အခန်း (၉၉၃)
Vol. 67 Ch. 993
ကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ကြီး၏ စုပ်ယူမှုကို ခံရပြီးသည့်နောက် ခန္ဓာကိုယ်ထဲတွင်ရှိသော စွမ်းအင်များအားလုံးနှင့် ဝိညာဉ်သည်ပါ စုပ်ယူခြင်းကို ခံလိုက်ရတော့၏။
“ထင်မှတ်ထားတဲ့ အတိုင်းပဲကိုး”
ကျွင်းချောင်ရှောင်းက တီးတိုးပြောလိုက်မိသည်။ “ဒီအရာကြီးက မသန့်ရှင်းတဲ့ အရာတွေပဲ”
တကယ်တမ်းမှာတော့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ပေါ်လာသည်နှင့် တပြိုင်နက် သူသည် ထိုအရာကို စုပ်ယူလို့ ရမလား စဉ်းစားနေမိတော့၏။ သို့ပေမဲ့ သူ၏ ဟောခန်းသခင် တိုက်ခိုက်ရေးအတွေ့အကြုံများ ရရှိရန်အတွက် အရင်ဆုံး လွှတ်ပေးထားခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကို သူသည် မစမ်းသပ်ဖူးချေ။ ထို့အပြင် တစ်ဖက်သူသည် အလွန်တရာ အားကောင်းလွန်းနေ၏။ ထို့ကြောင့် ခရမ်းရောင်ဘုရင်ကို တိုက်ခိုက်စေခဲ့ခြင်းပင် ဖြစ်၏။
ဖုန်စုပ်စက်ကြီးကို အသုံးပြုသည့်အချိန်တွင်လည်း သူ၏ လေးစားမှုကို ပြသသည့်အနေဖြင့် ကျွင်းချောင်ရှောင်းသည် တတိယအဆင့် အသက်သွင်းမှုကိုပင် မပြုလုပ်ခဲ့ဘဲ တိုက်ရိုက်ပဲ အထူးအဆင့် အသက်သွင်းမှုကို ပြုလုပ်ခဲ့သည်။
ဟုတ်ပေသည်။ ခရမ်းရောင်ဘုရင်သည်သာ ရူးရူးမူးမူး မတိုက်ခိုက်ခဲ့ပါက သူသည် တစ်ဖက်လူ၏ အနီးဆီသို့ ကပ်ခွင့်ရမည်ပင် မဟုတ်ခဲ့ချေ။
“ဟောခန်းသခင်ကျိ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တကယ့်ကို ပင်ပန်းခဲ့ပြီပဲ”
“...........”
ခရမ်းရောင်ဘုရင်သည် သွေးအန်လုမတတ် ဖြစ်နေတော့သည်။ “ကျုပ်က ပင်ပင်ပန်းပန်း တိုက်ခိုက်ခဲ့ရတယ်၊ ဒါပေမဲ့ အဆုံးသတ်မှာတော့ ဂိုဏ်းချုပ်ကို ထင်ပေါ်ကျော်ကြားအောင် လုပ်ပေးသလို ဖြစ်ခဲ့ပြီပဲ”
“ဂိုဏ်းချုပ်ကျွင်း ဘာကို ကိုင်ထားတာလဲ”
“သူက ကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကို စုပ်ယူခဲ့လိုက်တာလေ”
“ဒါက အရမ်းကို တန်ဖိုးကြီးတဲ့ ရတနာများလား မသိဘူး”
မြို့တော်ဝန်ဟန်နှင့် တခြားသောသူများအားလုံးသည် လွင့်မျောနေသည့် တောင်တန်းပေါ်တွင် မတ်တပ်ရပ်ရင်း ဆွေးနွေးလျက် ရှိနေကြ၏။ ၎င်းတို့အားလုံးသည် ခရမ်းရောင်ဘုရင်နှင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်တို့ ကြမ်းကြမ်း တမ်းတမ်း တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကြီးကို မေ့လျော့သွားခဲ့ပြီဖြစ်သည်။ ကျွင်းချောင်ရှောင်း၏ လက်ထဲတွင် ရှိနေသော မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ကိုသာလျှင် အာရုံစိုက်ကာ ကြည့်နေကြတော့သည်။ ဤအရာသည် တခြားသောသူများ၏ အာရုံစိုက်ခြင်းကို ခိုးယူခဲ့ခြင်းပင် ဖြစ်တော့သည်။
