အခန်း (၁၀၁၀)
Vol. 68 Ch. 1010
အဆိပ်ခန်းမဆောင်ကို စတင်တည်ထောင်ပြီးဖြစ်သည်ဆိုသော်လည်း မြောင်စိုင်းဖန်သည် အမိန့်ပေးသူ တစ်ယောက်အနေနှင့် တစ်ယောက်တည်းသာ တည်ရှိလို့နေတော့သည်။ မိုးဆွေဟောခန်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင်တော့ သူမသည် အလွန်တရာ အထီးကျန် ဆန်လွန်းလှ၏။
ကျွင်းချောင်ရှောင်း၏ ရည်မှန်းချက်သည် ဟောခန်းကို အရင်ဆုံး ဖွင့်လှစ်ရန်ပင် ဖြစ်တော့သည်။ အနာဂတ်တွင် အဆိပ်တာအိုနှင့်ပတ်သက်၍ အာကောင်းသော တပည့်များကို ထိုဟောခန်းဆီသို့ ရွှေ့ပြောင်းပေးမှာဖြစ်သည်။ မျိုးဆက်တစ်ရာအဆိပ်ကျမ်းနှင့်ပတ်သက်၍တော့ သူသည် မြောင်စိုင်းဖန်ကို ချက်ချင်း မပေးသေးချေ။ ၎င်း၏ အနာဂတ် ပြုမူဆောင်ရွက်ပုံများပေါ်တွင် မူတည်နေပေလိမ့်မည်။
“ဟင်း....”
စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ဆွံ့အလျက်ရှိနေသည်။ “အဆိပ် တာအို ကျွမ်းကျင်သူတစ်ယောက်ကို ခေါ်ယူဖို့အတွက် ငါက လျှို့ဝှက်သိုင်းနည်းစနစ် တစ်ရာကျော် အသုံးပြုခဲ့ရ တာပဲ၊ ဒီနေရာမှာ အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုက ယှဉ်တွဲတည်ရှိနေတယ်”
စနစ်ကပြောလိုက်သည်။ “လက်ခံသူ... သက်ပြင်းချနေဖို့တော့ မလိုပါဘူး”
“ဒါကတော့ အမှန်ပဲ”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဂြိုဟ်တိုက်ပွဲတည်နေရာကြီးရဲ့ ခံတပ်ကို ပိုပြီး ချဲ့ထွင်ဖို့အတွက် ငါက သတ်ဖြတ်ခြင်းကုန်းမြေကိုသွားပြီးတော့ ဂြိုဟ်ချင်း တိုက်ခိုက်မှ ဖြစ်လိမ့်မယ်”
သူ့အနေနှင့် ဆရာဖန်း၏ အကူအညီတောင်းထားသည့် အချက်အလက်နှင့်ပတ်သက်၍ စိတ်ပါဝင်စားလျက် ရှိနေသည် ဆိုသော်လည်း အထူးတာဝန်ကို ပြည့်စုံရန်အတွက် ပိုမို၍ စိုးရိမ်ပူပန်မိနေ၏။ ထို့အပြင် ဤအရာသည် သူ့အား ဓားနှင့်သိုင်းနယ်မြေဆီသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးလည်း ဖြစ်နေသည်။
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဆေးခန်းမဆီသို့ သွားလိုက်ပြီးသည့်နောက်မှာတော့ အဆင့်မြင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးတွင် ပါဝင်သော ကုန်ကြမ်းပစ္စည်းများအား ပြသလိုက်၏။ “တည်နေရာကို ခဏ ဖယ်ပြီးတော့ ဒီပါဝင်ပစ္စည်းတွေကို သီးခြားစိုက်ပျိုးရအောင်”
ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးကိုသာ များများစားစား ထုတ်ဖော်နိုင်မည်ဆိုပါက ပိုမို၍ အကျိုးသက်ရောက်မှု ရှိမှာ သေချာသည်။
အကြီးအကဲဝေသည် စာရင်းစာရွက်အား ယူ၍ သေသေချာချာ ကြည့်ရှုလိုက်သည်။ “ပစ္စည်းအမျိုးအစားတွေ များတယ်ဆိုပေမယ့် အရည်အသွေးကတော့ သိပ်ပြီး မမြင့်မားဘူးလေ၊ ဒါပေမဲ့ အသစ်ဖန်တီးထားတဲ့ ဆေးဥယျာဉ် ထဲမှာ စိုက်ပျိုးမယ်ဆိုရင်တော့ တစ်လအတွင်း ရင့်မှည့်သွားနိုင်လိမ့်မယ်”
