← Chapters

အခန်း (၁၀၀၉)

Vol. 68 Ch. 1009

အခန်း (၁၀၀၉)

Vol. 68 Ch. 1009

ငရဲဆေးလုံးကို သောက်သုံးပြီးသော ကျွင်းချောင်ရှောင်းသည် ရေအေးနှင့် ပက်ခံရသောကြောင့် နိုးထလာခဲ့သည်။ ထို့ကြောင့် စောနတုန်းက အခေါင်းကြီးတစ်ခုလုံး ပေါက်ကွဲသွားပြီး ရှစ်ကျန်းရွှမ် ငိုယိုနေသည်ကို နှစ်သိမ့်နေသည့် မြင်ကွင်းတစ်ခုလုံးသည် အိမ်မက်မက်နေခြင်းသာ ဖြစ်တော့၏။

“အခု ဓားကို လည်ပင်းပေါ်ကနေ ဖယ်ပေးလို့ ရပြီလား” မြောင်စိုင်းဖန်က တောင်းဆိုလိုက်သည်။

ရေနှင့်လောင်းလိုက်ရန် အကြံသည် သူမ၏အကြံဖြစ်တော့သည်။ လုချင်းချင်းသည် ပိုမိုအသုံးဝင်စေရန်အတွက် ရေကို အေးအောင်ပင် ပြုလုပ်ခဲ့သေး၏။ ထင်မှတ်ထားသည့် အတိုင်းပင် ကျွင်းချောင်ရှောင်းသည် ၎င်း၏ အိမ်မက်ဆီမှ လန့်နိုးခဲ့၏။

ချလွမ်

လုချင်းချင်းသည် ဓားအား ဓားအိမ်ထဲသို့ ထည့်ကာ အေးစက်စက် ပြောလိုက်သည်။ “အကျဉ်းထောင်ထဲကို ပြန်သွားတော့”

မြောင်စိုင်းဖန်သည် မည်သည့်စကားမှ မဆိုချေ။ သူမသည် လုချင်းချင်း၏ ဦးဆောင်မှုနှင့်အတူ အကျဉ်းထောင်ထဲသို့ ပြန်သွားတော့သည်။ လမ်းတလျှောက်မှာတော့ တွေးနေမိသည်။ ဒီလောကကြီးထဲမှာ လူတစ်ယောက်ကို သေတယ်လို့ ထင်မှတ်အောင် ပြုလုပ်နိုင်တဲ့ အဆိပ် တကယ်ပဲ ရှိနေတာလား၊ မယုံကြည်နိုင်စရာပဲ။

ကျွင်းချောင်ရှောင်း မသေဆုံးဘူးဆိုသောကြောင့် ပြိုင်စံရှားဂိုဏ်းရှိ လူအားလုံးတို့သည် ပျော်ရွှင်သွားခဲ့ကြသည်။ လေထုထဲတွင် ဖြစ်ပေါ်နေသော ဝမ်းနည်းသည့်အော်ရာများသည် ပျောက်ကွယ်သွားခဲ့တော့သည်။

“သေဆုံးခြင်းက ထင်သလောက်လဲ ကြောက်ဖို့ မကောင်းပါလား”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာဖြင့် အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိနေသည်။ “နေအုံး၊ သီးခြားတာဝန်က ဘာလဲ”

သူသည် အလောတကြီးဖြင့် ဖွင့်ကြည့်သည့်အချိန်မှာတော့ သီးခြားတာဝန်ဆိုသည့်အရာသည် မရှိတော့ချေ။ သို့ပေမဲ့ သူ့တွင် ဂိုဏ်းစုဆောင်းမှတ်တစ်သောင်း ထပ်တိုး၍ ရှိနေသည်။ သူသည် တီးတိုးရေရွတ်လိုက်မိ၏။

“ကြည့်ရတာ ငါအိမ်မက် မက်နေတဲ့အချိန်မှာ သီးခြားတာဝန်က ပြည့်စုံသွားခဲ့တာ ဖြစ်မယ်”