“ဂိုဏ်းချုပ်”
လီချင်းယန်က ပြောလိုက်သည်။ “ခံတပ်က ထပ်ပြီးတော့ ကျယ်သွားပြန်ပြီ”
“တကယ်လား” ခံတပ်ထဲသို့ ပြန်လည်ရောက်ရှိပြီးနောက် ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ပြန်လည်ဖြန့်ကျက် ကြည့်ရှုပြီးသည့်နောက်မှာတော့ ခံတပ်၏ တည်နေရာများသည် ထပ်မံကာ တိုးတက်သွားသည် ကို ရှာဖွေတွေ့ရှိသွားခဲ့၏။ သန့်စင်ကျောက်စိမ်း စိတ်ဝိညာဉ်အပင်ကို ရရှိခဲ့ခြင်းနှင့် တူညီစွာပဲ ခံတပ်၏ တည်နေရာသည် ကျယ်ပြန့်သွားခဲ့ခြင်းဖြစ်၏။ သူမှန်းဆလိုက်မိ၏။ “ဒါက ကောင်းကင်အဆင့်ကြောင့် ဒီလိုမျိုး ကျယ်သွားခဲ့ရတာဖြစ်မယ်”
လက်ရှိအခြေအနေမှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာ ခံတပ်သည် ရွာလေး လေးရွာ နီးပါးခန့် ကျယ်ဝန်းနေပြီဖြစ်သည်။ ဤအရာသည် မြို့သေးလေးတစ်ခု အရွယ်အစားဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ မသေးငယ်လှချေ။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေနှင့် ယခုထက်ပို၍ ကြီးမားကျယ်ပြန့်အောင် ပြုလုပ်ရန် လိုအပ်နေသေး၏။ ထိုမှသာလျှင် သူ၏ အထူးတာဝန်ကို ပြည့်စုံစေပေလိမ့်မည်။ ထို့ကြောင့် တည်နေရာခံတပ်အား ဆက်လက်ကာ ချဲ့ထွင်ရဦးမှာဖြစ်သည်။
“တောဝက်လေး”
လီချင်းယန်က ပြောလိုက်သည်။ “ငါတို့ ဆက်ပြီးတော့ အလုပ်ကြိုးစားရအုံးမယ်”
ဝေါင်း
တောဝက်လေးသည် ခေါင်းကိုမော့ကာဖြင့် အော်ဟစ်လိုက်၏။ သူ၏ မျက်လုံးများသည်မှာတော့ စိတ်လှုပ်ရှားမှု များနှင့် တောက်ပလျက် ရှိနေ၏။ ၎င်းသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆီသို့ ရောက်ရှိနေသည်မှာ အချိန် အတော်ကြာမြင့်နေပြီဖြစ်သည်။ နေ့စဉ်နေ့တိုင်း ခံတပ်၏ ဆောက်လုပ်ရေးတည်နေရာများတွင် အလုပ်ကြိုးစား လျက်ရှိ၏။ သူ၏ အားအင်သည်လည်း သိသိသာသာ တိုးတက်လာခဲ့တော့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်သည် နဂါးလေးကဲ့သို့ အိပ်နေရင်းမှ တိုးတက်နိုင်သည့် အရာမျိုး မဟုတ်သော်လည်း တောဝက်ရိုင်းလေးသည် မိမိကိုယ်ကိုယ် ကြိုးစားရင်းနှင့် ပိုမိုအားကောင်းစေရန်အတွက် တစ်လှမ်းချင်း လျှောက်လှမ်းလျက် ရှိနေ၏။ သူသည် သူ၏သခင်နှင့်အတူ ထိပ်ဆုံးသော နေရာဆီသို့ ရောက်ရှိနိုင်ရန် မျှော်မှန်းထားခဲ့၏။
..............