“ကောင်းပါပြီ” ကျွင်းချောင်ရှောင်းသည် ဆေးခန်းမဆောင်ဆီမှ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးဆီသို့ ဝင်ရောက်လိုက်သည်။
ဝှစ် ဝှစ်
လွင့်မျောနေသော တောင်တန်းကြီးအောက် လွတ်လပ်နေသည့်တည်နေရာတစ်ခုမှာတော့ တောဝက်ရိုင်းလေးသည် မြေစွမ်းအင်များကို အသုံးပြုကာဖြင့် အဆောက်အဦ ဆောက်လုပ်ရာတွင် ကူညီလျက် ရှိနေသည်။ ကြည့်ရသည်မှာ သူသည် ဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ စတင်ဝင်ရောက်ကာစထက် ပိုမို၍ အားကောင်းလာခဲ့သည်။ ကောင်းကင်ကြီးသည် တာဝန်ဝတ္တရားကြီးကို ပေးဆပ်သည်ဆိုသည်မှာ ၎င်း၏ စိတ်၊ နှလုံး၊ ခန္ဓာကိုယ်၊ အရိုး၊ အရေနှင့် ကြွက်သားများအားလုံးကို ပိုမိုအားကောင်းစေရန်ပင် ဖြစ်ပေလိမ့်မည်။ ဤနှုန်းအရဆိုလျှင် တောဝက်ရိုင်း လေးသည် နဂါးလေးကို မကျော်ဖြတ်နိုင်ဘူးဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်း၏ ထိပ်တန်းပဋိညာဉ်သားရဲ စာရင်းတွင် အနည်းဆုံး ပါဝင်နိုင်ပေလိမ့်မည်။
“ကောင်လေး”
ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်သည်။ “ငါ.. လောကကြီးရဲ့ ထိပ်ဆုံးကို သွားတဲ့အချိန်မှာ မင်းက ငါ့ဘေးနားမှာ လိုက်လာရမယ်”
.................
အထူးတာဝန်ကိုးသည် စဦးလိုအပ်ချက်များနှင့် ပြည့်စုံသွားခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ ပြည့်စုံမှုနှုန်း ပိုမိုတိုးတက်စေရန် အတွက် ကျွင်းချောင်ရှောင်းသည် တည်နေရာကြီးကို ပိုမိုချဲ့ထွင်ပြီး အလယ်အလတ် သို့မဟုတ် ကြီးမားသည့် မြို့တစ်ခု အရွယ်အစားဖြစ်အောင် ပြုလုပ်ချင်မိသည်။ ထို့ကြောင့် သူသည် အမွေအနှစ်များကို ဆက်လက်ကာ ရှာဖွေလျက်ရှိနေသည်။
ဝှစ်
ခံတပ်ထဲမှ ပျံသန်းထွက်ခွာသွားပြီးသည့်နောက် သူသည် ရတနာရှာသည့်ပစ္စည်းအား ထုတ်ယူလိုက်တော့သည်။ အဆုံးသတ်မှာတော့ သူသည် တည်နေရာအနှံ့တွင်ပေါ်လာသော အလင်းစက်လေးစက်၊ ငါးစက် တည်ရှိသည့်နေရာ များကို ရှာဖွေတွေ့ရှိလိုက်သည်။ “ဒါတွေအကုန်လုံးကို မြန်မြန်ရှာပြီး ယူရမယ်”
စနစ်က ပြောလိုက်သည်။ “သနားဖို့ကောင်းတဲ့ ပစ္စည်းတွေပဲ”
နေ့ဝက်ခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် ဖုံးကွယ် ထားသော ရတနာများအားလုံးကို ယူငင်လိုက်တော့သည်။ ခံတပ်ကြီးဆီသို့ ပြန်လာရာလမ်းမှာတော့ သူသည် များပြားလှသော ကျင့်ကြံသူများ ပြောဆိုလျက်ရှိနေသည်ကို ကြားလိုက်ရ၏။
“တိုတမ်ကုန်းမြေတိုက်က လခြမ်းနယ်မြေ ကုန်းမြေတိုက်ကို စိန်ခေါ်ခဲ့တယ်တဲ့”
...........
