← Chapters

အခန်း (၁၀၀၆)

Vol. 68 Ch. 1006

အခန်း (၁၀၀၆)

Vol. 68 Ch. 1006

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် နှိပ်စက်ရိုက်နှက်ခြင်းကို ခံရပြီးသည့်နောက်မှာတော့ ချက်ချင်းပဲ လိမ်မာယဉ်ကျေးသွားခဲ့ပြီဖြစ်သည်။ သူသည် စိတ်ဝိညာဉ်ကျောက်တုံးများ ပေးအပ်ရန် သဘောတူညီလိုက်ခဲ့၏။

ထိုအရာသည် ယွမ်သခင်လေးအား သွေးအန်စေသည်သာမက နှလုံးသွေးများပင် တတောက်တောက် နှင့် ယိုကျစေခဲ့၏။ အဘယ်ကြောင့် အစောကြီးကတည်းက ဤသို့သော ကိစ္စကို မပြုလုပ်ရသနည်း။

“ခင်ဗျားရဲ့ ခုနတုန်းက ပြောပုံဆိုပုံတွေ၊ လုပ်ရပ်တွေကို ကျုပ်လုံးဝ မကြိုက်ဘူး၊ ဒီတော့ လူလုပ်စိတ်ဝိညာဉ် ကျောက်တုံးဆယ်သန်းနဲ့ သဘာဝစိတ်ဝိညာဉ်ကျောက်တုံး တစ်သန်း ပေးရမယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ယွမ်သခင်လေး၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် ဤအရာများကို လက်ရှိအချိန်၌ ထုတ်၍ သုံးနိုင်သည်။ သို့ပေမဲ့ ဤအရာများသည် မိမိ၏ နောက်ခံကျောရိုးကို ချိုးဖြတ်၍ ပေးလိုက်သည် နှင့်ပင် ဆင်တူ၏။

“ဂိုဏ်းချုပ်ကျွင်း.... ဒါက များလွန်းအားကြီးတယ်”

“ကျုပ်ကို ပေါက်ကရတွေ လာမပြောနဲ့၊ မြန်မြန် စိတ်ဝိညာဉ်ကျောက်တုံးနဲ့ တခြားအရာတွေ ထုတ်ပေးတော့” ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ထုတ်ယူပြီးသည့်နောက် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်လည်ပင်းပေါ်သို့ တင်လိုက်သည်။

ဤထက်ရှလှသော ဓားသည် သူ့အား ထိတ်လန့်တုန်လှုပ်စေ၏။ ထို့ကြောင့် အလောတကြီးဖြင့် ပြောလိုက်မိသည်။ “ကောင်းပါပြီ၊ အကြီးအကဲကြီး... မြန်မြန်သွားပြီးတော့ ဂိုဏ်းချုပ်ကျွင်းအတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေ ယူခဲ့”

မကြာခင်မှာပဲ လက်တစ်ဖက်ဖြင့် ဖင်ကိုအုပ်ကိုင်ကာ လိမ်ဖယ်လိမ်ဖယ်ဖြင့် လျှောက်လာခဲ့သော ဘိုးဘေးအကြီး အကဲကြီးသည် စိတ်ဝိညာဉ်ကျောက်တုံးများ ထည့်သွင်းထားသော သိုလှောင်လက်စွပ်ကို ပြန်လည် ယူဆောင်လာကာ ပေးလိုက်၏။ ၎င်းယူလာခဲ့သော အရာများအားလုံးသည် သူတို့၏ ရတနာတိုက်ထဲတွင်ရှိသော အရာအားလုံးပင် ဖြစ်တော့သည်။ အထဲ၌ တစိုးတစိမျှပင် မကျန်ရှိတော့ချေ။

ကျွင်းချောင်ရှောင်းသည် ထိုအရာများကို ယူပြီးသည့်နောက်မှာတော့ တစ်ခုချင်းဆီကို သေသေချာချာ ကြည့်ရှု လိုက်၏။ ပြီးနောက် အေးစက်စက်ပြောလိုက်သည်။ “ကျုပ်စကားကို နားထောင်၊ အနာဂတ်မှာ ပြိုင်စံရှားဂိုဏ်းကို လာပြီး ပြဿနာမရှာနဲ့၊ သွားကြစို့”

