုက်မယ်ဆိုရင် အကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူး။ ဒီတော့လက်ဝှေ့အိတ်က သူ့အတွက် အသင့်တော်ဆုံးပဲ။ ဒါကိုဝယ်လိုက်မယ်။”

ဒင်

“လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀ ကို အသုံးပြုလိုက်သည်။ ငရဲဒေါသလက်နက်ပစ္စည်းအား သိုလှောင် လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ။”

ဒင်

“ဂိုဏ်းစုဆောင်းမှတ် ၂၇၇၅၀/၇၀၀၀၀”

…

ဘုန်း ဘုန်း

ခံတပ်၏ အပြင်ဘက်မှာတော့ တိုက်ပွဲသည် အလွန်တရာပြင်းထန်လျက်ရှိနေ၏။ တစ်ဖက်လူသည် အလွန်တရာ အားကောင်းလှသည့်အပြင် အစွမ်းထက်လှသော လက်နက်ကိုပါ ထုတ်ဖော်ကိုင်ဆောင်ထားသည်ဖြစ်သောကြောင့် ဟောခန်းသခင်ကျိအနေနှင့် ဆိုးရွားလှသော အခြေအနေသို့ ရောက်ရှိနေသည်။ သူ့အနေနှင့်ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင် မရရှိချေ။

“ဂိုဏ်းချုပ်”

သူသည် အသံပို့လွှတ်လိုက်တော့၏။ “ဆက်ပြီးတော့ တောင့်မခံနိုင်တော့ဘူး။”

“ဟောခန်းသခင်ကျိ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားကို ရှေးယခင်ကတည်းက ဆင်းသက်လာခဲ့တဲ့ နတ်ဘုရားလက်နက်တစ်ခုကို ပေးမယ်။”

“ရှေးယခင်ကတည်းက ဆင်းသက်လာတဲ့ နတ်ဘုရားလက်နက်ဟုတ်လား။”

ခရမ်းရောင်ဘုရင်သည် လီချင်းယန်ကိုင်ဆောင်သော မိုးကြိုးဓားကို ချက်ချင်းတွေးလိုက်မိ၏။ သူ၏ မျက်လုံးများသည် တောက်ပသွားသည်။ သားရဲမျိုးနွယ်၏ မွန်းစတားဘုရင်တစ်ယောက်ဖြစ်သည်မို့ သူသည် လူသားများကိုင်ဆောင်သောလက်နက်ကို အသုံးမပြုချင်ဟု ဆိုသော်လည်း နတ်ဘုရားလက်နက်ဆိုသည်ကိုတော့ သူသည် အလွန်တရာနှစ်သက်သဘောကျ၏။ ထို့အပြင် ဤအရာသည် အထက်နယ်မြေဆီမှ ဆင်းသက် ရောက်ရှိလာသည့်အရာပင် ဖြစ်ပေလိမ့်မည်။

ဆွစ်

အလင်းတန်းများသည် ခံတပ်၏ အပြင်ဘက်ဆီသို့ လွင့်စင်လာခဲ့တော့၏။ ခရမ်းရောင်ဘုရင်သည် သူ၏ လက်ကို ယမ်းခါပြီးသည့်နောက်မှာတော့ ဆန်းကြယ်သော အော်ရာများသည် သူ၏ရှေ့တွင် ဖြစ်တည်လာခဲ့၏။

နောက်တစ်စက္ကန့်အတွင်းမှာပဲ သူ၏ အမူအရာများသည် ရုတ်တရက် ပြိုလဲသွားတော့သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ရှေ့တွင် ပေါ်ပေါက်လာသော နတ်ဘုရားလက်နက်ဆိုသည်မှာ ဓားတစ်စင်း မဟုတ်ပေ။ ထိုအစား ပန်းရောင် လက်ဝှေ့အိတ်တစ်စုံသာ ဖြစ်လျက်ရှိနေ၏။ ထို့အပြင် လက်ဝှေ့အိတ်အပေါ်တွင် အသံပုံ ပုံသဏ္ဍာန်ရေးခြယ်ထား သေး၏။

“ဂိုဏ်းချုပ်”

ခရမ်းရောင်ဘုရင်၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိနေ၏။ “ဒါက ရှေးယခင်တည်းက ဆင်းသက်လာခဲ့တဲ့ နတ်ဘုရားလက်နက်လား။”

“အမှန်ပဲ။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါကို ငရဲဒေါသလို့ခေါ်တယ်။”

