← Chapters

ထိပ်တိုက်တွေ့ခြင်း

Vol. 014 Ch. 1385

ထိပ်တိုက်တွေ့ခြင်း

Vol. 014 Ch. 1385

ထိုအုပ်စုကို ခေါင်းဆောင်လာသူကား အဖြူရောင်ကိုဝတ်ထားသည်။ သူသည်လည်း ချောမောခန့်ညားသည်။

သူ့နောက်တွင် အဖြူရောင်အတောင်ပံတစ်စုံရှိ၏။ လှံတစ်လက်အား အတောင်ပံများကြားတွင် လွယ်ပိုးထားသည်။

နတ်ဆိုးဘုံတွင် ထိုသို့ပုံစံဖြင့် မိသားစုတစ်ခုသာရှိသည်။ ပုံမှန်အားဖြင့် အတော်များများက သည်လူများကို သိကြပေသည်။

သူတို့ကား နတ်ဆိုးဘုံ၏ရင်ကျိုးမိသားစုမှ လာခြင်းဖြစ်သည်။ သူတို့ကား နတ်ဆိုးဘုံ၏အင်အားအကြီးဆုံးမိသားစုတစ်ခုလည်းဖြစ်သည်။

သူတို့သည် နတ်မိစ္ဆာမြေခွေးကလန်ထက် အားကောင်းပေသည်။

ယခု သူတို့က ရီဖူရှင်းရရှိခဲ့သော အရိုးအား အလွန်စိတ်ဝင်စားဟန်ရနေသည်။

သူက ရီဖူရှင်း မည်မျှပေးခဲ့သည်ကို မသိသော်လည်း ဆယ်ဆကမ်းလှမ်းခဲ့ပေသည်။

ပို၍ ထူးဆန်းသည်ကား ရီဖူရှင်းက ထိုကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။

ထိုအခိုက်တွင် အဘိုးအို၏မျက်လုံးများ အရောင်လက်သွားသည်။ သည်တစ်ခေါက် သူတို့ အကြီးအကျယ်မှားသွားပြီဟု ခံစားရသည်။

ရီဖူရှင်း တွေးထားသကဲ့သို့ မူလတောင်မှလာသော ပစ္စည်းတိုင်းမှာ နတ်မိစ္ဆာမြေခွေးကလန်မှ အကြီးအကဲများ၏ဆန်းစစ်အကဲဖြတ်မှုကို ကျော်ဖြတ်ရသည်။ တန်ဖိုးကြီးရတနာများမှာ အလွယ်တကူ ရောင်းချ၍ မရပေ။

အရိုးကား အမှန်ပင် နတ်ဆိုးအင်ပါယာ၏အရိုးဖြစ်သည်။ အရိုး၏မာကြောမှုက သက်သေဖြစ်၏။ သို့သော်လည်း သူတို့သည် အရိုး၏ထူးခြားမှုကို မတွေ့ရှိခဲ့ကြ။ ထို့ကြောင့် သူတို့က ရောင်းချရန် ဆုံးဖြတ်ခဲ့ကြသည်။

ယခု မထင်မှတ်သော ကိစ္စများဖြစ်လာခဲ့သည်။

ရီဖူရှင်းက အရိုးကို ဝယ်ယူခဲ့ပြီးမကြာမှီ ရန်ကျိုးတောင်မှ တန်ခိုးရှင်များ ရောက်လာခဲ့သည်။

အရိုးက အမှန်တကယ် ဆန်းကြယ်သော ရတနာတစ်ခုလုလား။

ရင်ကျိုးတောင်အဖွဲ့မှ ခေါင်းဆောင်က ရီဖူရှင်းကို စိုက်ကြည့်သည်။ သည်လူက တန်ကြေး၏ဆယ်ဆဖြင့်ပင် မရောင်းချလိုသည်လား။

သူက ပိုမိုများပြားသော တန်ဖိုးအား ရယူလိုသည်လား၊ သို့မဟုတ် အရိုး၏ဇာစ်မြစ်ကိုနားလည်၍လား။

“ကျုပ်က ရင်ကျိုးတောင်ကလာတာ။ ဒါက ကျုပ်အတွက် အသုံးဝင်တယ်။ မင်းက အရိုးကို လက်လွှတ်လိုက်ရင် မိတ်ဆွေတစ်ယောက်ရမယ်။ ဘယ်လိုလဲ”

“ကျုပ်က မိတ်ဆွေတစ်ယောက်ရမှာလား” ရီဖူရှင်းက ပြုံးလိုက်သည်။ သူက အရိုး၏ဇာစ်မြစ်ကို မသိပေ။ သို့သော်လည်း ဆယ်ဆပမာဏက မလုံလောက်ပေ။