အဘိုးကြီးတင်း၊ ခရမ်းရောင်ဘုရင်နှင့် တခြားသူများ အားလုံးသည် ဂိုဏ်းချုပ်နောက်မှ လိုက်ပါရင်း ထွက်ခွာသွား ခဲ့ကြ၏။ ၎င်းတို့သည် ကျားဘုရင်၊ သမင်ဘုရင်နှင့် ယွမ်သခင်လေးကိုပင် ခေါ်ယူလာခဲ့တော့၏။

“ဂိုဏ်းချုပ်”

၎င်းတို့ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ များပြားလှသော အကြီးအကဲများသည် ခက်ခက်ခဲခဲဖြင့် မတ်တပ်ထရပ်လိုက်ရ၏။ ၎င်းတို့သည် လက်နှစ်ဖက်နှင့်ပင် ဖင်ကိုကျုံ့ကာ ကိုင်ထားရသေး၏။ မျက်လုံးထဲတွင်လည်း နာကျင်မှုများကို မြင်နေရသေးသည်။

“ယွမ်ဖန်... ယွမ်ဖန်”

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် မြေပေါ်တွင် လဲလျောင်းလျက်ရှိ၏။ သူသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ “ငါ... မင်းကို အထင်မှားခဲ့တာပဲ၊ ဒါကြောင့် ဂိုဏ်းရဲ့အတွင်းရေးကိစ္စတွေ အားလုံးကို မင်းအပေါ်မှာ ယုံယုံကြည်ကြည်နဲ့ လွှတ်ထားခဲ့မိတယ်၊ ဒါက တကယ့်ကို ဆိုးရွားစွာ ပြုလုပ်မိတဲ့ ငါ့ရဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ”

အကြီးအကဲများ၏ မျက်လုံးများသည်လည်း နာကျည်းမှုများဖြင့် ပြည့်နှက်လျက်ရှိနေသည်။ လက်ရှိအခြေအနေမှာ တော့ ၎င်းတို့အားလုံးသည် ယွမ်သခင်လေးအား သစ္စာဖောက်အဖြစ် အတိအကျ မှတ်ယူသွားခဲ့ကြပြီဖြစ်သည်။ အကယ်၍ ကျွင်းချောင်ရှောင်းသည်သာ ယွမ်သခင်လေးကို ခေါ်ဆောင်သွားသည် မဟုတ်ပါက လက်ရှိအခြေအနေ တွင် အပိုင်းပိုင်းခုတ်၍ သတ်ဖြတ်နေမည်မှာ သေချာသည်။

...............

