အခန်း (၁၀၁၂)
Vol. 68 Ch. 1012
တစ်ရက်အတွင်းမှာပဲ တောဝက်ရိုင်းလေး၏ အကူအညီဖြင့် ကျွင်းချောင်ရှောင်းသည် ကောင်းကင်အဆင့်ရတနာ လေးခုကို ရှာဖွေတွေ့ရှိခဲ့၏။
အားလုံးသည် ထွက်ပေါ်လာရန် မသင့်သေးသော ရတနာများ ဖြစ်သည့် အတွက်ကြောင့် အချိန်ကာလတစ်ခုအထိ သူ့အား အကူအညီပေးနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ထိုအရာများကို ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်တည်နေရာကြီးဆီသို့ ရောက်ရှိလာသည့်အချိန်မှာတော့ ကုန်းမြေတိုက် ကြီး၏ ခံတပ်တည်နေရာသည် ပိုမိုကာ ကျယ်ပြန့်လာစေခဲ့သည်။
“အံ့အားသင့်စရာပဲ”
ခံတပ်တည်နေရာကြီးသည် အလယ်အလတ်အဆင့် မြို့တစ်ခုအရွယ်အစားဆီသို့ ရောက်ရှိ သွားသည်ကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် စပ်ဖြီးဖြီးဖြင့် ကြည့်နေမိ၏။ အထူးတာဝန်၏ ပြည့်စုံမှုနှုန်းသည် တဖြည်းဖြည်းနှင့် မြင့်မားလာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဆုလာဘ်သည်လည်း ကျိန်းသေပေါက် များပြားပေလိမ့်မည်။
မြို့တော်ဝန်ဟန်၊ မူချန်းဟုန်နှင့် တခြားသောသူများ အားလုံးသည်လည်း ဆွံ့အလျက်ရှိ၏။ သူတို့ အနေနှင့် ကျွင်းချောင်ရှောင်း ဘာတွေလုပ်သည်ကို နားမလည်သေးချေ။ သို့ပေမဲ့ ၎င်းပြန်ရောက်လာသည့်အချိန်တိုင်း ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်တည်နေရာသည် ပိုမိုကာ ကျယ်ပြန့်လာခဲ့၏။
နောက်တစ်ရက်မှာတော့ ခံတပ်တည်နေရာ၏ အပြင်ဘက်ရှိ တည်နေရာသည် လှုပ်ခါသွားပြီးသည့်နောက်မှာတော့ တိုက်ခိုက်ရေး စိတ်ဝိညာဉ် နှစ်ကောင် ပေါ်ပေါက်လာခဲ့သည်။ အထက်နယ်မြေသည် ကျွင်းချောင်ရှောင်းတစ်ယောက် အလွန် တန်ဖိုးကြီးမားလှသော အမွေအနှစ်များ တစ်ခုပြီးတစ်ခု ရယူနေသည်ကို မည်သို့မှ ကြည့်မနေနိုင်တော့ချေ။ ထို့ကြောင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် နှစ်ကောင်ကို စေလွှတ်လိုက်ခြင်းသာ ဖြစ်လိမ့်မည်။
“ဂိုဏ်းချုပ်”
လီချင်းယန်က အသံပို့လွှတ်လိုက်သည်။ “တိုက်ခိုက်ရေး စိတ်ဝိညာဉ်တွေ ထပ်ရောက်လာပြန်ပြီ၊ ဒါပေမဲ့ ပုံစံတွေကို ကြည့်ရတာ ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် နှစ်ကောင်ပဲ”
ကျွင်းချောင်ရှောင်းသည် ထိုသတင်းကို ကြားသည့်အချိန်မှာတော့ အပြင်ဘက်သို့ ထွက်၍ ကြည့်ရှုလိုက်သည်။ တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသော အော်ရာများကို ကြည့်ရှုမည်ဆိုလျှင် ကောင်းကင်အဆင့်များဖြစ်ကြောင်း ကျိန်းသေပေါက် ပြောဆိုနိုင်၏။ ထို့ကြောင့် သူသည် ပြောလိုက်မိ၏။ “အထက် နယ်မြေရဲ့ အပြစ်ပေးမှုက တဖြည်းဖြည်းနဲ့ ပိုမိုပြီး အဆင့်မြင့်လာတာပဲ”
စနစ်က ပြောလိုက်သည်။ “ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်ကောင်က အဆင်ပြေသေးတယ်၊ ဒါပေမဲ့ နှစ်ကောင်ဆိုရင် အဆင်မပြေတော့ဘူး”
“ဟောခန်းသခင်ကျိ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားသွားပြီးတော့ တိုက်တော့”
“.............”
ခရမ်းရောင်ဘုရင်၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်ကောင်ကို တိုက်ခိုက်ရသည်ကပင် အလွန်တရာ ခက်ခဲနေပြီဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် နှစ်ကောင်ဖြစ်နေ၏။ အပြင်ဘက်သို့ ထွက်သွားသည်ဆိုသည်နှင့် ကျိန်းသေပေါက် ရှုံးနိမ့်မှာ သေချာ၏။
“ဂိုဏ်းချုပ်”
သူသည် လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ် တစ်ယောက်ကိုပဲ တိုက်ခိုက်နိုင်မယ်၊ ကျန်တဲ့ တစ်ယောက်ကို ဂိုဏ်းချုပ်တာဝန် ထားလိုက်တော့”
ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားကာ ပြောလိုက်သည်။ “ကောင်းပြီ”
...............