“စိတ်မကောင်းပါဘူး။ ဒါက ကျုပ်အတွက်လည်း အသုံးဝင်တယ်” ရီဖူရှင်းကား ပြုံးနေဆဲ။

ရင်ကျိုးတောင်တန်ခိုးရှင်၏မျက်နှာက နက်မှောင်သွားသည်။ ရင်ကျိုးတောင်၏နာမည်ကပင် အသုံးမဝင်လား။

သည်လူသားက အရိုး၏ဇာစ်မြစ်ကို သိနားလည်သည်လား။

“အဲဒါ မင်းအတွက် အသုံးမဝင်ဘူး။ ကျုပ်တို့ရင်ကျိုးတောင်ကပဲ ဒါကို အသုံးချနိုင်တယ်။ ကျုပ်က နတ်ဆိုးအင်ပါယာတစ်ပါးရဲ့ရတနာနဲ့ ဝယ်မယ်ဆိုရင်ရော…” ရင်ကျိုးတောင်မှလူက ပြောသည်။

သူ၏စကားကိုကြားလျှင် အားလုံးမှာ ကျောက်ရုပ်အလား တောင့်တင်းသွားကြသည်။

သူက အရိုးအတွက် ထိုမျှ တန်ဖိုးကို မေးမည်လား။ မည်သူက ဤသို့အရောင်းအဝယ်ကို ငြင်းမည်နည်း။

“ဒီအရိုးက ဘာများလဲ” သားရဲများအားလုံးက ရီဖူရှင်းကို စိုက်ကြည့်ကြသည်။ ရင်ကျိုးတောင်က ထိုအရိုး၏သမိုင်းကြောင်းကိုသိရပေမည်။ သည်လူသားကလည်း အရိုးကို သိကောင်းသိနိုင်ပေသည်။

ထိုနေရာတစ်ခုလုံး တိတ်ဆိတ်နေသည်။

သည်တစ်ခေါက်ကား ရင်ကျိုးတောင်က နောက်ဆုံး ကမ်းလှမ်းခြင်းဖြစ်ပေမည်။ သည့်ထက်ကမ်းလှမ်း၍ ရီဖူရှင်းက ငြင်းပယ်ခဲ့ပါက သူတို့အတွက် မျက်နှာပျက်စရာဖြစ်လာပေလိမ့်မည်။ ထို့အပြင် အရိုးသည် နတ်ဆိုးအင်ပါယာတစ်ပါး၏အရိုးဆိုသည်ထက်လည်း ပိုဟန်ရနေသည်။

ရီဖူရှင်းကလည်း အခြေအနေကို ခံစားမိသည်။ သူသည်သာ ဆက်လက်ငြင်းပယ်ခဲ့ပါက ရင်ကျိုးတောင်ကို ရန်သူလုပ်သည်နှင့်တူပေမည်။

သူက အရိုးသည် သာမန်မဟုတ်သည်ကို ခံစားမိရာ သူက သူ၏သက်စောင့်ဝိညာဉ်နှင့်ထိတွေ့ရန် ကြိုးစားခဲ့သည်။ ထင်မှတ်ထားသည့်အတိုင်း သူက ထူးခြားသည့်ခံစားချက်ကို ရသည်။

အရိုးကား နတ်ဆိုးအင်ပါယာ၏အရိုးမျှသာမဟုတ်ပေ။

ကျူးကျောက်က ရှေ့ကို လျှောက်လာကာ ပြောသည် “သူက မရောင်းမှတော့ ခင်ဗျားတို့ ဆက်ပြောစရာမလိုတော့ဘူး” သူက ရင်ကျိုးတောင်မှ ခေါင်းဆောင်ကို ပြောသည်။

“ကျူးကျောက်…” ရင်ကျိုးတောင်သားရဲက သူ့အား အေးစက်စွာ ကြည့်သည် “ဒါ မင်းနဲ့မဆိုင်ဘူး”

“ငါတို့ အတူတူလာတာ။ ငါနဲ့ဆိုင်တယ်” ကျူးကျောက်က တည်ငြိမ်စွာ ပြောသည်။

ရင်ကျိုးတောင်သားရဲက သူ့အား ကြည့်ကာ မျက်မှောင်ကြုတ်သည် “ဒီက ထွက်သွား”

