← Chapters

အခန်း (၉၉၉)

Vol. 68 Ch. 999

အခန်း (၉၉၉)

Vol. 68 Ch. 999

ကျွင်းချောင်ရှောင်းသည် သူ၏အဖွဲ့ကို ဦးဆောင်ကာဖြင့် ဝိညာဉ်တောင်ကြားဆီသို့ သွားရောက်ခဲ့၏။ သို့ပေမဲ့ ဟောင်ချီဂိုဏ်းဆီသို့ ဖြတ်သွားရာလမ်းတွေမှာတော့ သူသည် ကျယ်လောင်လှသည့်အသံကြီးတစ်ခုကို ကြားလိုက်ရ၏။ ဤအရာသည် ချင်ဟောင်ရန်အား တစ်စုံတစ်ယောက် နှိပ်စက်ရိုက်နှက်နေခြင်းဖြစ်ကြောင်း ခန့်မှန်းလိုက်မိတော့၏။

“ဂိုဏ်းချုပ်”

အဖိုးကြီးတင်းသည် အသံပို့လွှတ်လိုက်တော့၏။

“ဒီရောင်းရင်းနှစ်ယောက်က မွန်းစတားချီတွေအများကြီးထွက်နေတယ်။ သူတို့က အဆင့်မြင့် စိတ်ဝိညာဉ် သားရဲတွေပဲ ဖြစ်ရမယ်။”

ကျွင်းချောင်ရှောင်းသည်လည်း ထိုအချင်းအရာကို မြင်မိ၏။ အားကောင်းလွန်းလှသော စိတ်ဝိညာဉ်သားရဲများသည် အဘယ့်ကြောင့် အရှေ့တောင်ရန်ကျူးတွင် ပေါ်ပေါက်လာရသနည်း။ သားရဲမျိုးနွယ်များနှင့် ထိပ်တန်း ကျွမ်းကျင်သူများ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသို့ ဝင်ရောက်သည့်အချိန်တွင် အခွင့်အရေးကို ရယူချင်သောကြောင့် ကုန်းမြေတိုက်ကြီး ဆီသို့ ရောက်လာခြင်းပင် ဖြစ်ရမည်။

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် လက်ရှိတွင် လုပ်ချင်တိုင်းကို လုပ်လျက်ရှိနေ၏။ ထို့အပြင် နိုင်ငံအသီးသီးတွင်လည်း စစ်ပွဲများ ဖြစ်ပွားနေ၏။ ထို့ကြောင့် အားကောင်းလွန်းလှသော စိတ်ဝိညာဉ်သားရဲများသည် ရုတ်တရက်လာရောက်၍ ပြဿနာရှာသည်ဆိုသည်မှာ အချိန်ကိုက်လုပ်ဆောင်ခြင်းပင် ဖြစ်ပေလိမ့်မည်။ မဟုတ်သေးဘူး။

ဤတည်နေရာကြီးသည် ကုန်းမြေတိုက်ကြီး သုံးခုအဖြစ် ခွဲခြားလျက်ရှိနေပြီး စီရင်စုကြီးအဖြစ် ကိုး ခုတည်ရှိလျက်ရှိနေ သည်။ ဤသိုင်းနယ်မြေကျင့်ကြံသူနှင့် နှိုင်းယှဉ်၍ရသော စိတ်ဝိညာဉ်သားရဲနှစ်ကောင်သည် အဘယ့်ကြောင့် အခြားနေရာများသို့ မသွားဘဲ အရှေ့တောင်ရန်ကျူးဆီသို့ ရောက်ရှိလာရသနည်း။

ဤတည်နေရာသည် လွယ်လွယ်ကူကူဖြင့် အနိုင်ကျင့်၍ ရနိုင်သောနေရာဖြစ်သည်ဟု ထင်မှတ်ထားနေသည်လား။ ဝိညာဉ်ကူးပြောင်းရောက်ရှိလာခဲ့သည်မှာ နှစ်အနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် ဤနေရာနှင့်အသားကျလျက်ရှိနေပြီးဖြစ်သည်။ သူသည် သူ့ကိုယ့်သူ ချင်းယန်နိုင်ငံသားတစ်ယောက်အဖြစ် ခံယူထားခဲ့၏။

