အခန်း (၉၉၄)
Vol. 67 Ch. 994
ကျွင်းချောင်ရှောင်းသည် ဝိညာဉ်အား ဟွိုင်အား ပြန်လည်၍သန့်စင်ရန်အတွက် အားရာအား အမိန့်ပေးခဲ့တော့သည်။ ဤကဲ့သို့ ဆိုးယုတ်လှသော သတ္တဝါတစ်ကောင်သည် သူ့အားလွယ်လွယ်ကူကူဖြင့် အညံ့ခံနေမည်ဆိုသည်ကို လုံးဝ မယုံကြည်ချေ။ ထို့ကြောင့် အလုံးစုံသန့်စင်ခြင်းအခြေအနေဆီသို့ ရောက်ရှိသွားမှသာလျှင် ပိုမိုကာ လုံခြုံပေလိမ့် မည်။
“ဒီ တိုင်လု”
စာကြည့်ခန်းထဲဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းက စဉ်းစားလိုက်သည်။ “သူတကယ်ပဲ ဝိညာဉ်မျိုးနွယ်တွေရဲ့ ပစ်မှတ်ထားခြင်းကို ခံရတာ တိုက်ဆိုင်တာကြောင့်လား။”
သူ၏အထင်အရဆိုလျှင် အစ်ကိုကြီးအစိမ်းရောင်မာဖလာနှင့်လူသည် အလွန်တရာကောင်းမွန်လှသော စိတ်နေ စိတ်ထားကိုပိုင်ဆိုင်၏။ သို့ပေမဲ့ လောကကြီးတွင်တော့ သာမန်တည်ရှိသူတစ်ယောက်သာဖြစ်သည်။ ကံကောင်းသည် ဆိုလျှင်တောင်မှ ဤမျှလောက် ကံမကောင်းသင့်ပေ။
စနစ်ကပြောလိုက်သည်။ “လက်ခံသူလည်း အရင်တုန်းက သာမန်လူပဲလေ။ အခု စနစ်ကို ရနေတယ်မဟုတ်လား။”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ချာချာလည်သွား၏။ “ငါဆိုလိုတာက သူက တစ်ခြားလူတွေနဲ့ ခြားနားချက်တစ်ခုခုရှိရမယ်။ ဒါကို ငါတို့ မသိသေးတာဘဲဖြစ်ရမယ်။”
စနစ်က မေးလိုက်၏။ “ဟွိုင်က တိုင်လု၏ ခန္ဓာကိုယ်ထဲမှာ နေချင်တယ်ဆိုတာ တစ်ခြားသူတွေနဲ့မတူတဲ့ ခြားနားချက်တစ်ခု ရှိနေတယ်လို့ ထင်နေတာလား။”
“ဒါအမှန်ပဲ။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ ဤအရာသည် သူ၏ခန့်မှန်းချက်တစ်ခုသာဖြစ်၏။ ထို့ကြောင့် သက်သေပြရန် အတွက်တော့ မဖြစ်နိုင်သေးချေ။
စနစ်ကပြောလိုက်သည်။ “လက်ခံသူအနေနဲ့သူ့ကို ထောင်ထဲမှာပဲ ချုပ်ထားပြီးတော့ ပြန်လွှတ်ပေးဖို့ ရည်ရွယ်ချက်မရှိဘူးလား။”
“ငါဒီလူနဲ့ ရေစက်ပါတယ်လို့ထင်တယ်။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူသာ အရင်တုန်းက ငါ့ကို မငြင်းပယ်ခဲ့ဘူးဆိုရင် လီချင်းယန်က သူ့ကို စီနီယာအစ်ကိုကြီးလို့ ခေါ်နေရလောက်ပြီ။ အခုငါသူ့ကို ဖမ်းဆီးထားပြီးပြီဆိုမှတော့ သူနဲ့ငါနဲ့ကြားမှာရှိတဲ့ ကမ္မရေစက်ကို ပြန်လည်ပြုပြင်ရမယ်လေ။”
တိုင်လုသည် ပြိုင်စံရှားဂိုဏ်းကို လုံးဝပူးပေါင်းလိမ့်မည်မဟုတ်ကြောင်း စနစ်သည် ခိုင်ခိုင်မာမာ ပြောချင်မိ၏။ သို့ပေမဲ့ ဟိုးယခင်ကတည်းက သူတစ်စုံတစ်ခုကို ပြောဆိုလိုက်သည်ဆိုသည်နှင့် လက်ခံသူသည် ပြောင်းပြန်ဖြစ်အောင် ပြုလုပ်နိုင်စွမ်းရှိနေသည်ကို သတိရသွားမိ၏။ သမိုင်းတွင် သောက်တလွဲအဖြစ်ဆုံး စနစ်ဟူသော နာမည်ကိုမရချင်သောကြောင့် သူသည် မည်သည့်စကားကိုမျှမဆိုဘဲ ခပ်ဆိတ်ဆိတ်သာ နေလိုက်တော့သည်။
…
