← Chapters

အခန်း (၁၀၀၃)

Vol. 68 Ch. 1003

အခန်း (၁၀၀၃)

Vol. 68 Ch. 1003

ပထမတုန်းက ဟောခန်းသခင်ကျိသည် ငရဲဒေါသလက်သီးအား ထုတ်ဖော်အသုံးမပြုချင်ပေ။ အဘယ်ကြောင့် ဆိုသော် ဤလက်အိတ်၏ ပုံပန်းသွင်ပြင်သည် ဆိုးဝါးလွန်းလှပြီး ကြောင်တောင်တောင်နိုင်လှသည်ဟု ခံစားမိ၏။

သို့ပေမဲ့ ထိုလက်ဝှေ့အိတ်ကြီး၏ အကျိုးသက်ရောက်မှုကို သိရှိပြီးသည့်နောက် သူသည် သိုလှောင်လက်စွပ်ထဲ တွင် တကူးတကပင် သေသေချာချာ သိမ်းဆည်းထားမိသည်။ တစ်စုံ တစ်ယောက်၏ အားအင်အဆင့်မျိုးကို ပိုမိုတိုးတက်နိုင်စေသည့် ပစ္စည်းမျိုးကို မကြိုက်နှစ်သက်သည့်သူဟု မည်သူမှ မရှိချေ။ အထက်နယ်မြေမှ လာသော မွန်းစတားဘုရင်ဆိုလျှင်တောင်မှ ချွင်းချက် မရှိပေ။

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းချုပ်၏ မျက်လုံးများသည် အေးစက်သွားတော့သည်။ သို့ပေမဲ့ သူသည် တုန်လှုပ်လျက် ရှိနေ၏။ “တစ်ဖက်လူရဲ့ လက်အိတ်က နတ်ဘုရားအဆင့် လက်နက်ဖြစ်ရမယ်”

ဆွစ်

ခရမ်းရောင်ဘုရင်သည် ရှေ့သို့လှမ်းတက်လာခဲ့တော့၏။ လက်အိတ်ထဲတွင်ရှိနေသော စွမ်းအင်များနှင့် ပေါင်းစပ်၍ သူသည် အားအင်အပြည့် လက်သီးချက်ကြီးကို ထုတ်ဖော်နိုင်စွမ်း ရှိနေသည်။

ဘုန်း ဘုန်း ဘုန်း ….။

၎င်းတို့နှစ်ယောက်သည် လေထုထဲတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက် ရှိနေ၏။ အောက်စည်းဘက်သို့ ရောက်လျက်ရှိနေသော ခရမ်းရောင်မွန်းစတား ဘုရင်သည် လက်ရှိအခြေအနေမှာတော့ အထက်စည်းသို့ ပြောင်းလဲ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူသည် အလွန်တရာ ရဲရဲရင့်ရင့်ဖြင့် တိုက်ခိုက်ခြင်းကို ပြုမူလျက် ရှိနေ၏။

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အလွန်ခက်ခဲသည့် အခြေအနေမျိုးကို ရောက်ရှိလျက် ရှိနေသည်။ သူ့အနေနှင့် ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိသလို တန်ပြန်တိုက်ခိုက်မှုလေးတစ်ခုကိုပင် ပြုလုပ်နိုင်စွမ်း မရှိပေ။

အချက်အလက်အားဖြင့် သူသည် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ထက် ပိုမို၍ နည်းစနစ်များကို ထုတ်ဖော်နိုင်စွမ်း ရှိသည့်လူတစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ အလွန်အားကောင်းလှသော နတ်ဘုရားအဆင့်လက်နက်၏ အောက်မှာတော့ သူသည် ဘာတစ်ခုမှ မတတ်နိုင်ခဲ့ချေ။

ဘုန်း

ဟောခန်းသခင်ကျိသည် အားကောင်းလွန်းလှသော လက်သီးချက်ကြီးကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းချုပ်၏ အကာအကွယ် အတားအဆီးကို ချိုးဖြတ်ပစ်လိုက်၏။

“ဂိုဏ်းချုပ်ကျွင်း”