ထို့ကြောင့် တစ်စုံတစ်ယောက်သည် သူ၏ နယ်မြေထဲသို့ ဝင်ရောက်ပြီး မောက်မောက်မာမာပြုလုပ်နေသည်ကို ကျိန်းသေပေါက်သည်းခံပေးနေလိမ့်မည်မဟုတ်ချေ။

“ကောင်လေး”

သမင်ဘုရင်သည် ထရယ်လိုက်မိ၏။ “မင်းကဘယ်သူလဲ။”

သူတို့သည် ကျွင်းချောင်ရှောင်း၊ အဘိုးကြီးတင်းနှင့် အခြားသောသူများအားလုံးရောက်ရှိလာသည်ကို မြင်ရ၏။ သို့ပေမဲ့ လေးလေးနက်နက်မရှိချေ။ အဘယ့်ကြောင့်ဆိုသော် ကုန်းမြေတိုက်ကြီးတွင်ရှိသော ထိပ်တန်းစွမ်းအား မြင့်ကျင့်ကြံသူများအားလုံးသည် ဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ ဝင်ရောက်သွားကြသည် မဟုတ်လား။ ဤလောကကြီးတွင် သူတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည့်သူဟူ၍ မည်သူရှိနေသနည်း။

“ချင်းယန်နိုင်ငံ၏ ဒုတိယအုပ်ချုပ်ရေးမှူးလေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

ချီးတဲ့မှ …. ဂိုဏ်းချုပ်ကျွင်းသည် အမှန်ပဲ သူ့ကိုယ်သူ ချင်းယန်နိုင်ငံ၏ ဒုတိယအုပ်ချုပ်ရေးမှူးအဖြစ် မှတ်မိလျက်ရှိနေသးသည်။

“ဒုတိယအုပ်ချုပ်ရေးမှူးဟုတ်လား။”

သမင်ဘုရင်သည် အေးစက်စက်ဖြင့် ရယ်မောကာ ပြောလိုက်၏။ “ဒီလိုဆိုရင် ချင်းယန်နိုင်ငံက မင်းရဲ့ပိုင်နက်ပေါ့။”

“သိပ်မှန်တာပေါ့။” ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။

“ဟားဟား ဟားဟား ဟား”

သမင်ဘုရင်သည် ထူးဆန်းစွာ ရယ်မောလိုက်သည်။ “မင်းရဲ့ တည်နေရာထဲမှာ ငါလုပ်ချင်တာလုပ်နေတာကို သဘောမကျဘူးပေါ့ဟုတ်လား။”

ကျွင်းချောင်ရှောင်းက မျက်မှောင်ကုတ်မိသွား၏။ ဤရောင်းရင်းသည် သူ့အား လာရောက်၍ ပြဿနာရှာနေသည် မဟုတ်လား။

ကောင်းပြီ။ ကောင်းပြီ။ သေလမ်းရှာချင်နေသည်ဆိုမှတော့ သူသည် ကျိန်းသေပေါက် ဤဆန္ဒကို ဖြည့်ဆည်းပေးရပေတော့မည်။

ဖြောက်

ကျွင်းချောင်ရှောင်းသည် လက်ကိုအသာမြှောက်ပြီးသည့်နောက် လက်ဖျောက်တီးလိုက်၏။

ဝှစ်

ရုတ်တရက်ဘဲ ကြမ်းတမ်းလှသော မွန်းစတားအော်ရာများသည် အပေါ်ဘက်ဆီမှ ဖြစ်တည်လာ၏။ အားကောင်း လှသောစွမ်းအင်လှိုင်းများအားလုံးသည် တည်နေရာကိုပင် ပိုင်းဖြတ်နိုင်စွမ်းရှိသလို ထင်ပေါ်လာခဲ့တော့သည်။