ယခင်တုန်းက တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် ရံဖန်ရံခါဆိုသလို ပေါ်ပေါက်လာတတ်သေး၏။ သို့ပေမဲ့ လက်ရှိ အခြေအနေ၌ ကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ပေါ်လာပြီးကတည်းက ထပ်မံ၍ ပေါ်ပေါက်လာသည် ကို မတွေ့ရှိရတော့ချေ။
ထို့ကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်သည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် ဖြစ်တည်လျက်ရှိနေတော့ ၏။
မြို့တော်ဝန်ဟန်နှင့် အခြားသောသူများအားလုံးသည် သတ်ဖြတ်ခြင်းကုန်းမြေဆီသို့ တစ်နှစ်အတွင်း ဝင်ရောက်ရမည်ဆိုသည်ကို သိရှိပြီးသည့်နောက်မှာတော့ ၎င်းတို့၏ ဂြိုဟ်ဆီသို့ ပြန်ရန် အစီအစဉ်ကို ဖယ်ရှားလိုက်တော့၏။ လွင့်မျောနေသည့်တောင်တန်းပေါ်တွင် ငြိမ်ငြိမ်သက်သက်ဖြင့် ကျင့်ကြံခြင်းကို ပြုမူနေကြသည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်မို့ သူတို့သည် သတ်ဖြတ်ခြင်းကိုရှောင်ရှား၍ မရနိုင်ချေ။ ထို့ကြောင့် အဆုံးစွန်အထိ တိုက်ခိုက်မှသာ ရပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် အခွင့်အရေးကို မည်သို့ရှာဖွေရမည်ဆိုသည်ကို ဆက်လက်ကာ အာရုံစိုက်လျက်ရှိနေတော့၏။
မြေအဆင့်ရတနာများသည် တစ်ခုပြီးတစ်ခု ကျွင်းချောင်ရှောင်း၏ ရယူခြင်းကို ခံခဲ့ရတော့သည်။ တည်နေရာခံတပ်ကြီး သည်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုကာ ကျယ်ပြန့်လာ၏။ လီချင်းယန်နှင့် တစ်ခြားသောသူများအားလုံးသည် အချိန်ပိုအလုပ်လုပ်ကာဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များအားလုံး၏ အချိန် ကာလကို ပိုမိုမြန်ဆန်အောင် ပြုလုပ်လျက်ရှိနေသည်။
တစ်လအကြာကြာပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်အရွယ်အစားသည် ရွာငါး ရွာ အနေအထားဆီသို့ ရောက်ရှိသွားခဲ့၏။
အဓိကလမ်းမကြီးများ၊ ဖြတ်လမ်းများနှင့် အဆောက်အဦများသည် အစီအရီနှင့်တည်ရှိနေခဲ့၏။ ထို့ကြောင့် မြို့တစ်ခု၏ အဆောက်အဦအခြေအနေတစ်ခုဆီသို့ပင် ချဉ်းနင်းဝင်ရောက်လာခဲ့ပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် လွင့်မျောနေသည့် တောင်တန်းကြီးခုနှစ်ခုကို ဆက်လက်ကာ အဆင့်မြှင့်တင်ခြင်းမပြုလုပ် တော့ပေ။ ခုနှစ်ခုသည် လုံလောက်နေပြီဖြစ်၏။ အများကြီးသာ ပြုလုပ်မည်ဆိုပါက ပေါသည်ဟုခံစားရ၏။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် ပုံကြမ်းတစ်ခုကို ထုတ်ယူကာ လက်ညှိုးညွှန်လိုက်သည်။ “မြို့ရဲ့ မြောက်ဘက်ပိုင်းကတော့ ဝေဆာနေပြီ။ ဒီတော့ အရှေ့ဘက်ပိုင်းကို ထပ်ပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်။”
သူ၏ အထင်အမြင်အရဆိုလျှင် လွင့်မျောနေသောတောင်တန်းကြီးကို ဗဟိုပြု၍ တည်နေရာကြီး လေးခု အဖြစ် ခွဲခြားထားခဲ့သည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဟူ၍ ဖြစ်သည်။