ခံတပ်၏ အပြင်ဘက်မှာတော့ ခရမ်းရောင်ဘုရင်၏ အကြည့်များသည် တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်ကောင် ဆီသို့ ရောက်ရှိသွား၏။
ကျွင်းချောင်ရှောင်းသည်လည်း ထွက်ခွာလာခဲ့သည်။ ပြီးသည့်နောက်မှာတော့ သူသည် တခြားသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆီသို့ လက်လှမ်းကာ ပြောလိုက်သည်။ “လာခဲ့စမ်း.... ကောင်ကလေး”
“.........”
မြို့တော်ဝန်ဟန်နှင့် တခြားသူများ အားလုံးသည် ဆွံ့အလျက်ရှိနေသည်။ ဂိုဏ်းချုပ်ကျွင်းသည် နောက်တီးနောက်တောက်နှင့် လူတစ်ယောက်ပင် ဖြစ်နေသည်။ ဤကဲ့သို့သော အသက်ဘေးနှင့် ရင်ဆိုင်ရနိုင်သည့် ကြီးမားသည့် တိုက်ပွဲမျိုးကို ရင်ဆိုင်ရသည့်အချိန်တွင် သူသည် ကဗျက်ကချော်လုပ်လျက် ရှိနေသေးသည်။
ဆွစ် ဆွစ်
တိုက်ခိုက်ရေး စိတ်ဝိညာဉ်နှစ်ကောင်၏ မျက်လုံးများသည် လင်းလက်သွားသည်။ ၎င်းတို့သည် အသက်ဝင်သွားခဲ့ပုံ ပေါ်၏။ နှစ်ယောက်ထဲမှ တစ်ယောက်သည် ကျွင်းချောင်ရှောင်းကို ပစ်မှတ်ထားပြီး တခြားသောတစ်ယောက်မှာမူ ခရမ်းရောင်ဘုရင်ကို ပစ်မှတ်ထားလျက်ရှိသည်။ ၎င်းတို့သည် ကိုယ့်တာဝန်ကို အသီးသီး ခွဲဝေရယူထား၏။
ဟူး ဟူး
အလွန်အားကောင်းလှသော အော်ရာများသည် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ၎င်းသည့် အရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ ခရမ်းရောင်ဘုရင်သည် အရှေ့သို့ လှမ်းတက်ပြီးသည့်နောက်မှာတော့ အမြှောက်ဆန်ကဲ့သို့ ရှေ့သို့တိုးလာသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်တစ်ကောင်နှင့် ရင်ဆိုင်တိုက်ခိုက်တော့သည်။ နှစ်ဖက်လုံးသည် အလွန်တရာ အားကောင်းလှသော တိုက်ခိုက်ရေးစွမ်းအင်များကို ထုတ်ဖော်၍ အကြီးအကျယ် တိုက်ခိုက်ခြင်းကို ပြုမူလျက်ရှိသည်။
ဘုန်း ဘုန်း ….။
စွမ်းအင်လှိုင်းများသည် ကောင်းကင်အနှံ့ပျံ့နှံ့သွားပြီးသည့်နောက် လေဟာနယ်တစ်ခုလုံးကိုပင် ဖျက်ဆီးတော့ မလို ဖြစ်နေ၏။ တိုက်ကွက်အနည်းငယ်လောက် တိုက်ခိုက်ပြီးသည့်နောက် မြို့တော်ဝန်ဟန်နှင့် တခြားသူများ အားလုံးသည် သိရှိလိုက်မိ၏။ ယခုတိုက်ခိုက်လျက်ရှိသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် ယခင်က ပေါ်ပေါက်လာခဲ့သူများထက် ပိုမိုအားကောင်းကြောင်း သိရှိလိုက်ရ၏။ သူတို့သာ ထိုသူတို့နှင့်သွား၍ ယှဉ်ပြိုင်တိုက်ခိုက်မည်ဆိုပါက ကျိန်းသေပေါက် ပြာနှမ်းနေအောင် အရိုက်နှက်ရမည်မှာ သေချာ၏။
ဘုန်း
ကျယ်လောင်လှသော အသံကြီးသည် အပြင်ဘက်ဆီမှ ထွက်ပေါ်လာခဲ့၏။ အားလုံးခေါင်းလှည့်ကာ ကြည့်ရှုလိုက်သည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ အနောက်ဘက်တွင် စက်အတောင်ပံတစ်ခု ဖြစ်တည်လာပြီး အေးစက်လှသော ဓားအော်ရာများ အားလုံးကို ဘယ်မှညာ ရှောင်ရှားလျက် ရှိနေသည်။
ဆွစ် ဆွစ်
တိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် တံစဉ်ကဲ့သို့သောလက်နက်ကို ကိုင်ဆောင်ထားပြီး လေထုထဲတွင် ပြင်းပြင်းထန်ထန် ယမ်းခါလျက်ရှိနေ၏။ ဓားသွားပေါ်မှ ထွက်ပေါ်လာသော လျှပ်စီးတန်းများသည် လေဟာနယ်ကို ထိုးခွင်း တိုက်ခိုက်လျက် ရှိနေ၏။
ဘုန်း ဘုန်း
