← Chapters

အခန်း (၁၀၁၃)

Vol. 68 Ch. 1013

အခန်း (၁၀၁၃)

Vol. 68 Ch. 1013

ကျောက်ရုပ်တို့၏ ထောက်ပံ့မှုကို ရရှိထားသော ကျွင်းချောင်ရှောင်းသည် ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်နှစ်ကောင်ကို အလုံးစုံ အနိုင်ယူရရှိခဲ့၏။

မည်မျှအားကောင်းလိုက်သနည်း။ သို့ပေမဲ့ ထိုကဲ့သို့သော စွမ်းအား များကို ရရှိပြီးသည့်နောက်မှာတော့ သူသည် သူ့လူကိုပင် သူပြန်လည်ရိုက်နှက်ခဲ့၏။ ထိုအရာမှာ နည်းနည်းတော့ များလွန်းနေသည်။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ဟောခန်းသခင်ကျိကဲ့သို့ ခံနိုင်ရည်ကောင်းလှသည့် လူတစ်ယောက်နှင့် တိုက်ခိုက်ခဲ့ရသောကြောင့်သာ ကံကောင်းခြင်းဖြစ်၏။ အဘိုးကြီးတင်းနှင့် တခြားသော သူများသာ ဖြစ်မည်ဆိုပါက ထိုသူများသည် ဤနေရာမှာတင် သေဆုံးသွားပေလိမ့်မည်။

“ကျုပ်လုပ်ခဲ့တာ ဟုတ်ရဲ့လား။”

“ဟုတ်တယ်”

“တကယ်လုပ်ခဲ့တာလား။”

“တကယ်ပေါ့”

…

ထပ်တလဲလဲ အတည်ပြုပြီးနောက်မှာတော့ အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် သူ့အား ရုတ်တရက် နတ်ဆိုးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားစေသည့် ကျောက်ရုပ်ထုကြီးကို ထုတ်ယူလိုက်၏။ ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်မိနေ၏။ “ဒီအရာက တကယ့်အဆိပ်လိုပဲ။”

သူ၏ မှတ်ဉာဏ်များအားလုံးသည် ဒုတိယမြောက် ကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်နှင့် တိုက်ခိုက်ပြီးနောက်မှာတော့ ပျောက်ကွယ်သွားခဲ့ရ၏။ နောက်ပိုင်းတွင် ဘာတွေဖြစ်သွားသလဲကို မမှတ်မိတော့ချေ။

စနစ်က ပြောလိုက်၏။ “အဲတုန်းက အရမ်းအားကောင်းလှတဲ့ အားတစ်ခုက လက်ခံသူရဲ့ အသိစိတ်ပင်လယ်ထဲကို ရောက်ရှိပြီးတော့ ခန္ဓာကိုယ်ကို ထိန်းချုပ်သွားခဲ့တာပဲ။”

…

ကျွင်းချောင်ရှောင်းသည် လေးနက်သွားမိ၏။ ကျောက်ရုပ်ထုသည် သူ့အား အချိန်အတိုင်းအတာတိုအတွင်း အားကောင်းလွန်းလှသော စွမ်းအင်များကို ပေးစွမ်းနေသည်ဆိုသော်လည်း သူ၏စိတ်နှင့် ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်သွားခဲ့၏။ ထို့ကြောင့် သူ၏ အသင်းဖော်များကိုပင် ထိခိုက်နာကျင်စေသည့် လုပ်ရပ်မျိုးကို ပြုလုပ်ခဲ့ခြင်းပင် ဖြစ်သည်။ ဤအရာမှာ ကြီးကျယ်လှသည့်ပြဿနာပင် ဖြစ်တော့၏။

“မဖြစ်ဘူး။ မဖြစ်ဘူး။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီအရာကြီးက မိစ္ဆာဆန်လွန်းတယ်။ ထပ်ပြီးသုံးလို့မဖြစ်ဘူး။”

အလွန်အားကောင်းလှသော စွမ်းအင်များ၏ ထောက်ပံ့ခြင်းကို ရရှိခြင်းဆိုသည်မှာ ကောင်းမွန်သည်ဖြစ်သော်လည်း မိမိ၏ ထိန်းချုပ်နိုင်မှု လွတ်ကင်းသွားခြင်းဆိုသည်မှာတော့ လက်သင့်မခံနိုင်စရာ အရာပင်ဖြစ်၏။