ကျွတ် ကျွတ် ကျွတ်
“ဒါတွေက အဆင့်ငါးဂြိုဟ်နှစ်ခုပဲ၊ သတ်ဖြတ်ခြင်းကုန်းမြေထဲကို ဝင်ပြီးတိုက်ခိုက်မယ်ဆိုရင်တော့ ကျိန်းသေပေါက် ပြင်းထန်တဲ့ တိုက်ပွဲကြီး ဖြစ်လာမှာပဲ”
..................
“သတ်ဖြတ်ခြင်းကုန်းမြေထဲမှာ တိုက်ပွဲမဖြစ်တာ နည်းနည်းကြာနေပြီနော်၊ ငါတို့ ဒီပွဲကို လက်လွှတ်လို့ မဖြစ်ဘူး”
ထိုသို့ပင် ၎င်းတို့ ဆွေးနွေးလျက်ရှိနေကြ၏။ ပြီးသည့်နောက်မှာတော့ ၎င်းတို့၏ မျက်နှာများသည် ပျက်ယွင်းသွားခဲ့ကြသည်။ သူတို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “ကျွင်း... ကျွင်းချောင်ရှောင်း....... ပြေး... ပြေး”
...............
ရွှီး
ချက်ချင်းပဲ အားလုံးသောသူများသည် ကြောင်ကိုတွေ့လိုက်သော ကြွက်ကလေးများကဲ့သို့ ထွက်ပြေးသွားခဲ့ကြ တော့သည်။
..............
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားမိ၏။ သူသည် ဤဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် ရှိသော သတ်ဖြတ်ခြင်းကုန်းမြေတိုက်ကြီးနှင့်ပတ်သက်၍ အဓိကအချက်များကို မေးမြန်းချင်၍ လာခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ သူ့ကိုမြင်သည့်အချိန်တွင် တစ်ဖက်လူများ အားလုံးသည် ကြောက်လန့်စွာဖြင့် ထွက်ပြေးသွားခဲ့ကြ၏။
“တိုတမ်ကုန်းမြေတိုက်နဲ့ လခြမ်းနယ်မြေကုန်းမြေတိုက် ဟုတ်လား၊ သုံးရက်ကြာပြီးတဲ့နောက်မှာ သတ်ဖြတ်ခြင်း ကုန်းမြေထဲကို ဝင်ပြီးတိုက်ခိုက်မှာ ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်မိ၏။ “သွားပြီးတော့ ကောင်းကောင်းပွဲကြည့်ရမယ်”
ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ များပြားလှသော သိုင်းကျင့်ကြံသူများ ရောက်ရှိလာသည်ဆိုမှတော့ သူ့အနေနှင့် မနှေးမမြန်ဆိုသလို သတ်ဖြတ်ခြင်းကုန်းမြေဆီကို သွားကိုသွားရမှာဖြစ်၏။ ထို့ကြောင့် ဤနေရာနှင့်ပတ်သက်၍ ဘာတွေလိုအပ်ချက်ရှိသည်။ ဘာတွေထူးခြားသည်ဆိုသည်ကို သူ သေသေချာချာ သိရှိနားလည်ချင်နေမိသည်။
.................