ဆွစ် ဆွစ်

ဝိညာဉ်တောင်ကြားအတွင်းထဲမှာတော့ ကျန့်ရာ၊ အဘိုးကြီးတင်းနှင့် တခြားသူများ အားလုံးသည် တစ်ချက်ကလေးမှ မနှောင့်နှေးဘဲနှင့် အထဲတွင်ရှိနေသော ဆေးပင်များ၊ ကျောက်ရိုင်းများနှင့် အရင်းအမြစ်များ အားလုံးကို လိုက်လံ ရှာဖွေလျက် ရှိနေတော့၏။ ပြောနေစရာပင် မလိုပေ။ အထဲတွင်ရှိသော အရင်းအမြစ်များသည် အလွန်တရာပင် ပေါကြွယ်လွန်းလှ၏။ ဤတောနက်ထဲသို့ ၎င်းတို့ ဝင်ရောက်လာပြီးသည့်နောက်မှာတော့ ခြေလှမ်းအနည်းငယ် လှမ်းတိုင်းတွင် များပြားလှသည့် ဆေးပင်များကို ရှာဖွေတွေ့ရှိခဲ့၏။ ထိုဆေးပင်များ၏ သက်တမ်းသည် ကောင်းမွန်လွန်းလှပြီး ရှားပါးလှသော ဆေးပင်များလည်း ဖြစ်လို့နေ၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ နံပါတ်တစ် တားမြစ်တည်နေရာဖြစ်သည်မို့ နှစ်ပေါင်းများစွာ လူသားတို့ မထိမတွေ့၊ မရောက်ရှိနိုင်သော နေရာလည်း ဖြစ်ခဲ့၏။ ထို့ကြောင့်ပင် များပြားလှလွန်းသော သဘာဝရတနာများ ပေါက်ရောက်ဖြစ်ထွန်းနေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ကြမ်းတမ်းလှသော စိတ်ဝိညာဉ်သားရဲ တစ်သိန်းကျော်တို့သည် ကြောက်လန့်လွန်းသောကြောင့် အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိနေကြ၏။ ၎င်းတို့သည် ရှေ့ဆီသို့ ခုန်ထွက်လာပြီး မတားဆီးရဲကြချေ။ အဘယ်ကြောင့်ဆိုသော် ဤလူများ၏ အားအင်အဆင့်သည် ကောင်းမွန်လွန်းလှပြီး ၎င်းတို့၏ အုပ်ချုပ်သူ နှစ်ယောက်ပင်လျှင် ဖမ်းဆီးခြင်းကို ခံထားရသည် မဟုတ်ပါလား။

ဤအရာများ အားလုံးသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ အပြစ်ကြောင့်ပင် ဖြစ်တော့သည်။ ၎င်းတို့သည်သာ သူတို့၏ တည်နေရာထဲသို့ ရွေ့ပြောင်းရောက်ရှိလာခြင်းမဟုတ်ပါက တစ်ဖက်သောသူများအားလုံးသည် ဤနေရာသို့ လိုက်ပါလာကြလိမ့်မည် မဟုတ်ချေ။

လက်ရှိအခြေအနေမှာတော့ လှိုဏ်ဂူတစ်ခုထဲသို့ ပစ်လွှတ်ခြင်းကို ခံထားရသော ကျားဘုရင်နှင့် သမင်ဘုရင်တို့သည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းအား အကြိမ်ပေါင်း တစ်သိန်းလောက် စိတ်ထဲမှ ဆဲဆိုကြိမ်းမောင်းလျက် ရှိနေကြ၏။

“ခင်ဗျားတို့နှစ်ယောက်”

ကျွင်းချောင်ရှောင်းသည် လှိုဏ်ဂူ၏ အဝင်ဝတွင် ထိုင်ခုံတစ်လုံးဖြင့် ထိုင်ကာ ပြောလိုက်၏။ “ဆုံးဖြတ်ပြီးပြီလား”

“ဂိုဏ်းချုပ်ကျွင်း”

ကျားဘုရင်က ပြောလိုက်သည်။ “ကျုပ်... ခင်ဗျားကို အညံ့ခံမယ်ဆိုရင် ကျိန်းသေပေါက် လွတ်မြောက်နိုင်မှာလား”

“သိပ်မှန်တာပေါ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားတို့တွေသာ လေးလေးနက်နက်နဲ့ အညံ့ခံမယ် ဆိုရင် လွတ်လွတ်လပ်လပ် ဖြစ်သွားရုံတင်မကဘူး၊ ကျုပ်ဂိုဏ်းရဲ့ စိတ်ဝိညာဉ်သားရဲဟောခန်း ဒုတိယသခင် အဖြစ်ပါ ရာထူးတွေ ပေးအုံးမယ်”

သေသေချာချာ ဆုံးဖြတ်ချက် ချပြီးသည့်နောက်မှာတော့ ကျားဘုရင်သည် ခက်ခက်ခဲခဲဖြင့် ပြောလိုက်၏။ “ကျုပ်တို့ အညံ့ခံပါ့မယ်”