ကျူးယန့်နတ်ဆိုးအင်ပါယာသည် ကြောက်စရာကောင်းသည်ဟု ကျူးကျောက်က တွေးထင်နေသည်လား။

ကျူးကျောက်က တစ်ဘက်လူကို ရွှေရောင်မျက်လုံးများဖြင့် ကြည့်သည်။ သူ့ထံမှ ပြင်းထန်သော အရောင်အဝါသည် တစ်ဘက်လူထံသို့ ရိုက်ခတ်သွား၏။

“ဒီက ထွက်သွား”

သူ၏တိုးညင်းသောအသံက တစ်ဘက်လူ၏နားထဲကို အေးစက်စွာ ဝင်ရောက်သွားသည်။

လျှပ်တပြက် ကြီးမားသော ဖိအားသည် ထိုနေရာတစ်ခုလုံးကို ပြည့်နှက်သွား၏။ ရင်ကျိုးတောင်သားရဲနှင့် ကျူးယန့်မင်းသားတို့ အချင်းချင်း ရင်ဆိုင်တွေ့ကြသည်။

အခြေအနေကို မြင်လျှင် နတ်မိစ္ဆာမြေခွေးကလန်မှ အဘိုးအိုက ရှေ့ကို တက်လာကာ ပြောသည် “ဒါက ပြဿနာတစ်ခုဆိုပေမဲ့ ကျုပ်တို့က စကားအားဖြင့် ညှိနှိုင်းလို့ရတာပဲ”

“မင်းက အတော်လေးသန်မာတယ်လို့ ငါကြားတယ်။ အခု ကျူးယန့်ကလန်ရဲ့ ပါရမီရှင်က ဘယ်လောက်တော်လဲဆိုတာ ကြည့်ရတာပေါ့”

ရင်ကျိုးတောင်သားရဲက သူ၏အတောင်ပံများကို ဖြန့်ကာ အေးစက်စွာ ပြောသည်။ သူက လျှပ်စီးတန်းအသွင်ဖြင့် လေထဲကို ခုန်တက်သွား၏။ သူက အတောင်ပံများကို လှပစွာ ခတ်ကာ လှံကို ထုတ်လိုက်သည်။

ရုတ်တရက် အလွန်ရုန့်ရမ်းကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါတစ်ခု ထွက်ပေါ်လာ၏။

ကျယ်လောင်သော လေတိုးသံတစ်ခုနှင့်အတူ ကျူးယန့်မင်းသားက လေထဲကို တက်သည်။ သူကလည်း လက်ဆန့်တန်းလိုက်လျှင် ရွှေရောင်လှံတစ်လက်ပေါ်လာသည်။

သို့သော်လည်း ကောင်းကင်ထက်မှ သဏ္ဌန်တွင် ရွှေရောင်ချပ်ဝတ်တစ်ခုပေါ်လာသည်။ ကျူးကျောက်၏လှံသည် ရှေ့ကို တိုးဝင်သွားသော်လည်း ဆက်လက်ကြီးထွားလာခဲ့သည်။ ထိုအရာက လေထုကိုပင် ဖြိုခွင်းတော့မည့်အလားထင်မှတ်ရ၏။

သူ၏ပြိုင်ဘက်က လျှပ်တပြက် လှုပ်ရှားသွားလျှင် ကောင်းကင်တွင် အဖြူရောင်လျှပ်စီးများဖြစ်ပေါ်လာသည်။ ထို့အတူ ပုံရိပ်ယောင်အများအပြားလည်း ပေါ်လာခဲ့၏။ ပုံရိပ်များမှာ အတုနှင့်အစစ်ခွဲ၍မရပေ။ သူတို့က လှံသွားရာသို့ လိုက်ပါလှုပ်ရှားကြ၏။

ဘန်း…

ကျူးကျောက်က ရွှေရောင်လျှပ်စီးတန်းအလား ရွေ့လျားသွားကာ ပြိုင်ဘက်ထံသို့ ဦးတည်လိုက်သည်။

အဖြူရောင်လျှပ်စီးသည် လေထဲဖြတ်ခနဲလက်သွားသည်။ ကျူးကျောက်က ရှေ့ကို လှံဖြင့် ထိုးလိုက်သည်။ သူရပ်နေရာမှ အရိပ်သည် ကောင်းကင်ကို ဖုံးအုပ်သွားကာ ထိုနေရာတစ်ခုလုံးအား မှောင်မဲသွားစေသည်။

ဟူး…

ရင်ကျိုးတောင်သားရဲက အတောင်ပံများကို ဖြန့်လိုက်လျှင် သူသည် ပိုမိုအရွယ်အစားကြီးမားလာ၏။ သူကား စစ်မှန်သောအသွင်သို့ ပြောင်းလဲသွားသည်။