တာဝန်သည် သူ့အား ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းပေးခဲ့၏။ တခြားသောဆုလာဘ်များလည်း မရှိချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း သည် အလွန်တရာ စိတ်ကျေနပ်လျက် ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် အိပ်ပျော်နေရင်းတင် ဂိုဏ်းစုဆောင်းမှတ်များ ရရှိခဲ့သောကြောင့်ဖြစ်၏။ ထိုကဲ့သို့သော ကိစ္စမျိုး ထပ်မံဖြစ်ပွားမည်ဆိုပါက အကြိမ်တစ်သောင်းလောက် ဖြစ်မည်ဆိုလျှင်လည်း သူကျေနပ်နိုင်၏။

“ဂိုဏ်းချုပ်”

အကြီးအကဲဝေက ပြောလိုက်သည်။ “ဘာတွေဖြစ်နေတာလဲ”

မြောင်စိုင်းဖန်၏ သုံးသပ်ချက်သာ မရှိသည်ဆိုပါက သူတို့အားလုံးသည် ဂိုဏ်းချုပ် သေဆုံးသွားသည်ဟု ထင်မှတ်မိပေလိမ့်မည်။ သို့ပေမဲ့ ရေအေးအေးနှင့် ပက်လိုက်သည့်အချိန်မှာတော့ ဂိုဏ်းချုပ်သည် နိုးထလာခဲ့၏။

ကျွင်းချောင်ရှောင်းသည် ဖြစ်သမျှ အကြောင်းအရာကို ဖုံးကွယ် မထားချေ။ ငရဲဆေးလုံးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြောပြခဲ့၏။ အကြီးအကဲဝေ၊ အဘိုးကြီးတင်းနှင့် တခြားသူများ အားလုံးသည် ဆေးသောက်ပြီးသည်နောက် လူတစ်ယောက်အား သေဆုံးသည်ဟု ထင်မှတ်မှားစေသည့် ဆေးလုံးမျိုးရှိသည်ဟု ကြားရသည့်အချိန်မှာတော့ မျက်လုံးပြူးသွားမိသည်။

“ဪ ဟုတ်ပြီ”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ခန်းမသခင်ရှစ်က ဘယ်မှာလဲ”

အရင်အချိန်တုန်းက တာဝန်သည် အလျင်လိုလျက်ရှိနေသည်။ ထို့ကြောင့် သူသည် ခန်းမသခင်ရှစ်အား ရှင်းပြမှုမပြုလုပ်ဘဲ ဆေးကို အလျင်အမြန် သောက်သုံးခဲ့ခြင်းပင် ဖြစ်၏။ ဤအမျိုးသမီးသည် သူ၏ဘေးနားတွင် ထိုင်နေခြင်း ဖြစ်၏။ သူသေဆုံးသွားခဲ့သည်ကို မျက်မြင် မြင်တွေ့ခဲ့ရသောကြောင့် ထိတ်လန့် ကြောက်ရွံ့နေ အေကြီးအကဲဝေက ပြောလိုက်၏။ “ခန်းမသခင်ရှစ်ကို ဧည့်ခန်းဆောင်ထဲမှာ ထားထားတယ်”

...............

သံမဏိအရိုးတောင်ပေါ်ရှိ အရင်တုန်းက တပည့်များ နေထိုင်ရန်ထားသည့် တည်နေရာကြီးသည် လက်ရှိအချိန်မှာ တော့ ဧည့်သည့်များ နားနေရန် အဆောက်အဦများနှင့် ပြည့်လျက်ရှိတော့သည်။ ကျွင်းချောင်ရှောင်းသည် အခန်း တစ်ခုထဲသို့ လျှောက်ဝင်သွားခဲ့၏။ ရှစ်ကျန်းရွမ်သည် သူ့အားမြင်ရသည့်အချိန်မှာတော့ ပထမကြောင်အလျက် ရှိနေပြီးသည့်နောက်မှာတော့ သူမ၏ မျက်မှန်ကို ချွတ်ကာ မျက်လုံးများကို ပွတ်သပ်လိုက်သည်။

“ဂိုဏ်းချုပ်ကျွင်း... အသက်ရှင်နေသေးတာလား”