ကျွင်းချောင်ရှောင်းသည် အမွေအနှစ်များကို ယူဆောင်ကာဖြင့် ခံတပ်ဆီသို့ ပြန်လာခဲ့လိုက်၏။ ထင်မှတ်ထားသည့် အတိုင်းပင် တည်နေရာသည် အနည်းငယ်ပိုမို၍ ကျယ်ပြန့်လာခဲ့သည်။ သို့ပေမဲ့ အလယ်အလတ်အဆင့် မြို့တစ်ခု အရွယ်အစားကို ရောက်ရန်အတွက် အလှမ်းဝေးကွာလျက် ရှိနေသေး၏။
“ဟင်း...”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်မိ၏။ “ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်က နေ့စဉ်နေ့တိုင်း လာမယ်ဆိုလို့ရှိရင် စိတ်ပူစရာ မလိုအပ်တော့ဘူး၊ မြို့ကြီးတစ်မြို့ အရွယ်အစားထိ ရောက်အောင် ပြုလုပ်နိုင်လိမ့်မယ်”
သူ့အနေနှင့် ရတနာရှာသည့်ပစ္စည်းတွင် ပေါ်လာသော အမွေအနှစ်များ အားလုံးကို ခိုးယူရယူခဲ့ပြီးပြီဖြစ်သည်။ ထို့ကြောင့် အချိန်အတိုင်းအတာအတောအတွင်း မြို့ကြီးကို ပိုမိုကျယ်ပြန့်ချင်သည်ဆိုပါက တိုက်ခိုက်ရေး စိတ်ဝိညာဉ်များအပေါ်တွင် မှီခိုမှ ဖြစ်ပေလိမ့်မည်။ ကံဆိုးစွာဖြင့် ကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ် သည် ရောက်ရှိလာပြီးသည့်နောက်မှာတော့ ထပ်၍ ပေါ်မလာခဲ့တော့ချေ။
“သခင်”
သူ တွေဝေနေတုန်းမှာပဲ တောဝက်ရိုင်းလေးသည် ချွေးတစ်လုံးလုံးဖြင့် ပြေးလာခဲ့၏။ “ခံတပ်ဆီကနေပြီး တော့ မိုင်တစ်ရာဝေးကွာတဲ့ မြေအောက်မှာ တစ်စုံတစ်ခုရဲ့ စွမ်းအင်တွေကို ခံစားမိတယ်လေ၊ ဒီအထဲမှာ ရတနာ တစ်ခုခု ရှိနေတာ ဖြစ်နိုင်တယ်”
“ဟမ်” ကျွင်းချောင်ရှောင်း၏ မျက်နှာသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။
....................
ခံတပ်၏ မိုင်တစ်ရာအဝေးမှာတော့ သဘာဝတောင်ကြားလေးတစ်ခု တည်ရှိလို့နေသည်။ ကျွင်းချောင်ရှောင်းသည် ထိုနေရာဆီသို့ ရောက်ရှိလာပြီးသည့်နောက်မှာတော့ ရတနာရှာသည့်ပစ္စည်းအား ထုတ်ယူကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ ရတနာရှာသည့်ပစ္စည်းပေါ်တွင် မည်သည့်လှုပ်ရှားမှုကိုမှ မတွေ့ရှိရချေ။ ထို့ကြောင့် သူသည် မေးခွန်းထုတ် လိုက်မိသည်။ “ရတနာတွေက ဒီမှာရှိနေတော သေချာလား”
တောဝက်ရိုင်းလေးသည် တည်နေရာလွတ်ဆီသို့ လှမ်းလျှောက်လာပြီးသည့်နောက် မျက်လုံးကို မှိတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တွင် မြေဓာတ်သဘာဝများနှင့် ဖုံးလွှမ်းသွားပြီးသည့်နောက် မြေဓာတ်များနှင့် သူသည် တစ်သားတည်း ဖြစ်တည်သွားခဲ့၏။ ခဏလောက်ကြာပြီးသည့်နောက်မှာတော့ မျက်လုံးကိုဖွင့်ကာ ပြောလိုက်သည်။ “သေချာပါတယ်၊ သေချာတယ်”
“ဒါဆိုရင် နေရာတိတိကျကျကိုပြော”
“ကျုပ်ခြေထောက်အောက် ညာဘက်ခြမ်းမှာ”
“ဒါဆိုရင် ဘာကိုစောင့်နေတာလဲ၊ မြန်မြန်တူးတော့လေ”