“ညီလေး သတိထား” ကျားဘုရင်သည် အလန့်တကြားဖြင့် ထ၍ အော်လိုက်၏။

အန္တရာယ်ကြီးကြီးမားစွာဖြစ်တည်နေသည်ဖြစ်ကြောင်းကို သမင်ဘုရင်သည် ကောင်းကောင်းနားလည်လိုက်မိ၏။ သူ၏ မျက်နှာပေါ်တွင်ရှိနေသော အပြုံးသည် အေးခဲသွား၏။ ချက်ချင်းပဲ လက်ကိုမြှောက်ကာဖြင့် ကာကွယ်လိုက်သည်။

ဘုန်း

ဟူး ဟူး ဟူး

ချင်ဟောင်ရန်လဲလျောင်းလျက်ရှိနေသော တည်နေရာ၏အနီးတဝိုက်တွင် ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများ ဖြစ်တည်လာခဲ့တော့၏။

ခရမ်းရောင်ဘုရင်သည် ရုတ်တရက်လေထဲတွင် ပေါ်ပေါက်လာပြီးသည့်နောက်မှာတော့ သူ၏ ညာလက်သီးကို မြှောက်ကာဖြင့် သမင်ဘုရင်၏ လက်ကို ထိုးနှက်လိုက်သည်။

…

ခရမ်းရောင်ဘုရင်၏ လက်မှာရှိနေသော အင်္ကျီများသည် အပိုင်းပိုင်းဖြစ်တည်ကုန်၏။

“……..”

ကျွင်းချောင်ရှောင်း ပြောလိုက်မိသည်။ “ဟောခန်းသခင်ကျိ …. ကြီးကြယ်လှတဲ့ တိုက်ခိုက်ပွဲလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဂိုဏ်းဝတ်စုံကို ဖျက်ဆီးရပြန်တာလဲ။”

ဤအရာများအားလုံးသည် ငွေဖြင့်ပေး၍ ပြုလုပ်ထားရသည့် အရာများဖြစ်သည်။

“မဟုတ်သေးဘူး။ မနက်ဖြန်ကစပြီးတော့ သူ့လခထဲက ဖြတ်မှဖြစ်မယ်။”

သမင်ဘုရင်သည် တိုက်ခိုက်မှုကို ကြံ့ကြံ့ခံရင်ဆိုင်လိုက်၏။ သူ၏မျက်နှာတစ်ခုလုံးသည် ရှုံ့မဲ့သွားခဲ့တော့၏။ အသစ် ရောက်ရှိလာသည့်သူကို မြင်ရသည့်အချိန်မှာတော့ သူသည် အလန့်တကြားဖြင့် ထ၍ အော်လိုက်မိ၏။

“မင်းကိုး။”

“ငါ့ကို မှတ်မိသေးတယ်ပေါ့။”

ခရမ်းရောင်ဘုရင်သည် လက်ကိုရုတ်ကာဖြင့် မွန်းစတားစွမ်းအင်များကို ထပ်မံကာ စုစည်းလိုက်၏။ ပြီးသည့်‌ နောက်မှာတော့ နောက်တစ်ကြိမ် ဆက်လက်တိုက်ခိုက်ပြန်သည်။

ဘုန်း

သမင်ဘုရင်သည် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် မထိန်းချုပ်နိုင်သေးခင်မှာပဲ နောက်ထပ်တိုက်ခိုက်ချက်တစ်ခုကို ခံရပြီး အဝေးဆီသို့ လွင့်စင်သွားခဲ့ရတော့၏။

“အစ်ကိုကြီး”

“ညီလေး”

ကျားဘုရင်သည် ဒေါသတကြီးအော်ဟစ်လိုက်၏။ ရုတ်တရက် တင်းရှင်းဝမ်သည် သူ၏ နောက်တွင်ပေါ်လာ၏။ ပြီးသည့်နောက်မှာတော့ ရတနာငါးပါးလက်ဝါးကို ထုတ်ဖော်ကာဖြင့် တိုက်ခိုက်ခြင်းကို ပြုမူတော့သည်။