“ပိုက်ဆံကောလုံလောက်သေးရဲ့လား။”
“လုံလောက်ပါတယ်။”
ဂိုဏ်းချုပ်ကျွင်းသည် ပိုက်ဆံကို ဂရုမစိုက်ချေ။ သူ့အနေနှင့် များပြားလှသော စိတ်ဝိညာဉ်ကျောက်တုံးများကိုသာ ပိုမိုကာ ဂရုစိုက်မိ၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ စွမ်းအားမြင့်ကျင့်ကြံသူများထံမှ စိတ်ဝိညာဉ်ကျောက်တုံးအများအပြားကို ရရှိထား သည်ဆိုသော်လည်း သေသေချာချာစဉ်းစားမိသည်ဆိုလျှင် လုံလောက်သေးသည်မဟုတ်ချေ။ ထို့ကြောင့် ပိုမိုကာ ရှာဖွေရန် စဉ်းစားထားမိသည်။
“ဝိညာဉ်မျိုးနွယ်တွေရဲ့ နယ်မြေဆီကို ဘယ်လိုဝင်ရင်ကောင်းမလဲ။”
ပထမတုန်းက သူသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆီ၏ လမ်းမှတစ်ဆင့် ဝိညာဉ်မျိုးနွယ်တို့၏ လောကထဲသို့ ဝင်ရောက်ခွင့်ရရန် စဉ်းစားမိ၏။ သို့ပေမဲ့ အဆုံးသတ်တွင် ဤကဲ့သို့ မဖြစ်လာခဲ့ချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်း သည် သေသေချာချာ ပြန်လည်စဉ်းစားနေမိ၏။ အစီအရင်အင်ပါယာဖန်တီးခဲ့တဲ့စည်းကို ချိုးဖြတ်ပြီး အထဲကိုဝင်မှသာလျှင် ဖြစ်ပေလိမ့်မည်။
စနစ်က သတိပေးလိုက်၏။ “ဒီအစီအရင်ကို ချိုးဖြတ်လိုက်မယ်ဆိုရင် သူတို့ကလည်း ဒီဘက်ထဲကို ဝင်လာနိုင်တယ်လေ။ သူတို့ကိုသာ မတားဆီးနိုင်ဘူးဆိုရင် လက်ခံသူက ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ကယ်တင်တာမဟုတ်ဘဲနဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီး ကို ဒုက္ခရောက်အောင်လုပ်တဲ့လူ ဖြစ်လာလိမ့်မယ်။”
“ဒါကြောင့်လည်းငါတွေဝေနေရတာပေါ့။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
သူသည် အားအကောင်းဆုံးသောဂိုဏ်းတစ်ခုကို တည်ထောင်ချင်မိ၏။ သူနှင့်အထက်အကြီးအကဲများအားလုံးသည် အားကောင်းလှသည်ဆိုသောကြောင့် ကိစ္စမရှိချေ။ သို့ပေမဲ့ ဂိုဏ်းတစ်ခုလုံး၏ အလုံးစုံသောအားအင်ကို တိုးတက် စေခြင်းကသာလျှင် ပြိုင်စံရှားဂိုဏ်းတစ်ခု ဖြစ်စေလိမ့်မည်။
ထို့အပြင်ပြိုင်စံရှားဂိုဏ်းတစ်ခုဖန်တီးရန်အတွက် များပြားလှသော အရင်းအမြစ်များက လိုအပ်နေသေး၏။ သာမန်အခြေအနေအရဆိုလျှင် သိုင်းနယ်မြေကျင့်ကြံသူ အနည်းငယ်၊ သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ ဆယ် ယောက်ကျော်နှင့် သိုင်းအုပ်စိုးသူ၊ သိုင်းဘုရင်တော်တော်များများတည်ရှိနေခြင်းသည် ထိပ်တန်းဂိုဏ်းတစ်ခုဟု သတ်မှတ်နိုင်မည်ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ဖြစ်နိုင်သည်ဆိုပါက သူ၏ တပည့်များအားလုံးကို သိုင်းဘုရင် သို့မဟုတ် သိုင်းအုပ်စိုးသူများ ဖြစ်စေချင်မိ၏။ ထိုမှသာလျှင် ပိုမိုအားကောင်းမည်ဟု သူခံစားနေမိ၏။ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးသည် သူ့အား လုံလောက်သည့် ထောက်ပံ့မှုကို မပေးနိုင်တော့ချေ။ ထို့ကြောင့် သူသည် တစ်ခြားသော ဂြိုဟ်များသို့ သွားရောက်ကာ လုယက်ခြင်းကို ပြုမူမှ ဖြစ်ပေလိမ့်မည်။