“ကောင်းပါပြီ” တောဝက်ရိုင်းလေးသည် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် လှုပ်ခါသွား၏ မြေဓာတ်စွမ်းအင်များ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ကြီးမားသည် ခြင်းကြီး တစ်ခုနှင့် ယက်ထုတ်လိုက်သလိုပင် မြေများသည် အလိပ်လိပ်နှင့် အပေါ်သို့ တက်လာခဲ့တော့သည်။ ခဏလောက် ကြာပြီးသည့်နောက်မှာတော့ မြေအောက် ပေရာချီအထိ တူးပြီးသား ဖြစ်နေသည်။ အမှန်ပင် ကျွမ်းကျင်လွန်း လှသော မြေတူးဆရာပင် ဖြစ်၏။
“သခင်”
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ တောဝက်ရိုင်းလေး၏ အသံသည် နက်ရှိုင်းလှသော တွင်းကြီးထဲမှ ထွက်ပေါ်လာသည်။ “အထဲမှာ ကျောက်တံခါးကြီးတစ်ချပ် ရှိနေတယ်”
ရွှီး
ကျွင်းချောင်ရှောင်းသည် အောက်ဆီသို့ ခုန်ချလိုက်၏။ အောက်ခြေတွင်တော့ ရှေးတုန်းကတည်းက ဖြစ်တည် နေသော အော်ရာများ ထွက်ပေါ်နေသည့် ကျောက်တံခါးကြီးတစ်ချပ် တည်ရှိနေ၏။ ထိုအပေါ်တွင်တော့ စာလုံးများ ရေးထိုးထားခဲ့သည်။ ပါဝင်သည့်အကြောင်းအရာများမှာ ဤမြောင်းထဲသို့ ကျောက်စိမ်းပြား ထည့်လိုက်မှသာလျှင် တံခါးသည် ပွင့်သွားမည်ဟု ရေးသားထား၏။
“ဒါက သိုးသားရေပေါ်မှာ တွေ့ခဲ့တာနဲ့ တူတူပဲလေ၊ ကောင်းကင်အဆင့် ရတနာတစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်”
“သခင်”
တောဝက်ရိုင်းလေးက ပြောလိုက်သည်။ “ဒီကျောက်တံခါးက အရမ်းမာတယ်လေ၊ ကျုပ်မဖွင့်နိုင်ဘူး”
ကျွင်းချောင်ရှောင်းသည် အရှေ့ဆီသို့ လှမ်းတက်သွား၏။ ပြီးသည့်နောက်မှာတော့ ကျောက်တံခါး၏ မျက်နှာပြင် ပေါ်တွင်ရှိနေသော စာလုံးများကို သေသေချာချာ ကြည့်ရှုလိုက်သည်။ ထိုအထဲတွင် ကျောက်စိမ်းဟု ရေးသားထား သော စာလုံး၏ အရောင်သည် တခြားအရာများထက် အနည်းငယ်ပို၍ ထူးခြားနေ၏။ ထို့ကြောင့် သူသည် လက်ညှိုးနှင့် အသာလေး ထိုးထည့်လိုက်၏။
ဂျိန်း
ကျောက်တံခါးကြီးသည် အနည်းငယ်တုန်ခါလာပြီးသည့်နောက်မှာတော့ အောက်မှ အပေါ်သို့တက်ကာ ပွင့်သွား တော့သည်။
တောဝက်ရိုင်းလေးက ပြောလိုက်သည်။ “သခင်က အရမ်းအားကောင်းတာပဲ”
“ဟမ့်... ဒါလေးက အခြေခံစွမ်းရည်လေးတွေပါကွာ” ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်၏။
ဤနေရာတွင် အဘိုးကြီးတင်းသာ ရှိမည်ဆိုပါက ချက်ချင်းပဲ အနောက်ဘက်သို့ပင် လဲပြိုသွားမှာ သေချာ၏။ ထို့အပြင် ဤကဲ့သို့သောနည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သူမှာ သူပင်ဖြစ်သည် မဟုတ်ပါလား။
“သခင်... အထဲကို ဝင်သွားချင်လား”
“မင်း ရှေ့ကသွား”
“ကောင်းပါပြီ”
ရွှီး
တောဝက်ရိုင်းလေးသည် အရှေ့မှ ဝင်ရောက်သွား၏။
ကျွင်းချောင်ရှောင်းသည် အနောက်မှ လိုက်ပါလာခဲ့သည်။