ရှစ်ကျန်းရွမ်သည် မယုံကြည်နိုင်စွာ ပြောလိုက်၏။ “ရှင့်ရဲ့ ဟောခန်းသခင်က အရမ်း အားကောင်းတာပဲ”

ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်သည်။ “ဒါက အခုမှ အစပဲ ရှိသေးတယ်”

သူသည် သိုလှောင်လက်စွပ်ထဲတွင်ထည့်သွင်းထားသော မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသည် ဖုန်စုပ်စက်ကြီးကို ထုတ်ယူရန် စဉ်းစားထားပြီးသားဖြစ်၏။ ခရမ်းရောင်ဘုရင်သည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်အား မောပန်းအောင် ပြုလုပ်နိုင်သည်ဆိုလျှင် သူသည် ထိုအရာကို ထုတ်ယူကာဖြင့် တိုက်ရိုက်ပင် စုပ်ယူတော့မှာဖြစ်သည်။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းဆီသို့ ရောက်ရှိလာပြီး ရဲရဲဝံ့ဝံ့ ငွေညှစ်နိုင်ခြင်းသည် သူ့အနေနှင့် များပြားလှသော ဝှက်ဖဲများ ရှိနေခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် တစ်ဖက်လူများ၏ နတ်ဆိုး စွမ်းအင်များသည် မသန့်ရှင်းသည့်အရာများဖြစ်ကြောင်း သူကောင်းကောင်းသိ၏။ ထိုအရာသည် ဖုန်စုပ်စက်ကြီး နှင့် စုပ်ယူ၍ ရသော အရာလည်း ဖြစ်လို့နေ၏။

ဟုတ်ပေသည်။ မည်သို့ပင် ဆိုစေကာမူ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အလွန်ပင် အားကောင်း လွန်းလှ၏။ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ကြီးနှင့် သင်ခန်းစာကောင်းကောင်းပေးမည် ဆိုလျှင်တောင်မှ တစ်ဖက်လူ၏ အနီးအနားသို့ ကပ်၍ မသွားနိုင်ချေ။

ဘုန်း ဘုန်း

ကြမ်းတမ်းလှသော တိုက်ခိုက်ပွဲကြီးသည် ဖြစ်ပွားလျက် ရှိနေတော့၏။ လေဟာနယ်တစ်ခုလုံးသည် စုတ်ပြတ် သတ်လျက်ရှိနေပြီး အနီးအနားတွင် ရှိနေသော တည်နေရာကြီးတစ်ခုလုံးသည် ရုပ်ပျက်ဆင်းပျက် တည်ရှိလျက် ရှိနေတော့သည်။

အပြင်ဘက်ခြံဝန်းမှ လှမ်း၍ ကြည့်နေသော ယွမ်သခင်လေးသည် နာနာကျင်ကျင်ဖြင့် ပြုံးလိုက်၏။ သူတို့၏ ဂိုဏ်းချုပ်နှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်၍ ရနေသော ဟောခန်းသခင်တစ်ယောက်သည် တစ်ဖက်လူ၏ဂိုဏ်းတွင် တည်ရှိလို့နေ၏။ ထို့အပြင် အထက်စည်းမှပင် တိုက်ခိုက်လျက်ရှိနေသည်။ ဤပြိုင်စံရှား ဂိုဏ်းသည် အမှန်ပင် ရိုးရှင်းလှသည် မဟုတ်ပေ။ ထိုကဲ့သို့သော သူမျိုးနှင့် ရန်သူဖြစ်ရန် စဉ်းစားခြင်းသည် ဆိုးရွား လှသည့်အကြံအစည်ပင် ဖြစ်တော့၏။