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ အကြီးအကဲများအားလုံးနှင့် ဂိုဏ်းချုပ်အား ဂိုဏ်းချုပ်ကျွင်းတစ်ယောက် ပြင်းထန်ပြီး မလျော်ညီလှသော တိုက်ကွက်များနှင့် နှိပ်စက်တိုက်ခိုက်ခဲ့ခြင်းကိုသာ မမြင်ပါက ၎င်းတို့သည် သံမဏိကဲ့သို့သောစိတ်ဓာတ်ကို ဖော်ကျူးကာဖြင့် ကလန်ကဆန် ပြုလုပ်ပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အလုံးစုံ အညံ့ခံခြင်းကိုသာ ပြုလုပ်နိုင်စွမ်းရှိနေတော့၏။ ထို့အပြင် အသက်ရှင်နေ သည်ဆိုပါက မျှော်လင့်ချက်ဆိုသည်လည်း တည်ရှိနိုင်နေသေးသည်။

“ဟောခန်းသခင်ကျိ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီနှစ်ယောက်ကို ခင်ဗျားအတွက် ထားလိုက်မယ်”

“တောက်”

ခရမ်းရောင်ဘုရင်သည် တောက်ခေါက်လိုက်မိ၏။ ဤနှစ်ကောင်သည် သူသွားရောက်၍ ပြောဆိုခဲ့တုန်းက တစ်ချက်ကလေးမှ ဂရုမစိုက်ခဲ့ပေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ လူသားတစ်ယောက်ကို အညံ့ခံလျက်ရှိ၏။ သားရဲမျိုးနွယ်များ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည့် လူများပင်ဖြစ်၏။

.................

လှိုဏ်ဂူ၏ အပြင်ဘက်မှာတော့ ရှစ်ကျန်းရွမ်သည် ကြီးမားလှသည့် ကျောက်တုံးကြီးပေါ်တွင် ငြိမ်ငြိမ်သက်သက်ဖြင့် ထိုင်လျက်ရှိနေ၏။ သူမ၏ ဆံနွယ်များအား လေပြေများ တိုက်ခတ်လျက် ရှိနေပြီး လှပပြီး အချိုးအစား ကျနလှသော မျက်နှာလေးသည် ထင်ပေါ်လျက်ရှိနေသည်။

“ခန်းမသခင်ရှစ်”

ကျွင်းချောင်ရှောင်းသည် လှိုဏ်ဂူထဲမှ ထွက်လာပြီးသည့်နောက် သူမ၏ဘေးတွင် ဝင်ကာ ထိုင်လိုက်၏။ ပြီးသည့်နောက်မှာတော့ သိုလှောင်လက်စွပ်နှစ်ကွင်းကို ကမ်းပေးကာ ပြောလိုက်၏။ “ဒီထဲမှာ သဘာဝ စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်း ရှိတယ် ၊ ဒါကို ခင်ဗျားဂိုဏ်းရဲ့ သေဆုံးသွားတဲ့လူတွေအတွက် လျော်ကြေး ပေးတယ်လို့ သတ်မှတ်လိုက်”

ရှစ်ကျန်းရွှမ်သည် လေးလေးနက်နက် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း အနေနဲ့ ဒီနေရာအထိ ရောက်ရှိလာပြီး အမှန်တရားကို တောင်းဆိုပေးတာနဲ့တင် ကျေးဇူးတင်ဖို့ကောင်းနေပါပြီ၊ ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကို လက်မခံပါရစေနဲ့”

“ယူလိုက်ပါ” ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်နှစ်ကွင်းကို သူမ၏လက်ထဲသို့ ထိုးထည့်လိုက်၏။