စက်အတောင်ပံကို အမှီပြုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ရှောင်ရှားလျက်ရှိနေ၏။ သို့ပေမဲ့ ဓားအော်ရာဆီမှ ထွက်ပေါ်လာသော ဖိအားသည် သူ့ကို ဖိနှိပ်လျက် ရှိနေ၏။ သူသည်သာ ထိုအရာများကို မရှောင်ရှားနိုင်ပါက ပြင်းထန်သည့် ဒဏ်ရာများကို ရရှိမှာသေချာသည်။ အားအင်အဆင့်ကို ပြောရမည်ဆိုလျှင် သူသည် ကျိန်းသေပေါက် ကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ သူ့တွင် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက် ရှိနေ၏။ သို့ပေမဲ့ လက်ရှိအခြေအနေကို ကြည့်ရှုမည်ဆိုပါက အနီးသို့ ကပ်သွားဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။
ဘုန်း ဘုန်း
များပြားလှသော အလင်းတန်းများသည် လေဟာနယ်ကို ထိုးခွင်းကာ ရောက်ရှိလာ၏။ ကျွင်းချောင်ရှောင်းသည် လျင်လျင်မြန်မြန်ဖြင့် ရှောင်ရှားပြီးသည့်နောက်မှာတော့ တွေးလိုက်သည်။ “ဒီလိုသာ ဆက်ပြီးသွားနေရင်တော့ ပိုပြီး ခက်ခဲလာတော့မှာပဲ”
“စည်းဓားမော့ကို သုံးလိုက်တော့” စနစ်က သတိပေးလိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တစ်ယောက်တည်းအတွက်နဲ့ စည်းအဆောင်ကို ဖွင့်ရတာက ဖြုန်းတီးတာပဲ”
စည်းဓားမော့သည် သူ၏ အားအကောင်းဆုံးသော ဝှက်ဖဲလည်းဖြစ်သည်။ ထို့ပြင် သူ့တွင် စည်းဖွင့်ခြင်းအဆောင်ကလည်း နှစ်ခုသာ ရှိ၏။ သေရေးရှင်ရေးနှင့် ရင်ဆိုင်ရသည့်အချိန်မျိုး မထုတ်လျှင် ထုတ်ဖော်၍ အသုံးမပြုချင်ပေ။
စနစ်သည် ဆွံ့အသွားမိ၏။ “စည်းဓားမော့ကို မသုံးဘူးဆိုရင် မင်းရှုံးသွားမှာပဲလေ၊ လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် ဟောခန်းသခင်ကျိတောင်မှ အခြေအနေ မကောင်းဘူး”
ဘုန်း ဘုန်း
တခြားသော ဓားအော်ရာနှစ်ခုသည် ကျွင်းချောင်ရှောင်းအား ဖြတ်သန်းသွား၏။ ကျွင်းချောင်ရှောင်းသည် ကောင်းကင်အမြင့်ဆီသို့ ပျံသန်းကာ ရှောင်ရှားလိုက်၏။ ပြီးနောက် လက်ကိုယမ်းခါလိုက်သည်။ သူသည် အစောတုန်းက ရရှိထားသော ကျောက်ရုပ်တုကို ထုတ်ယူလိုက်သည်။ “ဒီအရာက ငါ့ကို ကူညီပေးနိုင်မယ်လို့ ထင်တယ်”
“ချီးတဲ့မှ”
စနစ်က ပြောလိုက်သည်။ “ဒါကိုထားလိုက်စမ်းပါ၊ ဘာမှန်း မသိဘဲနဲ့”
ဝှစ် ဝှစ်
တိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် အောက်ဘက်မှ အပေါ်ဘက်ဆီသို့ ပျံတက်လာပြီးသည့်နောက်မှာတော့ မဲနက်နေသည့် တံစဉ်ကြီးကို ဝှေ့ယမ်းကာဖြင့် ကြီးမားသည့် ဓားအော်ရာများကို ထုတ်ဖော်ကာ တည်နေရာကို ထိုးခွင်းတိုက်ခိုက်လျက် ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် အလွတ်ရှောင်ရှားနေ၏။ ပြီးနောက် လက်တစ်ဖက်တွင် ကျောက်ရုပ်တုကို ကိုင်ကာ ပြောလိုက်၏။ “မြန်မြန်... ငါ့ကို ရတနာရဲ့မှတ်ဉာဏ်တွေ ပေးတော့လေ”
များပြားလှသော အမွေအနှစ်များကို ရယူပြီးသည့်နောက်မှာတော့ သူသည် တချို့သော ကိစ္စရပ်များကို သိရှိနေ၏။ ပစ္စည်းများသည် ရတနာများဖြစ်သောကြောင့် စည်းခတ်ထားသော မှတ်ဉာဏ်များ ရှိနေမှာ သေချာ၏။ ထိုစည်းကို ဖွင့်နိုင်သည်ဆိုပါက ပိုင်ရှင်ဆီသို့ မှတ်ဉာဏ်များ ရောက်ရှိလာပေလိမ့်မည်။
ဆွစ် ဆွစ်
များပြားလှသော ဓားအော်ရာများသည် လေဟာနယ်ကို ထိုးခွင်းကာ ကျွင်းချောင်ရှောင်းအား တိုက်ခိုက်လာ၏။ ကျွင်းချောင်ရှောင်းသည် အလွန်ထိတ်လန့်စွာဖြင့် ရှောင်ရှားနေရသည်။ သူသည် နည်းလမ်းမျိုးစုံဖြင့် ကျောက်ရုပ်တုကို အသက်သွင်းရန် ကြိုးစားမိ၏။ သို့ပေမဲ့ မည်သည့်တုန့်ပြန်မှုမှ မရချေ။ “ချီးတဲ့မှ၊ ငါ ဒါကို ဘယ်လို အသက်သွင်းရမလဲ”