ထိုကဲ့သို့သော အချိန်မျိုးတွင် လီချင်းယန်နှင့် တခြားသူများသာရှိမည်ဆိုပါက ကျိန်းသေပေါက် နောင်တရစရာ ကိစ္စရပ်များ ဖြစ်ပေါ်သွားစေနိုင်၏။ တွေးကြည့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း သည် ကျောရိုးမကြီး တစ်ခုလုံးပင် စိမ့်တတ်သွားခဲ့တော့သည်။

စနစ်ကပြောလိုက်၏။ “ဒါကြောင့် စနစ်ရဲ့ စတိုးထဲမှာရှိတဲ့ ရတနာတွေက ပိုပြီးယုံကြည်ရတယ်။ ဒီလို အထက်နယ်မြေက ရရှိတဲ့ အရာမျိုးက လူတွေကို အားကောင်းနိုင်စေတယ်ဆိုပေမဲ့ ဘေးထွက်ဆိုးကျိုးက မထိန်းချုပ်နိုင်တဲ့ အရာတွေဖြစ်လိမ့်မယ်။”

စတိုးထဲမှာရှိသော ပစ္စည်းများသည် ဈေးနှုန်းကြီးမားလှသည်ဆိုသော်လည်း အထက်နယ်မြေမှ ရရှိသည့်အမွေအနှစ် များနှင့်စာလျှင်တော့ ပိုမိုအားကောင်းနေသေး၏။

စနစ်သည် တကယ့်ကို အရည်အသွေးရှိသည့် အရောင်းသမားပင် ဖြစ်သည်။

“ကောင်းပြီ။”

ကျွင်းချောင်ရှောင်းသည် သူ၏လက်ထဲတွင်ရှိသော ကျောက်ရုပ်ထုကို လှမ်းကြည့်ကာပြောလိုက်၏။ “ဒါက ငါ့ရဲ့စိတ်ကို လွတ်ထွက်သွားနိုင်စေတဲ့ ရတနာပဲ။ လောကကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်လောက်အောင် အားကောင်းတဲ့အရာဖြစ်တယ်ဆိုရင်တောင် ငါထပ်ပြီးသုံးလို့မဖြစ်တော့ဘူး။”

ရွှီ

သူသည် သိုလှောင်လက်စွပ်ထဲသို့ ပစ်လွှတ်လိုက်၏။ သူ့အနေနှင့် အပြင်ဘက်ဆီသို့ ပစ်မလွှတ်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် အနာဂတ်တွင် အန္တရာယ်တစ်စုံတစ်ရာ ကျရောက်နိုင်သည်ဆိုပါက သူသည် ကျိန်းသေပေါက် ထုတ်ဖော်အသုံးပြုရပေလိမ့်မည်။ သို့သော် ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူ၏တပည့်များ အနားတွင်မရှိမှ ဖြစ်ပေလိမ့်မည်။

….

ကျွီ

ဆေးခန်းမဆောင်၏ တံခါးသည် ပွင့်သွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အထဲသို့ လျှောက်ဝင်လာခဲ့၏။ အိပ်ရာထဲတွင် ခြေဆန့်ကာ လှဲလျက်ရှိနေသော ခရမ်းရောင်ဘုရင်သည် ဘေးတစ်ဖက်ဆီသို့ အသာလှည့်လိုက်၏။ သို့ပေမဲ့ သူ၏ ခါးကို ကိုင်ကာဖြင့် နာကျင်စွာ အော်ဟစ်လိုက်၏။

“အား အား … ငါ့ ခါး”

သူ၏ သရုပ်ဆောင်စွမ်းရည်သည် အနည်းငယ်နိမ့်ကျလွန်းသည်ဆိုသော်လည်း ယခင်ကထက်တော့ အများကြီး တိုးတက်လာခဲ့၏။

“ဟောခန်းသခင်ကျိ”

ကျွင်းချောင်ရှောင်းသည် ထိုင်ကာဖြင့် တောင်းပန်လိုက်သည်။ “မှားပြီးရိုက်နှက်မိတဲ့အတွက် တောင်းပန်ပါတယ်။”