ဖောင်း ဖောင်း ဖောင်း
အား
ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီ အတွင်းထဲမှာတော့ အားရာသည် ကြာပွတ်ကို ဝှေ့ယမ်းကာဖြင့် ဟွိုင်ကို ရိုက်နှက်လျက် ရှိနေ၏။ ဟွိုင်သည် နာကျင်လွန်းသောကြောင့် အော်ဟစ်လျက်ရှိနေ၏။ ဟွိုင်သည် စွမ်းအင် အနည်းငယ် ရှိနေသည်ဟု ဆိုရမည်။ အချိန်အတော်ကြာ ချုပ်နှောင်ပြီး ရိုက်နှက်ခံရပြီးသည့်နောက် ယခုအချိန်ထိ သန့်စင်ခြင်းသို့ မရောက်ရှိသေးချေ။
အဓိကအားဖြင့် ဟွိုင်သည် ကိုယ်ပိုင်အသိစိတ် ရှိနေသော သတ္တဝါ တစ်ကောင်ပင် ဖြစ်နေသည်။ သူသည် ရှစ်ကျန်းရွမ်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ထူးဆန်းသည့် ဓာတ်သဘာဝနှင့် အဘယ်သို့ နှိုင်းယှဉ်၍ ရနိုင်မည် နည်း။ သူသည် ပိုမိုကာ သတ္တိကောင်းပြီး ခံနိုင်ရည်လည်း ရှိ၏။ သို့ပေမဲ့ အားရာသည် ထိုသို့သောလူများနှင့် ရင်ဆိုင်ရချိန်၌ ပိုမိုကာ ပျော်ရွှင်လျက်ရှိနေ၏။ နည်းလမ်းမျိုးစုံကို အသုံးပြုကာ ကြာပွတ်နှင့် ရိုက်နှက်လျက် ရှိနေသည်။
ဖြောင်း ဖြောင်း ဖြောင်း
အား အား
ကြာပွတ်ဝှေ့ယမ်းသံနှင့် နာကျင်စွာ အော်ဟစ်လိုက်သည့်အသံသည် အထဲတွင်ပဲ့တင်ထပ်လျက် ရှိနေ၏။
ဝှစ်
တည်နေရာသည် လှုပ်ရှားသွား၏။ ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မှော်ပညာဖြင့် အဆင့်မြှင့်တင် ထားသော ဖုန်စုပ်စက်ကြီးကို ကိုင်ကာဖြင့် လေထုထဲတွင် ပေါ်ပေါက်လာသည်။
“သခင်”
အားရာသည် ပြုံးလိုက်မိ၏။ “ဘာလို့ ရောက်လာတာလဲ”
သူမသည် ဟွိုင်အား ရိုက်နှက်နေသည့်အချိန်မှာတော့ တကယ့်ကို နတ်ဆိုးမလေးတစ်ကောင်ပင်ဖြစ်၏။ သို့ပေမဲ့ သူမ၏ သခင်ကို တွေ့ရသည့်အချိန်မှာတော့ ကလေးငယ်လေးတစ်ယောက်ကဲ့သို့ အပြစ်ကင်းစင်စွာ ပြုံးလျက် ရှိနေသည်။ ဤအပြောင်းအလဲသည် အလွန်တရာ မြန်ဆန်လွန်းသည်။
“ငါ မင်းအတွက် အကျဉ်းသားတစ်ယောက် လာပို့တာလေ”
“ဟုတ်လား” အားရာ၏ မျက်လုံးများသည် လင်းလက်သွား၏။
ကျွင်းချောင်ရှောင်းသည် ဖုန်စုပ်စက်ကို ဖွင့်လိုက်သည့်အချိန်မှာတော့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် အလင်းတန်း တစ်ခုကဲ့သို့ ပြောင်းလဲပြီးသည့်နောက်မှာတော့ အပြင်ဘက်သို့ ပျံသန်းထွက်ခွာရန် ကြိုးစားတော့သည်။ ပြီးသည့်နောက်မှာတော့ ဘန်း ဟူသော အသံနှင့်အတူ တည်နေရာ အတားအဆီးကို တိုက်မိကာ အနောက်ဘက်သို့ ပြန်ရောက်လာသည်။
“ဒီနေရာကို ရောက်ပြီဆိုမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့တော့”