ဆွစ် ဆွစ်
တိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် ဆက်လက်ကာ တိုက်ခိုက်နေ၏။ ၎င်း၏ မဲနက်နေသော တံစဉ်ကြီးကို ထပ်တလဲလဲ ယမ်းခါကာဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ပထမတုန်းက ရှောင်ရှားနိုင်ခဲ့၏။ သို့ပေမဲ့ ဆက်တိုက် တိုက်ခိုက်မှုအောက်မှာတော့ ရှောင်ရှားရန် အလွန်တရာ ခက်ခဲသည့် အခြေအနေသို့ ရောက်ရှိလာခဲ့၏။ လက်ထဲတွင်ရှိသော ကျောက်ရုပ်ထုကြီးမှာတော့ ဘာတစ်ခုမှ တုံ့ပြန်မှု မရှိချေ။ ကောက်ပေါက်လိုက်၍လည်း အကျိုးရှိမည် မဟုတ်ချေ။ ထို့ကြောင့် သူသည် သွေးအန်လုမတတ်ပင် ခံစားနေရ၏။
စနစ်က ပြောလိုက်သည်။ “တချို့ ရတနာတွေက အသက်သွင်းဖို့ အတွက် သွေးကို လိုအပ်တယ်၊ လက်ခံသူ စမ်းကြည့်ပါလား”
ကျွင်းချောင်ရောင်းသည် ဓားအော်ရာများကို ရှောင်ရှားပြီးသည့်နောက် ယုံရသည် ဟုတ်ခြင်း ၊ မဟုတ်ခြင်း အား မစဉ်းစားနိုင်တော့ချေ။ သူ၏ လက်မကို သွားဖြင့် အသာကိုက်ပြီးသည့်နောက် ကျောက်ရုပ်ထုကြီးကို အသာဖိနှိပ်လိုက်၏။
ဝှစ် ….။
သူ၏ သွေးများသည် ကျောက်ရုပ်ထုကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။
“အလုပ်ဖြစ်တာပဲ”
ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားမိ၏။ သို့ပေမဲ့ နောက်တစ်စက္ကန့်အတွင်း သူ၏ မျက်နှာသည် ပျက်ယွင်းသွားတော့သည်။ သူ၏ ခန္ဓာကိုယ်အတွင်း ရှိနေသော သွေးများသည် ထိန်းချုပ်မှု ကင်းမဲ့စွာဖြင့် စုပ်ယူခြင်းကို ခံနေရတော့သည်။ “ချီးတဲ့မှ.... ဒါ ငါ့ကို သတ်နေတာလား၊ ဒီလောက်များတဲ့ သွေးတွေကို စုပ်ရင် ငါတစ်ခါတည်း သေသွားမှာပေါ့”
ဝှစ် ဝှစ်
ထူးဆန်းသည့် မှတ်ဉာဏ်များသည် ကျွင်းချောင်ရှောင်း၏ အသိစိတ်ထဲသို့ ဝင်ရောက်လာ၏။ သို့ပေမဲ့ ထိုမှတ်ဉာဏ်များသည် ဖြည်းဖြည်းချင်း ဝင်ရောက်လာခြင်းမဟုတ်ဘဲ ဆောင့်ထည့်လိုက်သလိုပင်။ အလွန်တရာ နာကျင်သည့် ခံစားမှုမျိုးကို ရရှိလာခဲ့၏။
တစ်စက္ကန့်အတွင်းမှာပဲ နာကျင်မှုများသည် ပျောက်ကွယ်သွားခဲ့သည်။ ကျွင်းချောင်ရှောင်း၏ ကုတ်နေသော မျက်ခုံးများသည် ပြေလျော့သွားခဲ့၏။ သူသည် နားလည်သွားမိသည်။ “ငါသိပြီ”
ဆွစ် ဆွစ်
ရုတ်တရက် အေးစက်လှသော ဓားအော်ရာများသည် အဝေးဆီမှ သူ့ဆီသို့ ရောက်ရှိလာ၏။ ကျွင်းချောင်ရှောင်းသည် လက်ကို အသာလှန်ပြီးသည့်နောက် သူ၏ရှေ့တွင် ကျောက်ရုပ်တုအား ထားရှိလိုက်၏။ “အသွင်ပြောင်း”
ဒွီ ဒွီ
ကျောက်ရုပ်တုကြီးသည် ကျွင်းချောင်ရှောင်း၏ အရှေ့သို့ ရောက်ရှိလာပြီးသည့်နောက် အနီရောင် အလင်းတန်းများဖြင့် ခပ်မတ်မတ်ရပ်လျက်ရှိ၏။ ပြီးသည့်နောက်မှာတော့ အလင်းတန်း တစ်သောင်းကျော်လောက် ဖြစ်တည်လာပြီး ကျွင်းချောင်ရှောင်းအား ဖုံးလွှမ်းသွားခဲ့တော့၏။ ကျွင်းချောင်ရှောင်း၏ အသားအဖြေစ်တည်လာသည်။
ဆွစ် ဆွစ်
ခဏအတွင်း ဓားအော်ရာများ အားလုံးသည် လေထုအတွင်းမှာပဲ ပေါက်ကွဲကုန်၏။
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
“သွားပြီ၊ သွားပြီ၊ ဂိုဏ်းချုပ်ကျွင်းကတော့ သွားပြီပဲ” မြို့တော်ဝန်ဟန်နှင့် မူချန်းဟုန်တို့သည် ရုတ်တရက် ကြောက်လန့်သွားခဲ့ကြ၏။ အခြေအနေကို ကြည့်ရှု့မည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကို မည်သို့မှ ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ယခု ဓားအော်ရာများ၏ ထိမှန်မှုကို ခံရပြီးဆိုမှတော့ ကျိန်းသေပေါက် ဒုက္ခရောက်တော့မှာ သေချာ၏။