ခရမ်းရောင်ဘုရင်သည် မချိပြုံး ပြုံးကာ ပြောလိုက်မိ၏။ “ကျုပ် အရိုးတွေက ကျိုးသွားတော့မတတ်ပဲ။ ဂိုဏ်းချုပ် အနည်းဆုံးတော့ တစ်ခုခုတော့ လုပ်ပေးသင့်တယ်။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလအတွက် သားရဲဆေးလုံးကို ၂ ဆ ပေးမယ်။”

ခရမ်းရောင်ဘုရင်၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ ပြီးနောက် တွေးလိုက်မိသည်။ အရိုက်ခံရတာ တန်ပါတယ်လေ။

ဝမ် ….။

သူသည် တကယ်ပင် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ဂိုဏ်းအပေါ် ချစ်ခင်ရင်းနှီးမှုနှင့် အရင်းအမြစ် များ ပိုပိုလျှံလျှံ ရရှိနေခြင်းကြောင့် သူသည် အရာတော်တော်များများကို လက်သင့်ခံနိုင်ခဲ့ပြီဖြစ်၏။ အတိတ်တုန်းကသာဆိုလျှင် ဤကဲ့သို့ရိုက်နှက်ခံရခြင်းကို မပြောနှင့်။ သူ၏ဆံချည်တစ်မျှင်ကို ထိသည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ပြန်လည်တိုက်ခိုက်ပေလိမ့်မည်။

“ဂိုဏ်းချုပ်”

ခရမ်းရောင်ဘုရင်သည် သရုပ်ဆောင်နေရာမှ ရပ်တန့်ပြီးသည့်နောက်မှာတော့ လေးလေးနက်နက်ပြောလိုက်၏။ “ဂိုဏ်းချုပ် မနေ့ကတုန်းက သုံးခဲ့တဲ့ မှော်စွမ်းအင်က အရမ်းကို အားကောင်းတယ်ဆိုပေမဲ့ ကိုယ့်ရဲ့သိစိတ်ကို လွှတ်ထွက်သွားစေနိုင်တယ်။ အနာဂတ်မှာ ဒါကို အဆင်ခြင်မဲ့ အသုံးမပြုတာကောင်းမယ်။ မဟုတ်ရင် ဂိုဏ်းထဲမှာ ရှိတဲ့ တပည့်တွေကို သက်ရောက်ကုန်လိမ့်မယ်။”

သူသည် အလွန်အမင်းခက်ခဲလှသည့်အရာများကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည်ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်းပေါ်မှာ တော့ ကောင်းမွန်သည့်ခံစားချက်များ ရရှိနေခဲ့၏။ သူသည် ဂိုဏ်းအပေါ်တွင် တဖြည်းဖြည်းနှင့် ချစ်ခင်မြတ်နိုးလာခဲ့ပြီ ဖြစ်၏။

ယနေ့ပြောခဲ့သည့်စကားလုံးများသည် ထိုအရာကို သက်သေပြုလျက်ရှိ၏။ ဟောခန်းသခင်ကျိနှင့် တူလှသည့်လူမှာ မောက်မာလွန်းလှသော ရီရှင်းချန်ပင်ဖြစ်သည်။ သို့ပေမဲ့ ၎င်းတို့နှစ်ယောက်သည် အပြင်ဘက်မှ ထုတ်ဖော်၍ ပြောဆို ရမည်ဆိုလျှင် ငြင်းပယ်နိုင်၏။ သို့ပေမဲ့ ၎င်းတို့၏ နှလုံးသားထဲတွင်တော့ ပြိုင်စံရှားဂိုဏ်းသည် ၎င်းတို့၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာတွင် နေရာယူထားခဲ့ပြီဖြစ်သည်။

ကျွင်းချောင်ရှောင်းတစ်ယောက် ကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ် နှစ် ယောက်ကို အနိုင်ယူတိုက်ခိုက်ပြီး သည်ကို မြင်ရပြီးသည့်နောက်မှာတော့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲရှိ ခံတပ်ထဲတွင်တော့ ရီရှင်းချန်သည် အားရပါးရနှင့် အဆောက်အဦဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်နေတုန်းပင်ဖြစ်တော့၏။ သူသည် ကျိန်းသေပေါက် ဂိုဏ်းအတွက် လုံလောက်သည့်ဖြန့်ဝေမှုများ ပြုလုပ်ပေးလျက်ရှိ၏။