အားရာသည် ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်ကို ဝှေ့ယမ်းကာဖြင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်တော့သည်။ ပြီးသည့်နောက်မှာတော့ စွမ်းအင်လှိုင်းများသည် လူသားတစ်ယောက် အသွင်သဏ္ဍာန်မျိုး ပြောင်းလဲကာ ထောင့်တစ်ခုဆီသို့ ရောက်ရှိသွားသည်။ ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်၏ ရိုက်နှက်ခြင်း အောက်မှာတော့ ၎င်း၏ခန္ဓာကိုယ်နှင့် ဝိညာဉ်များသည် ပြင်းပြင်းထန်ထန် နှိပ်စက်ရိုက်နှက်ခြင်းကို ခံနေရသလိုပင် ဖြစ်နေတော့၏။
“ဟမ်”
အားရာသည် ရိုက်နှက်ရင်းမှ အံ့အားသင့်သလို ပြောလိုက်မိသည်။ “သခင်... ဒါကလည်း ဓာတ်သဘာဝ မဟုတ်ပါလား”
“သိပ်မှန်တာပေါ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် လူသားစကားကို မပြောဆိုနိုင်သလို၊ လူသားတစ်ယောက်ကဲ့သို့ တွေးတောနိုင်ခြင်းလည်း မရှိပေ။ သို့ပေမဲ့ အထက်နယ်မြေဆီမှ ဖန်ဆင်းထားသော အဆင့်နိမ့်သတ္တဝါတစ်ကောင်ဖြစ်သည်မို့ မည်ကဲ့သို့ တိုက်ခိုက်ရမည်ကို ကောင်းကောင်း နားလည်၏။
“စိတ်ဝင်စားစရာပဲ”
အားရာ၏ မျက်လုံးများသည် မှေးကျဉ်းသွား၏။ သူမသည် ပြုံးလိုက်မိသည်။ ဤကဲ့သို့သော သတ္တဝါမျိုးကို လေ့ကျင့်ပေးရသည်မှာ စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှ၏။ ထို့ကြောင့် သူမသည် ပျော်ရွှင်သွားမိသည်။
ရိုက်နှက်ခြင်းခံထားရသော ဟွိုင်ဆီသို့ တစ်ချက်လှမ်းကြည့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဒီရောင်းရင်းကို ဘယ်လောက် အချိန်ကြာအောင် သန့်စင်အုံးမှာလဲ”
“အင်း”
အားရာသည် ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်သည်။ “နောက်ထပ် လအနည်းငယ်ပေါ့”
“ဂိုဏ်းချုပ်ကျွင်း” ထိုအချိန်မှာပဲ ဟွိုင်သည် အံကိုကြိတ်ကာဖြင့် ပြောလိုက်သည်။ “ကျုပ်... ကျုပ် အညံ့ခံပါတယ်၊ ကျုပ် လိုလိုချင်ချင်နဲ့ အညံ့ခံပါတယ်”
နေ့စဉ်နေ့တိုင်း ရူးရူးမူးမူး ရိုက်နှက်ခြင်းကို ခံရပြီးသည့်နောက် သူ၏ စိတ်စွမ်းအင်သည် ပြိုလဲနေခဲ့ပြီဖြစ်တော့၏။ သူ့တွင် ဂုဏ်သိက္ခာဟူ၍ လုံးဝမရှိတော့ချေ။ အားရာ၏ ကြာပွတ်လက်ချက်မှ လွတ်မြောက်နိုင်ရန်အတွက် သူသည် ဖြစ်နိုင်သမျှ အမြန်ဆုံးနည်းဖြင့် ဂိုဏ်းချုပ်ကျွင်းထံ အညံ့ခံရန် စဉ်းစားလိုက်မိ၏။
တခြား အရေးကြီးသည့် အကြောင်းမှာတော့ သူ၏ စိတ်များသည် အလုံးစုံ ပြိုလဲနေပြီ ဖြစ်တော့သည်။ ထို့ကြောင့် မကြာမီသော အချိန်အတောအတွင်း၌ သန့်စင်ခြင်းကို ခံရတော့မှာ သေချာသည်။ ထိုသို့သော သန့်စင်ခြင်းကို ခံလိုက်ရသည်နှင့် တပြိုင်နက် သူ၏ မိမိကိုယ်ကို ထိန်းချုပ်နိုင်သည့် အားအင်များသည် ပျောက်ကွယ်သွားမည် ဖြစ်ပြီး အားရာ၏ စိတ်ဆန္ဒအတိုင်း လိုက်ပါကခုန်ရမည့် စက်ရုပ်တစ်ရုပ်ကဲ့သို့ ပြောင်းလဲသွားပေလိမ့်မည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျား အညံ့ခံချင်တယ်ဆိုမှတော့ ခင်ဗျားရဲ့ လေးနက်မှုအပေါ် မူတည်တာပေါ့”