သို့ပေမဲ့ အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် တိုက်ခိုက်ရေး တည်နေရာကြီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ၎င်းတို့ နှစ်ယောက်သားသည် မျက်လုံးပြူးသွားမိ၏။ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းသားများ အားလုံးသည်လည်း ပါးစပ်အဟောင်းသား ဖြစ်မိနေကြသည်။
တိုက်ခိုက်ရေးစိတ်ဝိညာဉ် တစ်ကောင်နှင့် တိုက်ခိုက်လျက်ရှိသော ခရမ်းရောင်ဘုရင်သည် ဂိုဏ်းချုပ်ကို လှမ်း၍ ကြည့်ပြီးသည့်နောက် အလန့်တကြား ဖြစ်သွား၏။ “ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် လေထုထဲတွင် မတ်မတ်ရပ်နေ၏။ သူ၏ မျက်နှာပေါ်တွင်တော့ မထီမဲ့မြင် အပြုံးတစ်ခု ဖြစ်တည်နေခဲ့သည်။ ထိုအပြုးသည် မိစ္ဆာတစ်ကောင်၏ အပြုံးနှင့်ပင် ဆင်တူလှ၏။ သေသေချာချာ ကြည့်ရှုမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ခေါင်းအစ ခြေအဆုံး အသွင်ပြောင်းသွားခဲ့၏။ သူ၏ သွင်ပြင်သည် ကျောက်ရုပ်တု၏ ပုံပန်းသွင်ပြင်နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။ လူသားတစ်ယောက်ဟု ပြောဆို၍ မရနိုင်တော့ချေ။
ဆွစ်
တည်နေရာသည် လှုပ်ခါသွားပြီးသည့်နောက်မှာတော့ အလင်းတန်းများ ဖြတ်ပြေးသွားသည်။ အားလုံး ထိတ်လန့်တုန်လှုပ်နေတုန်းမှာပင် ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်ရေး စိတ်ဝိညာဉ်အနောက်တွင် ပေါ်လာတော့သည်။ သူ၏ လက်များသည် တိုက်ခိုက်ရေး စိတ်ဝိညာဉ်၏ ကုပ်ပိုးကို လှမ်းကိုင်ကာဖြင့် ပြင်းပြင်းထန်ထန်နှင့် ထိုးနှက်ခြင်းကို ပြုမူတော့သည်။ ကြောက်မက်ဖွယ်ရာ ကောင်းလှသော အမြန်နှုန်းနှင့် စွမ်းအင်များသည် ရှိရှိနေသမျှသော လူများအားလုံးကို ထိတ်လန့်တုန်လှုပ်စေ၏။
ဆွစ်
တိုက်ခိုက်ရေး စိတ်ဝိညာဉ်သည် မြန်မြန်ပဲ အပေါ်သို့ ပျံတက်ပြီးသည့်နောက် ၎င်း၏ တံစဉ်အမဲကြီးကို မြှောက်ကာ ထပ်မံခုတ်ပိုင်းရန် ပြင်ဆင်လိုက်၏။ “နေအုံး၊ ငါ့ရဲ့တံစဉ်က ဘယ်ရောက်သွားတာလဲ”
တံစဉ်သည် ကျွင်းချောင်ရှောင်း၏ လက်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။ သေသေချာချာ ကြည့်ရှုပြီးနောက် သူတီးတိုးရေရွတ်လိုက်၏။ “ဒီလက်နက်ရဲ့အဆင့်ကို ကြည့်ရတာ မြေအဆင့် လက်နက်တွေထက် အားမနည်းလောက်ဘူး ထင်တယ်”
“………” အားလုံး၏ နှုတ်ခမ်းများသည် တုန်ယင်သွားမိ၏။ ဂိုဏ်းချုပ်ကျွင်းသည် တစ်ဖက်လူ၏ လက်နက်ကို မည်သည့်အချိန်က ရယူသွားသနည်း။
“ဒါပေမဲ့”
ကျွင်းချောင်ရှောင်းသည် တံစဉ်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ “ငါ့အတွက်တော့ အမှိုက်လိုပဲ”
ဂျွတ်
အလွန်အားကောင်းလှသော ဖိအားအောက်မှာတော့ အမဲရောင်တံစဉ်ကြီးသည် ရုတ်တရက် ကျိုးကြေသွားပြီးသည့် နောက်မှာတော့ ဘန်းကနဲ ပေါက်ကွဲကာဖြင့် လေထုထဲမှာတင် ပျောက်ကွယ်သွားခဲ့ တော့သည်။
မြို့တော်ဝန်ဟန်၊ မူချန်းဟုန်နှင့် တခြားသောသူများ၏ မျက်လုံးများသည် ပြူးထွက်သွားမိ၏။ တိုက်ခိုက်ရေး စိတ်ဝိညာဉ် ကိုင်ဆောင်ထားသော လက်နက်၏ အော်ရာကို ကြည့်ရှုမည်ဆိုလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သူတော်စင် အဆင့်လက်နက်ထက် မည်သို့မှ အားမနည်းချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ထိုအရာအား လွယ်လွယ်ကူကူနှင့် ဖျက်ဆီးပစ်လိုက်၏။ ဤအရာသည် အစစ်အမှန် ဖြုန်းတီးခြင်းပင် ဖြစ်၏။