“ဟုတ်ပါတယ်” ကုန်းရှန့်သည် ပြုံးလိုက်၏။

“ကျွန်မက ကြောက်လွန်းလို့ သေမတတ်ပဲ” ရှစ်ကျန်းရွှမ်သည် ရင်ဘတ်လေးကို အသာဖိလိုက်မိ၏။ သူမ၏ မျက်နှာပေါ်တွင်တော့ တောက်ပသည့်အပြုံးတစ်ခု ရှိနေသည်။ သူမ၏ မျက်လုံးများသည် နီရဲလျက်ရှိနေသေး၏။

“ကျုပ် တောင်းပန်ပါတယ်” ကျွင်းချောင်ရှောင်းသည် တောင်းပန်လိုက်မိ၏။ “ခန်းမသခင်ရှစ်ကို စိတ်ပူပန်အောင် လုပ်မိတယ်”

ရှစ်ကျန်းရွှမ်သည် အပြစ်ကင်းစင်စွာဖြင့် ပြုံးကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း အဆင်ပြေနေတယ်ဆိုရင် ပြီးတာပါပဲ”

“တကယ်လို့ ခင်ဗျား အလုပ်အားတယ်ဆိုရင် ဒီမှာ ရက်အနည်းငယ်လောက် နေပါအုံးလား” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ရှစ်ကျန်းရွှမ်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်မိ၏။ “ကျွန်မ အပြင်ကို ထွက်လာတာ ရက်အနည်းငယ် ကြာပြီ လေ၊ ဂိုဏ်းထဲမှာ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်”

သူမသည်လည်း ပြိုင်စံရှားဂိုဏ်းထဲတွင် အချိန်ကာလတစ်ခုကြာ နေထိုင်ချင်နေမိ၏။ သို့ပေမဲ့ ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည်မို့ သူမ၏ ပခုံးပေါ်တွင် တာဝန်ဝတ္တရားများက ရှိလို့နေသေး၏။ တစ်နေ့တည်းမှာပင် ရှစ်ကျန်းရွှမ်သည် လန့်ရှင်းရွှဲ့နှင့်အတူ ပြန်လည်ထွက်ခွာသွားခဲ့၏။

ကျွင်းချောင်ရှောင်းသည် သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက်မှာတော့ အသာလှည့်၍ ဂိုဏ်းထဲသို့ ဝင်လိုက်တော့သည်။ ဂိုဏ်း၏ တောင်ဂိတ်တံခါးမှတော့ လုချင်းချင်းသည် သူမ၏ ပုံစံအတိုင်းပဲ လက်ပိုက်ကာဖြင့် ရပ်လျက် ရှိနေ၏။ သူမသည် အေးစက်စက် ပြောလိုက်သည်။ “ဂိုဏ်းချုပ် သေဆုံးခြင်းနဲ့ပတ်သက်ပြီး ဂိုဏ်းတစ်ခုလုံးက ရင်ကွဲနာကျနေတာလေ၊ ဒါပေမဲ့ အားလုံးကို တောင်းပန်စကား မပြောဘဲနဲ့ ဘာလို့ ခန်းမသခင်ရှစ်ကို တောင်းပန်နေရတာလဲ”

“ဟမ်” ကုန်းရှန့်သည် ချက်ချင်းပဲ ရှက်ရွံ့သွားမိ၏။

လုချင်းချင်းက ပြောလိုက်သည်။ “အနာဂတ်မှာ တကယ်လို့ သေချင်ယောင်ဆောင်မယ်ဆိုရင်လည်း အားလုံးကို ကြိုပြီးတော့ ပြောအုံးမှပေါ့၊ ဒါမှ ဂိုဏ်းချုပ်အတွက် စိတ်မပူပန်ကြမှာ မဟုတ်လား”

အမှန်ပင် ဖြစ်သည်။ ကျွင်းချောင်ရှောင်း သေဆုံးသည့်အတောအတွင်း ကြီးမားသည့် အတွေ့အကြုံများကို ရရှိခဲ့ဖူး သော အကြီးအကဲဝေလို လူပင် ထိခိုက်ခံစားခဲ့ရ၏။ တပည့်များဆိုလျှင် ပြောနေစရာပင် မလိုအပ်ချေ။