ဘုန်း

ခရမ်းရောင်မွန်းစတားဘုရင်သည် နောက်ထပ်လက်သီးချက်ကြီးတစ်ခုကို ထုတ်ဖော်လိုက်တော့သည်။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အနောက်ဘက်သို့ လွင့်စင်သွားခဲ့တော့၏။ သို့ပေမဲ့ သူ၏ ဟန်ချက်ကို အချိန်မီ ထိန်းသိမ်းထားလိုက်နိုင်၏။ သူ၏ အေးစက်နေသော မျက်လုံးများသည် မယုံကြည်နိုင်မှု များနှင့် ပြည့်နှက်လျက် ရှိနေတော့သည်။ ဟောခန်းသခင်ကျိသည် တိုက်ခိုက်ရေးအတွေ့အကြုံ အလွန်တရာ ပေါများလွန်းလှသူလည်း ဖြစ်သည်။ လက်ဝှေ့အိတ်ကို ဝတ်ဆင်ပြီးနောက် သူသည် တစ်ဖက်လူကို အစစ်အမှန်ပင် ဖိနှိပ်ထားနိုင်လေ၏။ နတ်ဘုရားအဆင့်လက်နက်ဆိုသည်မှာ သာမန်မဟုတ်ပေ။ ထို့အပြင် ဤနတ်ဘုရားအဆင့် လက်နက်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော နတ်ဘုရားအဆင့် လက်နက်ထက် ပိုမို၍ အားကောင်းလွန်းနေသေးသည်။

“လာစမ်း၊ စိတ်လိုလက်ရ တိုက်ခိုက်ကြတာပေါ့”

ခရမ်းရောင်ဘုရင်၏ မျက်လုံးများသည် တောက်ပလျက် ရှိနေသည်။ သူသည် မြေပြင်တစ်ခုလုံး အက်ကွဲသွားစေနိုင်သည့် အားအင်များ ပါဝင်နေသော လက်သီးချက်ကို အကြိမ်ကြိမ်ထိုးနှက်လျက်ရှိနေသည်။ သူသည် လက်ရှိတွင် ကောင်းမွန်သည့်အခြေအနေကို ရရှိနေသည်ဟု ဆိုရမည်။ ဝိညာဉ်တောင်ကြား တစ်ခုလုံးမှာတော့ စုတ်ပြတ်သတ်လျက် ရှိနေတော့သည်။

ဝူး ဝူး

ဤနေရာတွင် တစ်နှစ်ပတ်လုံး နေထိုင်သော သားရဲရိုင်းများသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ထွက်ပြေးလျက် ရှိနေတော့သည်။ ဤမျှကြောက်မက်ဖွယ်ရာကောင်းသော အားအင်၏ အောက်မှာတော့ သူတို့လုပ်နိုင်သောအရာ သည် ထွက်ပြေးရန်တစ်ခုသာရှိတော့သည်။

“မဟုတ်ဘူး” ကျားဘုရင်နှင့် သမင်ဘုရင်တို့သည် နာကျင်နေသော မျက်နှာဖြင့် ထ၍ အော်လိုက်မိကြ၏။

ဘုန်း ဘုန်း

ခရမ်းရောင်ဘုရင်သည် ဆက်တိုက်ဆိုသလိုပဲ တိုက်ခိုက်ခြင်းကို ပြုမူနေတော့သည်။ အလုံးစုံသော စွမ်းအားများ၏ အောက်မှာတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်ပင်လျှင် လှုပ်ရှားမှု နည်းစနစ်များကို အသုံးပြု၍ ရှောင်ရှားခြင်း မပြုလုပ်နိုင်ခဲ့ပေ။ သူ့အနေနှင့် ထိပ်တိုက်ရင်ဆိုင်၍ ခုခံနေခြင်းကိုသာ ပြုမူနေရ၏။

ကိုးကြိမ်မြောက် တိုက်ခိုက်ခံရပြီးနောက် သူ၏ မျက်နှာပေါ်တွင်ရှိနေသော မျက်နှာဖုံးသည် ရုတ်တရက်ကွဲအက်သွားခဲ့တော့သည်။ လေထုထဲတွင်တော့ အမဲရောင်ဆံနွယ်များသည် လွင့်စင်လျက်ရှိနေပြီး မျက်နှာတစ်ခုလုံးသည် အမာရွတ်များနှင့် ပြည့်လျက်ရှိနေသော ကြောက်မက်ဖွယ်ရာကောင်းသည့် မျက်နှာကြီးတစ်ခု ပေါ်ပေါက်လာခဲ့တော့သည်။