သူက အတောင်ပံများကို ခတ်ကာ ပြင်းထန်သော လေလှိုင်းများဖြစ်စေသည်။ မဟာလမ်းစဉ်၏အသိများသည် မရေမတွက်နိုင်သော ငွေလှံများအဖြစ် ပြောင်းလဲကာ ကြယ်အလင်းများကဲ့သို့ မြန်ဆန်စွာ ကျဆင်းလာခဲ့သည်။

ထက်ရှသော အသံများသည် လေထဲ ဆူညံသွား၏။ ဧရာမလှံများသည် အချင်းချင်းရင်ဆိုင်မိကာ လေထုတစ်ခုလုံး အုံးအုံးကြွက်ကြွက်ဖြင့် ဆူညံနေတော့သည်။

ရွှေရောင်လှံသည် ငွေလှံများကို ဖြတ်သန်းကာ ရှေ့ကို ဆက်လက်ရွေ့လျားနေခဲ့သည်။ ကျူးကျောက်၏သွင်ပြင်သည်လည်း ဧရာမကြီးမားလာခဲ့၏။ လှံသည်လည်း ပိုမိုကြီးမားလာခဲ့ကာ ကောင်းကင်သည်ပင် တုန်ခါလာရ၏။

ဟူး…

ရင်ကျိုးတောင်သားရဲကြောင့် လေလှိုင်းတစ်ခု ရိုက်ခတ်လာသည်။ သူက လှံကို လေအလျင်နှင့်အတူ ထိုးနှက်ကာ ဆင်းသက်လာ၏။ သူကား မြန်ဆန်လွန်းရကား မျက်လုံးဖြင့်ပင် လိုက်မှီရင် ခက်ခဲသည်။ လှံအချင်းချင်းရင်ဆိုင်မိသော်လည်း အသံသည် လေထဲ ပျောက်ကွယ်သွား၏။

လှံ၏စွမ်းရည်သည် အလွန်အားကောင်းကာ ရင်ကျိုးတောင်သားရဲသည် အရာအားလုံးကို ဖြတ်တောက်လျှက် ကျူးကျောက်ထံသို့ ဆင်းသက်လာခဲ့၏။

“သူက အရမ်းမြန်တာပဲ”

အားလုံးက ကောင်းကင်မှ ပုံသဏ္ဌာန်ကို တုန်ယင်စွာဖြင့် ကြည့်နေကြသည်။ ကျုးကျောက်၏ခန္ဓာကိုယ်က ရွှေရောင်ပြောင်းလဲသွားကာ သူက လှံကို ချလျှက် အပေါ်မှ ကျဆင်းလာသော ရင်ကျိုးနတ်ဆိုးကို လက်ဝါးဖြင့် ရိုက်လိုက်သည်အား မြင်လိုက်ကြရသည်။

ဧရာမသားရဲကြီးက ကျယ်လောင်စွာ အော်ဟစ်လျှင် လေထုသည် တုန်ခါသွား၏။ ရင်ကျိုးသားရဲ၏အမြန်နှုန်းသည်ပင် နှေးကွေးသွားဟန်ရသည်။

ဝှီး… ဝှီး…

လှံသည် စူးရှသော အသံများနှင့်အတူ ဆင်းသက်လာ၏။ ငွေရောင်အလင်းသည် လေကို ခွင်းကာ ရွှေရောင်လက်ဝါးနှင့်ရင်ဆိုင်ပြီး ၎င်းအား ဖြတ်တောက်သွားသည်။ ကြောက်မက်ဖွယ်စွမ်းအားသည် ရင်ကျိုးတောင်သားရဲကို တုန်ခါသွားစေကာ တစ်ဘက်တွင်လည်း ကျူးကျောက်၏လက်ဝါးသည် ပိုင်းဖြတ်ခံရပြီး ဒဏ်ရာမှ သွေးများ စီးကျလာသည်။ တစ်ဘက်ပြိုင်ဘက်က မည်မျှ စွမ်းအားကြီးသည်မှာ သိသာပေသည်။

ဟူး…

ရင်ကျိုးသားရဲက လေထဲမှနေ၍ သူ၏လှံကို ဝှေ့ယမ်းလိုက်သည်။ လေပြင်းတစ်ချက်က သူ၏ခန္ဓာကိုယ်ကို ရိုက်ခတ်သွားကာ သူ့ပြိုင်ဘက်ကို ကြည့်လိုက်၏။ သူ့မျက်လုံးကား အထင်သေးခြင်းများနှင့် ပြည့်နှက်နေသည်။

***

All Chapters