“ဒုတိယစီနီယာအစ်ကို”

ရှောင်ကျီက ပြောလိုက်သည်။ “ကြည့်ရတာ ဂျူနီယာညီလေးက အခုတလော ဂိုဏ်းနဲ့တကယ့်ကို တသားတည်း ဖြစ်သွားပြီနဲ့တူတယ်။”

“ဒါကအမှန်ပဲလေ။” လီချင်းယန်သည် စိတ်သက်သာစွာဖြင့် ပြောလိုက်မိ၏။ သူသည် ဂိုဏ်းထဲသို့ ပထမဦးဆုံးဝင်ရောက်ခဲ့သည့်တပည့် ဖြစ်သည်မို့ ရီရှင်းချန်သည် အလွန်တရာမောက်မာပြီး ဝံ့ကြွားလှသည့်လူတစ်ယောက်ဖြစ်မှန်း ကောင်းကောင်းသိ၏။ ဂိုဏ်းနှင့် တသားတည်းမကျခဲ့ချေ။ လက်ရှိအခြေအနေမှာတော့ ဂျူနီယာညီလေးရီသည် ဆောက်လုပ်ရေးလုပ်ငန်းများကို အာရုံစူးစိုက်စွာ ပြုလုပ်ပြီးသည့်နောက်မှာတော့ ဂိုဏ်း နှင့်တသားတည်း ဖြစ်တည်အောင် ကြိုးစားပေးလျက်ရှိနေတော့သည်။

“ပြီးတော့ အကြီးဆုံးစီနီယာအစ်မကြီးလည်း ရှိသေးတယ်။”

လီချင်းယန်သည် တောင်၏ ထိပ်တစ်နေရာတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်၍ မတ်တပ်ရပ်လျက်ရှိနေသော လုချင်းချင်းကို လှမ်း၍ ကြည့်လိုက်သည်။ “သူမကရော အေးစက်တဲ့အမူအကျင့်တွေကို ဖယ်ပြီးတော့ ဂိုဏ်းသူဂိုဏ်းသားတွေနဲ့ တရင်းတနှီးဖြစ်ဖို့ ဘယ်အချိန် လောက်မှ အသားကျနိုင်မလဲ။”

ရှောင်ကျီသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “အကြီးဆုံးစီနီယာအစ်မကြီးက ရေခဲဓာတ်အစီအရင်ကို လေ့ကျင့်တာလေ။ ဒီတော့ ဒီလိုမျိုးဖြစ်ဖို့ဆိုတာ အရမ်း ခက်ခဲလိမ့်မယ်လို့ထင်တယ်။”

…

ကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ် နှစ်ကောင်ကို တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်သည် အတော်ပင်ကျယ်ပြောသွားခဲ့ပြီဖြစ်၏။ ကြီးမားလှသည့် မြို့တစ်ခု၏ အရွယ်အစားဆီသို့ နီးကပ်သွားခဲ့၏။

“နောက်ထပ် ကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ် နှစ်ကောင်၊ သုံးကောင်၊ နောက်ထပ် ကောင်းကင်အဆင့် အမွေအနှစ် နှစ်ခု၊ သုံးခုလောက် ထပ်ပြီး ရှာနိုင်ရန် ကောင်းမယ်။”

အဓိကတောင်ထွတ်ပေါ်မှာတော့ ကျွင်းကုန်းရှန့်သည် ပြုံးလျက်ရှိနေတော့၏။ အထူးတာဝန် (၉) ကို ပြည့်စုံရန်အတွက် နှစ်လ ကျော်ကျန်ရှိနေသေး၏။ ထို့ကြောင့် မြို့သည် ကြီးမားသည့်မြို့ကြီးတစ်ခုအဖြစ်သို့ ရောက်ရှိရန် သူ အမြန်ဆုံး ကြိုးစားရမှာဖြစ်၏။ သို့ပေမဲ့ တိုးတက်မှုသည်လည်း အလွန်တရာ မြန်ဆန်လွန်းနေသည်။

အထူးတာဝန် (၁၀) အတွက်ကတော့ …….။

“ဟုတ်ပြီ”