“လေးနက်ပါတယ်” ဟွိုင်သည် အလောတကြီးဖြင့် ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် အသာလျှောက်လာပြီးသည့်နောက်မှာ ပြောလိုက်သည်။ “ခင်ဗျားလေးနက်တယ်ဆိုရင် ကျုပ်ကို အရိုးသားဆုံးပြော၊ ကြယ်ကြေကုန်းမြေတိုက်ကြီးမှာ ခင်ဗျားတို့ မျိုးနွယ်တွေ ထပ်ပြီး ရှိသေးလား”
ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ထိခိုက်နိုင်စေသည့် ဝိညာဉ်မျိုးနွယ်သည် ကိုးယောက်တိတိ ရှိ၏။ ၎င်းတို့ထဲမှ တစ်ယောက်ထွက်လာပြီဆိုမှတော့ ကျန်သော ရှစ်ယောက်သည် အမှောင်ထဲတွင် ပုန်းအောင်းပြီး သိုသိုသိပ်သိပ်နှင့် နေထိုင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
“ဒါက”
“အားရာ... သူ့ကို ဆက်ရိုက်လိုက်တော့”
ရွှမ်း ရွှမ်း
အား အား
ဟွိုင်သည် ကြောက်မက်ဖွယ်ရာ အော်ဟစ်လိုက်တော့သည်။ ပြီးနောက် သူသည် နာကျင်စွာဖြင့် ပြောလိုက် တော့၏။ “ဂိုဏ်းချုပ်ကျွင်း... ကျုပ်က နိုးထလာတာ မကြာသေးဘူးလေ၊ ကျုပ်ရဲ့ မျိုးနွယ်တွေ ဘယ်နေရာမှာ ရှိနေလဲဆိုတာ ဘယ်လိုလုပ် သေချာသိမှာလဲ”
“ခင်ဗျား သေချာမသိဘူး ဟုတ်လား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားဆိုလိုတာ မသိဘူး ဆိုပေမယ့် ခင်ဗျားရဲ့ မျိုးနွယ်တွေကတော့ ရှိနေနိုင်တယ်ပေါ့”
ဟွိုင်၏ မျက်နှာသည် ပျက်ယွင်းသွား၏။ “ကျုပ်က ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ သိုင်းအင်ပါယာတွေ လက်ထဲမှာ ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် ကျုပ်ရဲ့ ဝိညာဉ်က ကောင်းကင်နဲ့မြေကြီးတစ်ခုလုံးနဲ့ ပေါင်းစပ်သွားခဲ့ တယ်လေ၊ ဒါကြောင့် နှစ်ပေါင်း တစ်သောင်းနီးပါးလောက် ပြန်လည်ကုစားပြီးတဲ့နောက်မှာ ကျုပ်က ပြန်လည် နိုးထနိုင်ခဲ့တယ်၊ ကျုပ်ရဲ့ အပေါင်းအဖော်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ သေလား၊ ရှင်လားဆိုတာ သေချာ မသိဘူး၊ ဒါမှမဟုတ် လေဟာနယ်ထဲမှာ ပြန်လည်ကောင်းမွန်အောင် အားမွေးနေတာလဲ ဖြစ်နိုင်တာပဲ”
ဝိညာဉ်မျိုးနွယ်များသည် ဤကဲ့သို့ အရာမျိုးကို ပြုလုပ်နိုင်သော အထူးစွမ်းဆောင်ရည်မျိုး တည်ရှိလို့နေသည်။ သို့ပေမဲ့ ပေးဆပ်ရသည့် တန်ဖိုးမှာလည်း ကြီးမားလွန်းလှသည်။ နှစ်ပေါင်းများစွာ ကြာမြင့်အောင် မေ့မျောနေခဲ့ခြင်းင်ဖြစ်တော့၏။