ထိုကဲ့သို့သော လုယူရန် စဉ်းစားမိသည့်အချိန်တွင် သူ၏ ပထမဦးဆုံး ပစ်မှတ်သည် ဝိညာဉ်မျိုးနွယ်တို့၏ နယ်မြေပင်ဖြစ်တော့၏။ ထို့ပြင် တစ်ဖက်လူများသည် ၎င်းတို့၏ ဂြိုဟ်ဆီသို့ အရင်ကျူးကျော်ဖူးခဲ့သည့်လူများ ဖြစ်နေသည်မဟုတ်လား။
“နေအုံး။”
စနစ်က ပြောလိုက်သည်။ “တပည့်တွေအားကောင်းလာတဲ့အချိန် ပြီးတော့ လက်ခံသူအနေနဲ့ သိုင်းနယ်မြေ ဒါမှမဟုတ် သိုင်းအင်ပါယာအဆင့်ကို ချိုးဖြတ်နိုင်တဲ့အချိန်ကျမှ တစ်ခြားဂြိုဟ်တွေဆီကို သွားပြီးလုယူဖို့ စဉ်းစားသင့်တယ်။”
“အင်း ငါ့ဆီမှာ လေဟာနယ်ပိုးကောင်တွေရှိရင် ဘယ်လောက်ကောင်းမလဲ။” ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်၏။
ဝိညာဉ်မျိုးနွယ်များအားလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ချိုးဖြတ်ဝင်ရောက်သည့်နေရာတွင် ဤကဲ့သို့ သော ပိုးကောင်မျိုးကို အသုံးပြုခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။ သူသည်လည်း ထိုကဲ့သို့သော လေဟာနယ်ပိုးကောင်မျိုးကို ရှာဖွေတွေ့ရှိပြီး ဝင်ရောက်နိုင်မည်ဆိုလျှင် တစ်ဖက်လူများ အလစ်ငိုက်ခံရမှာ ကျိန်းသေသည်။
စနစ်က ပြောလိုက်သည်။ “ဒီလို သတ္တဝါတွေက ….”
ပြောနေရင်းမှာပဲ သူသည် ပြောင်းပြန်ဖြစ်တတ်သည့် သဘောတရားကို နားလည်ပြီးသည့်နောက်မှာတော့ အလျင် အမြန်ပဲ ပါးစပ်ကို ပိတ်ထားလိုက်မိတော့၏။
…
ကျွင်းချောင်ရှောင်းသည် ဝိညာဉ်မျိုးနွယ်တို့၏ လောကဆီသို့ သွားရောက်ရန် တွေးနေခြင်းသာဖြစ်၏။ သို့ပေမဲ့ တကယ့် တကယ်တန်းမှာတော့ တည်နေရာခံတပ်ကြီးကို ချဲ့ထွင်ရန် ပိုမိုကာ အာရုံစိုက်ထား၏။
တစ်ရက်မှာတော့ သူသည် ရတနာတစ်ခုကို ယူဆောင်ပြီး ပြန်လာသည့်အချိန်တွင် ကောင်းကင်ယံဆီမှ ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
“ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ တည်နေရာက လိုအပ်ချက်နဲ့ ကိုက်ညီပြီး တတိယတန်းစား မြို့တစ်ခုအရွယ်အစား ကို ရောက်ရှိခဲ့ပြီလို့ တရားဝင်ကြေညာပါတယ်။”
“ဟုတ်လား။”
သိုင်းကျင့်ကြံသူများအားလုံး၏ မျက်လုံးများသည် ထိုအချင်းအရာကို ကြားတော့ ပြူးထွက်သွားခဲ့ကြတော့၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာသည် ရွာတစ်ခု၏ အရွယ်အစားသို့ ရောက်ရှိသွားသည်ဟု ကြေညာထား သည်မှာ နှစ်လခန့်သာ ရှိသေး၏။ ယခု အဘယ်ကြောင့် မြို့တစ်ခု အခြေအနေဆီသို့ တိုးတက် ရောက်ရှိသွားရသနည်း။
“မြို့တော်ဝန်”