ဘုန်း ဘုန်း …။

ဘုန်း ဘုန်း ဘုန်း …။

အခြားတစ်ဖက်မှာတော့ ခရမ်းရောင်ဘုရင်သည် တောင်အနောက်ဘက်ဆီသို့ လွင့်စင်သွားခဲ့သော သမင်ဘုရင်၏ နောက်ဆီသို့လိုက်ကာ ကြမ်းကြမ်းတမ်းတမ်း ဆက်လက်ကာ တိုက်ခိုက်လျက်ရှိနေတော့၏။

သမင်ဘုရင်သည် မြေပေါ်သို့ ပြုတ်ကျသွားပြီးသည့်နောက်မှာတော့ ကြီးမားလှသော တွင်းကြီးထဲတွင် လဲလျောင်းလျက်ရှိနေသည်။

ဂျိန်း ဂျိန်း ဂျိန်း

အလွန်အားကောင်းလှသော စွမ်းအင်များဖြစ်တည်လာပြီးသည့်နောက်မှာတော့ ဟောင်ချီဂိုဏ်း၏ တောင်ကြီးသည် ကြီးကြီးမားမား ပြိုလဲလျက်ရှိနေတော့၏။

ချင်ဟောင်ရန်၊ ရှန်းတုံနှင့် တစ်ခြားသူများအားလုံးသည် တိုက်ခိုက်ရေး တည်နေရာထဲတွင် အနီးစပ်ဆုံးနေရာဖြင့် ရှိနေကြပြီဖြစ်သော်လည်း ဤတိုက်ပွဲကြောင့် ဖြစ်တည်လာခဲ့သည့် အားအင်လှိုင်းများသည် သူတို့ကို မသက်ရောက်ချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ရှေ့တွင် စိတ်ဝိညာဉ်စွမ်းအင် လှိုင်းများသည် ကာကွယ်ပေးထားသောကြောင့်ပင်။

ကျွင်းချောင်ရှောင်းသည် အဝေးဆီမှ ပျံသန်းလာ၏။

“ဂိုဏ်းချုပ်ကျွင်း”

ရှန်းတုန်သည် ခက်ခက်ခဲခဲဖြင့် ပြောလိုက်မိသည်။ “ကယ်ဆယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “အထင်မှားမနေနဲ့။ ကျုပ်က ခင်ဗျားကို ကူညီတာမဟုတ်ဘူး။ ချင်းယန်နိုင်ငံထဲမှာ လူတွေမဟုတ်တာလာလုပ်တာကို မမြင်ချင်လို့ပဲ။”

ရှန်းတုံ “……..”

……

ဘုန်း ဘုန်း ဘုန်း

တောင်၏ ခြေရင်းမှာတော့ အလွန်ကြမ်းတမ်းလှသော အားအင်လှိုင်းများဖြစ်တည်နေတော့သည်။ မြေပြင်လှိုင်းများ သည် ကွဲအက်လျက်ရှိနေသည်။

ဟောင်ချီဂိုဏ်း၏ တောင်တစ်ခုလုံးသည်လည်း ကြမ်းကြမ်းတမ်းတမ်းယိမ်းယိုင်လျက်ရှိနေ၏။

“ငါကောင်းကောင်းမွန်မွန် ရောက်လာခဲ့တုန်းက မင်းတို့က ငြင်းပယ်ခဲ့တယ်။ လူသားတွေနဲ့ တိုက်ခိုက်ဖို့ အစီအစဉ်မရှိဘူးဆိုပြီး အခုဘယ်လိုဖြစ်ပြီး ထွက်လာရတာလဲ။”