ခရမ်းရောင်ဘုရင်သည် သွေးအန်လုမတတ်ဖြစ်နေတော့သည်။ ဤနေရာတွင် ဓားမြှောင်တစ်ချောင်းသာ ဖြစ်သည် ဆိုပါက သူသည် လိုလိုချင်ချင်ဖြင့် ရယူချင်ပေသေး၏။ သို့ပေမဲ့ လက်ဝှေ့အိတ်ဆိုသည်မှာ ဘယ်နေရာတွင် သွား၍ သုံးရမည်နည်း။ ထို့အပြင် မိန်းခလေးဆန်လှသော ပန်းရောင်ကြီးလည်း ဖြစ်လို့နေသေး၏။

ဆွစ်

ထိုအချိန်မှာပဲ တိုက်ခိုက်ရေးစိတ်ဝိညာဉ်၏ အလွန်အားကောင်းလှသော စွမ်းအင်လှိုင်းများအားလုံးသည် တည်နေရာကို ဖြတ်သန်းပြီး ရောက်ရှိလာခဲ့တော့၏။ ခရမ်းရောင်ဘုရင်သည် လက်အိတ်ကို မြန်မြန်ဆန်ဆန်စွပ်ကာဖြင့် အရှေ့သို့ လှမ်းတက်လိုက်သည်။

ဘုန်း

“အချိန်ဖြုန်းမနေနဲ့တော့။”

ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။ “မြန်မြန်ချတော့။”

ခရမ်းရောင်ဘုရင်သည် သူဝတ်ဆင်ထားသော ပန်းရောင်လက်ဝှေ့အိတ်ကို သေသေချာချာကြည့်ရှုလိုက်၏။ ပြီးသည့် နောက်မှာတော့ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်မိ၏။ “ငါရဲ့ ဂုဏ်သိက္ခာတွေတော့ ကျပါပြီ။”

ဆွစ်

တိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် အပေါ်ဆီမှ အောက်သို့ ခုန်ဆင်းလာခဲ့၏။ သူ၏ လက်ထဲတွင်ရှိသော ပုဆိန်သည် လင်းခနဲ လက်သွားခဲ့တော့၏။ တည်နေရာတစ်ခုလုံးသည် အပိုင်းပိုင်းဖြစ်လျက်ရှိသည်။

“ပြဿနာပဲ။”

အဘိုးကြီးတင်းနှင့် ကျန်သောသူများအားလုံး၏ အမူအရာသည် ပျက်ယွင်းလျက်ရှိနေတော့၏။ ထိုအချိန်မှာတော့ ခရမ်းရောင်ဘုရင်သည် ပန်းရောင်လက်ဝှေ့အိတ်ကို ဝတ်ဆင်ပြီး ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်လိုက်၏။

“ဟောခန်းသခင်ကျိ ရှောင်” အဘိုးကြီးတင်းက လှမ်းအော်လိုက်သည်။

“ရှောင်ရမယ်ဟုတ်လား။”

ထိုအချိန်မှာတော့ ခရမ်းရောင်ဘုရင်သည် သတိပြန်ဝင်သွားတော့၏။ သူသည် ခေါင်းကိုမော့ကာဖြင့် ဂုဏ်ယူစွာ ပြောလိုက်တော့သည်။ “ရှောင်တယ်ဆိုတာ ကျုပ်ရဲ့ ပုံစံမဟုတ်ဘူး။”

သူသည် နောက်သို့ တစ်လှမ်းဆုတ်ပြီးသည့်နောက်မှာတော့ လက်များကို အပေါ်သို့ မြှောက်လိုက်၏။ ခရမ်းရောင် ဆံပင်များအားလုံးသည် လေထဲတွင် လွင့်လျက်ရှိ၏။

ဘန်း ဘန်း ဘန်း

လက်ဝှေ့အိတ်၏ အစွမ်းသက်ရောက်မှုအောက်မှာတော့ ခရမ်းရောင်နှင့်ပန်းရောင်စွမ်းအင်လှိုင်းများသည် အပေါ်သို့ ထိုးတက်သွားခဲ့တော့၏။ ပြီးသည့်နောက်မှာတော့ အောက်သို့ကျဆင်းလာခဲ့သော ပုဆိန်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင် လိုက်တော့၏။ တည်နေရာကြီးတစ်ခုလုံးသည် ပြိုပျက်လုမတတ် ဖြစ်သွားတော့သည်။

All Chapters