ဘုံကိုးပါးကုန်းမြေတိုက်၏ ခံတပ်ကြီးထဲမှာတော့ အကြီးအကဲတစ်ယောက်သည် မယုံကြည်နိုင်သလို ပြောလိုက်၏။ “ဒီလိုတိုးတက်မှုနှုန်းက ဘယ်လောက်တောင် မြန်ဆန်လွန်းနေတာလဲ။”
မိုရှန်ရှမ်း၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိနေ၏။
“အရင်တုန်းက ငါတို့အနေနဲ့ ရွာတစ်ခုကနေ မြို့တစ်ခုအနေအထားရောက်အောင် တိုးတက်ဖို့အတွက် ဆယ်စုနှစ်ပေါင်း များစွာ အချိန်ယူခဲ့ရတာမဟုတ်လား။”
ထို့ပြင် ၎င်းတို့သည် ပထမတန်းစားဂြိုဟ်မှ ရောက်ရှိလာကြသည့် လူများ ဖြစ်သည်။ ထို့ကြောင့် အားနည်းသော ဂြိုဟ်များကို အနိုင်ကျင့်တိုက်ခိုက်ရင်း ယခုကဲ့သို့ အခြေအနေမျိုးရောက်အောင် ကြိုးစားခဲ့ရခြင်းပင်ဖြစ်၏။ သို့ပေမဲ့ တစ်ဖက်သောသူများအားလုံးသည် ရွာအဆင့်ဆီမှ မြို့အဆင့်ဆီသို့ တိုးတက်အောင်ပြုလုပ်ရန် အချိန် နှစ်လသာ ယူခဲ့၏။ ဤအရာသည် မယုံကြည်နိုင်လွန်းစရာကောင်းနေသည်။
“တတိယအဆင့်မြို့ဟုတ်လား။”
ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်၏။ “ဒါဆိုရင် ဒုတိယတန်းစားနဲ့ ပထမတန်းစားတွေ ရှိအုံးမှာပေါ့။”
“ရှိပါတယ်။” စနစ်၏ အမျိုးသမီးအသံသည် ထွက်ပေါ်လာခဲ့သည်။
“ခံတပ်ရဲ့တည်နေရာကြီးက အထက်နယ်မြေက အသိအမှတ်ပြုပြီးပြီဆိုတော့ အထူးတာဝန်ပြည့်စုံမှုနှုန်းကို ထည့်တွက်လို့ ရနေပြီပေါ့။”
ကုန်းရှန့်သည် စပ်ဖြီးဖြီးနှင့်ဖြစ်သွား၏။ “ဒါဆိုရင် စဦးပြည့်စုံမှုနှုန်းက ပြည့်စုံသွားပြီပဲ။”
“ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ တည်နေရာခံတပ်ကြီးသည် မြို့တစ်ခုအရွယ်အစားသို့ ရောက်ရှိပြီးတဲ့နောက်မှာ တော့ ခံတပ်ရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ တစ်ခြားသောဂြိုဟ်တွေကို သွားပြီးစိန်ခေါ်မှုကို ပြုလုပ်သင့်တယ်။” အမျိုးသမီးစနစ်၏ အသံသည် ထွက်ပေါ်လာသည်။
“စိန်ခေါ်မှုကို ပြုရမယ်ဟုတ်လား။ သတ်ဖြတ်ခြင်းကုန်းမြေကို သွားရမှာလား။”
“ဟုတ်ပါတယ်။”
ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်၏။ “ဒါဆိုရင် အထူးတာဝန် နှစ်ခုက ဆက်စပ်နေတာပဲ။ ငါဘယ်သူ့ကို အရင်စိန်ခေါ်ရင်ကောင်းမလဲ။”
တိုက်ခိုက်ရေးဂြိုဟ်တည်နေရာထဲတွင် သူသည် အားလုံးသောသူများနှင့် ရန်ငြိုးရှိသည်ဟုဆိုရမည်။ သို့ပေမဲ့ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နှင့် လင်းယွမ်ကုန်းမြေတိုက်တို့မှာတော့ ထိပ်ဆုံးအခြေအနေတွင် ရှိနေသည်။
…
“နန်းတော်သခင်”
ထိုအချိန်မှာတော့ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်၏ တည်နေရာခံတပ်ထဲမှာတော့ ပင်လယ်ပြာနန်းတော်၏ အကြီးအကဲ တစ်ယောက်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးမြို့တစ်ခုအရွယ်အစားဆီသို့ ရောက်ရှိသွားကြောင်း ကြားရသည့်အချိန်မှာတော့ အထိတ်တလန့်နှင့် ဖြစ်မိသွား၏။