“အင်း...ကောင်းပါပြီ” ရှစ်ကျန်းရွှမ်သည် အနည်းငယ်မှ မနှောင့်နှေးတော့ချေ။ ချက်ချင်းပဲ သိုလှောင်လက်စွပ်များကို လက်ခံရယူလိုက်၏။ ပြီးသည့်နောက်မှာတော့ အသာခေါင်းကို ငုံ့ထားမိ၏။ သူမ၏ လှပလွန်းလှသော မျက်နှာလေး သည် နီမြန်းလျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ကျွင်းသည် ခုနတုန်းက သူမ၏လက်ကိုကိုင်ဆောင်ကာဖြင့် လက်ထဲသို့ သိုလှောင်လက်စွပ်များကို ထည့်သွင်း ပေးခဲ့သောကြောင့် ဖြစ်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လက်ရှိအချိန်မှာ ကျင့်ကြံခြင်းလောကကြီးက ငြိမ်သက်နေတာ မဟုတ်ဘူးလေ၊ ဒီတော့ ခန်းမသခင်ရှစ်အနေနဲ့ ဂိုဏ်းရဲ့တပည့်တွေကို ခွင့်ပြုချက်မရှိဘဲနဲ့ အပြင်လျှောက်သွားတာမျိုးကို တားမြစ်မှ ဖြစ်လိမ့်မယ်”

“အင်း... ဟုတ်ပါပြီ” ရှစ်ကျန်းရွှမ်က ခေါင်းညိတ်လိုက်၏။ အဆင့်လေးဂိုဏ်းတစ်ခုဖြစ်သည့် မြောင်ဟွာခန်းမ၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည်မို့ သူမသည် အလွန်တရာ တည်ကြည်ပြီး ဂုဏ်သိက္ခာကြီးမြင့်လှသူ တစ်ယောက် ဖြစ်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ အရှေ့မှာတော့ အလွန်တရာ အားနည်းလှသော မိန်းကလေးငယ်လေး တစ်ယောက်အဖြစ် ပြောင်းလဲလျက် ရှိနေ၏။

“ကြည့်အုံး”

အဝေးတစ်နေရာရှိ သစ်ပင်ကြီးကို မှီကာဖြင့် ရရှိခဲ့သော အရင်းအမြစ်များအားလုံးကို သေသေချာချာ စစ်ဆေးလျက်ရှိနေသော ကျန့်ရာသည် ပြောလိုက်မိ၏။ “ဂိုဏ်းချုပ်နဲ့ ခန်းမသခင်ရှစ်က တကယ့်ကို နတ်ဖက်တဲ့ စုံတွဲလိုပဲလေ”

“ဂိုဏ်းချုပ်ကျွင်း”

ရှစ်ကျန်းရွှမ်က အနည်းငယ် ဇဝေဇဝါဖြစ်မိနေ၏။ “ရှင်က နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းချုပ်ကို ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့တယ်လေ၊ ဒါပေမဲ့ အခွင့်အရေးရတုန်း သူ့ကို မသတ်ခဲ့ဘူး၊ ဘာလို့လဲ။ ဒါက ကြယ်ကြွေကုန်းမြေတိုက်ကြီးအတွက် မိစ္ဆာတွေကို သုတ်သင်ပစ်တာနဲ့ တူနေတယ် မဟုတ်ဘူးလား”

ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “သူ့ကို အသုံးပြုစရာ ရှိသေးတယ်လေ”

“ဪ”

ရှစ်ကျန်းရွှမ်သည် ထပ်၍ မမေးတော့ချေ။ သူမသည် လေများတိုက်ခတ်၍ လွင့်နေသော ဆံပင်များကို သေသေချာချာ စည်းနှောင်လိုက်သည်။ ပြီးနောက် ပြုံးလိုက်မိသည်။ “ဂိုဏ်းချုပ်ကျွင်း...ကျွန်မကို ပုံပြင်ပြောပြအုံးလေ”

“ဘာပုံပြင်ကြားချင်လဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ ဝိညာဉ်တောင်ကြားထဲတွင် ပစ္စည်းကောင်းများ အမြောက်အများ ရှိနေ၏။ ထို့ကြောင့် အချိန်အတိုင်းအတာ တစ်ခုအတွင်း ရှာဖွေ၍ ပြီးနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဤနေရာတွင် အချိန်အတော်ကြာ နေရအုံးမှာဖြစ်၏။

ရှစ်ကျန်းရွှမ်က ပြောလိုက်သည်။ “ဘာပြောပြော ကျွန်မ နားထောင်မယ်လေ”