“အခြေအနေက အရမ်းကို အလျင်လိုနေလို့ပါ၊ ငါ... ငရဲဆေးလုံးကို စားပြီးတဲ့အချိန်မှာ ဒီလောက်ကြီး ဖြစ်သွားမယ်လို့ မထင်မိဘူးလေ၊ ထပ်မလုပ်တော့ပါဘူး” ကျွင်းချောင်ရှောင်းသည် ကိုယ့်ကိုယ်ကို ဆုံးမသလို လုချင်းချင်းကိုလည်း တောင်းပန်လိုက်သည်။

လုချင်းချင်းက ပြောလိုက်သည်။ “မြောင်စိုင်းဖန်က အဆိပ်လမ်းစဉ်နဲ့ ပတ်သက်ပြီး တော်တော် ကျွမ်းကျင်တယ်၊ ဂိုဏ်းချုပ် သူ့ကို ဂိုဏ်းထဲခေါ်တာ ပိုကောင်းမယ်နဲ့တူတယ်”

“အင်း...” ကျွင်းချောင်ရှောင်း ခေါင်းညိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် အဆိပ်ရှိနေသည်ကို ရှာဖွေတွေ့ရှိ နိုင်ပြီး ရေအေးနှင့်ပက်ကာ နိုးထနိုင်စေသည့်အကြောင်းကို တွေးတောနိုင်သောကြောင့် သူမသည် အမှန်ပင် အရည်အချင်းရှိသူတစ်ယောက် ဖြစ်ပေလိမ့်မည်။ အဆိပ်လမ်းစဉ်ဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ကောင်းမွန်သည့်လမ်းစဉ်မဟုတ်ဘူးဆိုသော်လည်း သင့်တော်သည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိအောင် လေ့ကျင့်နိုင်သောသူဖြစ်သည်ဆိုပါက သိုင်းနယ်မြေတစ်ပိုင်း သို့မဟုတ် သိုင်းနယ်မြေကျင့်ကြံသူကိုပင် အဆိပ်ခတ်ရန်အတွက် ပြဿနာ မရှိချေ။ ပြိုင်စံရှားဂိုဏ်းသည် အဆိပ်လမ်းစဉ်နှင့်ပတ်သက်၍ ကျွမ်းကျင်သူ လိုအပ်လျက်ရှိနေသည်။ ထို့ကြောင့် ဤလိုအပ်ချက်အား မြောင်စိုင်းဖန်နှင့် ဖြည့်ဆည်းမှ ဖြစ်ပေလိမ့်မည်။

.........

ကျွီ

အကျဉ်းထောင်တံခါးသည် ပွင့်သွား၏။ နေအလင်းရောင်များသည် အထဲသို့ တိုးဝင်လာခဲ့သည်။

ချွင် ချွင် ချွင်

ပင့်ကူနှင့် ကင်းမြီးကောက်များသည် နေရာအနှံ့ဆီသို့ ထွက်ပြေးသွားကုန်၏။ ကျွင်းချောင်ရှောင်းသည် အထဲသို့ လှမ်းဝင်လိုက်ပြီးသည့်နောက်မှာတော့ အိပ်ယာပေါ်တွင် ခြေချိတ်ကာ ထိုင်လျက်ရှိနေသော မြောင်စိုင်းဖန်ကို ကြည့်ရှုလိုက်သည်။ ပြီးနောက် ပြောလိုက်၏။ “ဒီမှာနေရတာ အသားကျနေပြီလား”

“အသားမကျဘူးလို့ပြောရင် အပြင်ကို ထုတ်ပေးမှာ မို့လို့လား”

“ထုတ်မပေးပါဘူး”

“..........” မြောင်စိုင်းဖန်သည် မည်သည့်စကားမှ မပြောတော့ပေ။

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါပြီးသည့် နောက်မှာတော့ သူ၏ လက်အား လာရောက်ကိုက်ခဲနေသည့် ပင့်ကူသေးလေးတစ်ကောင်အား လက်ဖြင့် ဖိညှစ်ကာ သတ်ဖြတ်လိုက်၏။ ပြီးနောက် ပြောလိုက်တော့သည်။ “လောကကြီးထဲမှာ အဆိပ်ပေါင်း တစ်သောင်း ကျော်လောက် ရှိတယ်လေ၊ နန်းတော်သခင်မြောင် သိတယ်ဆိုတာက တကယ့်ကို အပေါ်ယံသာသာပဲ ရှိပါသေးတယ်”