ခရမ်းရောင်ဘုရင်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “သူရဲ့ လက်ရှိအားအင်က ကောင်းကင်အဆင့်ကိုတောင် ရောက်နေပြီ၊ ဘယ်လိုစွမ်းအင်မျိုးကို ထုတ်ပြီး သုံးလိုက်တာလဲ”
ဟယ်ဝူတီနှင့် ရီရှင်းချန်တို့သည်လည်း ထိုအချင်းအရာကို တွေးတောလျက် ရှိနေ၏။ ၎င်းတို့သည် တွေးတောမိလေ၊ ပိုထိတ်လန့်လေ ဖြစ်၏။ အချက်အလက်အားဖြင့်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် မည်သည့်စွမ်းအင်ကိုမှ ထုတ်သုံးခဲ့ခြင်း မဟုတ်ပေ။ ကျောက်ရုပ်တုကြီးကို အသက်သွင်းပြီးသည့်နောက် ကြမ်းတမ်းလွန်းလှသော တိုက်ခိုက်ရေးစွမ်းအင်များကို ရယူနိုင်ခဲ့ခြင်းပင်ဖြစ်၏။ ထို့ကြောင့် ၎င်း၏ လက်ရှိအခြေအနေသည် လောကအဆောင်ကို အသုံးပြုလိုက်ခြင်းနှင့် ဆင်တူ၏။ အသုံးပြုသူ၏ အားအင်အဆင့်ကို တိုးပွားလာစေနိုင်၏။
ဆွစ်
လက်နက်မရှိတော့သောကြောင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်သည် လက်သီးတွင် အားအင်များကို စုစည်းကာ ရှေ့သို့ တိုးလာ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းအနားသို့ ရောက်ရှိလာချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် လေထုထဲ၌ ပျောက်ကွယ်သွား၏။ အလွန်အားကောင်းလှသော စွမ်းအင်များသည် တိုက်ခိုက်ရေး စိတ်ဝိညာဉ်၏ နောက်ဆီသို့ ထိမှန်သည်။
ဘုန်း ဘုန်း …….။
တိုက်ခိုက်ရေး စိတ်ဝိညာဉ်သည် မြေပေါ်သို့ လဲကျသွား၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ကောင်းမွန်လှပါသည် ဆိုသော ချပ်ဝတ်သည် ပိန်လိမ်သွားခဲ့ပြီဖြစ်၏။
ခရမ်းရောင်ဘုရင်၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ “ဒီလောက်ကြီး ကြမ်းတမ်းတာလား”
ဆွစ်
ကျွင်းချောင်ရှောင်းသည် အောက်သို့ ဆင်းသက်လာပြီးသည့်နောက် သူ၏ သားရဲကဲ့သို့ လက်များကို ဝှေ့ယမ်းလိုက်၏။ လက်သီးချက်များသည် တဘုန်းဘုန်းနှင့် ဖြစ်တည်လာပြီးသည့်နောက် တိုက်ခိုက်ရေး စိတ်ဝိညာဉ်အား မြေကြီးထဲရောက်အောင် ထိုးနှက်တော့သည်။
အရာအားလုံး ပြီးစီးသွားသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးသည် ငြိမ်သက်သွား၏။ ကျွင်းချောင်ရှောင်း၏ သားရဲကဲ့သို့ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အော်ရာများသည် စိမ့်ထွက်လာ၏။ ကောင်းကင်အဆင့် စိတ်ဝိညာဉ်သည် နက်ရှိုင်းလှသော တွင်းကြီးထဲတွင် လဲလျက်ရှိပြီး ၎င်း၏ ချပ်ဝတ်တစ်ခုလုံးသည် ကြေမွပျက်စီးသွားခဲ့၏။ မျက်လုံးထဲတွင်ရှိသော အလင်းတန်းများသည်လည်း မှေးမှိန်သွားခဲ့ပြီဖြစ်သည်။ သေဆုံးသွားခြင်းပင် ဖြစ်၏။
ဆွစ်
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်သည် မြန်မြန်ဆန်ဆန်ပဲ တိုးတက်လာခဲ့ပြီး တည်နေရာကြီးသည် ကျယ်ဝန်းလာခဲ့၏။ ပစ်မှတ်ကို ဖြေရှင်းပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ခေါင်းကို မော့လိုက်ပြီးသည့်နောက် ခရမ်းရောင်ဘုရင်နှင့် တိုက်ခိုက်လျက်ရှိသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကို ကြည့်ရှုလိုက်သည်။
ဘုန်း ဘုန်း