ခရမ်းရောင်ဘုရင်သည် လက်သီးကို မြှောက်ကာဖြင့် ကြမ်းကြမ်းရမ်းရမ်းထိုးနှက်တိုက်ခိုက်လျက်ရှိနေသည်။ သူသည် အလွန်တရာ ဒေါသထွက်လျက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် ကိုယ့်စကားကိုယ်မတည်သော သူ အားလုံးကို သူအလွန်မုန်းတီးမိ၏။

ဆွစ် ဆွစ်

အကြိမ်အနည်းငယ်လောက် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ တလှိုင်းလှိုင်းထနေသော ဖုန်များအားလုံးသည် ငြိမ်သက်သွားတော့သည်။

သမင်ဘုရင်သည် ကြီးမားလှသောတွင်းကြီးထဲတွင် လဲလျောင်းလျက်ရှိနေ၏။ သူ၏ ပါးစပ်တစ်ခုလုံးသည်လည်း ရွဲပြဲလျက်ရှိ၏။ မျက်နှာတစ်ခုလုံးသည်လည်း ဖူးယောင်နေ၏။

“ညီလေး”

ကျားဘုရင်သည် ဒေါသတကြီးအော်ဟစ်လိုက်၏။

ဘုန်း ဘုန်း

အဘိုးကြီးတင်းသည် အခွင့်အရေးကို အရယူပြီးသည့်နောက်မှာတော့ ကျားဘုရင်အား မိစ္ဆာရတနာငါးပါးလက်ဝါးဖြင့် တောက်လျှောက်တိုက်ခိုက်ခြင်းကို ပြုမူနေသည်။

ကျားဘုရင်သည် အရှေ့အနောက်ပျံသန်းကာ ရှောင်ရှားနေရတော့၏။ ခရမ်းရောင်ဘုရင်သည် သူ၏ညာခြေထောက်ကို မြှောက်ကာဖြင့် မြေပြင်ကို ဆောင့်နင်းကာ အမြှောက်ဆံကြီးတစ်ခုကဲ့သို့ လေပေါ်သို့ ခုန်တက်လိုက်၏။

ပြီးသည့်နောက်မှာတော့ ကျားဘုရင်၏ ပုခုံးကို ကိုင်ကာဖြင့် မြေပေါ်သို့ ကိုင်ပေါက်ချတော့သည်။

ဘုန်း

ခွပ် ခွပ် ခွပ်

ပေါက်ကွဲမှုအားအင်လှိုင်းများသည် ဟောင်ချီဂိုဏ်း၏ တောင်တစ်ခုလုံးကို ပြိုလဲသွားစေခဲ့တော့၏။ ဟောင်ချီဂိုဏ်း၏ ကြီးမားလှသည့် တောင်အစိတ်အပိုင်းကြီးကို ပြိုလဲသွားခဲ့စေသည်။ အသက်ရှင်လျက်ရှိနေကြသော တပည့်များ အားလုံး၏ မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လျက်ရှိနေ၏။ သူတို့သည် လောကကြီးတစ်ခုလုံး အဆုံးသတ်သွားတော့မည့်အတွေ့အကြုံမျိုးကို ခံယူနေရတော့သည်။

စွမ်းအားမြင့်ကျင့်ကြံသူများ တိုက်ခိုက်သည့်အချိန်တွင် လူသားများသည် ကြီးမားသည့်ဘေးအန္တရာယ်ကို ခံစားရသည်ဟု ဆိုရိုးစကားရှိ၏။ လက်ရှိ သိုင်းနယ်မြေများတိုက်ခိုက်နေသည့်အချိန်မှာတော့ ၎င်းတို့သည် လူသားများပင်မဟုတ်ချေ။ ပုရွက်ဆိတ်လေးများ ကဲ့သို့ပင် အားအင်နည်းနေချေ၏။