“ဥပမာအားဖြင့်”

မြောင်စိုင်းဖန်က ပြောလိုက်သည်။ “ရှင် သေသလိုဖြစ်အောင် လုပ်ခဲ့တဲ့ အဆိပ်မျိုးလား”

ကျွင်းချောင်ရှောင်းသည် အဲ့အကြောင်းနှင့်ပတ်သက်၍ ထပ်မပြောချေ။ ပြီးနောက် ပြောလိုက်သည်။ “တကယ်တော့ ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းရဲ့ ဘိုးဘေးတွေထဲက တစ်ယောက်က အဆိပ်လမ်းစဉ်ကို ကောင်းကောင်းနားလည်တယ်၊ သူက မျိုးဆက်တစ်ရာအဆိပ်ကျမ်းလို့ခေါ်တဲ့ ကျမ်းတစ်ခုကို ဖန်တီးခဲ့တယ်၊ ကံဆိုးတာက အဆိပ်လမ်းစဉ်နဲ့ ပတ်သက်ပြီး ဘယ်သူမှာမှ ပါရမီ မရှိဘူး၊ ဒီတော့ ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်ထဲမှာ အထီးကျန်စွာနဲ့ ရှိနေရတယ်”

“မျိုးဆက်တစ်ရာ အဆိပ်ကျမ်းစာ ဟုတ်လား” မြောင်စိုင်းဖန်သည် အနည်းငယ် မျက်မှောင်ကုတ်လိုက်မိ၏။

ဆွစ်

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါလိုက်ပြီးသည့်နောက်မှာတော့ လျှို့ဝှက်ကျမ်းစာတစ်ခုသည် အိပ်ယာပေါ်သို့ ကျဆင်းသွားသည်။ အဖုံးပေါ်တွင် မျိုးဆက်တစ်ရာအဆိပ်ကျမ်းစာဟု ရေးသားထားသည်ကို မြင်ရ၏။

“ဒါက”

“ခင်ဗျားက အဆိပ်လမ်းစဉ်မှာ ကျွမ်းကျင်တဲ့ လူတစ်ယောက်လေ၊ ဒီတော့ နားလည်နိုင်မယ်လို့ ထင်တယ်”

မြောင်စိုင်းဖန်သည် မျက်လုံးပြူးသွားမိ၏။ ပြီးသည့်နောက်မှာတော့ သူမသည် ကျမ်းစာအား အသာကောက်ယူပြီး လှန်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ အလုံးစုံဆွံ့အသွားလျက်ရှိ၏။ ဤအရာသည် ခန့်မှန်း၍ မရအောင် အားကောင်းလွန်းသော အဆိပ်လမ်းစဉ်၏ ကျမ်းစာပင် ဖြစ်တော့သည်။ ဤအရာကို နားလည်နိုင်မည်ဆိုပါက သူမ၏ အဆိပ်လမ်းစဉ်သည် ပိုမိုတိုးတက်သွားရုံသာမက အဆိပ်ကို အသုံးပြုသည့်နေရာတွင်လည်း ထိပ်ဆုံးအဆင့် သို့ရောက်ရှိသွားပေလိမ့်မည်။

ဆွစ်

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါလိုက်ပြီးသည့်နောက်မှာတော့ မျိုးဆက်တစ်ရာ အဆိပ်ကျမ်းစာအား ပြန်လည်သိမ်းဆည်းလိုက်၏။ “ကျုပ်ရဲ့ဂိုဏ်းထဲကိုဝင်၊ ဒါဆိုရင် လျှို့ဝှက်ကျမ်းစာက ခင်ဗျားအတွက်ပဲ”

“ပြီးတော့ ကျုပ်ရဲ့ ပြိုင်စံရှားဂိုဏ်းရဲ့ အဆိပ်ဟောခန်းမှာ ဟောခန်းသခင်တစ်ယောက် လိုအပ်နေတယ်လေ”