ခရမ်းရောင်ဘုရင်၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ယင်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ပြိုင်ဘက်သည် နက်ရှိုင်းလှသော တွင်းကြီးထဲတွင် လဲလျောင်းလျက် ရှိနေပြီး ၎င်း၏ ချပ်ဝတ်တစ်ခုလုံး သည်လည်း ကြေမွကာ ပျက်ဆီးနေပြီဖြစ်၏။
ပြည့်စုံသည့်သိုင်းနယ်မြေ အဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော တိုက်ခိုက်ရေး စိတ်ဝိညာဉ်သည် လွယ်လွယ်ကူကူဖြင့် တိုက်ခိုက်ခြင်းကို ခံရပြီး သေဆုံးသွားခဲ့ပြီဖြစ်သည်။ ဂိုဏ်းချုပ်၏ စွမ်းရည်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
“ဂိုဏ်းချုပ်က အရမ်းအားကောင်းတာပဲ”
“ဘယ်လို သိုင်းနည်းစနစ်မျိုးကို ထုတ်ပြီး သုံးလိုက်တာလဲ”
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည် လေထဲတွင် ရပ်နေသော ဂိုဏ်းချုပ်ကို ချီးကျူးနေမိကြ၏။
ပိုမို၍ တုန်လှုပ်မှုအဖြစ်ဆုံးမှာ မြို့တော်ဝန်ဟန်နှင့် တခြားသော သူများပင် ဖြစ်သည်။ ၎င်းတို့သည် ကုန်းရှန့်အား မွန်းစတားတစ်ကောင်အား ကြည့်ရှုနေသကဲ့သို့ ကြည့်ရှုနေမိကြသည်။ ကျောက်ရုပ်တု၏ ပုံပန်းသွင်ပြင်ကဲ့သို့ ပြောင်းလဲနေသော ကျွင်းချောင်ရှောင်းသည် အစစ်အမှန်ပင် ငရဲပြည်မှလာသော မွန်းစတားသာဖြစ်သည်။
ဆွစ်
ခရမ်းရောင်ဘုရင်သည် မြေပေါ်သို့ အသာဆင်းသက်လိုက်၏။ သူသည် ခံတပ်ဆီသို့ ပြန်ရန် ပြင်နေတုန်းမှာပဲ နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ကျွင်းသည် သူ၏ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် နာကျင်စွာ အော်ဟစ်လျက်ရှိနေသည်ကို မြင်လိုက်ရသောကြောင့်ပင်။
အား………
ဂိုဏ်းချုပ်ကျွင်း၏ မျက်နှာသည် တင်းမာခက်ထန်လျက်ရှိပြီး တစ်ကိုယ်လုံးတွင် ရှိနေသော အနီရောင် အလင်းတန်းများသည် ပြန်လည်ကာ ပေါ်ပေါက်လာခဲ့၏။ မူလအားဖြင့် ကြည်လင်ရှင်းလင်းနေသော မျက်လုံးသည် မှုန်မှိုင်းသွားခဲ့၏။ စိတ်လွှတ်သွားတော့မည် အမူအရာမျိုး ဖြစ်တည်လာခြင်းပင် ဖြစ်တော့၏။
ခရမ်းရောင်ဘုရင်၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ “သူ ရူးတော့မယ်လို့ ငါ့ကို မပြောနဲ့နော်”
ဤကဲ့သို့သော ပြင်းထန်သည့် နာကျင်မှုမျိုးသည် ကြာကြာမခံခဲ့ချေ။ ကျွင်းချောင်ရှောင်းသည် နာကျင်နေရာမှ ရပ်တန့်လိုက်ပြီးသည့်နောက် ခေါင်းလှည့်ကာ ကြည့်ရှုလိုက်သည်။ သူသည် ဟောခန်းသခင်ကျိကို ကြည့်ကာဖြင့် စပ်ဖြီးဖြီး ပြောလိုက်သည်။ “ငါ မဝသေးဘူး”
ဆွစ်
ချွန်ထက်လှသော သွားများသည် ပါးစပ်ဆီမှ ထွက်ပေါ်လာပြီးသည့်နောက် တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။ “မကောင်းတော့ဘူး”
ဘုန်း
ဒိုင်း ဒိုင်း
ခရမ်းရောင်ဘုရင်သည် လက်နှစ်ဖက်ကို ရှေ့မှာထားကာ ကာကွယ်လိုက်၏။ သို့ပေမဲ့ သူ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်၍ မရနိုင်ဘဲ အဝေးဆီသို့ လွှင့်စင်သွားခဲ့၏။ အဆုံးသတ်မှာတော့ သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ရလိုက်သည့် အချိန်မှာတော့ မီတာတစ်ရာ အဝေးသို့ ရောက်ရှိနေပြီဖြစ်၏။ သူ၏ မျက်နှာတစ်ခုလုံးသည် ဒေါသတရားများဖြင့် ပြည့်နှက်လာ၏။
မူလအားဖြင့် မတ်တပ်ရပ်လျက် ရှိနေသော ကျွင်းချောင်ရှောင်းသည် သွေးနီရဲနေသော မျက်လုံးအစုံဖြင့် ကြည့်ရှုကာ ပြောလိုက်သည်။ “အားနည်းလွန်းတယ်”
…………..