“ရုပ်ဆိုးလိုက်တာ” ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်လိုက်မိ၏။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ် မျက်နှာသည် မီးလောင်ကျွမ်းခံထားရသည့် ဒဏ်ရာများ တည်ရှိနေပြီး မျက်နှာပေါ်တွင် အမာရွတ်များ တည်ရှိနေ၏။ ခရမ်းရောင်ဘုရင်၏ ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်ခံရပြီးသည့်နောက် သူ၏ မျက်နှာသည် ပိုမိုကာ ပျက်ယွင်းနေ၏။ ထို့ကြောင့် ကြည့်ရှုလိုက်သည်နှင့် ကြောက်မက်ဖွယ်ရာကောင်းသည့် မျက်နှာသွင်ပြင်မျိုး ဖြစ်လျက်နေ၏။

ရှစ်ကျန်းရွမ်သည် ထိတ်တိုက်ကြည့်ရှုမှုကိုပင် မပြုလုပ်ရဲချေ။ အသာခေါင်းကို ဘေးတစ်ဖက်ဆီသို့ လှည့်လိုက်ရတော့သည်။

ဝေါ့

ထိုအချိန်မှာတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် သွေးတစ်လုတ် အန်ထုတ်လာခဲ့သည်။

“ဂိုဏ်းချုပ်” ယွမ်သခင်လေးနှင့် တခြားသောသူများသည် ထအော်လိုက်မိ၏။

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် နှုတ်ခမ်းထောင့်တွင်ရှိသော သွေးများကို သုတ်ကာဖြင့် အေးစက်စက်အကြည့်ဖြင့် ပြောလိုက်၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ဘယ်အချိန်တုန်းက ဒီလောက် အားကောင်းတဲ့ စိတ်ဝိညာဉ်သားရဲတွေ ရှိနေရတာလဲ”

ဆွစ် ဆွစ်

ထိုအချိန်မှာတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ အကြီးအကဲများအားလုံးသည် အရှေ့ဆီသို့ လှမ်းတက်လာကြ တော့သည်။ ထိုသူများသည် သိုင်းနယ်မြေကျင့်ကြံသူ၊ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများလည်း ပါဝင်လျက် ရှိနေ၏။ ၎င်းတို့သည် အော်ရာများကို ထုတ်ဖော်ကာဖြင့် အရှေ့ဆီသို့ စူးစိုက် ကြည့်ရှုနေသည်။

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “အဖွဲ့လိုက် တိုက်ခိုက်ချင်တာလား”

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “ကျွင်းချောင်ရှောင်း... မင်းက နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကို လာပြီး ငွေညှစ်ရဲတယ်ဆိုတော့ ဒီကနေ လုံလုံခြုံခြုံနဲ့ ထွက်ခွာသွားဖို့ မစဉ်းစားနဲ့၊ ငါကမင်းကို လုံလုံခြုံခြုံနဲ့ ပြန်လွှတ်ပေးလိုက်မယ်လို့ ထင်နေတာလား”

ဆွစ် ဆွစ်

အတွင်းခြံဝန်း၏ အထဲမှာတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ သိုင်းကျင့်ကြံသူများသည် အပြင်ဘက်သို့ ထွက်ပေါ်လာခဲ့ကြသည်။ ၎င်းတို့ထဲတွင် သိုင်းအုပ်စိုးသူနှင့် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူများပင်လျှင် ပါဝင်လျက် ရှိနေတော့၏။ လူအရေအတွက်သည် တဖြည်းဖြည်း များပြားလာခဲ့ပြီး တစ်ထောင်လောက်အထိ ရောက်ရှိလာခဲ့ သည်။ ထိုသူများအားလုံးသည် ပြိုင်စံရှားဂိုဏ်းမှ လူများအားလုံးကို ဝိုင်းရံထားခဲ့သည်။

...............