မြောင်စိုင်းဖန်က ပြုံးလိုက်သည်။ တစ်ဖက်လူသည် လျှို့ဝှက်ကျမ်းစာအား ထုတ်ဖော်ပြသခဲ့ပြီး သူမအား ဂိုဏ်းထဲသို့ ခေါ်ရန် စီစဉ်ခဲ့ခြင်းပင် ဖြစ်တော့သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကျုပ်ရဲ့ဂိုဏ်းက တတိယအဆင့် ဂိုဏ်းတစ်ခုအဖြစ် တိုးမြှင့်ရောက်ရှိခဲ့ပြီ၊ ဒီတော့ အဆင့်ငါးဂိုဏ်းချုပ်တစ်ယောက်ကို ဟောခန်းသခင်အဖြစ် ထားတယ်ဆိုတာက ဆိုးရွားတဲ့ အကြံအစည် တော့ မဟုတ်ဘူးမို့လား”

“ကျွန်မ စဉ်းစားပါ့မယ်”

“ကောင်းပြီ၊ ဒါဆိုရင် သုံးရက် အချိန်ပေးမယ်” ကျွင်းချောင်ရှောင်းသည် ပြောပြောပြီးချင်းမှာပဲ လှည့်ကာ ထွက်ခွာ သွား၏။ သို့ပေမဲ့ သူ အချုပ်ခန်းတံခါးနား ရောက်သည့်အချိန်မှာတော့ မြောင်စိုင်းဖန် လှမ်းပြောလိုက်သည်ကို ကြားလိုက်ရသည်။

“ကျွန်မ သဘောတူတယ်”

“............”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ သူသည် အရင်တုန်းကလည်း လီလိုရှုကို ဤကဲ့သို့ ဆွဲဆောင်ခဲ့ဖူး၏။ သို့ပေမဲ့ သူမသည် သေသေချာချာ စဉ်းစားမည်ဟု ပြောဆိုခဲ့ပြီးနောက် ချက်ချင်းပဲ သဘောတူညီခဲ့၏။ ဤအတွေ့ အကြုံရင့်ကျက်လှသော အမျိုးသမီးများသည် ဆုံးဖြတ်ချက်ချသည့်နေရာတွင် ဤကဲ့သို့ ခဏသာ ကြာမြင့်သည်လား မသိချေ။

“ခန်းမသခင်မြောင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားရဲ့ ဝိညာဉ်အရင်းအမြစ်ကို ပေးပါ”

ဤအမျိုးသမီးသည် အဆိပ်ကို အသုံးပြုရာတွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူမကို အလုံးစုံ ထိန်းချုပ်ထားနိုင်မှသာလျှင် လွယ်လွယ်ကူကူနှင့် ယုံကြည်ရမည်ဖြစ်သည်။ မျိုးဆက်တစ်ရာ ကျမ်းစာကို ရယူချင် မိသည့် မြောင်စိုင်းဖန်သည် ခဏလောက် စဉ်းစားပြီးသည့်နောက် ချက်ချင်းပဲ သူမ၏ ဝိညာဉ်အရင်းအမြစ်ကို လွှဲကာ ပေးလိုက်တော့သည်။

..................

တစ်ရက်တည်းမှာပဲ ကျွင်းချောင်ရှောင်းသည် အဆိပ်ဟောခန်း တည်ထောင်ခြင်းကို ကြေညာခဲ့တော့၏။ မြောင်စိုင်းဖန်သည် ဟောခန်းသခင်အဖြစ် တရားဝင်ခန့်အပ်ခြင်းကို ခံရ၏။ လက်ရှိတွင် အဆိပ်တောင်ထွတ်ဟူ၍ သီးခြား မတည်ရှိသောကြောင့် မိုးဆွေတောင်ထွတ်၌ အတူတူ ယှဉ်တွဲထားရှိရ၏။

ထိုတောင်ထွတ်ပေါ် မှာတော့ အတွေ့အကြုံရင့်ကျက်လှသော အမျိုးသမီးနှစ်ယောက် တည်ရှိနေသည်။ တစ်ယောက်သည် လုပ်ကြံ သတ်ဖြတ်သူတစ်ယောက်ဖြစ်ခဲ့ဖူးပြီး တစ်ယောက်မှာတော့ အဆိပ်များကို ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် လောကကြီးတွင် ကြောက်မက်ဖွယ်ရာကောင်းသော အမျိုးသမီးနှစ်ယောက်တို့၏ ပေါင်းစပ်မှု ဖြစ်ပေလိမ့်မည်။

All Chapters