ကျွင်းချောင်ရှောင်းသည် အသာခြေချိတ်ထိုင်လိုက်၏။ ပြီးသည့်နောက်မှာတော့ ဂန္တဝင်မြောက်ဝတ္ထုများကို ပြန်လည် ပြောဆိုလျက်ရှိ၏။

“အင်း ဒီလိုနဲ့....” ကျွင်းချောင်ရှောင်းသည် လေးနက်သည့် ခံစားချက်များနှင့်အတူ ပြောဆိုလျက် ရှိနေသည်။

ရှစ်ကျန်းရွှမ်သည် အလွန်တရာ ဝမ်းနည်းလှသော ဇာတ်လမ်းမျိုး နားထောင်ပြီးသည့်နောက်မှာတော့ မျက်ရည်များပင် ကျဆင်းလာမိ၏။ “ဘာလို့ ချစ်သူတွေက မပေါင်းဖက်ရတာလဲ”

သူမသည် ငိုနေသည်လား။

ကြည့်ရတာ ငါ့ရဲ့ပုံပြောစွမ်းရည်က တော်တော်ကြီး ကောင်းမွန်လာတာ နေလိမ့်မယ်။

“ခန်းမသခင်ရှစ်”

ကျွင်းချောင်ရှောင်းသည် ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။ အနည်းငယ် စောသေးသည်ကို သိရှိပြီးသည့်နောက်မှာတော့ သူပြောလိုက်မိသည်။ “ဒါဆိုရင်လည်း နောက်ထပ်ပုံပြင်တစ်ပုဒ် ထပ်ပြောပြမယ်လေ၊ ဒီတစ်ခါပြောမှာက ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဆိုတဲ့ ဇာတ်လမ်းထဲက အွန်စော အကြောင်းပဲ”

စနစ် “......”

ချီးတဲ့မှ... တကယ်ဝမ်းနည်းနေတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ရှေ့မှာ နှစ်သိမ့်ဖေးမမှုကို မလုပ်ဘဲနဲ့ ဘာလို့ သောက်တလွဲ ဝမ်းနည်းစရာ ဇာတ်လမ်းတွေကို ထပ်ပြီး ပြောနေရတာလဲ။ သောက်တလွဲ လက်ခံသူပဲ”

“အင်း..... ဇာတ်လမ်းလေးကတော့ ဒီလို …”

အချိန်များ ကုန်ဆုံးသွားခဲ့ပြီး ညဆီသို့ ရောက်ရှိလာခဲ့သည်။

ရှစ်ကျန်းရွှမ်သည် ခဏတာ တည်းခိုရာ သစ်သားအိမ်လေးထဲသို့ ဝင်ရောက်သွား၏။ သူမ၏ မျက်လုံးထဲတွင်တော့ မျက်ရည်များ ရစ်သိုင်းလျက် ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် ကြီးမားလှသည့် ကျောက်တုံးကြီးပေါ် မတ်မတ်ရပ်ရင်း အပျင်းကြောဆန့်လျက် ရှိသည်။ “ငါ ဂိုဏ်းချုပ် မလုပ်သင့်တော့ဘူး၊ ပုံပြောသူတစ်ယောက်ပဲ လုပ်ရတော့မယ်”

“ဂိုဏ်းချုပ်”

အဘိုးကြီးတင်းက ပြောလိုက်သည်။ “ယွမ်သခင်လေးကို ဘယ်လိုလုပ်မှာလဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူ့ဘာသူ ဆုံးဖြတ်ပါဂေိုဏ်းထဲသို့သာ ခေါ်ဆောင်နိုင်မည် ဆိုပါက အနာဂတ်တွင် ကြီးမားသည့် အကူအညီကို ဖြစ်ထွန်းစေမှာ သေချာ၏။

“ယွမ်ကြီး”

ကျွင်းချောင်ရှောင်းသည် တခြားသောလှိုဏ်ဂူထဲသို့ ဝင်ရောက်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “သေချာစဉ်းစားပြီးပြီလား”