ယွမ်သခင်လေး၏ နှလုံးသားများသည် နာကျင်လျက်ရှိနေ၏။ ဂိုဏ်းချုပ်သည် ဂိုဏ်း၏ အဓိကလက်ရွေးစင်များ အားလုံးကို ထုတ်ဖော်အသုံးပြုနေပြီဖြစ်သည်။ ဤအရာမှာ ပြိုင်စံရှားဂိုဏ်းနှင့် အဆုံးစွန်အထိ တိုက်ခိုက်သွားမည် ဟူသော အဓိပ္ပာယ်ပင်ဖြစ်တော့သည်။ အရာအားလုံးသည် ဤအခြေအနေသို့ ရောက်ရှိသွားပြီးဆိုမှတော့ သူ့အနေနှင့် ထိုင်ကြည့်ရုံသာ တတ်နိုင်တော့သည်။

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒီတစ်ကြိမ်မှာတော့ ကျုပ်က အရာအားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားစေချင်တာ၊ ဒါပေမဲ့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက ကောင်းမွန်တဲ့အရာအားလုံးက ဘာတွေလဲဆိုတာ နားမလည်ဘူးဆိုတော့ ကြမ်းတမ်းမိတဲ့အတွက် ဒီကျွင်းကို အပြစ်မတင်နဲ့တော့”

ဟူး ဟူး

တင်းရှင်းဝမ်၊ ကုန်းစွန်းဟောင်းဟိုင်၊ ကျန့်ရာနှင့် တခြားသောသူများ အားလုံးသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့် များကို ထုတ်ဖော်လိုက်ကြတော့၏။ အပြင်ဘက်ခြံဝန်း၏ ရှေ့မှာတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းမှ ကျွမ်းကျင်သူ များအားလုံးသည် လေထဲတွင် ပျံသန်းကာ ရပ်လျက် ရှိနေကြ၏။ ပြိုင်စံရှားဂိုဏ်းမှ အထက်ပိုင်းအကြီးအကဲများ အားလုံးသည်လည်း တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့ကြပြီး ဖြစ်တော့သည်။ ၎င်းတို့သည် ကြီးမားသည့် တိုက်ပွဲကြီးကို စတင်ကာ တိုက်ခိုက်တော့မှာဖြစ်၏။

ဆွစ် ဆွစ်

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ တပည့်များအားလုံးသည် အတွင်းခြံဝန်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာနေသေး၏။ အရေအတွက်အရဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် အောက်စည်းတွင် ရောက်ရှိနေ၏။ အလုံးစုံသောအားအင်အဆင့်အရဆိုလျှင်လည်း ပြိုင်စံရှားဂိုဏ်းသည် အောက်စည်းတွင် ရောက်ရှိနေသေးသည်။

ထို့အပြင် ခရမ်းရောင်ဘုရင်သည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် တိုက်ခိုက်လျက် ရှိနေ၏။ ထိုသို့ဆိုလျှင် သိုင်းနယ်မြေအဆင့် ကျင့်ကြံသူများအား မည်သူသွား၍ တိုက်ခိုက်မည်နည်း။

အဘိုးကြီးတင်းသည် အားမနည်းလှချေ။ သို့ပေမဲ့ အလွန်အမင်း အားကောင်းလှသည်တော့ မဟုတ်ပေ။ ၎င်း၏ အကန့်အသတ်သည် နှစ်ယောက်တစ်ယောက် တိုက်ခိုက်ခြင်းသာဖြစ်၏။ လက်ရှိအခြေအနေမှာတော့ ပြိုင်စံရှား ဂိုဏ်းသည် တိုက်ခိုက်ရေးအခြေအနေတွင် အလွန်တရာ အားနည်းလှသော အခြေအနေသို့ ရောက်ရှိလျက် ရှိနေတော့သည်။

အထူးသဖြင့် ကျွင်းချောင်ရှောင်းဖြစ်သည်။ သူသည် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည်ဆိုသော်လည်း စည်းဓားမော့ သာ မရှိသည်ဆိုပါက ခရမ်းရောင်ဘုရင်နှင့် နှိုင်းယှဉ်ရနိုင်သည့် အားအင်မျိုးကို ထုတ်ဖော်အသုံးပြုနိုင်မည် မဟုတ်ချေ။

ပြိုင်စံရှားဂိုဏ်း၊ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း - ဤနှစ်ဖွဲ့သည် အပြင်းအထန် တိုက်ခိုက်ကြတော့မှာဖြစ်၏။