ကျွင်းချောင်ရှောင်းသည် သူ၏နဖူးကို ပိတ်ရိုက်ကာ ပြောလိုက်၏။ “တိုတမ် ကုန်းမြေတိုက်ကြီးနဲ့ လခြမ်းလွင်ပြင်ကုန်းမြေတိုက်ကြီးက ဒီနေ့တိုက်ခိုက်ကြတော့မှာပဲ။ ငါ သွားပြီးတော့ ကြည့်ရမယ်။”

ဆွစ်

ပြောပြီးသည့်နောက်မှာတော့ သူသည် ခံတပ်၏ အပြင်ဘက်ဆီသို့ ထွက်ခွာသွားခဲ့၏။ သတ်ဖြတ်ခြင်းကုန်းမြေ တည်နေရာသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီး၏ အလယ်အကျဆုံးတည်နေရာတစ်ခုတွင် တည်ရှိနေပြီး များပြား လှသည့် အလင်းတန်းများဖြင့် ဝိုင်းရံထားခဲ့၏။ ဤအရာသည် အစစ်အမှန်ပင် ကြိုးဝိုင်းကြီးတစ်ခုကဲ့သို့ပင် ဖြစ်နေတော်၏။

အမွေအနှစ်ကို ရှာဖွေရင်းနှင့် ကျွင်းချောင်ရှောင်းသည် ဤနေရာသို့ အကြိမ်များစွာ ကျော်ဖြတ်သွားခဲ့ဖူး၏။ သို့ပေမဲ့ အထဲတွင် မည်သူတစ်ဦးတစ်ယောက်မှမရှိသလို မည်သည့်တိုက်ခိုက်မှုကိုမျှ မတွေ့ခဲ့ရချေ။ ထို့ကြောင့် တစ်ချက်လှမ်း ကြည့်ပြီးသည့်နောက် ထွက်ခွာသွားခဲ့သည်ချည်းသာဖြစ်သည်။

လက်ရှိအခြေအနေမှာတော့ အလင်းတန်းများသည် တဖျက်ဖျက်နှင့်ပြေးလျက်ရှိနေပြီး အထဲတွင်တော့ မတူညီသည့် ဝတ်စုံများကို ဝတ်ဆင်ထားသော အဖွဲ့ နှစ်ဖွဲ့သည် တည်ရှိလို့နေသည်ကို မြင်လိုက်ရ၏။ လူအရေအတွက်ကို ကြည့်ရှုရမည်ဆိုလျှင် အနည်းဆုံး ၁၀၀၀ မှ ၅၀၀၀ နီးပါးခန့် ရှိနေ၏။

“ထင်ထားတဲ့အတိုင်းပဲပေါ့။”

ကျွင်းချောင်ရှောင်းက ပြောလိုက်မိသည်။

“ဂြိုဟ်နှစ်ခုရဲ့ လူတွေက ဒီမှာလာပြီး စုစည်းနေကြတာပဲ။”

ဤကဲ့သို့သော တိုက်ခိုက်ပွဲကြီးသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် အလွန်ရှားပါးလွန်းလှ၏။ အဘယ်ကြောင့် ဆိုသော် တစ်ဖက်နှင့်တစ်ဖက် လူအရေအတွက်များပြားစွာဖြင့် တိုက်ခိုက်ရသောကြောင့် ဖြစ်တော့၏။ သတ်ဖြတ်ခြင်း ကုန်းမြေသည် အလွန်တရာကြီးမားလှပြီး မိုင်ဒါဇင်ချီ၍ ကြီးမားလှသည့် တည်နေရာကြီးဖြစ်၏။

မတူညီသည့် ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများအားလုံးသည် ပတ်ပတ်လည်တွင် လာရောက်ကာ ကြည့်ရှုလျက် ရှိနေကြသည်။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်း တည်ရှိရာနေရာတွင်လည်း တခြားသောကျင့်ကြံသူများ ရှိလို့နေခဲ့၏။ ၎င်းတို့အားလုံးသည် ကျွင်းချောင်ရှောင်းရောက်ရှိလာသည်ကို မြင်ရသည့်အချိန်မှာတော့ အတော်ခပ်ဝေးဝေးဆီသို့ ခွာကာ သွား၍ ကြည့်ရှု ကြတော့သည်။