မည်သည့်အချိန်တွင် ပြန်လည်နိုးထနိုင်မည်နည်း ဆိုသည်မှာ ကံတရားပေါ်တွင် မူတည်လျက် ရှိနေသည်။ ထို့အပြင် ရရှိခဲ့သော ဒဏ်ရာပေါ်တွင်လည်း မူတည်နေသေးသည်။ ရာစုနှစ်အနည်းငယ်အတွင်း ပြန်လည်နိုးထနိုင်ခြင်း ဖြစ်နိုင်သလို နှစ်ပေါင်းသောင်း၊ သိန်းကြာမှ ပြန်လည်နိုးထတာမျိုးလည်း ဖြစ်နိုင်၏။ အကယ်၍ ဒဏ်ရာသည်သာ ပြင်းထန်သည်ဆိုပါက စွမ်းဆောင်ရည်ကို ထုတ်ဖော်အသုံးမပြုနိုင်ခင်မှာပဲ သေဆုံး သွားခြင်းမျိုးလည်း ဖြစ်နိုင်သည်။
တိုင်လု၏ ခန္ဓာကိုယ်ကို သူသည် အပိုင်စီးနိုင်ခဲ့ခြင်းမှာ တိုင်လုသည် ထိုအချိန်က ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေသောကြောင့်ပင် ဖြစ်၏။ ထို့အပြင် သူသည် လေဟာနယ်ထဲတွင် နှစ်ပေါင်းသောင်းချီ နေထိုင်ခဲ့ရသောကြောင့် အလွန်တရာ အားနည်းနေသည်။ ထို့ကြောင့် ၎င်း၏ အားအင်အဆင့်များကို ပြန်လည် တိုးတက်ရန်အတွက် တဖြည်းဖြည်းချင်း ပြန်လည်ကြိုးစားမှ ဖြစ်ပေလိမ့်မည်။
“ခင်ဗျားဆီမှာ တခြားအဖော်တွေ ရှိသေးလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
ဟွိုင်သည် အလောတကြီးဖြင့် ပြန်ပြောလိုက်၏။ “ရှိတာပေါ့”
“ဒါဆိုရင် နောက်မေးခွန်းတစ်ခု”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ သိုင်းကျင့်ကြံသူ တစ်သန်းကျော်ရှိတယ်၊ ဘာလို့ တိုင်လုရဲ့ ခန္ဓာကိုယ်ထဲမှာ လာနေရတာလဲ”
“ဒေါသတရားနဲ့ ကလဲ့စားချေချင်စိတ်တွေ တည်ရှိနေတဲ့ သက်ရှိတွေကိုဆိုရင် ကျုပ်တို့မျိုးနွယ်တွေက လွယ်လွယ် ကူကူနဲ့ ဝင်ရောက်နိုင်စွမ်း ရှိတယ်၊ ပြီးတော့ ကျုပ် မေ့မျောနေရာကနေ နိုးထလာတဲ့အချိန်မှာ သူ့ကို ချက်ချင်း တွေ့ခဲ့တယ်၊ ဒါကြောင့် ဘာမှ မစဉ်းစားဘဲ ဝင်ခဲ့မိတာပေါ့”
ဤစကားသည် နောင်တ တရားများနှင့် ပြောဆိုခဲ့ခြင်းဖြစ်၏။
အချိန်ကို နောက်ပြန်ဆုတ်ရမည်ဆိုပါက သူသည် အလွန်တရာ စာနာသနားစိတ်များ တည်ရှိနေသည့် တိုင်လု ဆိုသည့်ကောင်၏ ခန္ဓာကိုယ်ကို ယူဆောင်ရန် စဉ်းစားမိလိမ့်မည် မဟုတ်ချေ။
“အားရာ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူ့ကို ဆက်ရိုက်တော့”
“ကောင်းပါပြီ”
“ဂိုဏ်းချုပ်ကျွင်း.... ကျုပ်”
ဖြောင်း ဖြောင်း ဖြောင်း
အား အား အား
...............
အကျဉ်းထောင်ထဲမှာတော့ တိုင်လုသည် သူ၏ သိုင်းပညာအဆင့်များ ပိုမိုတိုးတက်လာစေရန်အတွက် တခြားသောသူများ၏ စွမ်းအင်များအားလုံးကို စုပ်ယူရန် အကြံပေးခဲ့သော ဟွိုင်အား စိတ်ပျက်လက်ပျက်ဖြင့် တွေးလျက် ရှိနေသည်။ “ဒါပေမဲ့ သူရှိနေလို့လည်း ငါ ဒီအဆင့်အထိ ရောက်ခဲ့တာပေါ့”
ကျိုးဒူဒူသည် အနားသို့ ရောက်ရှိလာပြီးသည့်နောက် တိုင်လု၏ ပခုံးပေါ်သို့ လက်တစ်ဖက်တင်ကာ ပြောလိုက်သည်။ “အရင်က ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို နောင်တ ရစရာ မလိုဘူး၊ ဟုတ်တယ်ဟုတ်။ လက်ရှိအချိန်မှာ အကောင်းဆုံး ရှေ့ဆက်နိုင်ဖို့ပဲ လိုတယ်”