ရှစ်ကျန်းရွှမ်သည် ဤအခြေအနေသည် ပုံမှန်မဟုတ်ကြောင်း ကောင်းကောင်းနားလည်လိုက်မိသည်။ ထို့ကြောင့် အမှတ်မထင်ပင် ကျွင်းချောင်ရှောင်းနားကပ်ကာဖြင့် ခန္ဓာကိုယ်ထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်း ထားလိုက်သည်။ သူမသည် သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်သာ ဖြစ်သည်ဆိုသော်လည်း ဒန်ထျန်ထဲတွင်ရှိနေသော သန့်စင်သည့်စွမ်းအင်များကို အသက်သွင်းလိုက်မည်ဆိုပါက တိုက်ခိုက်နိုင်သည့် စွမ်းအားသည် ပိုမိုကာ တိုးတက်လာပေလိမ့်မည်။

“ဂိုဏ်းချုပ်ကျွင်း”

ရှစ်ကျန်းရွမ်သည် အသံပို့လွှတ်လိုက်၏။ “ကျွန်မ တောင်းပန်ပါတယ်”

“ဘာကို တောင်းပန်တာလဲ” ကျွင်းချောင်ရှောင်းသည် နားမလည်နိုင်ချေ။

ရှစ်ကျန်းရွှမ်က ပြောလိုက်၏။ “ကျွန်မတို့ မြောင်ဟွာခန်းမကြောင့် ရှင်က နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းနဲ့ ရန်သူ ဖြစ်ခဲ့ရတာလေ”

“ကျုပ်တို့က မဟာမိတ်တွေလေ၊ တစ်ယောက်ယောက်က အန္တရာယ်ဖြစ်ပြီဆိုရင် ကျိန်းသေပေါက် ကူညီရမှာပေါ့” သူသည်ခပ်တည်တည်ဖြင့် ပြန်ကာ ပြောလိုက်တော့သည်။

“ဂိုဏ်းချုပ်ကျွင်း”

ထိုအချိန်မှာပဲ ယွမ်သခင်လေးသည် အသံပို့လွှတ်လိုက်၏။ “ကျုပ်တို့ ဂိုဏ်းချုပ်က စိတ်တိုတတ် တယ်လေ၊ ကျေးဇူးပြုပြီး ကောင်မလေးကိုခေါ်ပြီး မြန်မြန်ထွက်ခွာသွားပါတော့၊ ကျုပ်ဆီမှာ အချိန်ရှိတယ်ဆိုရင် ပြိုင်စံရှားဂိုဏ်းဆီကို ကိုယ်တိုင်ကိုယ်ကျ လာပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း စကားပြောပါအုံးမယ်”

သူ့အနေနှင့် နှစ်ဖက်သား အညှာအတာမဲ့ တိုက်ခိုက်မည့်ကိစ္စကို တားဆီးချင်၏။ ကြီးမားသည့် ကိစ္စရပ်မျိုးကို ထပ်မံကာ မဖြစ်ပွားစေချင်ပေ။ “ကျုပ် တောင်းပန်ပါတယ်”

ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်ကာဖြင့် အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်ကလည်း စိတ်တိုတတ်တာပဲ”

“အင်း”

တည်နေရာကြီးသည် ရုတ်တရက်တုန်ခါသွား၏။ လေထုထဲတွင်တော့ လောကလက်ချောင်း လက်နက်ကြီးသည် ပေါ်ပေါက်လာခဲ့တော့သည်။ လောကလက်ချောင်း လက်နက်၏ အမြှောင်းလေးသည် လင်းလက်လျက် ရှိနေသည်။ ဆိုလိုသည်မှာ အဆုံးမဲ့တိုက်ကွက်ကို ထုတ်ဖော်တိုက်ခိုက်နိုင်သည့် အချိန်ကာလသည် အသက်ဝင်နေသည်ဖြစ်၏။ ထို့ကြောင့် မေတ္တာအကြည့်ကိုလည်း ကျိန်းသေပေါက် အသုံးပြုနိုင်စွမ်း ရှိနေတော့သည်။

All Chapters