အပြင်ဘက်အစီအရင်ထဲတွင် များပြားလှသော သိုင်းကျင့်ကြံသူများသည် တဖွဲဖွဲနှင့် ရောက်ရှိလာခဲ့၏။ ၎င်းတို့၏ မျက်လုံးများသည် စိတ်အားတက်ကြွမှုများနှင့် ပြည့်နှက်လျက်ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် ငြိမ်သက်သည့် တည်နေရာထဲတွင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်ပြီးသည့်နောက်မှာတော့ သူ၏လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ဖြင့် ကြည့်ရှုလျက်ရှိနေသည်။

တစ်ဖက်လူများသည် ချက်ချင်းမတိုက်ခိုက်ကြချေ။ ထိုအစား ဓားများကို ထုတ်ကာဖြင့် တစ်စုံတစ်ခုကို အားရပါးရ ပြောဆိုနေပုံပေါ်၏။

အပြင်ဘက်တွင် ရှိနေသော ကျင့်ကြံသူများအားလုံးသည် ထိုအရာအားလုံးကို မြင်နိုင်စွမ်းရှိ၏။ သို့ပေမဲ့ ဘာတစ်ခုကိုမှ မကြားရချေ။ ထို့ကြောင့် ဂြိုဟ်နှစ်ခုသည် ဘာတွေကို ပြောဆိုနေသည့်အကြောင်းကို သူတို့ကောင်းကောင်းမသိကြပေ။

ဝါး

ဆယ့်ငါး မိနစ်လောက် စောင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သန်းဝေလိုက်သည်။ “ချီးတဲ့မှ …. ငါတရေးလောက်တောင် အိပ်ရမယ့်ပုံပေါက်နေပြီ။”

ထိုအချိန်မှာတော့ အဖွဲ့ နှစ်ခုသည် နောက်ဆုံးတွင် လှုပ်ရှားသွားခဲ့ကြ၏။ ၎င်းတို့သည် ကောင်းကင်ပေါ်သို့ ပြန်တက်ပြီးသည့်နောက်မှာတော့ ကောင်းကင်ယံတွင် များပြားလှသော အလင်းတန်းများ ဖြစ်ပေါ်လာခဲ့သည်။ ကြမ်းတမ်းလွန်းလှသော တိုက်ခိုက်ပွဲကြီးသည် စတင်ကာ ဖြစ်တည်လာခဲ့၏။

“သူတို့နောက်ဆုံးတော့ တိုက်ခိုက်ပြီပဲ။”

“ငါတိုက်ခိုက်တဲ့အသံတွေကို မကြားရဘူးဆိုပေမဲ့ အရှိန်အဟုန်ကို ကြည့်လိုက်တာနဲ့ အရမ်းကို ကြမ်းတမ်းတဲ့ တိုက်ပွဲဖြစ်ဖို့ သိသာတယ်။ ကောင်းကင်မှာ ပျံသန်းနေတဲ့လူတွေ အကုန်လုံးကို ကြည့်ရတာ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတွေလားမသိဘူး။”

သတ်ဖြတ်ခြင်းကုန်းမြေတိုက်တွင် ရှိနေသော ဂြိုဟ်နှစ်ခုသည် ပြင်းပြင်းထန်ထန်တိုက်ခိုက်လျက်ရှိနေ၏။ အပြင်ဘက် တွင် ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများမှာတော့ သတ်ပွဲကို ကြည့်ရှုရင်း ဆွေးနွေးလျက်ရှိသည်။

ကျွင်းချောင်ရှောင်းသည်လည်း ကြည့်ရှုလျက်ရှိသည်။ ထို့အပြင် သူသည် အခြားသောသူများထက် ပိုမိုကာ အာရုံ စိုက်ကြည့်ရှုနေမိ၏။ မကြာခင်မှာပဲ သူသည် ဤသိုင်းကျင့်ကြံသူများအားလုံးမှာ ၎င်းတို့၏ အသက်ကို ပဓာန မထားဘဲ တိုက်ခိုက်လျက်ရှိနေကြောင်း နားလည်လိုက်မိ၏။

“ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ။ သတ်ဖြတ်ခြင်းကုန်းမြေထဲကို ဝင်ရောက်ပြီးသည့်နောက်မှာ သေခြင်းနှင့် ရှင်ခြင်း သာလျှင် ရှိပါတော့တယ်။” အမျိုးသမီးစနစ်၏ အသံသည် ထွက်ပေါ်လာခဲ့၏။