အတွင်းဘက်လှိုဏ်ခေါင်းထဲသို့ ခြေလှမ်းတစ်ရာလောက် ဝင်ရောက်ပြီးသည့်နောက်မှာတော့ လူတစ်ယောက်နှင့် သားရဲတစ်ကောင်တို့သည် ကျယ်ဝန်းလှသော လှိုဏ်ဂူကြီးထဲတွင် မတ်တပ်ရပ်လျက်ရှိနေ၏။
ဟုတ်ပေသည်။ လမ်းတစ်လျှောက်မှာတော့ များပြားလှသော စက်ယန္တရားများ၊ ထောင်ချောက်များသည် တည်ရှိလို့နေခဲ့၏။ ရှေ့မှ ဦးဆောင်၍ သွားနေသော သနားစရာတောဝက်ရိုင်းလေး၏ ခန္ဓာကိုယ်ထဲတွင်တော့ မြားများ စိုက်ဝင်လျက် ရှိနေသည်။ ၎င်းသည် ဖြူကောင်တစ်ကောင်ဖြစ်သည်အထိ မြားများမှာ များပြားလွန်းလျက် ရှိ၏။
“မလှုပ်နဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ မြားတွေကို ဆွဲထုတ်ပေးမယ်”
သခင်သည် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာပြီး အမှန်ပင် မြားများကို ဆွဲထုတ်လျက် ရှိနေသည်။ ပျော်ရွှင်မှုသည် တောဝက်ရိုင်းလေး၏ နှလုံးသားထဲတွင် ဖြစ်တည်လာခဲ့၏
ရွှီး ရွှီး
ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါပြီးသည့်နောက်မှာတော့ ရှိရှိသမျှသော မြားများအားလုံးကို ဆွဲနှုတ်ပစ် လိုက်၏။
ဇွိ
သွေးများသည် ရေပန်းကဲ့သို့ပင် ပန်းထွက်လာခဲ့သည်။
“သခင်”
တောဝက်ရိုင်းလေးသည် ယိုင်တိုင်တိုင် ဖြစ်သွား၏။ သူ၏မျက်လုံးများသည် ချာချာလည်လျက် ရှိသည်။ “ကျုပ်... ကျုပ်နည်းနည်းမူးလာပြီ”
သွေးများသည် ဤမျှ များပြားစွာ ပန်းထွက်လျက်ရှိနေသည်ကို မမူးဘဲ မည်သူက နေနိုင်မည်နည်း။
ရွှီး
ကျွင်းချောင်ရှောင်းသည် သားရဲဖမ်းဘောလုံးကို ထုတ်ယူပြီးသည့်နောက်မှာတော့ တောဝက်ရိုင်းလေးအား အထဲတွင် ပြန်လည်သိမ်းဆည်းလိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် ကျောက်ပြားချပ်ကြီးကို သေသေချာချာ ကြည့်ရှုလိုက်သည်။ အလယ်ဗဟိုတွင် ရှိနေသော ဤကျောက်ပြားချပ်ကြီးသည် အနည်းငယ် ထူးခြားသည်မှလွဲ၍ ဘာမှမဟုတ်ကြောင်း သိရှိလိုက်ရသည်။
“ဒီနေရာမှာ ကောင်းကင်ရတနာတစ်ခုခု ရှိနေတာလား”
စဉ်းစားပြီးသည့်နောက်မှာတော့ ကုန်းရှန့်သည် အရှေ့သို့ လျှောက်ထွက်သွား၏။ ကျောက်ပြားကြီး၏ ကျောဘက်မှာတော့ မည်သည့်ရတနာမှ မရှိသလို့ မည်သည့်ကောင်းကင်ရတနာမှ မရှိချေ။ သို့ပေမဲ့ ကြမ်းတမ်း လှသော သားရဲရိုင်းတစ်ကောင်နှင့် ဆင်တူသော အရုပ်တစ်ခုသည် တည်ရှိလို့နေ၏။ ထိုအရုပ်သည် ဆောင့်ကြောင့် ထိုင်လျက်ရှိပြီး နားများမှာလည်း အပေါ်သို့ထောင်လျက်ရှိသည်။
“ဒါက”
ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်သည်။ “လက်တစ်လေးတစ်ဖက်သာ မြှောက်ပြီးတော့ လှုပ်လှုပ်၊ လှုပ်လှုပ် လုပ်လိုက်မယ်ဆိုရင် လာဘ်ခေါ်ကြောင်ရုပ်နဲ့တောင် ဆင်တူနေတာပဲ”