မြင်ကွင်းကို ကြည့်ရှုရမည်ဆိုလျှင် ခရမ်းရောင်ဘုရင်သည် နက်ရှိုင်းလှသော တွင်း၏ထိပ်တွင် မတ်မတ်ရပ်လျက်ရှိနေ ၏။ သူသည် ကျားဘုရင်၏ မျက်နှာပေါ်သို့ ခုန်ချလိုက်ပြီးသည့်နောက်မှာတော့ အေးစက်စက်ပြောလိုက်သည်။ “ကျုပ်တို့က မျိုးနွယ်တူတွေသာ မဟုတ်ဘူးဆိုရင် ဒီအချိန်အထိ အသက်ရှင်ခွင့်ပေးထားမှာမဟုတ်ဘူး။”

“ချီးတဲ့မှ”

ကျားဘုရင်သည် နာကျင်မှုကို အောက်အီးသည်းခံကာဖြင့် ပြောလိုက်၏။ “ငါတို့ကို အရင်တုန်းက မင်းအနိုင်မတိုက်နိုင်ခဲ့ဖူးလေ။ ထွက်ပြေးသွားခဲ့ရတယ်။”

ဘုန်း ဘုန်း ဘုန်း

ဆက်လက်ပြောဆိုမည်ကို တားမြစ်သည့်အနေနှင့် ခရမ်းရောင်ဘုရင်သည် ခြေထောက်ကြီးကို မြှောက်ကာဖြင့် မျက်နှာအား ဖနှောင့်နှင့် နင်းခြေလိုက်၏။ သူ၏မျက်လုံးထဲတွင် ဒေါသတရားများတည်ရှိနေသည်သာမက အလွန်တရာ အားကောင်းလှသော သတ်ဖြတ်လိုခြင်းဆန္ဒများသည်လည်း ဖြစ်တည်လျက်ရှိ၏။

အစစ်အမှန် ယောကျ်ားကောင်းများသည် အတိတ်မှ အောင်မြင်မှုများကို ပြောဆိုမနေသင့်ပေ။ (မန်ယူဖန်များ သတိချပ်သင့်)။ သူသည် ယနေ့မှာတော့ အလွန်အားကောင်းလှသည့် စွမ်းရည် နှင့် တိုက်ခိုက်နိုင်မှုကို ထုတ်ဖော်ပြသနိုင်ပြီဖြစ်၏။ ဤအရာသည် လုံလောက်နေပြီဖြစ်သည်။

ဟူး

ရုတ်တရက် အနောက်ဘက်ဆီမှ ဒေါသတကြီးအော်ဟစ်သံထွက်ပေါ်လာသည်။ အလွန်တရာကြီးမားလှသည့် သမင် သတ္တဝါကြီးတစ်ကောင်သည် တောင်၏အပေါ်တွင် ပေါ်ပေါက်လာခဲ့တော့သည်။ ထိုအချင်းအရာကို မြင်သည့်အချိန်မှာ တော့ ရှန်းတုံ နှင့် စစ်တုဟောင်ယွင်တို့၏ မျက်လုံးများသည် ပြူးထွက်သွား၏။

ထိုအချိန်မှာပဲ အလင်းတန်းတစ်ခု ပျံသန်းရောက်ရှိလာပြီးသည့်နောက်မှာတော့ သမင်ဘုရင်၏ ဦးချိုအား တစ်စုံ တစ်ယောက်သည် ဆွဲကိုင်ထားခဲ့တော့သည်။ အလင်းတန်းများ ပျောက်ကွယ်သွားသည့်အချိန်မှာတော့ ထိုသူသည် ကျွင်းချောင်ရှောင်းဖြစ်နေကြောင်း အားလုံးက မြင်လိုက်ရသည်။

“ဆိုးယုတ်လှတဲ့ လူသားပဲ။ သေစမ်း။”

သမင်ဘုရင်သည် ပါးစပ်ကြီးကိုဟကာဖြင့် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်တော့သည်။ များပြားလှသော သတ္တဝါများအားလုံးသည် မြန်မြန်ဆန်ဆန်နှင့် စုဝေးလာပြီးသည့်နောက်မှာတော့ စွမ်းအင်လှိုင်းများအဖြစ် ဖြစ်တည် လာ၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ ညာဘက်လက်သည် လက်သီးအဖြစ်သို့ ဆုပ်ကိုင်လိုက်၏။ သူသည် စက်အတောင်ပံ တိုက်ခိုက်ရေးပုံစံကို အသက်သွင်းပြီးသည့်နောက်မှာတော့ ချက်ချင်းပဲ လက်သီးဖြင့် ထိုးနှက်တော့သည်။