ခရမ်းရောင်ဘုရင်သည် သူ၏ လက်ဆီမှ နာကျင်မှုကို အောင့်အီးသည်းခံကာ အော်ဟစ်လိုက်၏။ “ဂိုဏ်းချုပ် ခင်ဗျားရူးသွားပြီလား”
ဆွစ် ဆွစ်
ကျွင်းချောင်ရှောင်းသည် ခရမ်းရောင်ဘုရင်၏ အရှေ့တွင် ပေါ်လာပြီးသည့်နောက် ၎င်း၏ သူငယ်အိမ်များသည် ကျုံ့ဝင်သွားသည်။
ဘုန်း ဘုန်း
ချက်ချင်းပဲ ကြမ်းတမ်းလှသော အော်ရာများသည် ပေါက်ကွဲထွက်လာပြီးသည့်နောက် ခံတပ်တည်နေရာ၏ အပြင်ဘက်တွင် ပြင်းထန်သည့် တိုက်ပွဲကြီး ဖြစ်တည်လာခဲ့သည်။
“ဒါက …”
မြို့တော်ဝန်ဟန်နှင့် တခြားသောသူများသည် ဆွံ့အသွားခဲ့သည်။ ဂိုဏ်းချုပ်ကျွင်းသည် အဘယ်ကြောင့် သူ၏ ဟောခန်းသခင်ကို တိုက်ခိုက်နေသည်ဖြစ်ကြောင်း သူနားမလည်ခဲ့ချေ။ တိုက်ခိုက်မှု အရှိန်အဟုန်ကို ကြည့်ရှုမည်ဆိုလျှင် အလွန်တရာ ကြမ်းတမ်းရက်စက်လွန်းလှ၏။ ကျိန်းသေပေါက် နှိပ်စက်နေသည်နှင့်ပင် ဆင်တူ၏။
……………
ဆယ့်ငါးမိနစ် ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကွဲအက်လျက်ရှိသော မြေပြင်ပေါ်တွင် မတ်မတ်ရပ်လျက်ရှိ၏။ ခန္ဓာကိုယ်တွင် ရှိနေသော အနီရောင်မျဉ်းကြောင်းများသည် ပျောက်ကွယ်သွားခဲ့၏။ ထို့ကြောင့် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ သူသည် လက်တစ်ဖက်ဖြင့် ခေါင်းကို အုပ်ကိုင်ကာ ပြောလိုက်သည်။ “ငါ့ခေါင်းတွေနာလိုက်တာ၊ အခု ဘာဖြစ်သွားတာလဲ”
ကျောက်ရုပ်တုတစ်ခုသည် ဘယ်ကပေါ်လာမှန်း မသိဘဲနှင့် သူ၏ခြေရင်းဆီသို့ ကျဆင်းလာ၏။ အလွန်ပြင်ထန်းလွန်းလှသာ နာကျင်မှုများသည် ပျောက်ကွယ်သွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထိုအရုပ်ကို ကောက်ယူလိုက်၏။
“ဟမ်”
ရုတ်တရက်ဆိုသလိုပဲ ပုံပျက်ပန်းပျက် အသွင်မျိုးနှင့် မြေချိုင့်ထဲတွင် လဲလျောင်းလျက်ရှိနေသော ခရမ်းရောင်ဘုရင်ကို သူတွေ့လိုက်ရသည်။ ခရမ်းရောင်ဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဒဏ်ရာတွေ ဗရပွနှင့် ဖြစ်နေသည်။
သူသည် သူ၏ ဟောခန်းသခင်ကျိ ဖြစ်ပျက်နေသည့် ပုံစံကို ကြည့်ပြီး ရင်ထဲ၌ ဒေါသတွေ အလိပ်လိုက်တက်လာသည်။ ထို့ကြောင့် အော်ဟစ် မေးမြန်းလိုက်၏ “ဟမ် …. ဘယ်ကောင်လုပ်တာလဲ”
ဘုတ် ဘုတ်
လွင့်မျောလျက်ရှိနေသော တောင်တန်းပေါ်တွင်ရှိနေသော သိုင်းကျင့်ကြံသူများသည် မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။