“ကြယ်ကြွေကုန်းမြေတိုက်ကြီးက မြို့တစ်ခု အရွယ်အစားကို ရောက်ရှိသွားပြီဆိုတော့ စိန်ခေါ်မှုကို ပြုလုပ်နိုင်ဖို့ ရှိသွားပြီ။ ကျု်ပတို့ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကိုသာ စိန်ခေါ်မယ်ဆိုရင်တော့ သွားပြီပဲ။”
“ကျုပ်လည်း အဲ့ဒါကို စိတ်ပူနေတာ။” ဟုန်ရောင်သည် မျက်မှောင်ကုတ်မိလိုက်၏။
ဂြိုဟ်တိုင်းဂြိုဟ်တိုင်းသည် သတ်ဖြတ်ခြင်းကုန်းမြေဆီသို့ သွားရောက်ရသည်ဆိုသည်ကို သူကောင်းကောင်းသိ၏။ သူဘာလုပ်ရမည်နည်း။
ဟုန်ရောင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် ဟောခန်းထဲတွင် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်လျက်ရှိနေ၏။
“နန်းတော်သခင်”
အကြီးအကဲတစ်ယောက်က အကြံပြုလိုက်၏။ “ကျွင်းချောင်ရှောင်းက ငွေကြေး နဲ့ စိတ်ဝိညာဉ်ကျောက်တုံးကို ချစ်မြတ်နိုးတယ်လေ။ ဒီတော့ သူ့ကို အဲဒါတွေနဲ့ သွားပြီးတော့ မျက်နှာလုပ်ရမှာ။”
“ဆိုလိုတာ သူ့ကို စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးမယ်ပေါ့။”
“အမှန်ပဲ။”
“ဒါက”
ဟုန်ရောင်သည် ဇဝေဇဝါဖြစ်မိနေ၏။
စိတ်ဝိညာဉ်ကျောက်တုံးများကို ပေးရမည်ဆိုခြင်းမှာ သူ၏ကိုယ်ပိုင်အသားကို လှီး၍ပေးရသည်နှင့်ပင် ဆင်တူနေ၏။ သူသည် အလွန်နှမြောတတ်သူတစ်ယောက်ဖြစ်နေသည်မဟုတ်ပါလား။
“နန်းတော်သခင်”
ထိုအချိန်မှာ တပည့်တစ်ယောက်သည် လာရောက်ကာ သတင်းပေးပို့၏။ “လင်းယွမ်ကုန်းမြေတိုက်က သိုင်းကျင့်ကြံသူတွေကို ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီ စေလွှတ်လိုက်တယ်တဲ့။”
ဟုန်ရောင်က ကြောင်သွား၏။ “သူတို့က သေချင်လို့သွားတာလား။”
“နန်းတော်သခင်”
အစောတုန်းက အကြံပြုခဲ့သော အကြီးအကဲသည် ရုတ်တရက်ထ၍ အော်လိုက်မိ၏။ “လင်းယွမ်ကုန်းမြေတိုက်က လူတွေက သေချင်လို့သွားတာမဟုတ်ဘူး။ ပိုက်ဆံသွားပေးတာဖြစ်နိုင်တယ်။”
“ပိုက်ဆံသွားပေးတာဟုတ်လား။”
ဟုန်ရောင်၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ “ကြောက်လိုက်တာကွာ။ တော်တော်ကြောက်တတ်တဲ့ ကောင်တွေပဲ။ သွားကြစို့။ သွားကြစို့။ ငါတို့လည်း မြန်မြန်သွားရမယ်။ လင်းယွမ်ကုန်းမြေတိုက်ကြီးနဲ့သာ သဘောတူညီမှုရသွားပြီဆို ကျွင်းချောင်ရှောင်းက ငါတို့ကို မနက်ဖြန်မှာ လာပြီးတော့စိန်ခေါ်နိုင်တယ်။”
…
“ဂိုဏ်းချုပ်”
လွင့်မျောနေသော တောင်များ၏ အဓိကတောင်ထွတ်မှာတော့ လီချင်းယန်က သတင်းပေးပို့လိုက်သည်။ “ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နှင့် လင်းယွမ်ကုန်းမြေတိုက်က လူတွေက လာရောက်တွေ့ဆုံကြပါတယ်။”
“ဟမ် သူတို့က ဘာလို့ရောက်လာတာလဲ။”
မည်သူ့ကို စိန်ခေါ်ရမည်ကို စဉ်းစားလျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ဆွံ့အသွားမိ၏။