ဘုန်း ……။

ဤလက်သီးချက်သည် အလွန်တရာအားကောင်းလှသော စွမ်းအင်များ ပါဝင်လျက်ရှိနေ၏။ ထို့ကြောင့် သမင်ဘုရင်၏ ခေါင်းတစ်ခုလုံးသည် တွန့်လိမ်သွားတော့သည်။ သူ၏ မျက်နှာတစ်ခုလုံးသည်လည်း ရွဲပြဲသွား၏။

ဘုန်း

နောက်ထပ်လက်သီးချက်တစ်ခု ထပ်မံထွက်ပေါ်လာခဲ့တော့သည်။ အစောကြီးတည်းက မိမိဟန်ချက်ကို မထိန်းချုပ်နိုင်တော့သော သမင်ဘုရင်သည် ကြီးမားသည့်တိုက်ခိုက်ချက်ကို ခံယူရသည့်အချိန်မှာတော့ မြေပေါ်သို့ ပြုတ်ကျသွားခဲ့တော့သည်။

၎င်းသည် ပါးစပ်တစ်ခုလုံးရွဲပြဲလျက်ရှိနေပြီး ပါးစပ်ထဲမှာ လျှာကြီးကလည်း ထွက်နေ၏။ ပါးစပ်ထဲမှာ အမြုပ်များ လည်း ထွက်လျက်ရှိနေသေး၏။ ကျွင်းချောင်ရှောင်းသည် လေထဲတွင် မတ်မတ်ရပ်လျက်ရှိနေ၏။ သူ၏ မျက်လုံးများ သည် ဓားကဲ့သို့ ထက်ရှလျက်ရှိနေ၏။

ဝှစ်

ကြီးမားစွာ ဒဏ်ရာရရှိသွားခဲ့သော သမင်ဘုရင်သည် လူသားတစ်ယောက်၏ ပုံသဏ္ဍာန်မျိုးသို့ ပြန်လည်ပြောင်းလဲကာ မြေပေါ်တွင် လဲလျောင်းလျက်ရှိ၏။ သူသည် သေမလိုပင်ဖြစ်နေတော့သည်။

ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ဆင်းသက်လာပြီးသည့်နောက်မှာတော့ ထိုသူအား ဆွဲထိုးလိုက်၏။ ပြီးနောက် အေးစက်စက်ပြောလိုက်၏။

“ကျုပ်နယ်မြေထဲကိုလာပြီး ပြဿနာရှာရဲတယ်ဆိုတာ ဘယ်သူက သတ္တိပေးထားတာလဲ။”

ခရမ်းရောင်ဘုရင်၏ တိုက်ခိုက်ချက်များကို ခံခဲ့ရပြီး ယခုပြင်းထန်လှသောလက်သီးချက်နှစ်ခုကို ခံယူပြီးသည့်နောက် မှာတော့ သမင်ဘုရင်၏ စိတ်တစ်ခုလုံးသည် အလုံးစုံရှုပ်ထွေးသွားခဲ့ပြီဖြစ်သည်။ သူသည် နဝေတိမ်တောင်နှင့်ပြန်ပြောလိုက်သည်။ “ယွမ်သခင်လေး”

“ယွမ်သခင်လေး ဟုတ်လား။”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်သွား၏။

……….

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း …။

အဓိကကဟောခန်းထဲတွင် ထိုင်ကာ ရေနွေးသောက်လျက်ရှိနေသော ယွမ်သခင်လေးသည် ရုတ်တရက် နှလုံးခုန်သံ များမြန်ဆန်လာသည်ကို ခံစားနေမိသည်။

All Chapters