“ရက်စက်လိုက်တာ”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်မိ၏။

ဟုတ်ပေသည်။ မည်သည့်အသံမှ မကြားရဘူး ဆိုလျှင်တောင်မှ တိုက်ပွဲသည် ကြည့်ရှုရင်း အလွန်ကြမ်းတမ်း လွန်းလှသည်ကို သိရှိနိုင်စွမ်းရှိနေ၏။ တစ်ဖက်နှင့်တစ်ဖက်သည် အခဲမကြေသလို တိုက်ခိုက်လျက်ရှိနေသည်။

နှစ်နာရီခန့်ကြာမြင့်ပြီးသည့်နောက်မှာတော့ ဂြိုဟ်နှစ်ခု၏ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုအောက်မှာတော့ သိုင်းကျင့်ကြံသူ ၁၀၀၀ ကျော်တို့သည် ကောင်းကင်ပေါ်မှ ပြုတ်ကျကာ မြေပေါ်တွင် လှုပ်ရှားမှုကင်းမဲ့စွာဖြင့် တည်ရှိနေခဲ့တော့၏။ ၎င်းတို့အားလုံးသည် သေဆုံးသွားခဲ့ကြပြီးဖြစ်၏။

ကျွင်းချောင်ရှောင်းသည် မနေနိုင်ဘဲ သက်ပြင်း ချလိုက်မိ၏။ “ဒီနေရာမှာ အားနည်းတဲ့လူတွေပဲ သေဆုံးရမှာပဲ။”

အထက်နယ်မြေသည် လူများအားလုံးကို မြက်ပင်များကဲ့သို့ပင် သဘောထားပုံပေါ်၏။ သတ်ဖြတ်ခြင်းကုန်းမြေထဲရှိ သေသေကြေကြေ တိုက်ခိုက်လျက်ရှိနေသော ကျင့်ကြံသူများကို ကြည့်ရှုပြီးသည့်နောက် မှာတော့ ကျွင်းချောင်ရှောင်းသည် ဘာမှန်းမသိသည့် ဒေါသတရားများကို ရုတ်တရက်ခံစားလာမိ၏။ သူသည် ဒေါသတကြီးဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။

ဤနေရာသည် သတ်ဖြတ်ဖို့အတွက်ကိုသာ ဦးစားပေးသည့်နေရာဖြစ်၏။ ဤနေရာသို့ ရောက်ရှိနေသော သူ အပါအဝင် အားလုံးသောသူများအားလုံးသည် အထက်နယ်မြေ၏ လက်ထဲတွင်ရှိသော စစ်တုရင်ရုပ်ကလေးများ ကဲ့သို့ပင် ဖြစ်နေ၏။

“ငါမပျော်ဘူး။ ငါလုံးဝမပျော်ဘူး။”

ထုံးတမ်းစဉ်လာအခြေအနေများကို ငြင်းဆန်ပုန်ကန်တတ်သည့် ကျွင်းချောင်ရှောင်းသည် အားရပါးရ အော်ဟစ်လိုက်၏။ ထုံးတမ်းစဉ်လာဓလေ့ထုံးတမ်းများကို မနှစ်သက်သော ကျွင်းချောင်ရှောင်းသည် ဤအရာနှင့်ပတ်သက်၍ အလုံးစုံ မပျော်မရွှင်ဖြစ်နေ၏။ ပြီးသည့်နောက်မှာတော့ သူ၏ ဦးနှောက်လည်ပတ်မှုသည် ရုတ်တရက် ပြောင်းလဲသွား၏။ သူက တွေးလိုက်၏။ သင့်တော်တဲ့ ဂြိုဟ်တစ်ခုခုကို ရှာပြီးတော့ ငရဲဆေးလုံးတွေကို သောက်သုံးမယ်။ သတ်ဖြတ်ခြင်းကုန်းမြေထဲမှာလာပြီး သေချင်အောင်ဆောင်မယ်ဆိုရင် အထက်နယ်မြေက မသိရှိနိုင်ဘူးမဟုတ်လား။

စနစ်က ပြောလိုက်၏။ “တကယ့်ကို အတွေးကောင်းလွန်းတာပဲ။ ပေါက်ပေါက်ရှာရှာ စဉ်းစားနိုင်စွမ်းရှိတယ်”

All Chapters