ယွမ်သခင်လေးသည် ဆံပင်များ ပွစာကျဲလျက်ရှိပြီး တည်နေရာတွင် ခြေချိတ်ကာ ထိုင်လျက်ရှိသည်။ ခေါင်းမော့ကာ ကြည့်ရှုပြီးသည့်နောက်မှာတော့ ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ပြောလိုက်မိသည်။ “ဒီနေ့ကစပြီး ကျုပ် ယွမ်ဖန်က နတ်ဆိုးကျင့်ကြံသူပဲ၊ နတ်ဆိုးအင်ပါယာဂိုဏ်းကိုပဲ သစ္စာခံမယ်လို့ ကျမ်းသစ္စာကျိန်ဆိုပြီးပြီ၊ တခြားသူတွေကို အညံ့ခံမှာ မဟုတ်ဘူး”

“ကျုပ်တပည့်က နတ်ဆိုးအင်ပါယာရဲ့ အမွေအနှစ်ကို ဆက်ခံထားတာလေ၊ ဒီတော့ ကျုပ်ကို သစ္စာခံတာက သူမကို သစ္စာခံတာနဲ့ တူတူပဲ မဟုတ်လား၊ ဒါဆိုရင် ကျမ်းသစ္စာကို ဖောက်ဖျက်တယ်လို့ ယူဆလို့ မရဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ယွမ်သခင်လေးက ပြောလိုက်သည်။ “ဒီကောင်မလေးက သန္ဓေနတ်ဆိုးခန္ဓာကိုယ်နဲ့ နတ်ဆိုးအင်ပါယာရဲ့ မျက်လုံးကို အမွေဆက်ခံထားတယ်ဆိုပေမယ့် နတ်ဆိုးအင်ပါယာရဲ့ အမွေအနှစ်တွေကို အပြည့်အဝ အမွေဆက်ခံထားတာ မဟုတ်ဘူးလေ”

“ဘာလို့ အဲလိုပြောနိုင်တာလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

“ဘာလို့လဲဆိုတော့”

ယွမ်သခင်လေးသည် လက်သီးကို ဆုပ်လိုက်မိသည်။ သူ၏ မျက်လုံးထဲတွင်တော့ အလွန်တရာ လေးနက်သည့် အမူအရာများ ဖြစ်တည်လာခဲ့သည်။ “နတ်ဆိုးအင်ပါယာက ပြိုင်စံရှားပါရမီရှင်တစ်ယောက်ပဲလေ၊ တခြားသူတွေကို ဘယ်တော့မှ အညံ့ခံပြီး နေမှာမဟုတ်ဘူး”

ဝှစ်

ကျွင်းချောင်ရှောင်းသည် အသာရှေ့သို့ တိုးလိုက်ပြီးသည့်နောက် အေးစက်စက် ပြောလိုက်သည်။ “မုန့်ယင်က ဆယ်နှစ်သမီးလေးပဲ ရှိသေးတယ်လေ၊ သူ့ဆီမှာ အလုံးစုံသော စွမ်းအင်တွေ မပိုင်ဆိုင်ထားဘူး၊ နတ်ဆိုးအင်ပါယာလိုမျိုး လျှောက်ပြီးသွားနေရင် တစ်လောကလုံးက သူ့ကို ရန်သူအဖြစ် သတ်မှတ်ပြီးတော့ သတ်သွားမှာပေါ့ကွ”

“...........” ယွမ်သခင်လေးသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။

“ဘာပဲပြောပြော ….”

ကျွင်းချောင်ရှောင်းသည် ယွမ်သခင်လေး၏ အင်္ကျီလည်ကုပ်ကို ဆုပ်ကိုင်ထားရာမှ လွတ်ချလိုက်၏။ ပြီးသည့်နောက် ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက ဘယ်တော့မှ လူတွေကို အတင်းဖိအားပေးနေမှာ မဟုတ်ဘူး၊ ဒီတော့ ခင်ဗျားဂိုဏ်းထဲကို မဝင်ချင်ဘူးဆိုရင် အခုထွက်သွားလို့ရပြီ”

All Chapters